Daily Archives: October 5, 2017

မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်း မဟော်သဓာအလှူတော် အမှတ်စဉ်-၁၆၃)

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် စစ်ကိုင်းမြို့နယ်၊ မင်းကွန်း၊ တိနိကျောင်း ဦးနန္ဒဝံသ က မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (3.10.2017) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်။ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ သီခြားအလှူရှင်များ လှူဒါန်းငွေ ...
သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ်(၁၂)

ဇူလိုင်လ ၁၃ ရက်၊ ညနေ (၃း၀၀)နာရီမှာ သရေကုန်ဘောင်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ သရေကုန်ဘောင်ရွာဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့တောင်ပိုင်းမှာ ရှိပါတယ်။ အိမ်ထောင်စု (၁၁၇)စု ရှိပါတယ်။ ကျောင်းထိုင်ဆရာတော်လေးကတော့ သိက္ခာ (၆)ဝါ၊ ကျောင်းထိုင်သက်တမ်း (၃)နှစ် ရှိပါပြီ။ အလိုတော်ပြည့် ဆရာတော်လေး ဦးမဏိသာရ က မိတ်ဆက်စကားပြောကြားပြီး စာရေးသူက နမောတဿ ကျေးဇူး ဟောကြားကာ ဒေါပုံ မဘသ ဒေါက်တာ အရှင်ဥတ္တမသီရိ က အားပေးစကား ပြောပါတယ်။ ကုလားကြားမှာနေရတဲ့ ရခိုင်သားတွေ အားပါးတရ လက်ခုပ်သြဘာ တီးကြပါတယ်။ ဂေါပကဒကာကြီးတစ်ဦးက ဆောက်လုပ်ဆဲဓမ္မာရုံကြီး အပြီးမသတ်နိုင်လို့ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (လောကအလင်း ပညာရေးအလှူ)

ဆရာတော်ဦးဝီရသူ တည်ထောင်ထားသော လောကအလင်း ပညာဒါန စာသင်ကျောင်း ပညာရေးအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရာ၌ လွယ်ကူချောမော၍ အဆင်ပြေ ပြီးမြောက်စေခြင်းအကျိုးငှာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်း၊ တိနိကျောင်း ဦးနန္ဒဝံသ က မွေးနေ့အထိမ်းအမှတ်အဖြစ် အလှူငွေ ၅၀၀၀၀ိ (ငါးသောင်းကျပ်) လှူဒါန်းပါသည်။ (3.10.2017) အလှူရှင် ဦးနန္ဒဝံသနှင့်အတူ ပညာရေးကို အစဉ်အားပေးကြကုန်းသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ…။
သတင်း

အနောက်တံခါး လုံခြုံရေးခရီးစဉ်(၁၁)

2017 ခုနှစ် ဒုတိယအကြိမ် ရခိုင်ခရီးစဉ်အဖြစ် ဇူလိုင်လ ၁၁ရက်နေ့မှာ မောင်တောမြို့သို့ ရောက်ရှိခဲ့ပါတယ်။ ဇူလိုင်လ ၁၃ရက်နေ့ နေ့လည်ပိုင်းမှာ ရွှေဗဟိုရွာသို့ ရောက်ရှိခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ ရွှေဗဟိုရခိုင်ရွာနှင့် စိန်ပန်းမြိုင်မြိုရွာတို့ စုပေါင်း တွေ့ဆုံကြပါတယ်။ ရွှေဗဟိုရွာမှာ အိမ်ထောင်စု(၅၀)ရှိပြီး စိန်ပန်းမြိုင်ရွာမှာ အိမ်ထောင်စု (၄၇)စု ရှိပါတယ်။ သူတို့အားလုံးကို ဘုရားတရားမြဲဖို့ နမောတဿရွတ်ဆိုဖို့ တိုက်တွန်းပြီး လှူဖွယ်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ပါတယ်။
သတင်း

အရှေ့ခင်မကန် ကထိန်တော်ကျောင်း သံဃာတော်များ လာရောက်ဖူးမြော်

ဒီကနေ့ သီတင်းကျွတ်လဆန်း(၁၃)ရက် 3.10.2017 ရက်နေ့ နေ့လည်ပိုင်းမှာ ဓမ္မသဟာယကျောင်းသို့ လာရောက် ဖူးမြော်ကြပါတယ်။ မန္တလေး၊ အောင်မြေသာစံမြို့နယ် အရှေ့ခင်မကန်ကျောင်းတိုက် ကထိန်တော်ကျောင်း ပဓာနနာယကဆရာတော်လေး ဘဒ္ဒန္တပညာသိရီဘိဝံသ အမှူးပြုသော စာချတန်းသံဃာတော်များ လာရောက် ဖူးမြှော်ကြတာပါ။ မဂ္ဂဇင်း စာအုပ်၊ တိပ်ခွေတို့ကို အရှင်ပညာသိရီဘိဝံသအား လက်ဆောင်ပေးပြီး၊ စာသင်သားသံဃာများအား ကျေးလက်မှာတမ်း စာအုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါတယ်။ သြကာသကန်တော့ကျိုးနှင့် ရှိခိုးတဲ့အခါ ဂန္ထဓုရတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်သော ပရိယတ္တိဝိသာရဒကို ဝိပဿနာဓုရတာဝန်ကို စွမ်းစွမ်းတမံ စွမ်းဆောင်နိုင်သော ပဋိပတ္တိဝိသာရဒဂုဏ်နှင့် ပြည့်စုံသည့် အရှင်ကောင်း အရှင်မြတ်များဖြစ်အောင် ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀၀(သုံးသိန်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၃၇၀၀၀၀(သုံးသိန်းခုနစ်သောင်း)ကျပ် လှူဒါန်းပါသည်။ (3.10.2017) ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ...
ပါရမီပျိုးခင်းသွေးလှူအသင်းသတင်း

ပါရမီပျိုးခင်းသွေးလှူအသင်း ၁၉)ကြိမ်မြောက်သွေးလှူဒါန်းပွဲ

မန္တလေးတိုင်းဒသကြီး၊ မြင်းခြံမြို့နယ်၊ ဆုံရွာ-ကွေ့ကြီးကျေးရွာ၊ “အမျိုးချစ် ဘာသာချစ်အဖွဲ့” မှ စီစဉ်ကျင်းပသော “ပါရမီပျိုးခင်းသွေးလှူအသင်း”၏ (၁၉)ကြိမ်မြောက် သွေးလှူဒါန်းပွဲအခမ်းအနားကို 8.10.2017 ရက်နေ့၊ နံနက်(၈း၀၀)နာရီ၊ ဆုံရွာ-ကွေ့ကြီးရွာ၊ ရွာဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်ပါမည်။ ပါဝင်လှူဒါန်းလိုသော ပါရမီရှင်များ ဆက်သွက်နိုင်ပါသည်။ ဓမ္မစကူးလ်(ဥက္ကဋ္ဌ) 09797548969 ဦးဇာဂရ- 09402696589 ဦးဂန္ဓမာလာ- 09772212969