ဂ်ာနယ္သတင္းအင္တာဗ်ဴး

အႏိုင္က်င့္တဲ့အကြက္ေတြ ကုန္သြားၿပီဆိုရင္ ဦးဇင္းထြက္လာမွာပါ (ခ)

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္ အတြဲ(၂)အမွတ္(၂၂) 26.7.2019)

ၿငိမ္း- လက္ရွိ တိမ္းေရွာင္ေနတာနဲ႔ ပတ္သက္ၿပီး ေမးစရာရွိပါတယ္ဘုရား။ အမႈကိုရင္မဆိုင္ဘဲ ျပည္ပကို ေရွာင္တိမ္းတာမ်ိဳး။ အဲဒီကေန အလုပ္ေတြ ဆက္လုပ္တာမ်ိဳး လုပ္ႏုိင္တယ္ဆိုေတာ့ ျပည္ပထြက္ၿပီး အမ်ိဳးသားေရးေတြ ဆက္လုပ္ဖို႔၊ ျပည္ပကိုတိမ္းေရွာင္ဖို႔ အဲဒီလိုမ်ိဳးစိတ္ကူးမ်ား ရွိမလားဘုရား။


ဆရာေတာ္- မရွိပါဘူး။ အမွန္အတိုင္းေျပာရရင္ ရန္ကုန္ကိုလာဖို႔ေတာင္မွ ေလဆိပ္ကေနတစ္ပါးတည္းလာဖို႔ စိတ္ကူးခဲ့တာေလ။ ေနာက္ တပည့္ေတြက တစ္ပါးတည္းသြားလို႔ မသင့္ေတာ္ဘူး၊ ေလဆိပ္ကေန မထင္မရွား တစ္ပါးတည္း အဖမ္းခံရတာမ်ိဳးလည္း မျဖစ္သင့္ဘူး။ အဖမ္းခံမယ္ ဆိုရင္လည္းပဲ တပည့္ေတြအမ်ားႀကီးနဲ႔ပဲ ျဖစ္သင့္တယ္ဆိုၿပီး ဝိုင္းေလွ်ာက္ၾကတာနဲ႔ပဲ ဦးဇင္းက အခုလို ကားနဲ႔လာတဲ့အဆင့္ကို ေရာက္သြားတာေပါ့ေနာ့။
ဒါေၾကာင့္မို႔လို႔ ႏုိင္ငံျခားထြက္ၿပီး အတိုက္အခံလုပ္ဖို႔ဆိုတာ နဂိုကတည္းကိုက စိတ္ကူးမရွိပါဘူး။ ေနာက္ အခုအစိုးရလုပ္ေနတဲ့ပုဂၢိဳလ္ေတြလည္းပဲ ဟိုအရင္တုန္းက ေျပးခဲ့လႊားခဲ့တဲ့ လူေတြပါပဲ။ ေျပးခဲ့လႊားခဲ့တဲ့သူေတြေကာ ေထာင္ထြက္ေတြေကာ ဦးဇင္းနဲ႔ ဘဝတူေတြပါ။ ၈၈ တစ္ဖြဲ႕လံုးဆိုရင္ ေရာ္ဘာၿခံႀကီးထဲမွာ သြားပုန္းေနတာကြာ၊ အဲဒါကို သြားဖမ္းလို႔ ေရာ္ဘာၿခံပိုင္ရွင္ေတာင္ဒုကၡ ေရာက္သြားေသးတယ္။ အဲဒါေၾကာင့္မို႔ ေတာ္လွန္ေရးကာလကေတာ့ ေျပးတာ၊ လႊားတာကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလည္း ေျပးခဲ့တာပဲ။
အဲဒီအတြက္ ဦးဇင္းက နည္းနည္းေလးမွ မပူပါဘူး။ ဦးဇင္းက ႏုိင္ငံေရးအေျခအေနကို ၾကည့္ၿပီးေတာ့သာ အခုလို ေနေနတဲ့အတြက္ သူတို႔လက္ညႇိဳးထိုးစရာ ျဖစ္ေနတာေလ။ တကယ္တမ္းက်ေတာ့ အခုလို ေျပးဖို႔လႊားဖို႔ အစီအစဥ္ကို မရွိတာ၊ စိတ္ကို မကူးမိခဲ့တာ။

ၿငိမ္း- တခ်ိဳ႕ကလည္း ျပန္လာၿပီးအမႈကို ရင္ဆိုင္မယ္ဆိုရင္ မီဒီယာေတြနဲ႔ သတင္းစာရွင္းလင္းပြဲေတြ လုပ္ၿပီးေတာ့ ေျပာသင့္ ေျပာထိုက္တာေတြေျပာၿပီး လုပ္စရာရွိတာေတြ ဆက္လုပ္သင့္တယ္လို႔ သံုးသပ္တာေတြ ရွိပါတယ္။ ဆိုေတာ့ သတင္းစာရွင္းလင္းပြဲေတြ ဘာေတြလုပ္ဖို႔ အစီအစဥ္မ်ား ရွိပါသလားဘုရား။


ဆရာေတာ္- သတင္းစာရွင္းလင္းပြဲက ဦးဇင္းလုပ္စရာေတာင္ မလိုဘူး။ အစိုးရႀကီးက လုပ္ပါလိမ့္မယ္။ ဒီေလာက္ႀကီး အုတ္ေအာ္ေသာင္းနင္း ျဖစ္ေနတဲ့အမႈက အစိုးရက သတင္းမထုတ္ျပန္လို႔ကို မရဘူးေလ။
ေနာက္ၿပီးေတာ့ ဦးဇင္းအေပၚ မီဒီယာေတြ ဆက္ဆံတာကလည္း တစ္ဖက္ေစာင္းနင္းႏုိင္လြန္းတယ္။ မီဒီယာက မီဒီယာအလုပ္ လုပ္ေနတာထက္ မီဒီယာက ေထာက္လွမ္းေရးအလုပ္ကို ဝင္လုပ္ေနတာလည္း ေတြ႕ရတယ္။ ေနာက္ မီဒီယာက ဆြဲခ်အလုပ္ကို လုပ္ေနတာလည္း ေတြ႕ေနရတယ္။ ဆြဲခ်ဆိုတာက တရားလို အစိုးရ ဥပေဒအရာရွိပဲ။ ဒါေပမယ့္ သူတို႔ (မီဒီယာ)က ေထာင္ထဲကုိ ဇြတ္ပုိ႔ေနၾကတာ။ အဲဒီလိုမ်ိဳး ျဖစ္ေနတဲ့အခါက်ေတာ့ ဦးဇင္းကေတာ့ မီဒီယာကုိ သိပ္အယံုအၾကည္ မရွိဘူး။ ဒါေၾကာင့္မို႔ မီဒီယာကို ရွင္းျပတဲအလုပ္မ်ိဳး ဦးဇင္းမလုပ္ေတာ့ဘူး။ အစိုးရကိုယ္တုိင္ လုပ္ပါလိမ့္မယ္။

ၿငိမ္း- ေနာက္တစ္ခုကေတာ့ ‘႐ုရွားလူမႈကြန္ရက္ VK ကတစ္ဆင့္ ေျပာဆိုေရးသားမႈမ်ားကို ျပန္လည္ သတင္းေဖာ္ျပရာမွာ သတင္းမီဒီယာသမားေတြအေနနဲ႔ ဆင္ျခင္သင့္တယ္’လို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ ဥကၠ႒ ဟံသာဝတီ ဦးအုန္းၾကိဳင္က ေျပာတာကိုလည္း ေတြ႕ရပါတယ္ဘုရား၊ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ေရာ ဘာမ်ားေျပာခ်င္ပါသလဲဘုရား။


ဆရာေတာ္- အဲဒါ သတင္းအေမွာင္ခ်တာပဲေလ။ ဆိုလိုတာကေတာ့ ဝီရသူကို ႏုိင္ငံေရးဇာတ္ခံုေပၚမွာ အစေဖ်ာက္ခ်င္တာ။ ဒီအတြက္လည္း တရားပြဲပိတ္တာတို႔၊ ေဖ့ဘုတ္စ္ပိတ္တာတို႔နဲ႔ စၿပီးလုပ္ခဲ့တာေလ။ အခုေတာ့ သူတို႔လိုခ်င္တဲ့ အကြက္ႀကီးထဲ ဝင္သြားတာေပါ့ကြာ။ အကြက္ႀကီးထဲဝင္ပါလ်က္နဲ႔ ဒီက မရမက ထိုးေဖာက္တဲ့ အခါက်ေတာ့ အဲဒီအေပါက္ကိုပါ ပိတ္ခ်င္တာေပါ့။ ဒါေျပာရမယ္ဆိုရင္ သူတို႔က ေခတ္အခါကို နားမလည္ၾကလို႔ပါ။
ပိတ္ပင္တားဆီးလို႔ရတဲ့ေခတ္ မဟုတ္ေတာ့ဘူး။ ဂလိုဘယ္လ္လိုက္ေဇးရွင္းဆိုတာကို သတိရၾကပါဦး ။ ရြာျဖစ္သြားတဲ့ ကမၻာႀကီးမွာ ဘယ္ကမ်ား လံုၿခံဳတယ္လို႔ ထင္ေနတာလဲ။ မလံုၿခံဳတဲ့ေခတ္ႀကီးေရာက္ ေနၿပီလို႔ ေျပာလိုက္စမ္းပါကြာ။

ၿငိမ္း- လက္ရွိအခ်ိန္မွာေရာ အရွင္ဘုရား ဦးစီးလုပ္ကိုင္ခဲ့တဲ့ လူထုအက်ိဳးျပဳလုပ္ငန္းေတြ၊ ပရဟိတ လုပ္ငန္းေတြကေရာ ပံုမွန္လည္ပတ္မႈရွိရဲ႕လား။ ဘယ္လိုသတင္းရပါသလဲဘုရား။


ဆရာေတာ္- အခ်ိန္ကာလကလည္း သိပ္မၾကာေသးေတာ့ ပထမတစ္လႏွစ္ကေတာ့ ပံုမွန္ျဖစ္ေနမွာပဲေလ။ ဒီၾကားထဲေတာ့ တပည့္ေတြ၊ ဒကာ ဒကာမေတြ သြားၿပီးေတာ့ လွဴတာေတြ႕တယ္။ ညီေတာ္ေနာင္ေတာ္ေတြ စုေပါင္းၿပီး သြားလွဴတာေတြ႕တယ္။ ဒါေပမယ့္ တစ္ႏွစ္လံုးအတြက္ အာမခံခ်က္ကေတာ့ မရွိေသးဘူးေပါ့။ အဲဒါကလည္း ဦးဇင္းကို အေျခအေန ေစာင့္ၾကည့္ေနတာမ်ိဳးလည္း ျဖစ္ႏုိင္တာပဲ။

ေျပာခ်င္တာကေတာ့ ဝီရသူမရွိလို႔ ဒီလုပ္ငန္းေတြ ရပ္ဆုိင္းသြားရတယ္ဆိုရင္ ၾကားလို႔ မသင့္ေတာ္ဘူးေပါ့။ အဲဒီေတာ့ ဝီရသူမရွိလည္း ဒီလုပ္ငန္းေတြကို လည္ပတ္ႏုိင္ေအာင္လုပ္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။
(ဆက္လက္ေဖာ္ျပပါမည္)

“အနိုင်ကျင့်တဲ့အကွက်တွေ ကုန်သွားပြီဆိုရင် ဦးဇင်းထွက်လာမှာပါ” (ခ)

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ် အတွဲ(၂)အမှတ်(၂၂) 26.7.2019)

ငြိမ်း- လက်ရှိ တိမ်းရှောင်နေတာနဲ့ ပတ်သက်ပြီး မေးစရာရှိပါတယ်ဘုရား။ အမှုကိုရင်မဆိုင်ဘဲ ပြည်ပကို ရှောင်တိမ်းတာမျိုး။ အဲဒီကနေ အလုပ်တွေ ဆက်လုပ်တာမျိုး လုပ်နိုင်တယ်ဆိုတော့ ပြည်ပထွက်ပြီး အမျိုးသားရေးတွေ ဆက်လုပ်ဖို့၊ ပြည်ပကိုတိမ်းရှောင်ဖို့ အဲဒီလိုမျိုးစိတ်ကူးများ ရှိမလားဘုရား။


ဆရာတော်- မရှိပါဘူး။ အမှန်အတိုင်းပြောရရင် ရန်ကုန်ကိုလာဖို့တောင်မှ လေဆိပ်ကနေတစ်ပါးတည်းလာဖို့ စိတ်ကူးခဲ့တာလေ။ နောက် တပည့်တွေက တစ်ပါးတည်းသွားလို့ မသင့်တော်ဘူး၊ လေဆိပ်ကနေ မထင်မရှား တစ်ပါးတည်း အဖမ်းခံရတာမျိုးလည်း မဖြစ်သင့်ဘူး။ အဖမ်းခံမယ် ဆိုရင်လည်းပဲ တပည့်တွေအများကြီးနဲ့ပဲ ဖြစ်သင့်တယ်ဆိုပြီး ဝိုင်းလျှောက်ကြတာနဲ့ပဲ ဦးဇင်းက အခုလို ကားနဲ့လာတဲ့အဆင့်ကို ရောက်သွားတာပေါ့နော့။
ဒါကြောင့်မို့လို့ နိုင်ငံခြားထွက်ပြီး အတိုက်အခံလုပ်ဖို့ဆိုတာ နဂိုကတည်းကိုက စိတ်ကူးမရှိပါဘူး။ နောက် အခုအစိုးရလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲ ဟိုအရင်တုန်းက ပြေးခဲ့လွှားခဲ့တဲ့ လူတွေပါပဲ။ ပြေးခဲ့လွှားခဲ့တဲ့သူတွေကော ထောင်ထွက်တွေကော ဦးဇင်းနဲ့ ဘဝတူတွေပါ။ ၈၈ တစ်ဖွဲ့လုံးဆိုရင် ရော်ဘာခြံကြီးထဲမှာ သွားပုန်းနေတာကွာ၊ အဲဒါကို သွားဖမ်းလို့ ရော်ဘာခြံပိုင်ရှင်တောင်ဒုက္ခ ရောက်သွားသေးတယ်။ အဲဒါကြောင့်မို့ တော်လှန်ရေးကာလကတော့ ပြေးတာ၊ လွှားတာကတော့ ဗိုလ်ချုပ်အောင်ဆန်းလည်း ပြေးခဲ့တာပဲ။
အဲဒီအတွက် ဦးဇင်းက နည်းနည်းလေးမှ မပူပါဘူး။ ဦးဇင်းက နိုင်ငံရေးအခြေအနေကို ကြည့်ပြီးတော့သာ အခုလို နေနေတဲ့အတွက် သူတို့လက်ညှိုးထိုးစရာ ဖြစ်နေတာလေ။ တကယ်တမ်းကျတော့ အခုလို ပြေးဖို့လွှားဖို့ အစီအစဉ်ကို မရှိတာ၊ စိတ်ကို မကူးမိခဲ့တာ။

ငြိမ်း- တချို့ကလည်း ပြန်လာပြီးအမှုကို ရင်ဆိုင်မယ်ဆိုရင် မီဒီယာတွေနဲ့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီးတော့ ပြောသင့် ပြောထိုက်တာတွေပြောပြီး လုပ်စရာရှိတာတွေ ဆက်လုပ်သင့်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။ ဆိုတော့ သတင်းစာရှင်းလင်းပွဲတွေ ဘာတွေလုပ်ဖို့ အစီအစဉ်များ ရှိပါသလားဘုရား။


ဆရာတော်- သတင်းစာရှင်းလင်းပွဲက ဦးဇင်းလုပ်စရာတောင် မလိုဘူး။ အစိုးရကြီးက လုပ်ပါလိမ့်မယ်။ ဒီလောက်ကြီး အုတ်အော်သောင်းနင်း ဖြစ်နေတဲ့အမှုက အစိုးရက သတင်းမထုတ်ပြန်လို့ကို မရဘူးလေ။
နောက်ပြီးတော့ ဦးဇင်းအပေါ် မီဒီယာတွေ ဆက်ဆံတာကလည်း တစ်ဖက်စောင်းနင်းနိုင်လွန်းတယ်။ မီဒီယာက မီဒီယာအလုပ် လုပ်နေတာထက် မီဒီယာက ထောက်လှမ်းရေးအလုပ်ကို ဝင်လုပ်နေတာလည်း တွေ့ရတယ်။ နောက် မီဒီယာက ဆွဲချအလုပ်ကို လုပ်နေတာလည်း တွေ့နေရတယ်။ ဆွဲချဆိုတာက တရားလို အစိုးရ ဥပဒေအရာရှိပဲ။ ဒါပေမယ့် သူတို့ (မီဒီယာ)က ထောင်ထဲကို ဇွတ်ပို့နေကြတာ။ အဲဒီလိုမျိုး ဖြစ်နေတဲ့အခါကျတော့ ဦးဇင်းကတော့ မီဒီယာကို သိပ်အယုံအကြည် မရှိဘူး။ ဒါကြောင့်မို့ မီဒီယာကို ရှင်းပြတဲအလုပ်မျိုး ဦးဇင်းမလုပ်တော့ဘူး။ အစိုးရကိုယ်တိုင် လုပ်ပါလိမ့်မယ်။

ငြိမ်း- နောက်တစ်ခုကတော့ ‘ရုရှားလူမှုကွန်ရက် VK ကတစ်ဆင့် ပြောဆိုရေးသားမှုများကို ပြန်လည် သတင်းဖော်ပြရာမှာ သတင်းမီဒီယာသမားတွေအနေနဲ့ ဆင်ခြင်သင့်တယ်’လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောတာကိုလည်း တွေ့ရပါတယ်ဘုရား၊ အဲဒါနဲ့ပတ်သက်ပြီးတော့ရော ဘာများပြောချင်ပါသလဲဘုရား။


ဆရာတော်- အဲဒါ သတင်းအမှောင်ချတာပဲလေ။ ဆိုလိုတာကတော့ ဝီရသူကို နိုင်ငံရေးဇာတ်ခုံပေါ်မှာ အစဖျောက်ချင်တာ။ ဒီအတွက်လည်း တရားပွဲပိတ်တာတို့၊ ဖေ့ဘုတ်စ်ပိတ်တာတို့နဲ့ စပြီးလုပ်ခဲ့တာလေ။ အခုတော့ သူတို့လိုချင်တဲ့ အကွက်ကြီးထဲ ဝင်သွားတာပေါ့ကွာ။ အကွက်ကြီးထဲဝင်ပါလျက်နဲ့ ဒီက မရမက ထိုးဖောက်တဲ့ အခါကျတော့ အဲဒီအပေါက်ကိုပါ ပိတ်ချင်တာပေါ့။ ဒါပြောရမယ်ဆိုရင် သူတို့က ခေတ်အခါကို နားမလည်ကြလို့ပါ။
ပိတ်ပင်တားဆီးလို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ဂလိုဘယ်လ်လိုက်ဇေးရှင်းဆိုတာကို သတိရကြပါဦး ။ ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ ဘယ်ကများ လုံခြုံတယ်လို့ ထင်နေတာလဲ။ မလုံခြုံတဲ့ခေတ်ကြီးရောက် နေပြီလို့ ပြောလိုက်စမ်းပါကွာ။

ငြိမ်း- လက်ရှိအချိန်မှာရော အရှင်ဘုရား ဦးစီးလုပ်ကိုင်ခဲ့တဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေကရော ပုံမှန်လည်ပတ်မှုရှိရဲ့လား။ ဘယ်လိုသတင်းရပါသလဲဘုရား။


ဆရာတော်- အချိန်ကာလကလည်း သိပ်မကြာသေးတော့ ပထမတစ်လနှစ်ကတော့ ပုံမှန်ဖြစ်နေမှာပဲလေ။ ဒီကြားထဲတော့ တပည့်တွေ၊ ဒကာ ဒကာမတွေ သွားပြီးတော့ လှူတာတွေ့တယ်။ ညီတော်နောင်တော်တွေ စုပေါင်းပြီး သွားလှူတာတွေ့တယ်။ ဒါပေမယ့် တစ်နှစ်လုံးအတွက် အာမခံချက်ကတော့ မရှိသေးဘူးပေါ့။ အဲဒါကလည်း ဦးဇင်းကို အခြေအနေ စောင့်ကြည့်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ။
ပြောချင်တာကတော့ ဝီရသူမရှိလို့ ဒီလုပ်ငန်းတွေ ရပ်ဆိုင်းသွားရတယ်ဆိုရင် ကြားလို့ မသင့်တော်ဘူးပေါ့။ အဲဒီတော့ ဝီရသူမရှိလည်း ဒီလုပ်ငန်းတွေကို လည်ပတ်နိုင်အောင်လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)