သတင္း

သဟာယအင္တာနက္ေရဒီယို မွ တိုက္ရိုက္ထုတ္လႊင့္ေသာ ဆရာေတာ္၏ အစီအစဥ္ (၂) 3.6.2019 တနလၤာေန႔

ဦးဇင္းျဖင့္ အထဲမေရာက္ေသးဘူးဗ်ာ။ ဦးဇင္းတည္ေထာင္ထားတဲ့ ပရဟိတပညာေရး ပညာဒါနေက်ာင္းေတြမွာ တခ်ိဳ႕မိဘေတြက ကေလးငယ္ေတြကို ျပန္ျပန္ေခၚၾကတာလည္း ရွိပါတယ္။ ကေလးေတြ စိတ္ဆႏၵမပါဘဲနဲ႔ မေခၚၾကပါနဲ႔ဗ်ာ။ ဦးဇင္းလဲ အစစအရာရာ စီစဥ္ေပးထားပါတယ္။ ဦးဇင္းမရွိေသာ္လည္းပဲ ၀ီရသူေဖာင္ေဒးရွင္း ရွိပါတယ္။ ၀ီရသူေဖာင္ေဒးရွင္းမွတစ္ဆင့္ အလွဴခံျပီးလုပ္ေပးပါလိမ့္မယ္.။ အလွဴခံအဖြဲ႔လည္း ဖြဲ႔ထားပါတယ္။ အားလံုးကို Video ဖိုင္နဲ႔လည္း မွာခဲ့ပါတယ္.။ စာေရးျပီးေတာ့လည္း မွာခဲ့ပါတယ္။

ကေလးေတြရဲ႕ စားေရး ပညာေရးက်န္းမာေရး အစရွိသည္ ဦးဇင္းတာ၀န္ယူပါတယ္ေနာ္။ ဒါေၾကာင့္မို႔လို႔ ကေလးေတြ မေပ်ာ္လို႔ ျပန္တာေတာ့ ကိစၥမရွိပါဘူး။ ေပ်ာ္လ်က္နဲ႔ ျပန္ျပန္ေခၚတာကေတာ့ ကေလးေတြရဲ႕ ပညာေရးကို ဦးခ်ိဳးလုိက္သလို ျဖစ္သြားမွာစိုးလို႔ မိဘေတြ ဆင္ျခင္ၾကဖို႔ ဦးဇင္းအသိေပးတာပါ။

ဦးဇင္းရဲ႕လုပ္ငန္းေတြ ပံုမွန္လည္ပတ္ဖို႔အတြက္ တိုက္မွာ နာယကႏွစ္ပါးကိုလည္း အပ္ႏွံထားခဲ့ပါတယ္။ တစ္ပါးက ဦးေစတိယာလကၤာရာဘိ၀ံသပါ။ ဦးဇင္းစာသင္းတန္းမေအာင္ခင္ကတည္းက သူ႔ကို အငယ္တန္းစာ၀ါေတြ ပို႔ခ်ခဲ့တာပါ။ စာသင္တန္း ေအာင္ေတာ့လည္း အလတ္တန္းစာ၀ါ အၾကီးတန္းစာ၀ါေတြ ဆက္ျပီးေတာ့ ပို႔ခ်ခဲ့ပါတယ္။ နာယကျဖစ္တဲ့အခါက်ေတာ့လည္းပဲ စာသင္တန္းစာ၀ါေတြ ပို႔ခ်ခဲ့ပါတယ္။ တပည့္အရင္းလည္း ျဖစ္ပါတယ္။ အဲ့ဒီ တပည့္အရင္းေလးက အခု ဦးဇင္းအိပ္တဲ့အိပ္ခန္းကိုလာအိပ္ျပီး ဦးဇင္းရဲ႕ သဟာယ သံဃာေတာ္ေတြကို ေစာင့္ေရွာက္ေပးၾကပါတယ္ေနာ္။

အဲ့ဒီလုိပဲ ဦးသူရိယဆိုလည္းပဲ လုုပ္ေဖာ္ကိုင္ဘက္တစ္ပါးပါ။ ၀ိမုတၱိေက်ာင္းနာယက ျဖစ္ပါတယ္။ သူလည္း သံဃာေတာ္ေတြကို ၾသ၀ါဒေပးျပီး လာေရာက္ေစာင့္ေရွာက္ေနပါတယ္။ ဒါေၾကာင့္ ဦးဇင္းလုပ္ငန္းေတြျဖစ္တဲ့ ၀ီရသူေဖာင္ေဒးရွင္း နဂါးနီစုဘူး ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္း မန္းမေဟာ္သဓာပညာေရးအစိတ္အပိုင္း တစ္ခုျဖစ္တဲ့ ေက်ာက္ေခ်ာရြာပညာဒါနက်ဴရွင္ေက်ာင္း၊ မင္းကြန္းပုထိုးေတာ္ၾကီးပညာေရးအကယ္ဒမီေက်ာင္း ထို႔အတူ ပညာစရိတ္ေထာက္ပံ့မႈ၊ တျခားအကူအညီလာေတာင္းတဲ့ကိစၥေတြ အဲ့ဒါေတြအကုန္လံုးကို ပံုမွန္လည္ပတ္လို႔ရေအာင္ စီစဥ္ထားပီးသားပါေနာ္။ ဦးဇင္းကို ရန္ကုန္တိုင္း သံဃာ့နာယကက ေမလ(၂၂) ရက္ေန႔မွာ စာထုတ္ျပီး ဆင့္ေခၚပါတယ္ေနာ္။ ၂၃ ရက္ေန႔ ဦးဇင္းဆီကို စာေရာက္ပါတယ္။

အဲ့ဒီကေန စျပီးေတာ့ ဒီအခမ္းအနားမွာ သူတို႔တေတြ ဆဲြႏိုင္တယ္ စိႏိုင္တယ္ ကုတ္ႏိုင္တယ္။ အယုတ္တမာေတြ ႀကံႏိုင္တယ္ ဆိုျပီးေတာ့ အဲဒီေန႔က ဦးဇင္းႀကိဳတင္ျပင္ဆင္ခဲ့တာပါဗ်ာ။ အခုေတာ့ အားလံုးနီးပါးကို မွာထားျပီးပါျပီ။ ဦးဇင္းလုပ္ငန္းေတြ ပံုမွန္လည္ပတ္ႏိုင္ဖို႔ အမ်ိဳးသားေရးညီအစ္ကိုေမာင္ႏွမေတြ မ်ိဳးခ်စ္ျပည္သူေတြ အားလံုးကိုလည္း မွာပါရေစဗ်ာ။ ဦးဇင္းရဲ႕ ပရဟိတ လုပ္ငန္း ရပ္တန္႔မသြားေအာင္ ၀ီရသူေဖာင္ေဒးရွင္းမွာ အသင္း၀င္ျခင္းျဖင့္ အမ်ိဳးဘာသာ သာသနာအက်ိဳး လက္ေတြ႔သယ္ပိုးေပးၾကပါလို႔ပဲ ဦးဇင္းမွာၾကားပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)

သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၂) 3.6.2019 တနင်္လာနေ့

ဦးဇင်းဖြင့် အထဲမရောက်သေးဘူးဗျာ။ ဦးဇင်းတည်ထောင်ထားတဲ့ ပရဟိတပညာရေး ပညာဒါနကျောင်းတွေမှာ တချို့မိဘတွေက ကလေးငယ်တွေကို ပြန်ပြန်ခေါ်ကြတာလည်း ရှိပါတယ်။ ကလေးတွေ စိတ်ဆန္ဒမပါဘဲနဲ့ မခေါ်ကြပါနဲ့ဗျာ။ ဦးဇင်းလဲ အစစအရာရာ စီစဉ်ပေးထားပါတယ်။ ဦးဇင်းမရှိသော်လည်းပဲ ဝီရသူဖောင်ဒေးရှင်း ရှိပါတယ်။ ဝီရသူဖောင်ဒေးရှင်းမှတစ်ဆင့် အလှူခံပြီးလုပ်ပေးပါလိမ့်မယ်.။ အလှူခံအဖွဲ့လည်း ဖွဲ့ထားပါတယ်။ အားလုံးကို Video ဖိုင်နဲ့လည်း မှာခဲ့ပါတယ်.။ စာရေးပြီးတော့လည်း မှာခဲ့ပါတယ်။

ကလေးတွေရဲ့ စားရေး ပညာရေးကျန်းမာရေး အစရှိသည် ဦးဇင်းတာဝန်ယူပါတယ်နော်။ ဒါကြောင့်မို့လို့ ကလေးတွေ မပျော်လို့ ပြန်တာတော့ ကိစ္စမရှိပါဘူး။ ပျော်လျက်နဲ့ ပြန်ပြန်ခေါ်တာကတော့ ကလေးတွေရဲ့ ပညာရေးကို ဦးချိုးလိုက်သလို ဖြစ်သွားမှာစိုးလို့ မိဘတွေ ဆင်ခြင်ကြဖို့ ဦးဇင်းအသိပေးတာပါ။

ဦးဇင်းရဲ့လုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့အတွက် တိုက်မှာ နာယကနှစ်ပါးကိုလည်း အပ်နှံထားခဲ့ပါတယ်။ တစ်ပါးက ဦးစေတိယာလင်္ကာရာဘိဝံသပါ။ ဦးဇင်းစာသင်းတန်းမအောင်ခင်ကတည်းက သူ့ကို အငယ်တန်းစာဝါတွေ ပို့ချခဲ့တာပါ။ စာသင်တန်း အောင်တော့လည်း အလတ်တန်းစာဝါ အကြီးတန်းစာဝါတွေ ဆက်ပြီးတော့ ပို့ချခဲ့ပါတယ်။ နာယကဖြစ်တဲ့အခါကျတော့လည်းပဲ စာသင်တန်းစာဝါတွေ ပို့ချခဲ့ပါတယ်။ တပည့်အရင်းလည်း ဖြစ်ပါတယ်။ အဲ့ဒီ တပည့်အရင်းလေးက အခု ဦးဇင်းအိပ်တဲ့အိပ်ခန်းကိုလာအိပ်ပြီး ဦးဇင်းရဲ့ သဟာယ သံဃာတော်တွေကို စောင့်ရှောက်ပေးကြပါတယ်နော်။

အဲ့ဒီလိုပဲ ဦးသူရိယဆိုလည်းပဲ လုပ်ဖော်ကိုင်ဘက်တစ်ပါးပါ။ ဝိမုတ္တိကျောင်းနာယက ဖြစ်ပါတယ်။ သူလည်း သံဃာတော်တွေကို သြဝါဒပေးပြီး လာရောက်စောင့်ရှောက်နေပါတယ်။ ဒါကြောင့် ဦးဇင်းလုပ်ငန်းတွေဖြစ်တဲ့ ဝီရသူဖောင်ဒေးရှင်း နဂါးနီစုဘူး လောကအလင်းပညာဒါနကျူရှင်ကျောင်း မန်းမဟော်သဓာပညာရေးအစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်း ထို့အတူ ပညာစရိတ်ထောက်ပံ့မှု၊ တခြားအကူအညီလာတောင်းတဲ့ကိစ္စတွေ အဲ့ဒါတွေအကုန်လုံးကို ပုံမှန်လည်ပတ်လို့ရအောင် စီစဉ်ထားပီးသားပါနော်။ ဦးဇင်းကို ရန်ကုန်တိုင်း သံဃာ့နာယကက မေလ(၂၂) ရက်နေ့မှာ စာထုတ်ပြီး ဆင့်ခေါ်ပါတယ်နော်။ ၂၃ ရက်နေ့ ဦးဇင်းဆီကို စာရောက်ပါတယ်။

အဲ့ဒီကနေ စပြီးတော့ ဒီအခမ်းအနားမှာ သူတို့တတွေ ဆွဲနိုင်တယ် စိနိုင်တယ် ကုတ်နိုင်တယ်။ အယုတ်တမာတွေ ကြံနိုင်တယ် ဆိုပြီးတော့ အဲဒီနေ့က ဦးဇင်းကြိုတင်ပြင်ဆင်ခဲ့တာပါဗျာ။ အခုတော့ အားလုံးနီးပါးကို မှာထားပြီးပါပြီ။ ဦးဇင်းလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ အမျိုးသားရေးညီအစ်ကိုမောင်နှမတွေ မျိုးချစ်ပြည်သူတွေ အားလုံးကိုလည်း မှာပါရစေဗျာ။ ဦးဇင်းရဲ့ ပရဟိတ လုပ်ငန်း ရပ်တန့်မသွားအောင် ဝီရသူဖောင်ဒေးရှင်းမှာ အသင်းဝင်ခြင်းဖြင့် အမျိုးဘာသာ သာသနာအကျိုး လက်တွေ့သယ်ပိုးပေးကြပါလို့ပဲ ဦးဇင်းမှာကြားပါတယ်။
(ဆက်လက်ဖော်ပြပါမည်)