သတင်းအင်တာဗျူး

သံဃာတွေစည်းလုံးမှု ပျက်ပြားနေပါပြီဆိုတာဟာ နိုင်ငံရေးစကားတွေပါ(၁)

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်)

====================================================
ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေး ရှုမြင်ချက်များကို အောင်ဇေ ယျတုဂျာနယ်မှာ ဖော်ပြလာနိုင်ခဲ့တာ ဒီတစ်ပတ်ဆို ရင် ၇ ပတ် မြောက်ခဲ့ပါပြီ။ အပတ်စဉ် တိုင်း ခေတ်ပြိုင်သမိုင်းအပေါ် သုံးသပ်တဲ့ ဆရာ တော်ရဲ့ ရှုမြင်ချက်တွေကို ထည့်သွင်းဖော်ပြနိုင် ဖို့ ကြိုးစားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ဆရာ တော်ရဲ့ ရခိုင်ခရီးစဉ်၊ မဘသ ဘယ်လိုဆက်လက် ရပ်တည်မယ်ဆိုတဲ့အကြောင်းတွေကို မေးမြန်းဖြစ် ခဲ့ပြီး အဲဒီအကြောင်းအရာတွေ အောင်ဇေယျတု ဂျာနယ် စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော် ပြပေးလိုက်ပါတယ်။

မေး – အရှင်ဘုရား ရခိုင်ပြည်နယ်ကို အလှူခရီးစဉ်တစ်ခုသွားတာ သိရပါတယ် ဘုရား။ ဘယ်ဒေသတွေကို အဓိကထား သွားတယ်၊ ဘာတွေလှူဖြစ်တယ်ဆိုတာ ပေါ့ဘုရား။

ဖြေ – အဓိကကတော့ မောင်တောမြို့ ကို အဓိကထားတာပေါ့။ မောင်တောမြို့ နယ်က နတလရွာလို့ခေါ်တဲ့ ကျေးရွာသစ် ထူထောင်ထားတဲ့ တိုင်းရင်းသား ကျေးရွာတွေပေါ့ကွာ။ သူတို့တတွေ တင်ပြထားတဲ့ အခက်အခဲတွေကို လာလုပ်ပေးရင်းနဲ့ ရိက္ခာတွေ လာထောက်ပံ့တဲ့သဘောပါ။

မေး – အရှင်ဘုရားအနေနဲ့ မေလဆန်း မှာတုန်းကလည်းပဲ ရခိုင်ပြည်နယ်ကို သွားခဲ့သေးတယ်ပေါ့ဘုရား။ အဲဒီတုန်း ကလည်းပဲ စစ်တွေမှာ ပဋိပက္ခလေး တွေဖြစ်သွားခဲ့တယ်ပေါ့ဘုရား။ အခု လည်း ကုလလူ့အခွင့်အရေး ကိုယ်စား လှယ် ယန်ဟီးလီရဲ့ ရခိုင်ခရီးစဉ်နဲ့ အ ရှင်ဘုရားရဲ့ ရခိုင်ခရီးစဉ်က တိုက်ဆိုင် နေတာကိုတွေ့ရပါတယ်ဘုရား။ အရှင် ဘုရားရဲ့ ခရီးစဉ်ကို တမင်ပဲ ချိန်ကိုက် ရေးဆွဲထားတဲ့ သဘောမျိုးလားဘုရား။

ဖြေ – အရင်တစ်ခါလည်း တိုက်ဆိုင်သွား တာပါနော်။ အခုတစ်ခါလည်း တိုက်ဆိုင် တာပါပဲ။
အရင်တစ်ခါကတော့ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားခရီးစဉ်ထွက် တုန်း ဦးဇင်းက ဒီကိုရောက်တယ်ဆိုတော့ ဒီကိုလာပြီး ဆူပူလှုံ့ဆော်တာလုပ်တယ်၊ ပြည်ပသွားအလုပ်လုပ်တဲ့သူ နောက်ဆံ တင်းအောင်၊ အနှောင့်အယှက်ဖြစ်အောင် လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဝေဖန်ကြတာ ပေါ့။ အဲဒါကလည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် သူ့အစီအစဉ်နဲ့သူ ဆိုတော့ တိုက်ဆိုင်သွားတာပဲ။ သူနိုင်ငံခြားသွားမယ်ဆို တာလည်း ကြိုမသိရဘူး။ ကိုယ် မောင်တောကို သွားဖို့ ကြိုစီစဉ်တာလည်း တခြား
သူတွေ မသိရဘူးပေါ့။
ပဋိပက္ခဖြစ်တာကတော့ ထုံးစံလိုဖြစ်နေပါပြီ။ စစ်တွေမြို့မှာ ဘင်္ဂါလီတွေပဲ ရှိတဲ့ရပ်ကွက် မီးလောင်တာလေ။ သူတို့ကတော့ ဆိုလာပြားကနေ မီးလောင်တယ်လို့ ပြော တာပေါ့။ အဲဒါ ကိုယ့်ဟာကိုယ် ရှို့တာလား၊ တကယ်ပဲ မတော်တဆဖြစ်တာလား ဆိုတာကိုတော့ မသိရဘူးပေါ့။ အဲဒါက စစ်တွေမှာ၊ ပထမအခေါက် မေလတုန်းက ဖြစ်တဲ့ဖြစ်စဉ်တစ်ခုပေါ့။
အခုအခါကျတော့လည်း ယန်ဟီးလီ နဲ့ လာကြုံတာလေ။ အစက ဇွန်လ ၁ ရက်နေ့ လာဖို့စီစဉ်ထားပေမယ့် အထည်တွေချုပ်နေတာနဲ့၊ ရိက္ခာတွေမှာနေတာနဲ့၊ ဟို တရုတ်ပြည်အထိ လေဒီယိုစက်လေးတွေ၊ ကစားစရာလေးတွေ မှာနေတာနဲ့ ၁ဝ ရက်နောက်ကျပြီး ၁၁ ရက် နေ့မှ ရောက်သွားတာပေါ့နော့။
ဦးဇင်းတို့က ရိက္ခာတွေ စီစဉ်နေတဲ့ အချိန်အထိကို ယန်ဟီးလီဆိုတဲ့ ကုလအမျိုးသမီးကြီး ခရီးစဉ်ကို မသိရသေးဘူး။ သူ့ခရီးစဉ် ကိုသိရတာက ရခိုင်သွားခါနီး ၂ ရက် လောက်အလိုမှ သိရတာ။ အဲဒီ အချိန်ကျ တော့ လေယာဉ်လက်မှတ်တွေဘာတွေ လည်းဝယ်ပြီးနေပြီ။ အဲဒီလိုဖြစ်သွားတာပေါ့။ အာဏာပိုင်တွေကတော့ သူ့ခရီးစဉ် လည်းရှိတယ်ဆိုပြီးတော့ မလာစေချင်ဘူး။ နောက်ဆုတ်စေချင်တာပေါ့။
ဦးဇင်းကလည်းပဲ နောက်ဆုတ်လိုက်ရင် ခရီးထွက်လို့ မရတော့ဘူး။ စာဝါချ တဲ့အချိန်ရောက်သွားပြီလေ။ တိုက်တွင်း မှာက ဥပုသ်ထွက်စာဝါစချတော့မှာဆိုတော့ ဥပုသ်နေ့အမီ ပြန်ရမှာမို့ ရှောင်လို့မရ တော့တာပေါ့။
ချုပ်ပြောရရင်တော့ နှစ်ခုစလုံးက မထင်မှတ်ပဲ လာတိုက်ဆိုင်နေတာပေါ့။

မေး – ရခိုင်မှာ အခြေအနေတွေက တော်တော်ရှုပ်ထွေးနေတာ တွေ့ ရပါတယ်ဘုရား။ ကုလသမဂ္ဂက အ ချက်အလက် ရှာဖွေရေးအဖွဲ့တွေဝင် မယ်တို့၊ နောက် ဧရာဝတီသတင်းဌာန က ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်နဲ့ တွေ့ ဆုံမေးမြန်းရာမှာလည်း ကာလုံ (အမျိုး သား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင် စီ)ခေါ်ပြီး အဖြေရှာ သင့်တယ် စသည် ဖြင့် သုံးသပ်တာမျိုးကိုလည်း တွေ့ရပါ တယ်ဘုရား။ ရခိုင်ပြည်နယ်ရဲ့ အခြေ အနေဟာ တော်တော် အရေးကြီးတဲ့ အခြေအနေရောက်နေပြီလို့ နားလည် ရပါတယ်ဘုရား။ ဆိုတော့ အရှင်ဘုရား သွားခဲ့တဲ့ ခရီးစဉ်အရ ရခိုင်ပြည်နယ် ရဲ့အခြေအနေက ဘာထူးခြားတာတွေ ရှိနေလဲဘုရား။ ဘယ်လိုအခြေအနေ မျိုးတွေရှိနေလဲပေါ့ဘုရား။ ဒေသခံ ရ ခိုင်တိုင်းရင်းသားတွေကရော ဘာတွေ များလိုအပ်နေသလဲဘုရား။

ဖြေ – ပြောရမယ်ဆိုရင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့စစ်အစိုးရကမှ အချက်အ လက်ရှာဖွေရေးအဖွဲ့တွေဘာတွေ အဖွဲ့မ ခံခဲ့ရဘူးပေါ့။ျွှသ ဏ အစီအစဉ်တွေဘာ တွေဆိုရင်တော့ ဝေးပေါ့။ တကယ့်အရပ် သားဒီမိုကရေစီအစိုးရ ရောက်လာမှပဲ တိုင်းပြည်အချုပ်အခြာကို ပြည်ပက ကျူး ကျော်စော်ကားခွင့် ရတော့မည့်ပုံစံမျိုးကြီး ဖြစ်သွားတာပေါ့နော့။
အစိုးရအစဉ်အဆက် ဒီလိုအခက်အခဲမျိုးလည်း မကျရောက်ဖူးဘူး။ ဒီလိုအချုပ်အခြာအာဏာကို ကျူး ကျော်စော်ကားမှုမျိုး ခွင့်မပေးခဲ့ဘူး။ ဒီ အစိုးရလက်ထက်မှ ဒါမျိုးဖြစ်သွားတယ် ဆိုတော့ ဒီအတွက်တော့ အန္တရာယ် အင် မတန်ကြီးတာပေါ့။
မောင်တောပြည်သူတွေကတော့ မြို့မှာပဲ ဖြစ်ဖြစ်၊ ရွာတွေမှာပဲဖြစ်ဖြစ် ကျီးလန့်စာ စားရတဲ့ဘဝကို ရောက်နေတာပေါ့။ ကိုယ့် မြေကိုယ့်ရေမှာနေပြီးတော့ ခြိမ်းခြောက်မှု ဒဏ်ခံနေရတာပေါ့။ တချို့ဆို စိတ်ရောဂါရပြီး အခုချိန်ထိ
ဆေးရုံတက်နေရသူတွေရှိတယ်။ ရွာမှာ မအိပ်ရဲလို့ ဘုန်းကြီးကျောင်းသွားအိပ်နေ ရသူတွေလည်း ရှိတယ်။ကိုယ့်ရပ်ရွာမှာပဲ လုံခြုံရေးယူပြီးတော့ စောင့်ရှောက်နေရတာလည်းရှိတယ်။ တချို့ရွာတွေကျတော့ အစိုးရကလုံခြုံရေးမပေးနိုင်လို့ ကိုယ့်ရွာကိုယ် ကင်းစောင့်နေရတဲ့ ပုံစံမျိုးပေါ့။ ဒါက ရခိုင်ပြည်နယ် ဘူးသီးတောင်မောင် တောဒေသက ပြည်သူတွေရဲ့ ဘဝအခြေ အနေတွေပါ။
နောက် Fact-Finding Mission နဲ့ R2P ကိစ္စအတွက်ကို မောင်တောမှာရှိ တဲ့ ဘင်္ဂါလီတွေက အနာခံပြီးတော့ အဲဒီအစီအစဉ်တွေ အထ မြောက်အောင် သွေးလမ်းခင်းပြီး လမ်းဖောက်ပေးမယ့် သ ဘောရှိတယ်။ အဲဒီအတွက်လည်း ဒီက အာဏာပိုင်တွေက သတင်းတွေ ကြိုရထား ကြတယ်လို့ ပြောကြတယ်။ အဲတော့ ဒီ မောင်တောက သိပ်မကြာမတင်ကာလမှာ ပဲ ဘင်္ဂါလီတွေ သူပုန်ထတော့မယ့် အခြေ အနေရှိနေပါတယ်။

မေး – ဖိလစ်ပိုင်တောင်ပိုင်းလိုမျိုး အစ္စလာမ်မစ်အစွန်းရောက် အကြမ်း ဖက်သမားတွေ ဝင်ရောက်လာနိုင်တဲ့ အလားအလာမျိုးလားဘုရား။
ဖြေ – ဒီကတော့ အပြင်ဘက်ကဝင်ဖို့ ခက်ခဲ တာပေါ့နော်။ အတွင်းထဲကို ရောက်နှင့်နေ ပြီးတဲ့ နိုင်ငံခြားသားမွတ်ဆလင်တွေတော့ ရှိနေနိုင်တာပေါ့။
အာဏာပိုင်တွေဘက်က သတင်းတွေ ရထားပေမယ့် ဒေသခံတွေဘက်က ပူးပေါင်း ပါဝင်မှု မရှိတဲ့အတွက် ရှာရဖွေရတာ အင်မတန် ခက်ခဲတဲ့ အခြေအနေမျိုးမှာ တော့ ရှိတာပေါ့။
သူတို့တွေကခေါင်းဆောင်ပြီး ဒီကလူတွေကို မြှောက်ပေး၊ ဒီကလူတွေကလည်း သူတို့ အမိန့်ကို တစ်သဝေမတိမ်းနာခံပြီး တော့ အသေခံကြမယ်၊ ရင်းကြမယ်၊ အဲဒီ လောက်အထိတော့ ဖြစ်နိုင်တာပေါ့။မး – တင့်ပါ့ဘုရား။ မဘသအကြောင်း ကို နည်းနည်းမေးချင်ပါတယ်ဘုရား။ ဇူလိုင်လ ၁၄ ရက်ရက်စွဲနဲ့ မန္တလေး တိုင်းဒေသကြီးသံဃနာယကအဖွဲ့က စာထုတ်တာ တွေ့ရပါတယ်ဘုရား။ မဘသဆရာတော်များရဲ့တင်ပြလျှောက် ထားချက်များကို အချိန်ပေးကြားနာပြီး လိုအပ်သလို လမ်းညွှန်တော်မူကြပါရန် ဆိုပြီး ရေးထားတာ တွေ့ရပါတယ် ဘုရား။ တကယ်လို့ မဟနဆရာတော်ကြီး တွေကများ ခေါ်ယူတွေ့ဆုံခဲ့ရင် ဘာ တွေများ လျှောက်ထားဖို့ ရှိမလဲဘုရား။
ဖြေ – မန်းမဘသက ဇူလိုင်လ ၉ ရက်နေ့ မှာ ကြေညာချက်ထုတ်လိုက်တယ်။ အဲဒီ ကြေညာချက်အပေါ်မှာ မန္တလေးတိုင်း သံဃနာယကအဖွဲ့က ခေါ်ယူတွေ့ဆုံ ဆွေးနွေးတယ်၊ ဒီဘက်က ဆိုင်းဘုတ်မဖြုတ် နိုင်ဘူးဆိုတော့ နိုင်ငံတော်သံဃာမဟာနာ ယကကို အကျိုးအကြောင်း စာတင်ဖို့ မိန့်တယ်။ အဲဒီမိန့်တဲ့အတိုင်းပဲ ဒီကနေ့ နိုင် ငံတော်သံဃာမဟာနာယကဆီကို စာတင် လိုက်ပါပြီ။
စာတွေကတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။
သံ။စည်းဆိုတဲ့ သံဃာ့အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းတွေရယ်၊ သံ။လုပ် ထုံးလုပ်နည်းလို့ခေါ်တဲ့ သံဃာအဖွဲ့အစည်း လုပ်ထုံးလုပ်နည်းဥပဒေတွေရယ် အဲဒါတွေ နဲ့ မဆန့်ကျင်ဘူး၊ အဲဒါတွေနဲ့ ငြိစွန်းမှု မရှိဘူးဆိုတာကို နံပါတ်တစ်အနေနဲ့ အကြောင်း ပြလျှောက်ထားထားပါတယ်။
နံပါတ်နှစ်အနေနဲ့ကတော့ ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ နိုင်ငံသူ နိုင်ငံသား တွေရဲ့ မူလရပိုင်ခွင့်တွေထဲမှာ လွတ်လပ် စွာသင်းပင်းဖွဲ့စည်းခွင့်ဆိုတာ ပါတယ်၊ အဲဒီ လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့အညီ ရပ်တည်နေ တဲ့အဖွဲ့အစည်းကြီးဖြစ်တယ်ဆိုတာကိုလည်း ဖြေရှင်းထားတာပေါ့။
နံပါတ်သုံးအချက်ကတော့ ၂ဝ၁၄ ခု နှစ် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းလိုက် တဲ့အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပေါ့။ ဒီဥပဒေအရလည်း တရားဝင်ရပ်တည် ခွင့်ရှိတဲ့ အဖွဲ့အစည်းကြီးလည်းဖြစ်တယ်ပေါ့ အဲဒီအချက်အလက်တွေကြောင့် မဘသ ဆိုင်းဘုတ်ကို လုံးဝ မဖြုတ်ဘဲနဲ့ ဆက်လက် ရပ်တည်ခွင့်ပေးဖို့ စာတင်ထားတာပေါ့။
တကယ်လို့ ဒီအဖွဲ့ကို ဆရာတော် ကြီး တွေကခေါ်ပြီး ဆုံးမသြဝါဒပေးမယ်၊ ရှဥ့် လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ ပုံစံမျိုးနဲ့ ရပ်တည်ခွင့်ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

(ဆက်လက်ဖော်ပြပါမည်။)