သတင္း

သံဃနာယက ဆရာေတာ္မ်ား ဆုံးမ ၾသဝါဒေပးမည့္ အစီအစဥ္ကို ဦးဝီရသူ ေစာင့္ဆိုင္း၊ ၾသဝါဒခံယူၿပီးမွ ရဲမ်ားကို ကားေပၚတင္၍ အာဏာစက္ျဖင့္ အေရးယူမႈ ခံမည္ဟုဆို

ရန္ကုန္၊ ဇြန္ ၁
ဦးဝီရသူက သံဃာ နာယက ဆရာေတာ္မ်ား၏ ထပ္မံ ဆုံးမ ၾသဝါဒ ေပးရန္ ေခၚယူမည့္ အစီအစဥ္ကို ထပ္မံ ေစာင့္ဆိုင္းေနၿပီး ဓမၼစက္ျဖင့္ ၾသဝါဒ ခံယူၿပီးမွ အာဏာစက္ျဖင့္ အေရးယူမႈကို ခံယူမည္ျဖစ္ေၾကာင္း ေမလ ၃၁ ရက္ေန႔ ႐ုရွ လူမႈကြန္ရက္ VK မွတစ္ဆင့္ ျဖန္႔ေ၀သည့္ အသံဖိုင္တြင္ ထည့္သြင္းေျပာၾကားသည္။

ေမလ ၃၀ ရက္ေန႔ ရန္ကုန္တိုင္းသံဃနာယကအဖြဲ႕က ၾသဝါဒေပးရန္ ဆင့္ေခၚထားမႈကို နာခံရန္ ရန္ကုန္သို႔ လာေရာက္ခဲ့ေသာ္လည္း အစီအစဥ္ဆိုင္းငံ့သြားေၾကာင္း၊ သံဃာနာယကက ဆရာေတာ္ဦးဝီရသူထံ အေၾကာင္းၾကားသည့္ စာတြင္လည္း ထပ္မံ၍ ၾသဝါဒခံရမည့္ ရက္ကို အသိေပး အေၾကာင္းၾကားမည္ဟု ပါရွိေၾကာင္း သိရွိရသည္။

၂၀၀၁ ခုႏွစ္တြင္ တစ္ႀကိမ္၊ ၂၀၁၂ ခုႏွစ္တြင္ တစ္ႀကိမ္ ဆရာေတာ္ႀကီးမ်ား၏ ၾသဝါဒ ေပးမႈ ကို ခံယူခဲ့ေၾကာင္း၊ လက္ရွိတြင္ ဓမၼစက္ျဖင့္ ၾသဝါဒ ေပးမႈကို ခံယူမည္ျဖစ္ေၾကာင္း၊ ဓမၼစက္ျဖင့္ ၾသဝါဒေပးမႈ မၿပီးမခ်င္း မည္သည့္ အာဏာစက္ျဖင့္ အေရးယူမႈကိုမွ် လက္ခံမည္မဟုတ္ေၾကာင္း ဦးဝီရသူက ေျပာဆိုသည္။

“ယခုအႀကိမ္တြင္လည္း ဆရာေတာ္ႀကီးမ်ားက ဆုံးမ ၾသဝါဒ ေပးမည္ဆို၍ ရန္ကုန္အထိ ဆင္းလာခဲ့ျခင္းျဖစ္ပါသည္ဘုရား။ ဆရာေတာ္ႀကီးမ်ား ထပ္မံ အေၾကာင္းၾကားမည့္ အခ်ိန္ကို ေစာင့္ေမွ်ာ္ေနပါသည္ဘုရား။ အျခားတစ္ဖက္တြင္လည္း ဘုရားတပည့္ေတာ္အား ရန္ကုန္ ေအနာက္ပိုင္း ခ႐ိုင္တရား႐ုံးက ေမလ ၂၈ ရက္ေန႔တြင္ ပုဒ္မ ၁၂၄ (က) ျဖင့္ ၀ရမ္းထုတ္ထားပါသည္ဘုရား။ ဆရာေတာ္ႀကီးမ်ား ထပ္မံ အေၾကာင္းၾကား၍ အေရာက္လာသည့္အခါတြင္လည္း ဆရာေတာ္ႀကိးမ်ား၏ ဓမၼစက္ျဖင့္ အေရးယူျခင္းကိုသာ လက္ခံမည္ျဖစ္ပါသည္ဘုရား။ ဆရာေတာ္ႀကီးမ်ား ၏ ဓမၼစက္ကို ေက်ာ္လြန္သည့္ မည္သည့္ အေရးယူမႈကိုမွ် ဆရာေတာ္ႀကီးမ်ား ေရွ႕ေမွာက္မွာ လက္ခံ လိမ့္မည္မဟုတ္ပါဘုရား။ ဆရာေတာ္ႀကီးမ်ားထံမွ အဆုံးအမ ခံယူၿပီး ေနာက္ပိုင္းမွာမွ ဘုရား တပည့္ေတာ္ ကိုယ္တိုင္ သြားေရာက္ရင္ဆိုင္မည္ျဖစ္ပါသည္” ဟု ဦးဝီရသူက ဆိုသည္။

ဓမၼစက္ျဖင့္ ဆုံးမမႈ ခံယူၿပီးမွ အာဏာစက္ျဖင့္ ဆင့္ေခၚမႈကို ရင္ဆိုင္မည္ျဖစ္ေၾကာင္း ဦးဝီရသူက ဆက္လက္ေျပာဆိုသည္။

” ထိုအတြက္ အာဏာပိုင္မ်ား ယုံၾကည္ စိတ္ခ်ရေလေအာင္ ၿမိဳ႕နယ္ အဆင့္ ခ႐ိုင္အဆင့္ ရဲအရာရွိ ႏွစ္ဦးကို ဘုရားတပည့္ေတာ္၏ ကားေပၚ တင္ေခၚသြားပါမည္။ လူသူ ပရိသတ္ ရွင္းလင္းသည့္အခ်ိန္ေရာက္မွ ၎ ရဲအရာရွိမ်ား၏ အစီအစဥ္ျဖင့္ လိုက္ပါသြားမည္ျဖစ္ပါသည္ဘုရား။ ထိုသို႔ ေဆာင္ရြက္ျခင္းသည္ ဘုရားသားေတာ္ျဖစ္သည့္ အားေလွ်ာ္စြာ ဓမၼစက္ကို အေလးအျမတ္ျပဳေသာအားျဖင့္ ဦးထိပ္ပန္ဆင္ရာ ေရာက္သကဲ့သို႔ တရားဥပေဒကိုလည္း ေလးစားရာလည္း ေရာက္ပါသည္ဘုရား။ ထို႔ေၾကာင့္ ဆရာေတာ္ႀကီးမ်ား ထပ္မံ အေၾကာင္းၾကားသည့္ ရက္ ေရာက္မွသာလွ်င္ ဓမၼစက္ႏွင့္ အာဏာစက္ ႏွစ္ခုစလုံးကို တင္ျပေလွ်ာက္ထားခဲ့သည့္အတိုင္း ျပဳလုပ္ေဆာင္ရြက္ခြင့္ျပဳပါမည့္အေၾကာင္း ေလးနက္စြာ ေလွ်ာက္ထားအပ္ပါသည္” ဟု ဦးဝီရသူက ေျပာသည္။

ယင္းသို႔ ဓမၼစက္၊ အာဏာစက္ျဖင့္ အေရးယူခံမည့္အစီအစဥ္ကို ဦးဝီရသူက သက္ဆိုင္ရာ သံဃနာယက ဆရာေတာ္မ်ားထံ စာျဖင့္ လိပ္မူ ေပးပို႔ထားေၾကာင္း သိရွိရသည္။

ႏိုင္ငံေတာ္သမၼတ႐ုံး ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကမူ ဦးဝီရသူကို တရားစြဲဆို ဖမ္းဆီးရန္ ျပည္ေထာင္စုအစိုးရက ၫႊန္ၾကားျခင္းျဖစ္ၿပီး ဦးဝီရသူကို ဖမ္းဆီး အေရးယူမႈ ေနာက္ပိုင္း ျဖစ္ေပၚလာမည့္ အေျခအေနမ်ားကို ရင္ဆိုင္ထိန္းသိမ္းရန္ မူဝါဒမ်ားရွိၿပီးျဖစ္ေၾကာင္း ေျပာဆိုသည္။

Photo Credit – NY Time

www.khitthitnews.com

သံဃနာယက ဆရာတော်များ ဆုံးမ သြဝါဒပေးမည့် အစီအစဉ်ကို ဦးဝီရသူ စောင့်ဆိုင်း၊ သြဝါဒခံယူပြီးမှ ရဲများကို ကားပေါ်တင်၍ အာဏာစက်ဖြင့် အရေးယူမှု ခံမည်ဟုဆို

ရန်ကုန်၊ ဇွန် ၁
ဦးဝီရသူက သံဃာ နာယက ဆရာတော်များ၏ ထပ်မံ ဆုံးမ သြဝါဒ ပေးရန် ခေါ်ယူမည့် အစီအစဉ်ကို ထပ်မံ စောင့်ဆိုင်းနေပြီး ဓမ္မစက်ဖြင့် သြဝါဒ ခံယူပြီးမှ အာဏာစက်ဖြင့် အရေးယူမှုကို ခံယူမည်ဖြစ်ကြောင်း မေလ ၃၁ ရက်နေ့ ရုရှ လူမှုကွန်ရက် VK မှတစ်ဆင့် ဖြန့်ဝေသည့် အသံဖိုင်တွင် ထည့်သွင်းပြောကြားသည်။

မေလ ၃၀ ရက်နေ့ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က သြဝါဒပေးရန် ဆင့်ခေါ်ထားမှုကို နာခံရန် ရန်ကုန်သို့ လာရောက်ခဲ့သော်လည်း အစီအစဉ်ဆိုင်းငံ့သွားကြောင်း၊ သံဃာနာယကက ဆရာတော်ဦးဝီရသူထံ အကြောင်းကြားသည့် စာတွင်လည်း ထပ်မံ၍ သြဝါဒခံရမည့် ရက်ကို အသိပေး အကြောင်းကြားမည်ဟု ပါရှိကြောင်း သိရှိရသည်။

၂၀၀၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ် ဆရာတော်ကြီးများ၏ သြဝါဒ ပေးမှု ကို ခံယူခဲ့ကြောင်း၊ လက်ရှိတွင် ဓမ္မစက်ဖြင့် သြဝါဒ ပေးမှုကို ခံယူမည်ဖြစ်ကြောင်း၊ ဓမ္မစက်ဖြင့် သြဝါဒပေးမှု မပြီးမချင်း မည်သည့် အာဏာစက်ဖြင့် အရေးယူမှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း ဦးဝီရသူက ပြောဆိုသည်။

“ယခုအကြိမ်တွင်လည်း ဆရာတော်ကြီးများက ဆုံးမ သြဝါဒ ပေးမည်ဆို၍ ရန်ကုန်အထိ ဆင်းလာခဲ့ခြင်းဖြစ်ပါသည်ဘုရား။ ဆရာတော်ကြီးများ ထပ်မံ အကြောင်းကြားမည့် အချိန်ကို စောင့်မျှော်နေပါသည်ဘုရား။ အခြားတစ်ဖက်တွင်လည်း ဘုရားတပည့်တော်အား ရန်ကုန် အေနာက်ပိုင်း ခရိုင်တရားရုံးက မေလ ၂၈ ရက်နေ့တွင် ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ထားပါသည်ဘုရား။ ဆရာတော်ကြီးများ ထပ်မံ အကြောင်းကြား၍ အရောက်လာသည့်အခါတွင်လည်း ဆရာတော်ကြိးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကိုသာ လက်ခံမည်ဖြစ်ပါသည်ဘုရား။ ဆရာတော်ကြီးများ ၏ ဓမ္မစက်ကို ကျော်လွန်သည့် မည်သည့် အရေးယူမှုကိုမျှ ဆရာတော်ကြီးများ ရှေ့မှောက်မှာ လက်ခံ လိမ့်မည်မဟုတ်ပါဘုရား။ ဆရာတော်ကြီးများထံမှ အဆုံးအမ ခံယူပြီး နောက်ပိုင်းမှာမှ ဘုရား တပည့်တော် ကိုယ်တိုင် သွားရောက်ရင်ဆိုင်မည်ဖြစ်ပါသည်” ဟု ဦးဝီရသူက ဆိုသည်။

ဓမ္မစက်ဖြင့် ဆုံးမမှု ခံယူပြီးမှ အာဏာစက်ဖြင့် ဆင့်ခေါ်မှုကို ရင်ဆိုင်မည်ဖြစ်ကြောင်း ဦးဝီရသူက ဆက်လက်ပြောဆိုသည်။

” ထိုအတွက် အာဏာပိုင်များ ယုံကြည် စိတ်ချရလေအောင် မြို့နယ် အဆင့် ခရိုင်အဆင့် ရဲအရာရှိ နှစ်ဦးကို ဘုရားတပည့်တော်၏ ကားပေါ် တင်ခေါ်သွားပါမည်။ လူသူ ပရိသတ် ရှင်းလင်းသည့်အချိန်ရောက်မှ ၎င်း ရဲအရာရှိများ၏ အစီအစဉ်ဖြင့် လိုက်ပါသွားမည်ဖြစ်ပါသည်ဘုရား။ ထိုသို့ ဆောင်ရွက်ခြင်းသည် ဘုရားသားတော်ဖြစ်သည့် အားလျှော်စွာ ဓမ္မစက်ကို အလေးအမြတ်ပြုသောအားဖြင့် ဦးထိပ်ပန်ဆင်ရာ ရောက်သကဲ့သို့ တရားဥပဒေကိုလည်း လေးစားရာလည်း ရောက်ပါသည်ဘုရား။ ထို့ကြောင့် ဆရာတော်ကြီးများ ထပ်မံ အကြောင်းကြားသည့် ရက် ရောက်မှသာလျှင် ဓမ္မစက်နှင့် အာဏာစက် နှစ်ခုစလုံးကို တင်ပြလျှောက်ထားခဲ့သည့်အတိုင်း ပြုလုပ်ဆောင်ရွက်ခွင့်ပြုပါမည့်အကြောင်း လေးနက်စွာ လျှောက်ထားအပ်ပါသည်” ဟု ဦးဝီရသူက ပြောသည်။

ယင်းသို့ ဓမ္မစက်၊ အာဏာစက်ဖြင့် အရေးယူခံမည့်အစီအစဉ်ကို ဦးဝီရသူက သက်ဆိုင်ရာ သံဃနာယက ဆရာတော်များထံ စာဖြင့် လိပ်မူ ပေးပို့ထားကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ဦးဝီရသူကို တရားစွဲဆို ဖမ်းဆီးရန် ပြည်ထောင်စုအစိုးရက ညွှန်ကြားခြင်းဖြစ်ပြီး ဦးဝီရသူကို ဖမ်းဆီး အရေးယူမှု နောက်ပိုင်း ဖြစ်ပေါ်လာမည့် အခြေအနေများကို ရင်ဆိုင်ထိန်းသိမ်းရန် မူဝါဒများရှိပြီးဖြစ်ကြောင်း ပြောဆိုသည်။

Photo Credit – NY Time

www.khitthitnews.com