သတင္း

သဟာယအင္တာနက္ေရဒီယို မွ တိုက္ရိုက္ထုတ္လႊင့္ေသာ ဆရာေတာ္၏ အစီအစဥ္ (၄) 3.6.2019 တနလၤာေန႔

ေထာင္မက်ခင္တုန္းက တန္႔ၾကည္ေတာင္စာအုပ္ထုတ္လို႔ တစ္ႀကိမ္၊ ကမၻာေအးမွာ က်ဳပ္လက္မွတ္ထိုးၿပီးၿပီ။ ဓမၼစက္နဲ႔ ဆံုးမမႈကုိခံၿပီးၿပီ။ ေထာင္ကထြက္လာေတာ့လည္း သမိုင္း၏တရားခံစာအုပ္ထုတ္မႈနဲ႔ တစ္ႀကိမ္၊ ႏုိင္ငံေတာ္ သံဃမဟာနာယအဖြဲ႔ဝင္ ဆရာသမားတစ္ပါးထံမွာ ဓမၼစက္နဲ႔အေရးမႈ ခံယူၿပီးၿပီ ။

ဒီတစ္ႀကိမ္လည္း ဆင့္ေခၚတယ္။ ဓမၼစက္နဲ႔ အေရးယူမယ္ဆိုလို႔ က်ဳပ္လာတယ္။ ဒါေပမဲ့ သူတို႔တစ္ေတြ အစီအစဥ္ေျပာင္းသြားတယ္။ ဒါ က်ဳပ္နဲ႔မဆိုင္ဘူးေလဗ်ာ။ အဲဒီေတာ့ ထပ္မံအေၾကာင္းၾကားမည့္ရက္ကုိ က်ဳပ္ေစာင့္ေနတာေပါ့။ ထပ္မံအေၾကာင္းၾကားပါလ်က္နဲ႔မွ မလာဘူးဆိုရင္ က်ဳပ္အဆိုးေပါ့။ ထပ္မံအေၾကာင္းၾကားရင္လည္း ဓမၼစက္နဲ႔အေရးယူခံရင္ က်ဳပ္ကလက္ခံႏုိင္မွာ။ သံဃာ့အဖြဲ႔အစည္းကုိ ခုတုံုးလုပ္ သံဃာ့အဖြဲ႔အစည္းကုိ ဖိအားေပး မေလ်ာ္ၾသဇာသုံး ႏုိင္ထက္စီးနင္း ဘုန္းႀကီးတစ္ပါးကုိ သံဃာ့အဖြဲ႕အစည္းေ႐ွ႕ေမွာက္မွာ သုိမဟုတ္ သံဃာေ႐ွ႕ေမွာက္မွာ အၾကပ္ကိုင္ၿပီး အေရးယူမယ္ဆိုရင္ က်ဳပ္ကလက္မခံဘူးဗ်။ သံဃာေတာ္ေတြ သံဃာ့အဖြဲ႔အစည္းကုိ ျပည္သူေတြ အၾကည္အညိဳမဲ့ကုန္လိမ့္မယ္။

ခင္မ်ားတ္ု႔ိတစ္ေတြ ဟုိအရင္တုန္းက မဟန မ႐ွိသင့္ပါဘူးတုိ႔ မဟနက သံဃာေတြဘက္မွာ မ႐ွိပါဘူးတို႔ ခင္မ်ားတုိ႔တစ္ေတြ ေဝဖန္လိုက္ၾကတာ ဒီေန႔ေရာ ခင္ဗ်ားတို႔တစ္ေတြ ဘယ္နဲ႔တုန္း။ စစ္အာဏာ႐ွင္ပံုစံမ်ဳိးခ်ဳိးေနတာပဲ မဟုတ္လား။

အဲေတာ့ က်ဴပ္က တုိင္းသံဃာနာယကေ႐ွ႕ေမွာက္ေရာက္ရင္လည္း ဓမၼစက္နဲ႔ အေရးယူတာကုိပဲ ခံႏုိင္မယ္။ အာဏာစက္နဲ႔ကုိ လုပ္ထံုးလုပ္နည္းနဲ႔အညီ ရင္ဆိုင္မယ္။ ခင္မ်ားတို႔တစ္ေတြ အားလုံး ႐ွင္းတယ္ေနာ္။
(ဆက္လက္ေဖာ္ျပပါမည္)

သဟာယအင်တာနက်ရေဒီယို မှ တိုက်ရိုက်ထုတ်လွှင့်သော ဆရာတော်၏ အစီအစဉ် (၄) 3.6.2019 တနင်္လာနေ့

ထောင်မကျခင်တုန်းက တန့်ကြည်တောင်စာအုပ်ထုတ်လို့ တစ်ကြိမ်၊ ကမ္ဘာအေးမှာ ကျုပ်လက်မှတ်ထိုးပြီးပြီ။ ဓမ္မစက်နဲ့ ဆုံးမမှုကိုခံပြီးပြီ။ ထောင်ကထွက်လာတော့လည်း သမိုင်း၏တရားခံစာအုပ်ထုတ်မှုနဲ့ တစ်ကြိမ်၊ နိုင်ငံတော် သံဃမဟာနာယအဖွဲ့ဝင် ဆရာသမားတစ်ပါးထံမှာ ဓမ္မစက်နဲ့အရေးမှု ခံယူပြီးပြီ ။

ဒီတစ်ကြိမ်လည်း ဆင့်ခေါ်တယ်။ ဓမ္မစက်နဲ့ အရေးယူမယ်ဆိုလို့ ကျုပ်လာတယ်။ ဒါပေမဲ့ သူတို့တစ်တွေ အစီအစဉ်ပြောင်းသွားတယ်။ ဒါ ကျုပ်နဲ့မဆိုင်ဘူးလေဗျာ။ အဲဒီတော့ ထပ်မံအကြောင်းကြားမည့်ရက်ကို ကျုပ်စောင့်နေတာပေါ့။ ထပ်မံအကြောင်းကြားပါလျက်နဲ့မှ မလာဘူးဆိုရင် ကျုပ်အဆိုးပေါ့။ ထပ်မံအကြောင်းကြားရင်လည်း ဓမ္မစက်နဲ့အရေးယူခံရင် ကျုပ်ကလက်ခံနိုင်မှာ။ သံဃာ့အဖွဲ့အစည်းကို ခုတုံးလုပ် သံဃာ့အဖွဲ့အစည်းကို ဖိအားပေး မလျော်သြဇာသုံး နိုင်ထက်စီးနင်း ဘုန်းကြီးတစ်ပါးကို သံဃာ့အဖွဲ့အစည်းရှေ့မှောက်မှာ သိုမဟုတ် သံဃာရှေ့မှောက်မှာ အကြပ်ကိုင်ပြီး အရေးယူမယ်ဆိုရင် ကျုပ်ကလက်မခံဘူးဗျ။ သံဃာတော်တွေ သံဃာ့အဖွဲ့အစည်းကို ပြည်သူတွေ အကြည်အညိုမဲ့ကုန်လိမ့်မယ်။
ခင်များတ်ု့ိတစ်တွေ ဟိုအရင်တုန်းက မဟန မရှိသင့်ပါဘူးတို့ မဟနက သံဃာတွေဘက်မှာ မရှိပါဘူးတို့ ခင်များတို့တစ်တွေ ဝေဖန်လိုက်ကြတာ ဒီနေ့ရော ခင်ဗျားတို့တစ်တွေ ဘယ်နဲ့တုန်း။ စစ်အာဏာရှင်ပုံစံမျိုးချိုးနေတာပဲ မဟုတ်လား။

အဲတော့ ကျူပ်က တိုင်းသံဃာနာယကရှေ့မှောက်ရောက်ရင်လည်း ဓမ္မစက်နဲ့ အရေးယူတာကိုပဲ ခံနိုင်မယ်။ အာဏာစက်နဲ့ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ရင်ဆိုင်မယ်။ ခင်များတို့တစ်တွေ အားလုံး ရှင်းတယ်နော်။
(ဆက်လက်ဖော်ပြပါမည်)