သတင္း

၂၀၁၉ ေတရသမဓမၼသဘင္ (ေညာင္တုန္း-အလယ္ဆယ္ရြာ)

တပို႔တြဲလျပည့္ေက်ာ္ ၈ရက္ (27.2.2019)ရက္ေန႔၊ ည ၇း၀၀ နာရီ၊ ဧရာဝတီတုိင္း၊ ေညာင္တုန္းၿမဳိ႕နယ္၊ အလယ္ဆယ္ရြာ၊ ရတနာေအာင္ေျမေက်ာင္းတုိက္၊ ႏိုင္ငံေတာ္အစုိးရ သာသနဓဇဓမၼာစရိယ ဘြဲ႔တံဆိပ္ေတာ္ရ အရွင္ဓမၼသာရ၏ ဂုဏဝိသိ႒ပူဇာအႀကဳိ ဓမၼသဘင္။

တပည့္အရွင္ဓမၼသာရ အစုိးရဓမၼာစရိယဘြဲ႔ ရရွိျခင္းအထိမ္းအမွတ္ ပူေဇာ္ပြဲေလးပါ။
သဟာယေက်ာင္းမွ ဓမၼာစရိယေအာင္ခဲ့သလုိ သဟာယေက်ာင္းမွာပဲ ဆက္လက္ေနထုိင္ရင္း ဝီရသူေဖာင္ေဒးရွင္းကို ဦးေဆာင္ေနသူလည္း ျဖစ္ပါတယ္။ တပည့္ေက်ာ္ရြာသုိ႔ ကုန္းတတန္ ေရတတန္သြားရတာက အမွတ္တရတစ္ခုပါပဲဲ။ တစ္ဦးတည္းေသာသားေလးလည္းျဖစ္ ရြာမွာလည္း ပထမဦးဆံုး ဓမၼာစရိယဘြဲ႔ရသူေလးလည္း ျဖစ္ပါတယ္။
ရြာဆရာဘုန္းႀကီးကေတာ့ ေပ်ာ္တၿပဳံးၿပဳံး ေမာ္မဆံုးပါပဲ။
ဒါေပမယ့္ ဝီရသူလာမယ္ဆိုေတာ့ ထံုးစံအတုိင္းေပါ့ဗ်ာ။
စုိးရိမ္ေနၾကတာေပါ့။
ႏုိင္ငံေရးေတြေဟာမွာေၾကာက္လို႔ ဟိုေလွ်ာက္ဒီေလွ်ာက္ ေလွ်ာက္ေနၾကသူေတြ အမ်ားႀကီးပါ။
ရြာသူရြာသားေတြစိုးရိမ္ေနၾကလို႔ မီးသံုးပါးတရားပဲ ေဟာၾကားခဲ့ပါတယ္။

‘မျပစ္မမွား မီးသံုးပါးတရားေတာ္’
မိန္းမတကာ၊ ဓမၼတာျဖင့္၊
အိမ္ရာျပဳေထာင္၊ လူတုိ႔ေဘာင္ဝယ္၊
ထိန္ေျပာင္ညီးညီး၊ သံုးပံုမီးတည့္၊
ႀကီးလွေက်းဇူး၊ ႏွစ္ဦးမိဘ၊
ကာမအရွင္၊ လင္လည္းတစ္ခန္း၊
ရဟန္းပုဏၰား၊ ေရာက္ျငားအထံ၊
လွဴခံပုဂၢဳိလ္၊ မီးသံုးဖိုကို၊
သိမ္းသိုမတတ္၊ က်င့္ယြင္းခၽြတ္က၊
မျပတ္ညီးေျပာင္၊ ေန႔တုိင္းေလာင္ရွင့္၊
ေနာင္လည္းအၿမဲ၊ ငရဲမီးစာ၊
ျဖစ္တတ္စြာ၏။ (မဃ-၄၁၃)

အာဟုေနယ်မီးဆိုတာ၊ မိဘႏွစ္ပါးပါ၊
မရိုေသေသာ္သာ အျပစ္ႀကီးတာ၊ ရိုေသပါကေကာင္းက်ဳိးရ။
ဂဟပတိမီးဆိုတာ၊ အိမ္ေထာင္ဦးစီးပါ၊
မရိုေသေသာ္သာ အျပစ္ႀကီးတာ၊ ရိုေသပါကေကာင္းက်ဳိးရ။
ဒကၡိေဏယ်မီးဆိုတာ ရဟန္းသံဃာပါ၊
မရိုေသေသာ္သာ အျပစ္ႀကီးတာ၊ ရိုေသပါကေကာင္းက်ဳိးရ။

“၂၀၁၉ တေရသမဓမ္မသဘင် (ညောင်တုန်း-အလယ်ဆယ်ရွာ)”

တပို့တွဲလပြည့်ကျော် ၈ရက် (27.2.2019)ရက်နေ့၊ ည ရး၀၀ နာရီ၊ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ အလယ်ဆယ်ရွာ၊ ရတနာအောင်မြေကျောင်းတိုက်၊ နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ရ အရှင်ဓမ္မသာရ၏ ဂုဏဝိသိဋ္ဌပူဇာအကြို ဓမ္မသဘင်။

တပည့်အရှင်ဓမ္မသာရ အစိုးရဓမ္မာစရိယဘွဲ့ ရရှိခြင်းအထိမ်းအမှတ် ပူဇော်ပွဲလေးပါ။
သဟာယကျောင်းမှ ဓမ္မာစရိယအောင်ခဲ့သလို သဟာယကျောင်းမှာပဲ ဆက်လက်နေထိုင်ရင်း ဝီရသူဖောင်ဒေးရှင်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။
တပည့်ကျော်ရွာသို့ ကုန်းတတန် ရေတတန်သွားရတာက အမှတ်တရတစ်ခုပါပဲ။
တစ်ဦးတည်းသောသားလေးလည်းဖြစ် ရွာမှာလည်း ပထမဦးဆုံး ဓမ္မာစရိယဘွဲ့ရသူလေးလည်း ဖြစ်ပါတယ်။
ရွာဆရာဘုန်းကြီးကတော့ ပျော်တပြုံးပြုံး မော်မဆုံးပါပဲ။
ဒါပေမယ့် ဝီရသူလာမယ်ဆိုတော့ ထုံးစံအတိုင်းပေါ့ဗျာ။
စိုးရိမ်နေကြတာပေါ့။
နိုင်ငံရေးတွေဟောမှာကြောက်လို့ ဟိုလျှောက်ဒီလျှောက် လျှောက်နေကြသူတွေ အများကြီးပါ။
ရွာသူရွာသားတွေစိုးရိမ်နေကြလို့ မီးသုံးပါးတရားပဲ ဟောကြားခဲ့ပါတယ်။

‘မပြစ်မမှား မီးသုံးပါးတရားတော်’
မိန်းမတကာ၊ ဓမ္မတာဖြင့်၊
အိမ်ရာပြုထောင်၊ လူတို့ဘောင်ဝယ်၊
ထိန်ပြောင်ညီးညီး၊ သုံးပုံမီးတည့်၊
ကြီးလှကျေးဇူး၊ နှစ်ဦးမိဘ၊
ကာမအရှင်၊ လင်လည်းတစ်ခန်း၊
ရဟန်းပုဏ္ဏား၊ ရောက်ငြားအထံ၊
လှူခံပုဂ္ဂိုလ်၊ မီးသုံးဖိုကို၊
သိမ်းသိုမတတ်၊ ကျင့်ယွင်းချွတ်က၊
မပြတ်ညီးပြောင်၊ နေ့တိုင်းလောင်ရှင့်၊
နောင်လည်းအမြဲ၊ ငရဲမီးစာ၊
ဖြစ်တတ်စွာ၏။ (မဃ-၄၁၃)

အာဟုနေယျမီးဆိုတာ၊ မိဘနှစ်ပါးပါ၊
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါကကောင်းကျိုးရ။
ဂဟပတိမီးဆိုတာ၊ အိမ်ထောင်ဦးစီးပါ၊
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါကကောင်းကျိုးရ။
ဒက္ခိဏေယျမီးဆိုတာ ရဟန်းသံဃာပါ၊
မရိုသေသော်သာ အပြစ်ကြီးတာ၊ ရိုသေပါကကောင်းကျိုးရ။