သတင္း

သဟာယအင္တာနက္ေရဒီယို မွ တိုက္ရိုက္ထုတ္လႊင့္ေသာ ဆရာေတာ္၏ အစီအစဥ္ (၁) 3.6.2019 တနလၤာေန႔

ေမလ ( ၃၀ ) ရက္ေန႔က စျပီး ၃၀/၃၁/ ဇြန္ ( ၁ ) ရက္ေန႔ အဲဒီ ၃ ရက္ဆက္တိုက္ ရန္ကုန္ ေရႊတိဂံုဘုရား ရာဟုေထာင့္မွာ ေအာင္ေျမနင္းရင္း ညီေတာ္ေနာင္ေတာ္အေပါင္းႏွင့္ အမ်ိဳးသားေရး ညီအစ္ကိုိေမာင္ႏွမမ်ား မ်ိဳးခ်စ္ျပည္သူမ်ား ဦးဇင္းအတြက္ ဆုေတာင္းေပးေနၾကတာကို ေတြ႔ရပါတယ္။ အင္မတန္လည္း ၾကည္ႏူးပါတယ္။ အင္မတန္မွလည္း အားရ၀မ္းသာ ျဖစ္မိပါတယ္။ အင္မတန္မွလည္း ေက်းဇူးတင္ပါတယ္။

အဲဒီအတြက္လည္း ဦးဇင္းအင္အားေတြ ျဖစ္ပါတယ္ေနာ္။ ထို႔အတူပဲ ဦးဇင္းနဲ႔ပတ္သက္တဲ့ သတင္းေတြ ပ်ံ႕ႏွံ႔ျပီးကတည္းက ဟို အရာေတာ္ျမိဳ႔နယ္ ေငြတြင္း မဘသ တုိ႔ မႏၱေလးက အမ်ိဳးသားေရး မိသားစုေတြျဖစ္တဲ့ ညီအစ္ကို ေမာင္ႏွမေတြ ပထမ အိမ္ေတာ္ရာဘုရားမွာ ဆုေတာင္းတယ္။ ဒုတိယ ကုုသိုလ္ေတာ္ဘုရားမွာ ဆုေတာင္းတယ္။ တတိယ ေအာင္ေတာ္မူဘုရားမွာ ဆုေတာင္းတယ္။ အဲ့ဒီသေျပခက္ေလးေတြနဲ႔ အဲဒီဆုေတာင္းေမတၱာပို႔သတာေလးေတြ ေတြ႔ျမင္ရတဲ့အခါ အင္မတန္မွ ပီတိျဖစ္မိပါတယ္။

ဒါေၾကာင့္ အမ်ုိးသားေရးညီအစ္ကို ေမာင္ႏွမအားလံုး အထူးေက်းဇူးတင္ ၀မ္းေျမာက္ပါေၾကာင္း ပို႔သေသာေမတၱာေၾကာင့္ ဦးဇင္း ကိုယ္က်န္းမာ စိတ္ခ်မ္းသာစြာနဲ႕ လံုလံုျခံဳျခံဳ ေအးေအးခ်မ္းခ်မ္း ေနထိုင္ရပါေၾကာင္း ေျပာခ်င္တာေပါ့ေနာ္ ။

အဲ့ဒီလုိပဲ ေက်ာက္မဲ မဘသ က ဇြန္လ( ၁ ) ရက္ေန႔မွာ ဆုေတာင္းၾကတယ္။ ရ႒ပါလအသင္းသူ/သားမ်ားလည္း ပါ၀င္ၾကတယ္။ အမ်ိဳးသားေရး ဦးေဆာင္ဆရာေတာ္ေတြမ်ား က်င္းပၾကတယ္။ ဒီအတြက္လည္း ေက်ာက္မဲ၀ိုင္းေတာ္သားအားလံုးကို ေက်းဇူးတင္မဆံုး ျဖစ္မိပါေၾကာင္း၊ ညီေတာ္ေနာင္ေတာ္အားလံုးပို႔သေသာ ေမတၱာေၾကာင့္ ေအးေအးခ်မ္းခ်မ္းရွိပါေၾကာင္း ေလွ်ာက္ထားလိုက္ပါတယ္။

အဲဒီလုိပဲ NDF ပါတီ NDP ပါတီတို႔ ေၾကညာခ်က္ထုက္ျပန္တာ ေတြ႔ရပါတယ္။ ေက်းဇူးတင္မဆံုး ျဖစ္ရပါတယ္။ အဲဒီလုိပဲ ေနျပည္ေတာ္ အမ်ိဳးသားေရးတပ္ေပါင္းစု ေၾကညာခ်က္ ေတြ႔ရပါတယ္။ ေငြတြင္း မဘသ ေၾကညာခ်က္ ေတြ႔ရပါတယ္ ။ မန္း မဘသ ေၾကညာခ်က္ ေတြ႔ရပါတယ္ ။ ကရင္ မဘသ ေၾကညာခ်က္ ေတြ႔ရပါတယ္ ။ ဗုဒၶဓမၼ ပရဟိတေဖာင္ေဒးရွင္း ဗဟို ေၾကညာခ်က္ ေတြ႔ရပါတယ္ ။ အဲဒီ ေၾကညာခ်က္ေတြဟာ အလြန္မွ ထိေရာက္ပါတယ္ ။ အားလံုး သာဓုပါဘုရား။ ေက်းဇူးတင္မဆံုး ျဖစ္မိပါတယ္ဘုရား။

ထို႔အတူပဲ မေန႔က ဇြန္လ (၂) ရက္ေန႔ အထိေတာ့ ပခုကၠဴျမိဳ႕ သီဟိုဠ္ရွင္ဘုရားမွာ ရွင္မေတာင္ဆရာေတာ္ၾကီး ဦးေဆာင္ျပီး ညီေတာ္ေနာင္ေတာ္မ်ားႏွင့္ အမ်ိဳးသားေရး ညီအစ္ကိုေမာင္ႏွမမ်ား ဘုရားတပည့္ေတာ္ကို မတရား ပုဒ္မတက္ျပီး ဖမ္း၀ရမ္းထုတ္ထားတဲ့အေပၚမွာ ဘုရားတပည့္ေတာ္ ေဘးရန္ကင္းစင္ဖိို႔ ဆုေတာင္းေမတၱာပို႔သၾကတာ ေတြ႔ရပါတယ္။ အဲ့ဒီ အတြက္ ရွင္မေတာင္ဆရာေတာ္ဘုရားၾကီးႏွင့္ သံဃာေတာ္အား ဦးခိုက္ဂါရ၀ျပဳပါတယ္ဘုရား ။ တပည့္ေတာ္ ရွိခိုးပါတယ္ဘုရား။ ေက်းဇူးလည္းအထူးတင္ပါတယ္ဘုရား။

ထို႔အတူပါပဲ ကရင္ျပည္နယ္ မဘသ အဖြဲ႔ ကရင္တို႔ရဲ႕ ေဒါင္ေဒါင္ျမည္ မဘသ၊ ဇြဲကပင္ ဆရာေတာ္ၾကီး အမွဴးျပဳတဲ့ ေထရ္ၾကီး၀ါၾကီး ဆရာေတာ္ၾကီးမ်ား သံဃာေတာ္မ်ား ညီေတာ္ေနာင္ေတာ္မ်ား အမ်ိဳးသားေရးညီအစ္ကို ေမာင္ႏွမမ်ား မ်ိဳးခ်စ္ျပည္သူလူထုအားလံုး စုေပါင္းျပီး လုမၼနီဥယ်ာဉ္မွာ မတရားပုဒ္မတပ္ျပီး ဖမ္၀ရမ္းထုတ္ခံထားတဲ့ ဦးဇင္းအေပၚ ေဘးရန္အႏၱရာယ္ ကင္းရွင္းေစေၾကာင္း ဆုေတာင္းေမတၱာပို႔သတာ ေတြ႔ရပါတယ္။ ဇြဲကပင္ဆရာေတာ္ၾကီးရဲ႕ ၾသ၀ါဒကို တုိက္ရိုက္နာယူခြင့္ရပါတယ္။ တုိက္ရိုက္နာယူတဲ့ အခါမွာလည္း ဖုန္းေလးကိုေရွ႕ခ်ျပီး ရိုရိုေသေသ လက္အုပ္ခ်ီ တရားနာသလို ပုဆစ္တုတ္ ထိုင္ျပီး နာယူပါတယ္ဘုရား။ အဲ့လုိပဲ ဆရာေတာ္ၾကီး သစၥာဆိုတာလည္း ေတြ႔ရပါတယ္ဘုရား ဆရာေတာ္ၾကီး သစၥာလည္း အင္မတန္ထိေရာက္မွာပါဘုရား။

ဆရာေတာ္ၾကီးဟာ ပတၱပိုင္ဓုတင္လည္း ေဆာင္ထားတဲ့ ဆရာေတာ္ၾကီးလည္းျဖစ္တယ္။ သက္သက္လြတ္စားျပီး က်င့္ၾကံတဲ့ ဆရားေတာ္ၾကီးလည္း ျဖစ္တယ္။ ၀ိနည္းအရာမွာလည္းအင္မတန္မွကို ေလးစားလုိက္နာတဲ့ ဆရာေတာ္ၾကီးရဲ႕ ကိုယ္က်င့္သီလ သီလဂုဏ္ သမာဓိဂုုဏ္ ပညာဂုဏ္တို႔ေၾကာင့္ ဘုရားတပည့္ေတာ္ ေဘးရန္အႏၱရာယ္ ကင္းပါေၾကာင္း အမ်ိဳးဘာသာ သာသနာကို ေစာင့္ေရွာက္ရမယ့္ တာ၀န္ရွိပါလ်က္နဲ႔ မေစာင့္ေရွာက္တဲ့အျပင္ ေစာင့္ေရွာက္တဲ့သူကို ရန္သူလို သေဘာထားျပီး ဖိႏွိပ္ခ်ဳပ္ခ်ယ္တဲ့ အေႏွာက္အယွက္ မွန္သမွ်လည္း ဆရာေတာ္ၾကီး သစၥာစူးျပီးေတာ့ ဂၽြန္းျပန္က်မွာ မွန္ပါတယ္ဘုရား။ ဂၽြန္းျပန္က်ေအာင္ တြန္းလွန္ရဖို႔ေတာင္ မလိုပါဘူးဘုရား။ အလိုလုိ ဂၽြန္းျပန္ က်လိမ့္မယ္လို႔ တပည့္ေတာ္ အလုိုလိုယံုၾကည္ပါတယ္ဘုရား ။ ဘုရားတပည့္ေတာ္ လႊတ္ေျမာက္ေရးအတြက္ ဇြဲကပင္ဆရာေတာ္ၾကီး အခုလို အင္တုိက္အားတုိက္ ပါ၀င္ေဆာင္ရြက္ ခ်ီးေျမာက္ေတာ္မူတာ အင္မတန္မွ အားရွိပါေၾကာင္း ေက်းဇူးအထူး တင္ပါေၾကာင္း ေလွ်ာက္ထားပါတယ္ဘုရား အနယ္နယ္ အရပ္ရပ္မွ မ်ိဳးခ်စ္သံဃာ မ်ိဳးခ်စ္ျပည္သူအားလံုး ေက်းဇူးတင္ပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)

သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၁) 3.6.2019 တနင်္လာနေ့

မေလ ( ၃၀ ) ရက်နေ့က စပြီး ၃၀/၃၁/ ဇွန် ( ၁ ) ရက်နေ့ အဲဒီ ၃ ရက်ဆက်တိုက် ရန်ကုန် ရွှေတိဂုံဘုရား ရာဟုထောင့်မှာ အောင်မြေနင်းရင်း ညီတော်နောင်တော်အပေါင်းနှင့် အမျိုးသားရေး ညီအစ်ကိုမောင်နှမများ မျိုးချစ်ပြည်သူများ ဦးဇင်းအတွက် ဆုတောင်းပေးနေကြတာကို တွေ့ရပါတယ်။ အင်မတန်လည်း ကြည်နူးပါတယ်။ အင်မတန်မှလည်း အားရဝမ်းသာ ဖြစ်မိပါတယ်။ အင်မတန်မှလည်း ကျေးဇူးတင်ပါတယ်။

အဲဒီအတွက်လည်း ဦးဇင်းအင်အားတွေ ဖြစ်ပါတယ်နော်။ ထို့အတူပဲ ဦးဇင်းနဲ့ပတ်သက်တဲ့ သတင်းတွေ ပျံ့နှံ့ပြီးကတည်းက ဟို အရာတော်မြို့နယ် ငွေတွင်း မဘသ တို့ မန္တလေးက အမျိုးသားရေး မိသားစုတွေဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေ ပထမ အိမ်တော်ရာဘုရားမှာ ဆုတောင်းတယ်။ ဒုတိယ ကုသိုလ်တော်ဘုရားမှာ ဆုတောင်းတယ်။ တတိယ အောင်တော်မူဘုရားမှာ ဆုတောင်းတယ်။ အဲ့ဒီသပြေခက်လေးတွေနဲ့ အဲဒီဆုတောင်းမေတ္တာပို့သတာလေးတွေ တွေ့မြင်ရတဲ့အခါ အင်မတန်မှ ပီတိဖြစ်မိပါတယ်။

ဒါကြောင့် အမျိုးသားရေးညီအစ်ကို မောင်နှမအားလုံး အထူးကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း ပို့သသောမေတ္တာကြောင့် ဦးဇင်း ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ လုံလုံခြုံခြုံ အေးအေးချမ်းချမ်း နေထိုင်ရပါကြောင်း ပြောချင်တာပေါ့နော် ။

အဲ့ဒီလိုပဲ ကျောက်မဲ မဘသ က ဇွန်လ( ၁ ) ရက်နေ့မှာ ဆုတောင်းကြတယ်။ ရဋ္ဌပါလအသင်းသူ/သားများလည်း ပါဝင်ကြတယ်။ အမျိုးသားရေး ဦးဆောင်ဆရာတော်တွေများ ကျင်းပကြတယ်။ ဒီအတွက်လည်း ကျောက်မဲဝိုင်းတော်သားအားလုံးကို ကျေးဇူးတင်မဆုံး ဖြစ်မိပါကြောင်း၊ ညီတော်နောင်တော်အားလုံးပို့သသော မေတ္တာကြောင့် အေးအေးချမ်းချမ်းရှိပါကြောင်း လျှောက်ထားလိုက်ပါတယ်။

အဲဒီလိုပဲ NDF ပါတီ NDP ပါတီတို့ ကြေညာချက်ထုက်ပြန်တာ တွေ့ရပါတယ်။ ကျေးဇူးတင်မဆုံး ဖြစ်ရပါတယ်။ အဲဒီလိုပဲ နေပြည်တော် အမျိုးသားရေးတပ်ပေါင်းစု ကြေညာချက် တွေ့ရပါတယ်။ ငွေတွင်း မဘသ ကြေညာချက် တွေ့ရပါတယ် ။ မန်း မဘသ ကြေညာချက် တွေ့ရပါတယ် ။ ကရင် မဘသ ကြေညာချက် တွေ့ရပါတယ် ။ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း ဗဟို ကြေညာချက် တွေ့ရပါတယ် ။ အဲဒီ ကြေညာချက်တွေဟာ အလွန်မှ ထိရောက်ပါတယ် ။ အားလုံး သာဓုပါဘုရား။ ကျေးဇူးတင်မဆုံး ဖြစ်မိပါတယ်ဘုရား။

ထို့အတူပဲ မနေ့က ဇွန်လ (၂) ရက်နေ့ အထိတော့ ပခုက္ကူမြို့ သီဟိုဠ်ရှင်ဘုရားမှာ ရှင်မတောင်ဆရာတော်ကြီး ဦးဆောင်ပြီး ညီတော်နောင်တော်များနှင့် အမျိုးသားရေး ညီအစ်ကိုမောင်နှမများ ဘုရားတပည့်တော်ကို မတရား ပုဒ်မတက်ပြီး ဖမ်းဝရမ်းထုတ်ထားတဲ့အပေါ်မှာ ဘုရားတပည့်တော် ဘေးရန်ကင်းစင်ဖို့ ဆုတောင်းမေတ္တာပို့သကြတာ တွေ့ရပါတယ်။ အဲ့ဒီ အတွက် ရှင်မတောင်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်အား ဦးခိုက်ဂါရဝပြုပါတယ်ဘုရား ။ တပည့်တော် ရှိခိုးပါတယ်ဘုရား။ ကျေးဇူးလည်းအထူးတင်ပါတယ်ဘုရား။

ထို့အတူပါပဲ ကရင်ပြည်နယ် မဘသ အဖွဲ့ ကရင်တို့ရဲ့ ဒေါင်ဒေါင်မြည် မဘသ၊ ဇွဲကပင် ဆရာတော်ကြီး အမှူးပြုတဲ့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ သံဃာတော်များ ညီတော်နောင်တော်များ အမျိုးသားရေးညီအစ်ကို မောင်နှမများ မျိုးချစ်ပြည်သူလူထုအားလုံး စုပေါင်းပြီး လုမ္မနီဥယျာဉ်မှာ မတရားပုဒ်မတပ်ပြီး ဖမ်ဝရမ်းထုတ်ခံထားတဲ့ ဦးဇင်းအပေါ် ဘေးရန်အန္တရာယ် ကင်းရှင်းစေကြောင်း ဆုတောင်းမေတ္တာပို့သတာ တွေ့ရပါတယ်။ ဇွဲကပင်ဆရာတော်ကြီးရဲ့ သြဝါဒကို တိုက်ရိုက်နာယူခွင့်ရပါတယ်။ တိုက်ရိုက်နာယူတဲ့ အခါမှာလည်း ဖုန်းလေးကိုရှေ့ချပြီး ရိုရိုသေသေ လက်အုပ်ချီ တရားနာသလို ပုဆစ်တုတ် ထိုင်ပြီး နာယူပါတယ်ဘုရား။ အဲ့လိုပဲ ဆရာတော်ကြီး သစ္စာဆိုတာလည်း တွေ့ရပါတယ်ဘုရား ဆရာတော်ကြီး သစ္စာလည်း အင်မတန်ထိရောက်မှာပါဘုရား။

ဆရာတော်ကြီးဟာ ပတ္တပိုင်ဓုတင်လည်း ဆောင်ထားတဲ့ ဆရာတော်ကြီးလည်းဖြစ်တယ်။ သက်သက်လွတ်စားပြီး ကျင့်ကြံတဲ့ ဆရားတော်ကြီးလည်း ဖြစ်တယ်။ ဝိနည်းအရာမှာလည်းအင်မတန်မှကို လေးစားလိုက်နာတဲ့ ဆရာတော်ကြီးရဲ့ ကိုယ်ကျင့်သီလ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တို့ကြောင့် ဘုရားတပည့်တော် ဘေးရန်အန္တရာယ် ကင်းပါကြောင်း အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရမယ့် တာဝန်ရှိပါလျက်နဲ့ မစောင့်ရှောက်တဲ့အပြင် စောင့်ရှောက်တဲ့သူကို ရန်သူလို သဘောထားပြီး ဖိနှိပ်ချုပ်ချယ်တဲ့ အနှောက်အယှက် မှန်သမျှလည်း ဆရာတော်ကြီး သစ္စာစူးပြီးတော့ ဂျွန်းပြန်ကျမှာ မှန်ပါတယ်ဘုရား။ ဂျွန်းပြန်ကျအောင် တွန်းလှန်ရဖို့တောင် မလိုပါဘူးဘုရား။ အလိုလို ဂျွန်းပြန် ကျလိမ့်မယ်လို့ တပည့်တော် အလိုလိုယုံကြည်ပါတယ်ဘုရား ။ ဘုရားတပည့်တော် လွှတ်မြောက်ရေးအတွက် ဇွဲကပင်ဆရာတော်ကြီး အခုလို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက် ချီးမြောက်တော်မူတာ အင်မတန်မှ အားရှိပါကြောင်း ကျေးဇူးအထူး တင်ပါကြောင်း လျှောက်ထားပါတယ်ဘုရား အနယ်နယ် အရပ်ရပ်မှ မျိုးချစ်သံဃာ မျိုးချစ်ပြည်သူအားလုံး ကျေးဇူးတင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)