သတင္း

ႏိုင္ငံေရးဆိုတာ ဘာသာေရးနဲ႔ မကင္းေကာင္းဘူး

ျမန္မာ့ႏုိင္ငံေရးသမားေတြ ႏိုင္ငံေရးႏွင့္ ဘာသာေရး မကြဲျပားဘူးဗ်။ ဦးခင္ညြန္႔ကို ကန္ေတာ့တာ ဘာသာေရးအရ ဘာသာတရားအဆံုးအမႏွင့္အညီ သက္ႀကီးရြယ္အုိစာေရးဆရာေတြကို ကန္ေတာ့တာပဲ ျဖစ္ပါတယ္။

ႏုိင္ငံေရးႏွင့္ လံုးဝ မဆုိင္ပါ။ စာေရးစားတဲ့သူမဟုတ္လုိ႔ ကန္ေတာ့ခံဆရာႀကီးေတြထဲမွာ စာေပပညာရွင္အျဖစ္ စာရင္းမသြင္းႏိုင္ဘူးဆိုရင္လည္း ဦးစီးက်င္းပတဲ့ အဖြဲ႔အစည္းနဲ႔ပဲ ဆုိင္ပါတယ္။
ႏိုင္ငံေရးႏွင့္ မဆုိင္ပါ။

မေက်နပ္ရင္ မႀကဳိက္ရင္ ပြဲစီစဥ္သူေတြ ဖိတ္ၾကားသူေတြကိုသာ တင္ျပရပါမယ္။ ႏိုင္ငံေရးႏွင့္ေရာေထြးၿပီး အမ်ဳိးသားရင္ၾကားေစ့ေရးမဟုတ္ဘူးတုိ႔ အာဏာရွင္လက္ေဟာင္းတုိ႔ ဒီမုိကေရစီႏွင့္ လံုးဝ မထုိက္တန္ဘူးတို႔ စတာေတြႏွင့္ အေၾကာင္းျပတာေတြကေတာ့ အာဃာတတစ္ရပ္ပဲ ျဖစ္ပါတယ္။

ျမန္မာ့ယဥ္ေက်းမႈကိုျမတ္ႏိုးရင္ လက္ခံရမယ္။ ဗုဒၶဘာသာဝင္ေကာင္းတစ္ေယာက္ဆုိရင္ လုိက္နာရမယ္။ ႏို္င္ငံေရးသမားေကာင္းတစ္ေယာက္ဆုိရင္ ခြင့္လႊတ္ရမယ္။ အခုဟာက အခမ္းအနားမတက္ဘဲ ျပန္သြားသူက သြား၊ ႏႈတ္ထြက္သူက ႏႈတ္ထြက္နဲ႔ အေတာ္အရုပ္ဆုိး အၾကည္းတန္ပါတယ္ဗ်ာ။

ျမန္မာ့ႏိုင္ငံေရးသမားေတြအေပၚ စစ္သားမုန္းတီးေရး အာဃာတေတြ ဖိစီးေနတာ အသိသာႀကီးပါ။ ႏုိ္င္ငံေရးအေရာင္အေသြးမရွိတဲ့ သက္ႀကီးရြယ္အုိပူေဇာ္ပြဲကို ႏို္င္ငံေရးအျမင္နဲ႔ ေဝဘန္ေနတာေတြ အမုန္းအခံရွိတဲ့စိတ္နဲ႔ ျပစ္မွားတာေတြ ရပ္တန္းမွ ရပ္ၾကပါ။ ဘာသာေရးအခမ္းအနားကို ႏိုင္ငံေရးအျမင္မ်က္စိနဲ႔ မေဝဘန္ၾကပါနဲ႔။

ဝီရသူ(မစုိးရိမ္)

29.12.2018

https://www.facebook.com/thi.ha.31392/posts/928305510708441

သူ(ဦးခင္ညႊန္႔)ကိုယ္တိုင္ ဝန္ခ်မေတာင္းပန္ဘဲ က်ြန္ေတာ္တို႔ ဟာ ဘယ္စင္ျမင့္မွာမွ လက္ခံလို႔ မရပါဘူး…”

အင္တာဗ်ဴး

ဝန္ႀကီးခ်ဳပ္ ကိုၿဖိဳးမင္းသိန္း ရဲ႕ညံ့တဲ့ အကြက္ တစ္ကြက္လို႔ ျမင္တယ္။ သူတို႔ကို ထိုင္ကန္ေတာ့တာ လက္ဆြဲႏႈတ္ဆက္ တာ ဒါအမ်ိဳးသား ရင္ၾကားေစ့ေရး မဟုတ္ပါဘူး။ ႏိုင္ငံေရး အရ ….

ဒီဇင္ဘာ (၂၉)၊ ၂၀၁၈၊ ရန္ကုန္
The Nyang News

ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာ ျပဳလုပ္ခဲ့တဲ့ သက္ႀကီးစာေပ ပညာရွင္မ်ား ကန္ေတာ့ပြဲ မွာ စစ္ေထာက္လွမ္းေရးေဟာင္း ဦးခင္ညြန္႔ ကို သက္ႀကီး စာေပပညာရွင္ အျဖစ္ ထည့္သြင္း ခဲ့သလို ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က လည္း ကန္ေတာ့ ခဲ့တာနဲ႔ ပတ္သက္ၿပီး မဟာေအာင္ေျမ မဲဆႏၵနယ္ မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ကဗ်ာဆရာ (ဦး) ၿငိမ္းသစ္ ကို ျငမ္း မီဒီယာ က ဆက္သြယ္ ေမးျမန္း ထားပါတယ္။

▪️ျငမ္း – ဦးခင္ညြန္႔ကို သက္ႀကီးစာေပ ပညာရွင္ အျဖစ္ ထည့္သြင္း ကန္ေတာ့တဲ့ အေပၚ ဘာမ်ားေျပာခ်င္ပါသလဲ။

ဆရာၿငိမ္းသစ္ – သူဟာ ဘဝတေလ်ွာက္လံုး စာေရးတဲ့သူ မဟုတ္ဘူး။ စာေရးတဲ့ လုပ္ငန္းနဲ႔ အသက္ေမြး ဝမ္းေၾကာင္းျပဳၿပီး တစ္ကယ့္ကို အႏုပညာ ရသ ပါတဲ့ စာေပေတြ ေရးခဲ့တယ္။ စာေပ တစ္ခတ္မွာ ထြန္းကားေအာင္ လုပ္ခဲ့တယ္။စာေပနဲ႔ မွတ္တိုင္ တစ္ခုကို စိုက္ထူ ႏိုင္ခဲ့တဲ့ ပုဂၢိဳလ္ထဲ မွာ သူ မပါ ပါဘူး။ဒါေၾကာင့္ သူ႔ကို သက္ႀကီး စာေပ ပညာရွင္ အျဖစ္ လံုးဝ လက္မခံႏိုင္ ပါဘူး။သူက ဘယ္တုန္းက မွ ဘယ္စာမွ ဖန္တီးခဲ့တာ မဟုတ္ဘူး။ဒီဘက္က်မွ ေျပာရရင္ ေနရာ တစ္ေနရာ ရပ္တည္ႏိုင္ဖို႔ အတြက္ ႀကိဳးစားတဲ့ အဆင့္ပဲ ရွိပါတယ္။ ဒီအတြက္သူ႔ ကို စာေရးဆရာ အျဖစ္နဲ႔ လည္း မမွတ္ ယူဘူး။ သက္ႀကီး စာေပပညာရွင္ အျဖစ္နဲ႔ ဆိုတာကေတာ့ လံုးဝ ေဝးလာေဝးပဲ။ က်ြန္ေတာ္တို႔ လက္မခံပါဘူး။

▪️ျငမ္း – ဦးခင္ညႊန္႔ ကို သက္ႀကီး စာေပ ပညာရွင္ အျဖစ္ ထည့္သြင္း ရံုနဲ႔ မၿပီးဘဲ ရန္ကုန္ ဝန္ႀကီးခ်ဳပ္ ကိုယ္တိုင္ ထိုင္ကန္ေတာ့ တယ္ ဆိုေတာ့ အခု ေျပာဆိုေနၾကတဲ့ အမ်ိဳးသား ရင္ၾကားေစ့ေရး ေၾကာင့္လား။ ဒီအေပၚ မွာ ဘာမ်ား မွတ္ခ်က္ေပးခ်င္လဲ။

ဆရာၿငိမ္းသစ္ – ဒါဟာ အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရးလို႔ မယံုၾကည္ ပါဘူး။ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရး က ဒီလို အေမွာင္ေခတ္ တစ္ေခတ္ ကို ဖန္တီးခဲ့တဲ့ လူကို လက္ဆြဲ ႏႈတ္ဆက္ရံုနဲ႔ ၿပီးသြားမွာ မဟုတ္ပါဘူး။ ဗိုလ္ခ်ဳပ္ႀကီးခင္ညြန္႔ က အေမွာင္ေခတ္ တစ္ေခတ္ ကို ဖန္တီးခဲ့တဲ့ လူပါ။ သတင္းစာ ဆရာေတြ၊ စာေရးဆရာေတြ၊ ကဗ်ာ ဆရာေတြ၊ ကာတြန္း ဆရာေတြ၊ အမ်ားႀကီး ေထာင္ခ်ခဲ့တဲ့ သူပါ။ ေထာင္ကို ႏွစ္ရွည္ေတြ ခ်ခဲ့ တာပါ။သူ႔ေခတ္တုန္း က စာမ်က္ႏွာေတြ က လည္း အေမွာင္ဖုံးလႊမ္း ေနခဲ့ တာပါ။ အားလံုး ေငြမင္ သုတ္ခံ ရတယ္။ အျဖဲ ခံရတယ္။ အေရးယူ ခံရတယ္။ မဂၢဇင္းတိုက္ေတြ ပိတ္ပစ္တယ္။ သတိေပးခ်က္ ေတြ ထုတ္တယ္။အဲဒီ တုန္းက စာေပ ကင္ေပတိုင္ က လက္ေစာင္း ထက္ေနတဲ့ အခ်ိန္ အဲေခတ္ ပါပဲ။ သူ ဖန္တီး ထားတာ ပဲ။ စာေပကို ဘယ္တုန္း ကမွ ေကာင္းက်ိဳးျပဳခဲ့တယ္လို႔ ကၽြန္ေတာ္ မယံုၾကည္ ပါဘူး။ စာေပသမားေတြေပၚမွာ ႏွိပ္ကြပ္တယ္။ ႏွစ္ရွည္ ျပစ္ဒဏ္ေတြ ေပးတယ္။ အေတြးအေခၚအယူအဆ သစ္ေတြ မထြန္း ကားေအာင္ ျပဳလုပ္တယ္။ဒီလို ပုဂၢိဳလ္က က စာေပစင္ျမင့္ ေပၚမွာ ဘယ္တုန္းက မွ မရွိခဲ့ဘူး။အဲလို ပုဂၢိဳလ္ ကို ဖိတ္ၿပီး ကန္ေတာ့ခံ အျဖစ္ ပါဝင္ လာ တာ က အင္မတန္ စက္ဆုပ္ဖြယ္ ေကာင္းတယ္။ အင္မတန္ ရယ္စရာ ေကာင္းတဲ့ ျပက္လံုး တစ္ခု ျဖစ္ပါတယ္။ ဒီပြဲကို စီစဥ္တဲ့ သူေတြ သူ႔ကို ကန္ေတာ့ခံ အျဖစ္ ဖိတ္ၾကား ခဲ့တဲ့သူေတြ ကို က်ြန္ေတာ္ မေထာက္ခံ ပါဘူး။ရႈတ္ခ်ပါတယ္။

▪️ျငမ္း – ရွစ္ေလးလံုး အေရးေတာ္ပံုႀကီး က ေပါက္ဖြားလာတဲ့ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဟာ ကန္ေတာ့ခံ ထဲမွာ ဦးခင္ညြန္႔ ပါမွန္း သိေနတာေတာင္ မျငင္းဆန္ဘဲ၊ တစ္ခုခု မလုပ္ဘဲ ထိုင္ကန္ေတာ့တဲ့ အေပၚမွာေရာ ဘာမ်ား ေျပာခ်င္သလဲ။

ဆရာၿငိမ္းသစ္ – ဒါကေတာ့ ဝန္ႀကီးခ်ဳပ္ ကိုၿဖိဳးမင္းသိန္း ရဲ႕ညံ့တဲ့ အကြက္ တစ္ကြက္လို႔ ျမင္တယ္။ သူတို႔ကို ထိုင္ကန္ေတာ့တာ လက္ဆြဲႏႈတ္ဆက္ တာ ဒါအမ်ိဳးသား ရင္ၾကားေစ့ေရး မဟုတ္ပါဘူး။ ႏိုင္ငံေရး အရ ကိုၿဖိဳးမင္းသိန္း ဟာ တျခားနည္းလမ္း ေတြးေခၚလို႔ မရလို႔ ေယာင္ေယာင္မွားမွား လုပ္ခဲ့တဲ့ အလုပ္လို႔ပဲ ျမင္ပါတယ္။

▪️ျငမ္း – ဒီကိစၥက ႏိုင္ငံေရးအရ ဂ်င္းထည့္ ခံရတာ လို႔ ေဝဖန္မႈ ေတြလည္း ရွိေနပါတယ္။ ဘာမ်ား ေျပာခ်င္ ပါသလဲ။

ဆရာၿငိမ္းသစ္ – အဲဒါေတြ ျဖစ္ႏိုင္ပါတယ္။ ဂ်င္းထည့္ ခံရတာပါ။ ဒါေၾကာင့္ ကိုၿဖိဳးမင္းသိန္း ဟာ ထြက္ေပါက္ မရဘဲ ေယာင္ေယာင္မွားမွား လုပ္ခဲ့တယ္လို႔ ျမင္ပါတယ္။

▪️ျငမ္း – ဒီမိုကေရစီ အေရး လွဳပ္ရွားခဲ့တဲ့ ရဟန္းရွင္လူ ေက်ာင္းသား ေတြ အေပၚ ဖိႏွိပ္ခဲ့တဲ့ စစ္ေထာက္လွမ္းေရး ေဟာင္း ေခါင္းေဆာင္ တစ္ဦး ကို ျပည္သူ႔ေတြ ေရြးခ်ယ္ထားတဲ့ အစိုးရ အဖြဲ႔ က ဒီမိုကေရစီ ဘက္ေတာ္သား ဝန္ႀကီးခ်ဳပ္ တစ္ဦး က ထိုင္ကန္ ေတာ့ လိုက္တယ္ ဆိုတဲ့ ပံုရိပ္ က ဘယ္လို သက္ေရာက္ႏိုင္ မလဲ။

ဆရာၿငိမ္းသစ္ – ေျပာရရင္ ဒီမိုကေရစီ လွဳပ္ရွားမွဳ အားလံုး ဒီမိုကေရစီ အလင္းေရာင္ အားလံုး ကို ေမွးမိွန္ေအာင္ အေမွာင္ ေခတ္ႀကီး ထဲ ကို တြန္းပို႔ခဲ့တဲ့ ပုဂၢိဳလ္ပါ။ ဒီပုဂၢိဳလ္နဲ႔ ဒီမိုကေရစီ ဆိုတဲ့ စကားလံုးနဲ႔ လံုးဝ မထိုက္တန္ ပါဘူး။ ဒီပုဂၢိဳလ္မ်ိဳး ကို ထိုင္ကန္ေတာ့ တဲ့ ကိစၥကို မေျပာ ေတာ့ဘူး။ ဒီဖိတ္ၾကားခဲ့တဲ့ ပုဂၢိဳလ္ေတြက တရားခံ ေတြ ပါပဲ။ ဒီပုဂၢိဳလ္ေတြ မွာ ဘယ္လို အေတြ႔အႀကံဳမ်ိဳးေတြ ရွိလို႔ ဘယ္လို အယူအဆမ်ိဳးနဲ႔ ဒီပုဂၢိဳလ္ ကို စင္ေပၚေခၚတင္ ရသလဲ ဆိုတာ သူတို႔ကိုပဲ ေမးသင့္ ပါတယ္။

▪️ျငမ္း – ျဖည့္စြက္ ေျပာစရာ ရွိရင္ေျပာေပးပါ။

ဆရာၿငိမ္းသစ္ – ဒီပုဂၢိဳလ္ဟာ ထြက္လာ ကတည္းက ႏိုင္ငံေရး မလုပ္ပါဘူး ေျပာတယ္။ေနာက္ အမ်ိဳးသားႏိုင္ငံေရး လုပ္မယ္ဆိုၿပီး အမ်ိဳးသားေရး အဓိကရုဏ္း ျဖစ္ေအာင္လို႔ ဖန္တီးေန တယ္လို႔ ျမင္ပါတယ္။ ဒီလို ပုဂၢိဳလ္မ်ိဳး ကို စာေပစင္ျမင့္ထက္မွာေရာ ဘယ္လို စင္ျမင့္ထက္ မွာ မွ မေတြ႔ခ်င္ ပါဘူး။ဘယ္ျပည္သူကမွ လည္း လက္ခံမွာ မဟုတ္ပါ ဘူး။ ေနာက္ ဒီပုဂၢိဳလ္ရဲ႕ က်ဴးလြန္ ခဲ့တဲ့ အျပစ္ေတြ ကို သူကိုယ္တုုိင္ က ဝန္ခ် ေတာင္းပန္ ရမွာျဖစ္တယ္။ သူကိုယ္တိုင္ ဝန္ခ်မေတာင္းပန္ဘဲ က်ြန္ေတာ္တို႔ ဟာ ဘယ္စင္ျမင့္မွာမွ လက္ခံလို႔ မရပါဘူး။

ဓာတ္ပံု – (ဆရာ) Nyein Thit FB

မဟာေအာင္ေျမ မဲဆႏၵနယ္ မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ကဗ်ာဆရာ (ဦး) ၿငိမ္းသစ္

“နိုင်ငံရေးဆိုတာ ဘာသာရေးနဲ့ မကင်းကောင်းဘူး”

မြန်မာ့နိုင်ငံရေးသမားတွေ နိုင်ငံရေးနှင့် ဘာသာရေး မကွဲပြားဘူးဗျ။ ဦးခင်ညွန့်ကို ကန်တော့တာ ဘာသာရေးအရ ဘာသာတရားအဆုံးအမနှင့်အညီ သက်ကြီးရွယ်အိုစာရေးဆရာတွေကို ကန်တော့တာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးနှင့် လုံးဝ မဆိုင်ပါ။ စာရေးစားတဲ့သူမဟုတ်လို့ ကန်တော့ခံဆရာကြီးတွေထဲမှာ စာပေပညာရှင်အဖြစ် စာရင်းမသွင်းနိုင်ဘူးဆိုရင်လည်း ဦးစီးကျင်းပတဲ့ အဖွဲ့အစည်းနဲ့ပဲ ဆိုင်ပါတယ်။

နိုင်ငံရေးနှင့် မဆိုင်ပါ။ မကျေနပ်ရင် မကြိုက်ရင် ပွဲစီစဉ်သူတွေ ဖိတ်ကြားသူတွေကိုသာ တင်ပြရပါမယ်။ နိုင်ငံရေးနှင့်ရောထွေးပြီး အမျိုးသားရင်ကြားစေ့ရေးမဟုတ်ဘူးတို့ အာဏာရှင်လက်ဟောင်းတို့ ဒီမိုကရေစီနှင့် လုံးဝ မထိုက်တန်ဘူးတို့ စတာတွေနှင့် အကြောင်းပြတာတွေကတော့ အာဃာတတစ်ရပ်ပဲ ဖြစ်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုကိုမြတ်နိုးရင် လက်ခံရမယ်။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဆိုရင် လိုက်နာရမယ်။ နိုင်ငံရေးသမားကောင်းတစ်ယောက်ဆိုရင် ခွင့်လွှတ်ရမယ်။ အခုဟာက အခမ်းအနားမတက်ဘဲ ပြန်သွားသူက သွား၊ နှုတ်ထွက်သူက နှုတ်ထွက်နဲ့ အတော်အရုပ်ဆိုး အကြည်းတန်ပါတယ်ဗျာ။ မြန်မာ့နိုင်ငံရေးသမားတွေအပေါ် စစ်သားမုန်းတီးရေး အာဃာတတွေ ဖိစီးနေတာ အသိသာကြီးပါ။

နိုင်ငံရေးအရောင်အသွေးမရှိတဲ့ သက်ကြီးရွယ်အိုပူဇော်ပွဲကို နိုင်ငံရေးအမြင်နဲ့ ဝေဘန်နေတာတွေ အမုန်းအခံရှိတဲ့စိတ်နဲ့ ပြစ်မှားတာတွေ ရပ်တန်းမှ ရပ်ကြပါ။
ဘာသာရေးအခမ်းအနားကို နိုင်ငံရေးအမြင်မျက်စိနဲ့ မဝေဘန်ကြပါနဲ့။

ဝီရသူ(မစိုးရိမ်)

29.12.2018

https://www.facebook.com/thi.ha.31392/posts/928305510708441

သူ(ဦးခင်ညွှန့်)ကိုယ်တိုင် ဝန်ချမတောင်းပန်ဘဲ ကျွန်တော်တို့ ဟာ ဘယ်စင်မြင့်မှာမှ လက်ခံလို့ မရပါဘူး…”

အင်တာဗျူး

ဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်း ရဲ့ညံ့တဲ့ အကွက် တစ်ကွက်လို့ မြင်တယ်။ သူတို့ကို ထိုင်ကန်တော့တာ လက်ဆွဲနှုတ်ဆက် တာ ဒါအမျိုးသား ရင်ကြားစေ့ရေး မဟုတ်ပါဘူး။ နိုင်ငံရေး အရ ….

ဒီဇင်ဘာ (၂၉)၊ ၂၀၁၈၊ ရန်ကုန်
The Nyang News

ရန်ကုန်မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ သက်ကြီးစာပေ ပညာရှင်များ ကန်တော့ပွဲ မှာ စစ်ထောက်လှမ်းရေးဟောင်း ဦးခင်ညွန့် ကို သက်ကြီး စာပေပညာရှင် အဖြစ် ထည့်သွင်း ခဲ့သလို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က လည်း ကန်တော့ ခဲ့တာနဲ့ ပတ်သက်ပြီး မဟာအောင်မြေ မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကဗျာဆရာ (ဦး) ငြိမ်းသစ် ကို ငြမ်း မီဒီယာ က ဆက်သွယ် မေးမြန်း ထားပါတယ်။

▪️ငြမ်း – ဦးခင်ညွန့်ကို သက်ကြီးစာပေ ပညာရှင် အဖြစ် ထည့်သွင်း ကန်တော့တဲ့ အပေါ် ဘာများပြောချင်ပါသလဲ။

ဆရာငြိမ်းသစ် – သူဟာ ဘဝတလျှောက်လုံး စာရေးတဲ့သူ မဟုတ်ဘူး။ စာရေးတဲ့ လုပ်ငန်းနဲ့ အသက်မွေး ဝမ်းကြောင်းပြုပြီး တစ်ကယ့်ကို အနုပညာ ရသ ပါတဲ့ စာပေတွေ ရေးခဲ့တယ်။ စာပေ တစ်ခတ်မှာ ထွန်းကားအောင် လုပ်ခဲ့တယ်။စာပေနဲ့ မှတ်တိုင် တစ်ခုကို စိုက်ထူ နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ထဲ မှာ သူ မပါ ပါဘူး။ဒါကြောင့် သူ့ကို သက်ကြီး စာပေ ပညာရှင် အဖြစ် လုံးဝ လက်မခံနိုင် ပါဘူး။သူက ဘယ်တုန်းက မှ ဘယ်စာမှ ဖန်တီးခဲ့တာ မဟုတ်ဘူး။ဒီဘက်ကျမှ ပြောရရင် နေရာ တစ်နေရာ ရပ်တည်နိုင်ဖို့ အတွက် ကြိုးစားတဲ့ အဆင့်ပဲ ရှိပါတယ်။ ဒီအတွက်သူ့ ကို စာရေးဆရာ အဖြစ်နဲ့ လည်း မမှတ် ယူဘူး။ သက်ကြီး စာပေပညာရှင် အဖြစ်နဲ့ ဆိုတာကတော့ လုံးဝ ဝေးလာဝေးပဲ။ ကျွန်တော်တို့ လက်မခံပါဘူး။

▪️ငြမ်း – ဦးခင်ညွှန့် ကို သက်ကြီး စာပေ ပညာရှင် အဖြစ် ထည့်သွင်း ရုံနဲ့ မပြီးဘဲ ရန်ကုန် ဝန်ကြီးချုပ် ကိုယ်တိုင် ထိုင်ကန်တော့ တယ် ဆိုတော့ အခု ပြောဆိုနေကြတဲ့ အမျိုးသား ရင်ကြားစေ့ရေး ကြောင့်လား။ ဒီအပေါ် မှာ ဘာများ မှတ်ချက်ပေးချင်လဲ။

ဆရာငြိမ်းသစ် – ဒါဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ မယုံကြည် ပါဘူး။ အမျိုးသား ပြန်လည် သင့်မြတ်ရေး က ဒီလို အမှောင်ခေတ် တစ်ခေတ် ကို ဖန်တီးခဲ့တဲ့ လူကို လက်ဆွဲ နှုတ်ဆက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီးခင်ညွန့် က အမှောင်ခေတ် တစ်ခေတ် ကို ဖန်တီးခဲ့တဲ့ လူပါ။ သတင်းစာ ဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာ ဆရာတွေ၊ ကာတွန်း ဆရာတွေ၊ အများကြီး ထောင်ချခဲ့တဲ့ သူပါ။ ထောင်ကို နှစ်ရှည်တွေ ချခဲ့ တာပါ။သူ့ခေတ်တုန်း က စာမျက်နှာတွေ က လည်း အမှောင်ဖုံးလွှမ်း နေခဲ့ တာပါ။ အားလုံး ငွေမင် သုတ်ခံ ရတယ်။ အဖြဲ ခံရတယ်။ အရေးယူ ခံရတယ်။ မဂ္ဂဇင်းတိုက်တွေ ပိတ်ပစ်တယ်။ သတိပေးချက် တွေ ထုတ်တယ်။အဲဒီ တုန်းက စာပေ ကင်ပေတိုင် က လက်စောင်း ထက်နေတဲ့ အချိန် အဲခေတ် ပါပဲ။ သူ ဖန်တီး ထားတာ ပဲ။ စာပေကို ဘယ်တုန်း ကမှ ကောင်းကျိုးပြုခဲ့တယ်လို့ ကျွန်တော် မယုံကြည် ပါဘူး။ စာပေသမားတွေပေါ်မှာ နှိပ်ကွပ်တယ်။ နှစ်ရှည် ပြစ်ဒဏ်တွေ ပေးတယ်။ အတွေးအခေါ်အယူအဆ သစ်တွေ မထွန်း ကားအောင် ပြုလုပ်တယ်။ဒီလို ပုဂ္ဂိုလ်က က စာပေစင်မြင့် ပေါ်မှာ ဘယ်တုန်းက မှ မရှိခဲ့ဘူး။အဲလို ပုဂ္ဂိုလ် ကို ဖိတ်ပြီး ကန်တော့ခံ အဖြစ် ပါဝင် လာ တာ က အင်မတန် စက်ဆုပ်ဖွယ် ကောင်းတယ်။ အင်မတန် ရယ်စရာ ကောင်းတဲ့ ပြက်လုံး တစ်ခု ဖြစ်ပါတယ်။ ဒီပွဲကို စီစဉ်တဲ့ သူတွေ သူ့ကို ကန်တော့ခံ အဖြစ် ဖိတ်ကြား ခဲ့တဲ့သူတွေ ကို ကျွန်တော် မထောက်ခံ ပါဘူး။ရှုတ်ချပါတယ်။

▪️ငြမ်း – ရှစ်လေးလုံး အရေးတော်ပုံကြီး က ပေါက်ဖွားလာတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဟာ ကန်တော့ခံ ထဲမှာ ဦးခင်ညွန့် ပါမှန်း သိနေတာတောင် မငြင်းဆန်ဘဲ၊ တစ်ခုခု မလုပ်ဘဲ ထိုင်ကန်တော့တဲ့ အပေါ်မှာရော ဘာများ ပြောချင်သလဲ။

ဆရာငြိမ်းသစ် – ဒါကတော့ ဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်း ရဲ့ညံ့တဲ့ အကွက် တစ်ကွက်လို့ မြင်တယ်။ သူတို့ကို ထိုင်ကန်တော့တာ လက်ဆွဲနှုတ်ဆက် တာ ဒါအမျိုးသား ရင်ကြားစေ့ရေး မဟုတ်ပါဘူး။ နိုင်ငံရေး အရ ကိုဖြိုးမင်းသိန်း ဟာ တခြားနည်းလမ်း တွေးခေါ်လို့ မရလို့ ယောင်ယောင်မှားမှား လုပ်ခဲ့တဲ့ အလုပ်လို့ပဲ မြင်ပါတယ်။

▪️ငြမ်း – ဒီကိစ္စက နိုင်ငံရေးအရ ဂျင်းထည့် ခံရတာ လို့ ဝေဖန်မှု တွေလည်း ရှိနေပါတယ်။ ဘာများ ပြောချင် ပါသလဲ။

ဆရာငြိမ်းသစ် – အဲဒါတွေ ဖြစ်နိုင်ပါတယ်။ ဂျင်းထည့် ခံရတာပါ။ ဒါကြောင့် ကိုဖြိုးမင်းသိန်း ဟာ ထွက်ပေါက် မရဘဲ ယောင်ယောင်မှားမှား လုပ်ခဲ့တယ်လို့ မြင်ပါတယ်။

▪️ငြမ်း – ဒီမိုကရေစီ အရေး လှုပ်ရှားခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသား တွေ အပေါ် ဖိနှိပ်ခဲ့တဲ့ စစ်ထောက်လှမ်းရေး ဟောင်း ခေါင်းဆောင် တစ်ဦး ကို ပြည်သူ့တွေ ရွေးချယ်ထားတဲ့ အစိုးရ အဖွဲ့ က ဒီမိုကရေစီ ဘက်တော်သား ဝန်ကြီးချုပ် တစ်ဦး က ထိုင်ကန် တော့ လိုက်တယ် ဆိုတဲ့ ပုံရိပ် က ဘယ်လို သက်ရောက်နိုင် မလဲ။

ဆရာငြိမ်းသစ် – ပြောရရင် ဒီမိုကရေစီ လှုပ်ရှားမှု အားလုံး ဒီမိုကရေစီ အလင်းရောင် အားလုံး ကို မှေးမှိန်အောင် အမှောင် ခေတ်ကြီး ထဲ ကို တွန်းပို့ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒီပုဂ္ဂိုလ်နဲ့ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးနဲ့ လုံးဝ မထိုက်တန် ပါဘူး။ ဒီပုဂ္ဂိုလ်မျိုး ကို ထိုင်ကန်တော့ တဲ့ ကိစ္စကို မပြော တော့ဘူး။ ဒီဖိတ်ကြားခဲ့တဲ့ ပုဂ္ဂိုလ်တွေက တရားခံ တွေ ပါပဲ။ ဒီပုဂ္ဂိုလ်တွေ မှာ ဘယ်လို အတွေ့အကြုံမျိုးတွေ ရှိလို့ ဘယ်လို အယူအဆမျိုးနဲ့ ဒီပုဂ္ဂိုလ် ကို စင်ပေါ်ခေါ်တင် ရသလဲ ဆိုတာ သူတို့ကိုပဲ မေးသင့် ပါတယ်။

▪️ငြမ်း – ဖြည့်စွက် ပြောစရာ ရှိရင်ပြောပေးပါ။

ဆရာငြိမ်းသစ် – ဒီပုဂ္ဂိုလ်ဟာ ထွက်လာ ကတည်းက နိုင်ငံရေး မလုပ်ပါဘူး ပြောတယ်။နောက် အမျိုးသားနိုင်ငံရေး လုပ်မယ်ဆိုပြီး အမျိုးသားရေး အဓိကရုဏ်း ဖြစ်အောင်လို့ ဖန်တီးနေ တယ်လို့ မြင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်မျိုး ကို စာပေစင်မြင့်ထက်မှာရော ဘယ်လို စင်မြင့်ထက် မှာ မှ မတွေ့ချင် ပါဘူး။ဘယ်ပြည်သူကမှ လည်း လက်ခံမှာ မဟုတ်ပါ ဘူး။ နောက် ဒီပုဂ္ဂိုလ်ရဲ့ ကျူးလွန် ခဲ့တဲ့ အပြစ်တွေ ကို သူကိုယ်တိုင် က ဝန်ချ တောင်းပန် ရမှာဖြစ်တယ်။ သူကိုယ်တိုင် ဝန်ချမတောင်းပန်ဘဲ ကျွန်တော်တို့ ဟာ ဘယ်စင်မြင့်မှာမှ လက်ခံလို့ မရပါဘူး။

ဓာတ်ပုံ – (ဆရာ) Nyein Thit FB

မဟာအောင်မြေ မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကဗျာဆရာ (ဦး) ငြိမ်းသစ်