သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ်(၁၂)

ဇူလိုင်လ ၁၃ ရက်၊ ညနေ (၃း၀၀)နာရီမှာ သရေကုန်ဘောင်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ သရေကုန်ဘောင်ရွာဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တောင်ပိုင်းမှာ ရှိပါတယ်။ အိမ်ထောင်စု (၁၁၇)စု ရှိပါတယ်။

ကျောင်းထိုင်ဆရာတော်လေးကတော့ သိက္ခာ (၆)ဝါ၊ ကျောင်းထိုင်သက်တမ်း (၃)နှစ် ရှိပါပြီ။ အလိုတော်ပြည့် ဆရာတော်လေး ဦးမဏိသာရ က မိတ်ဆက်စကားပြောကြားပြီး စာရေးသူက နမောတဿ ကျေးဇူး ဟောကြားကာ ဒေါပုံ မဘသ ဒေါက်တာ အရှင်ဥတ္တမသီရိ က အားပေးစကား ပြောပါတယ်။ ကုလားကြားမှာနေရတဲ့ ရခိုင်သားတွေ အားပါးတရ လက်ခုပ်သြဘာ တီးကြပါတယ်။

ဂေါပကဒကာကြီးတစ်ဦးက ဆောက်လုပ်ဆဲဓမ္မာရုံကြီး အပြီးမသတ်နိုင်လို့ အလှူခံပေးဖို့ လျှောက်ထားပါတယ်။ စာရေးသူက ဂေါပကဒကာကြီးဦးဆောင်ပြီး ရွာသူရွာသားတွေအားလုံး နမောတဿရွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီလို တစ်ရွာလုံး နမောတဿရွတ်ကြမယ်ဆိုရင် ဓမ္မာရုံကြီး သေချာပေါက်ပြီးမယ်လို့ အာမခံကြောင်း၊ စာရေးသူလည်း မန်း မဟော်သဓာကျောင်းတော်ကြီးကို နမောတဿနဲ့ပဲ ပြီးအောင်ဆောက်မှာဖြစ်ကြောင်း၊ အခုဆိုရင် နမောတဿတန်ခိုးကြောင့် သိန်းပေါင်း (၁၈၀၀)ကျော် ရရှိပြီဖြစ်ကြောင်း အားပေးခဲ့ပါတယ်။