သတင္း

သစၥေဝဒဂူဆရာေတာ္ ေမြးေန႔မဂၤလာ

တပို႔တြဲလျပည့္ေက်ာ္ ၁၁ ရက္ (2.3.2019)ရက္ေန႔၊ မနက္ ၇း၀၀ နာရီ၊ ပုသိမ္ႀကီးၿမဳိ႕နယ္၊ ေရတံခြန္ေတာင္ေျခ၊ သစၥေဝဒဂူမုိးကုတ္ဝိပႆနာမဂၢင္ရိပ္သာမွာ က်င္းပပါတယ္။

သစၥေဝဒဂူဆရာေတာ္ ဘဒၵႏၲေခမာစာရ ကမၼ႒ာနာစရိယရဲ႕ သက္ေတာ္(၆၅)ႏွစ္ျပည့္ ဝိဇာတ(ေမြးေန႔)မဂၤလာျဖစ္ပါတယ္။ မဟာၿမဳိင္ဆရာေတာ္ႀကီးႏွင့္ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးမ်ား၊ သံဃာေတာ္မ်ား၊ သီလရွင္ဆရာႀကီး ဆရာေလးမ်ား၊ တပည့္ဒါယကာ ဒါယိကာမမ်ား၊ ဆရာ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား တက္ေရာက္ၾကပါတယ္။

မဟာၿမဳိင္ဆရာေတာ္ႀကီး ၾသဝါဒေပးအၿပီးမွာ စာေရးသူ ၾသဝါဒေပးရပါတယ္။
ဘုန္းႀကီးအလုပ္ ဘုန္းႀကီးမလုပ္ဘူး ဆုိသူမ်ားကို ျပန္လည္ျပဳျပင္ ဆံုးမေစခ်င္လို႔ “ဘုန္းႀကီးအလုပ္ဘုန္းႀကီးလုပ္” ေခါင္းစဥ္နဲ႔ ေဟာၾကားခဲ့ပါတယ္။

ေမြးေန႔ရွင္ သစၥေဝဒဂူဆရာေတာ္ သက္ရွည္က်န္းမာ ေဘးရန္ကြာ၍ လိုရာဆႏၵျပည့္ဝစြာ အမ်ဳိးဘာသာ သာသနာအက်ဳိး သယ္ပိုးႏိုင္ပါေစဘုရား…။

ဒုကၡသည္ကို ကယ္တင္တာ၊ ဘုန္းႀကီးအလုပ္ပါ။ (သစၥံကိရဇာတ္)
ကေလးသူငယ္ေတြေစာင့္ေရွာက္တာ၊ ဘုန္းႀကီးအလုပ္ပါ။ (ဇဋိလသူေဌးဝတၳဳ)
ဆင္းရဲသားကိုခ်ီးေျမႇာက္တာ၊ ဘုန္းႀကီးအလုပ္ပါ။ (ရွင္သာရိပုတၱရာဝတၳဳ)
မတရားတာကိုေတာ္လွန္တာ၊ ဘုန္းႀကီးအလုပ္ပါ။ (ပိလိႏၵဝစၧမေထရ္)
အႏၲရာယ္အေပါင္းမွကာကြယ္တာ၊ ဘုန္းႀကီးအလုပ္ပါ။ (ပိလိႏၵဝစၧမေထရ္)
(ဤတရားျဖင့္ သစၥေဝဒဂူဆရေတာ္ကို ပူေဇာ္ခဲ့ပါတယ္။)

“သစ္စဝေဒဂူဆရာတော် မွေးနေ့မင်္ဂလာ”

တပို့တွဲလပြည့်ကျော် ၁၁ ရက် (2.3.2019)ရက်နေ့၊ မနက် ရး၀၀ နာရီ၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ခြေ၊ သစ္စဝေဒဂူမိုးကုတ်ဝိပဿနာမဂ္ဂင်ရိပ်သာမှာ ကျင်းပပါတယ်။

သစ္စဝေဒဂူဆရာတော် ဘဒ္ဒန္တခေမာစာရ ကမ္မဋ္ဌာနာစရိယရဲ့ သက်တော်(၆၅)နှစ်ပြည့် ဝိဇာတ(မွေးနေ့)မင်္ဂလာဖြစ်ပါတယ်။
မဟာမြိုင်ဆရာတော်ကြီးနှင့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများ၊ တပည့်ဒါယကာ ဒါယိကာမများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပါတယ်။
မဟာမြိုင်ဆရာတော်ကြီး သြဝါဒပေးအပြီးမှာ စာရေးသူ သြဝါဒပေးရပါတယ်။
ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်ဘူး ဆိုသူများကို ပြန်လည်ပြုပြင် ဆုံးမစေချင်လို့ “ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ်” ခေါင်းစဉ်နဲ့ ဟောကြားခဲ့ပါတယ်။

မွေးနေ့ရှင် သစ္စဝေဒဂူဆရာတော် သက်ရှည်ကျန်းမာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝစွာ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးနိုင်ပါစေဘုရား…။

ဒုက္ခသည်ကို ကယ်တင်တာ၊ ဘုန်းကြီးအလုပ်ပါ။ (သစ္စံကိရဇာတ်)
ကလေးသူငယ်တွေစောင့်ရှောက်တာ၊ ဘုန်းကြီးအလုပ်ပါ။ (ဇဋိလသူဌေးဝတ္ထု)
ဆင်းရဲသားကိုချီးမြှောက်တာ၊ ဘုန်းကြီးအလုပ်ပါ။ (ရှင်သာရိပုတ္တရာဝတ္ထု)
မတရားတာကိုတော်လှန်တာ၊ ဘုန်းကြီးအလုပ်ပါ။ (ပိလိန္ဒဝစ္ဆမထေရ်)
အန္တရာယ်အပေါင်းမှကာကွယ်တာ၊ ဘုန်းကြီးအလုပ်ပါ။ (ပိလိန္ဒဝစ္ဆမထေရ်)
(ဤတရားဖြင့် သစ္စဝေဒဂူဆရတော်ကို ပူဇော်ခဲ့ပါတယ်။)