သတင်း







လက်တွေ့ သိမှယုံ။

ဝီရသူ(မစိုးရိမ်)
29.12.2018

“သီရိလင်္ကာမှ မိတ်ဆွေများ”

27.12.2018 ရက်နှင့် 28.12.2018 ရက်၊ နှစ်ဆက်တိုက် လာဆွေးနွေးကြပါတယ်။ စာရေးသူ ၂၀၁၄ သီရိလင်္ကာသွားတုန်းက ဝတ်ပြုစောင့်ရှောက်ခဲ့သူများနှင့် ဘာသာပြန်ပေးခဲ့သူ ဦးပညာသာမိတို့ ဖြစ်ပါတယ်။

ဗောဓုဗလဆေနအဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တဉာဏစာရမထေရ် အကျဉ်းစံနေရကြောင်း သိရလို့ ကျန်းမာရေးဂရုစိုက်ဖို့၊ စိတ်ဓာတ်မကျဖို့ အားပေးစကား ရေးသားပြီး စာရေးသူပုံတူ ကျောက်စီပန်းချီကားတစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်။ ဗီဒီယိုဖိုင်လုပ်ပြီးတော့လည်း အားပေးစကား လျှောက်ထားလိုက်ပါတယ်။

သီရိလင်္ကာမှမိတ်ဆွေများကို အရှင်ဉာဏစာရမထေရ်က လွှတ်လိုက်တာပါ။ သီရိလင်္ကာမှ မူဆလင်တစ်ဦးက စာရေးသူထံ သွားချင်ကြောင်း အရှင်ဉာဏစာရထံ အကူအညီတောင်းရာမှ အရှင်ဉာဏစာရက ချိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

သီရိလင်္ကာမူဆလင်နှင့်အတူ WML မှ ဆော်ဒီနိုင်ငံသား မူဆလင်အရာရှိနှစ်ယောက်လည်း ပါလာပါတယ်။

သူတို့နှင့် ဆွေးနွေးပြီးတဲ့အခါ မူဆလင်အားလုံးက စာရေးသူကို မှတ်ချက်ချသွားပါတယ်။
မီဒီယာတွေမှာ တွေ့ရှိရတာနဲ့ လူကိုယ်တိုင်တွေ့ရှိရတာ တခြားစီဖြစ်နေကြောင်း လူတွေအပေါ်မပြောနဲ့ ခွေးတွေ ကြောင်တွေအပေါ်တောင် မေတ္တာထားတာတွေ့ရှိရကြောင်း ချီးကျူးသွားတာပါ။

ကာလာမသုတ္တန်လာ ဗုဒ္ဓစကားအတိုင်း ပြောတော့မယ်နော်။ မီဒီယာတွေပြောတိုင်း မယုံနဲ့။
လက်တွေ့ သိမှယုံ။

ဝီရသူ(မစိုးရိမ်)
29.12.2018