သတင္းအင္တာဗ်ဴး

“အႏိုင္က်င့္တဲ့အကြက္ေတြ ကုန္သြားၿပီဆိုရင္ ဦးဇင္းထြက္လာမွာပါ”

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္ အတြဲ(၂)အမွတ္(၂၂) 26.7.2019)

ဆရာေတာ္ဦးဝီရသူ တိမ္းေရွာင္ေနရခ်ိန္မ်ားမွာ ဆရာေတာ္ေျပာခ်င္တာေတြနဲ႔ ဆရာေတာ္ ဘာဆက္လုပ္မယ္ဆိုတဲ့ အစီအစဥ္မ်ားအတြက္ အင္တာဗ်ဴးမ်ားကို ႀကိဳးစားၿပီး စီစဥ္တင္ဆက္ေပးေနပါတယ္။ အင္တာဗ်ဴးေတြဟာ အခ်ိန္ရရင္ရသလို ျပဳလုပ္ထားတဲ့ အင္တာဗ်ဴးေတြျဖစ္တဲ့အတြက္ အဆက္အစပ္မရွိ ျဖစ္ေနတာမ်ိဳးေတြလည္း ျဖစ္ေနႏုိင္ပါတယ္။ ဒါေပမယ့္ ဆရာေတာ္ရဲ႕အသံနဲ႔ အမ်ိဳးသားေရးအလံကို ဆက္လက္လႊင့္တင္ႏုိင္ဖို႔အတြက္ ျပည္ခ်စ္သားဂ်ာနယ္ပရိသတ္မ်ားအတြက္ အင္တာဗ်ဴးမ်ားကို တင္ဆက္ေပးလိုက္ပါတယ္။

ၿငိမ္း- ပထမဆံုး ေမးခြန္းအေနနဲ႔ အစိုးရက ပုဒ္မ ၁၂၄(က)နဲ႔ စြဲဆိုထားတဲ့အမႈကို တရား႐ံုးက တစ္လ အတြင္း ေျဖရွင္းဖို႔ အမိန္႔ခ်ထားတယ္ဆိုေတာ့ ဒါနဲ႔ ပတ္သက္ၿပီး ဘာဆက္လုပ္မလဲဘုရား။
ဆရာေတာ္- သူတို႔က ဘယ္ေခတ္ ဘယ္အခါမွာမွ မလုပ္ ဖူးတဲ့ ေစာ္ကားမႈမ်ိဳးကို က်ဴးလြန္လိုက္တာပဲေလ။ ဘုန္းႀကီးတစ္ပါးကို မ်က္ကြယ္မွာ စစ္တယ္။ ေက်ာင္းတိုက္ထိ လာၿပီးေတာ့ ဝရမ္းကပ္တယ္။ ဒါ…စစ္အာဏာရွင္ လက္ထက္မွာေတာင္ ဒီလို အၿငိဳးတႀကီးနဲ႔ အႏိုင္မက်င့္ဖူးဘူးေပါ့။ သူတို႔ ဘယ္ေလာက္အထိ အႏိုင္က်င့္ႏုိင္မလဲဆိုတာ ကိုေတာ့ ဦးဇင္း ေစာင့္ၾကည့္မွာေပါ့။
ဟိုအရင္တုန္းကေတာ့ ရွင္းတယ္ေလ၊ ဦးဇင္းက ဓမၼစက္အမိန္႔ကို နာခံၿပီးရင္ အာဏာစက္ အမိန္႔ကို ရင္ဆိုင္မယ္လို႔ တရားဝင္ ေၾကညာၿပီးသားပဲ။ ဒါေပမယ့္ ဓမၼစက္က ရက္ေရႊ႕လိုက္လို႔ ဦးဇင္း ေစာင့္ေနတယ္ေလ။ အဲဒီအခ်ိန္မွာပဲ သူတို႔က မ်က္ကြယ္စစ္ေဆးမႈနဲ႔စၿပီး အႏုိင္က်င့္လိုက္တာပဲ။ အဲဒါေၾကာင့္မို႔ ဘယ္ေလာက္ထိ အႏိုင္က်င့္ႏိုင္မလဲ ဆိုတာကို ဦးဇင္းေစာင့္ၾကည့္ေနပါတယ္။ သူတို႔ အႏိုင္က်င့္တဲ့ အကြက္ေတြ ကုန္သြားၿပီဆိုရင္ ဦးဇင္း ထြက္လာမွာပါ။
လက္ရွိအခ်ိန္မွာက်ေတာ့ ဝါကလည္း ဝင္သြားၿပီဆိုေတာ့၊ အမႈကို ရင္ဆိုင္ဖို႔ဆိုရင္ ဝါကလည္း ခုတစ္ေနရာရာမွာ ဆိုၿပီးသြားၿပီ ဆိုေတာ့ ဝိနည္းစည္းကမ္းေတြကလည္းရွိေနေတာ့ အဆင္ေျပပါ့မလား ဘုရား။
ဝါမက်ိဳးမေပါက္ေအာင္ ေစာင့္ေရွာက္တာ ကေတာ့ ကထိန္ခံထိုက္တဲ့ ဉတ္မႀကီးသကၤန္းကို ခံထိုက္တဲ့ သံဃာနဲ႔ပဲ ဆိုင္တာေပါ့။ သူကေတာ့ ဝါလံုးဝ မက်ိဳးမေပါက္ရဘူး။ က်န္တဲ့သံဃာေတြ ကေတာ့ ဝါက်ိဳးေပါက္လို႔ရွိရင္ ပါဠိပုတိဥပုသ္ ျပဳလုိက္႐ံုနဲ႔ အာပတ္ေျပသြားတာေပါ့ေလ။ ဒါေၾကာင့္ အဲဒီကိစၥက ျပႆနာ ႀကီးႀကီးမားမားေတာ့မဟုတ္ ပါဘူး။

ၿငိမ္း- ေစာေစာက အရွင္ဘုရားေျပာသြားတဲ့အထဲ မွာလည္း ပါပါတယ္။ သူတို႔က အႏိုင္က်င့္တာေတြ မ်ားမ်ားလာတယ္ေပါ့၊ အဲဒီလို လုပ္ေနတာေတြကို အေၾကာင္းျပဳၿပီးေတာ့ အရွင္ဘုရားကို ၾကည္ညိဳ ၾကသူေတြက ဆႏၵေတြျပၾက၊ ဆုေတြေတာင္းၾက တာမ်ိဳးေတြ လုပ္ၾကမယ္။ အဲဒါေတြကတစ္ဆင့္ၿပီး တစ္ဆင့္ ႀကီးထြားလာၿပီးေတာ့ ဘယ္လို အက်ိဳး ဆက္ မ်ိဳးေတြ ျဖစ္လာႏုိင္တယ္လို႔ ႀကိဳတင္ၿပီး သံုးသပ္တာမ်ိဳးေတြေရာ ရွိလားဘုရား။
ဆရာေတာ္- ဒါကေတာ့ အစိုးရအေပၚ မူတည္တာေပါ့။ ဟိုအရင္တုန္းက ေက်ာင္းသားဖုန္းေမာ္ဆိုတာ ဒီလိုပဲ မထင္မရွား ဘဝကေနၿပီးေတာ့ေက်ာင္းသား ေခါင္းေဆာင္အဆင့္ထိ၊ သမုိင္းမွာ အထင္ကရ ပုဂၢိဳလ္အဆင့္အထိ ျဖစ္လာတာေပါ့။
ေရႊဝါေရာင္ အေရးအခင္းဆိုရင္လည္း ပခုကၠဴ ၿမိဳ႕က သံဃာေတာ္တစ္ပါး အႏွိပ္စက္ခံရတဲ့ ကိစၥကေနစၿပီးေတာ့ ေပၚေပါက္လာတာ။
အဲဒီေတာ့ သမုိင္းေက်ပါတယ္ဆိုတဲ့သူေတြ၊ ေတာ္လွန္ေရးသမားဘဝကေန တက္လာပါတယ္ ဆိုတဲ့သူေတြ ဒါကို ဆင္ျခင္ၾကည့္ရမွာပဲေလ။ အာဏာနဲ႔ေနရာကို လဲခ်င္သပါ့ဆိုရင္ေတာ့ ထပ္ၿပီး အႏုိင္က်င့္ေပါ့ကြာ။

ၿငိမ္း- အရင္စစ္အစိုးရ လက္ထက္ အရွင္ဘုရား ေထာင္က်ခဲ့တံုးက လူထုေခါင္းေဆာင္ ဆုိသူကို ရည္စူးၿပီး ကဗ်ာရွည္ေတြ၊ စာေတြေရးခဲ့ဖူးတယ္လို႔ သိရပါတယ္ဘုရား။ သူမဟာ ခုခ်ိန္မွာႏုိင္ငံေရး သမားအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီလို႔ ေျပာရင္ ရႏိုင္မယ္ ထင္ပါတယ္ဘုရား။ အဲဒါနဲ႔ပတ္သက္ၿပီး ေတာ့ေရာ ဘယ္လိုမ်ား ခံစားရပါသလဲ ဘုရား။
ဆရာေတာ္- ဒါကေတာ့ ေတာင္ပို႔ႀကီးကို ဘုရားမွတ္လို႔ ကိုးကြယ္မိတဲ့သူရဲ႕ အမွားတစ္ခုပဲေလ။ ကိုယ့္ လို မမွားေအာင္လို႔ ေျပာေပမယ့္ ဘုရား၊ ဘုရားလို႔ပဲ တ,ေနတဲ့အခါက်ေတာ့ ကိုယ္ပဲ အမုန္းခံရတာေပါ့။ ဖြတ္ကလည္း အႀကိမ္ႀကိမ္ ထြက္ျပေနတယ္။ ဒါကိုလည္း လူေတြက ဘုရား ဆိုၿပီး အစြဲႀကီးစြဲ ကိုးကြယ္ေနၾကတယ္ဆိုေတာ့ အမွားေထာက္ျပတဲ့သူရဲ႕ အမွားမဟုတ္ေတာ့ဘဲ အမွားႀကီးကို စြဲလမ္းေနတဲ့လူေတြရဲ႕ အမွားပဲ ရွိေတာ့တာေပါ့။

ၿငိမ္း- လက္ရွိ တိမ္းေရွာင္ေနတာနဲ႔ ပတ္သက္ၿပီး ေမးစရာရွိပါတယ္ ဘုရား။ အမႈကို ရင္မဆိုင္ဘဲ ျပည္ပကို ေရွာင္တိမ္းတာမ်ိဳး။ အဲဒီကေန အလုပ္ ေတြ ဆက္လုပ္တာမ်ိဳး လုပ္ႏုိင္တယ္ဆိုေတာ့ ျပည္ပထြက္ၿပီး အမ်ိဳးသားေရးေတြ ဆက္လုပ္ဖို႔၊ ျပည္ပကို တိမ္းေရွာင္ဖို႔ အဲဒီလိုမ်ိဳး စိတ္ကူးမ်ား ရွိမလားဘုရား။
ဆရာေတာ္- မရွိပါဘူး။ အမွန္အတိုင္းေျပာရရင္ ရန္ကုန္ကို လာဖို႔ေတာင္မွ ေလဆိပ္ကေနတစ္ပါးတည္းလာဖို႔ စိတ္ကူးခဲ့တာေလ။ ေနာက္ တပည့္ေတြက တစ္ပါး တည္း သြားလို႔ မသင့္ေတာ္ဘူး၊ ေလဆိပ္ကေန မထင္မရွား တစ္ပါးတည္း အဖမ္းခံရတာမ်ိဳးလည္း မျဖစ္သင့္ဘူး။ အဖမ္းခံမယ္ ဆိုရင္လည္းပဲ တပည့္ေတြ အမ်ားႀကီးနဲ႔ပဲ ျဖစ္သင့္တယ္ဆိုၿပီး ဝိုင္းေလွ်ာက္ၾကတာနဲ႔ပဲ ဦးဇင္းက အခုလို ကားနဲ႔ လာတဲ့အဆင့္ကို ေရာက္သြားတာေပါ့ေနာ့။
ဒါေၾကာင့္မို႔လို႔ ႏုိင္ငံျခားထြက္ၿပီး အတိုက္အခံ လုပ္ဖို႔ဆိုတာ နဂိုကတည္းကိုက စိတ္ကူးမရွိပါဘူး။ ေနာက္ အခုအစိုးရလုပ္ေနတဲ့ပုဂၢိဳလ္ေတြလည္းပဲ ဟိုအရင္တုန္းက ေျပးခဲ့လႊားခဲ့တဲ့ လူေတြပါပဲ။ ေျပးခဲ့လႊားခဲ့တဲ့သူေတြေကာ ေထာင္ထြက္ေတြေကာ ဦးဇင္းနဲ႔ ဘဝတူေတြပါ။ ၈၈ တစ္ဖြဲ႕လံုးဆိုရင္ ေရာ္ဘာၿခံႀကီးထဲမွာ သြားပုန္းေနတာကြာ၊ အဲဒါ ကို သြားဖမ္းလို႔ ေရာ္ဘာၿခံပိုင္ရွင္ေတာင္ဒုကၡ ေရာက္သြားေသးတယ္။ အဲဒါေၾကာင့္မို႔ ေတာ္လွန္ေရး ကာလကေတာ့ ေျပးတာ၊ လႊားတာကေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလည္း ေျပးခဲ့တာပဲ။
အဲဒီ အတြက္ ဦးဇင္းက နည္းနည္းေလးမွ မပူပါဘူး။ ဦးဇင္းက ႏုိင္ငံေရးအေျခအေနကို ၾကည့္ၿပီးေတာ့သာ အခုလို ေနေနတဲ့အတြက္ သူတို႔ လက္ညႇိဳးထိုးစရာ ျဖစ္ေနတာေလ။ တကယ္တမ္းက်ေတာ့ အခုလို ေျပးဖို႔လႊားဖို႔ အစီအစဥ္ကို မရွိတာ၊ စိတ္ကို မကူးမိခဲ့တာ။

ၿငိမ္း- တခ်ိဳ႕ကလည္း ျပန္လာၿပီးအမႈကို ရင္ဆိုင္ မယ္ဆိုရင္ မီဒီယာေတြနဲ႔ သတင္းစာ ရွင္းလင္း ပြဲေတြ လုပ္ၿပီးေတာ့ ေျပာသင့္ ေျပာထိုက္ တာေတြေျပာၿပီး လုပ္စရာရွိတာေတြ ဆက္လုပ္ သင့္တယ္လို႔ သံုးသပ္တာေတြ ရွိပါတယ္။ ဆိုေတာ့ သတင္းစာ ရွင္းလင္းပြဲေတြ ဘာေတြ လုပ္ဖို႔ အစီအစဥ္မ်ား ရွိပါသလားဘုရား။
ဆရာေတာ္- သတင္းစာရွင္းလင္းပြဲက ဦးဇင္း လုပ္စရာေတာင္ မလိုဘူး။ အစိုးရႀကီးက လုပ္ပါလိမ့္မယ္။ ဒီေလာက္ႀကီး အုတ္ေအာ္ေသာင္းနင္း ျဖစ္ေနတဲ့ အမႈက အစိုးရက သတင္း မထုတ္ျပန္လို႔ကို မရဘူးေလ။
ေနာက္ၿပီးေတာ့ ဦးဇင္းအေပၚ မီဒီယာေတြ ဆက္ဆံတာကလည္း တစ္ဖက္ေစာင္းနင္းႏုိင္ လြန္းတယ္။ မီဒီယာက မီဒီယာအလုပ္ လုပ္ေန တာထက္ မီဒီယာက ေထာက္လွမ္းေရးအလုပ္ကို ဝင္လုပ္ေနတာလည္း ေတြ႕ရတယ္။ ေနာက္ မီဒီယာက ဆြဲခ်အလုပ္ကို လုပ္ေနတာလည္း ေတြ႕ေနရတယ္။ ဆြဲခ်ဆိုတာက တရားလို အစိုးရ ဥပေဒအရာရွိပဲ။ ဒါေပမယ့္ သူတို႔ (မီဒီယာ)က ေထာင္ထဲကုိ ဇြတ္ပုိ႔ေနၾကတာ။ အဲဒီလိုမ်ိဳး ျဖစ္ေနတဲ့အခါက်ေတာ့ ဦးဇင္းကေတာ့ မီဒီယာကုိ သိပ္အယံုအၾကည္ မရွိဘူး။ ဒါေၾကာင့္မို႔ မီဒီယာကို ရွင္းျပတဲအလုပ္မ်ိဳး ဦးဇင္းမလုပ္ေတာ့ဘူး။ အစိုးရ ကိုယ္တုိင္လုပ္ပါလိမ့္မယ္။

ၿငိမ္း- ေနာက္တစ္ခုကေတာ့ ‘႐ုရွားလူမႈကြန္ရက္ ဠဳ ကတစ္ဆင့္ ေျပာဆိုေရးသားမႈမ်ားကို ျပန္လည္ သတင္းေဖာ္ျပရာမွာ သတင္းမီဒီယာ သမားေတြအေနနဲ႔ ဆင္ျခင္သင့္တယ္’လို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ ဥကၠ႒ ဟံသာဝတီ ဦးအုန္းၾကိဳင္က ေျပာတာကိုလည္း ေတြ႕ရပါတယ္ဘုရား၊ အဲဒါနဲ႔ပတ္သက္ၿပီးေတာ့ေရာ ဘာမ်ားေျပာခ်င္ပါသလဲ ဘုရား။
ဆရာေတာ္- အဲဒါ သတင္းအေမွာင္ခ်တာပဲေလ။ ဆိုလို တာကေတာ့ ဝီရသူကို ႏုိင္ငံေရးဇာတ္ခံုေပၚမွာ အစေဖ်ာက္ခ်င္တာ။ ဒီအတြက္လည္း တရားပြဲ ပိတ္တာတို႔၊ ေဖ့ဘုတ္စ္ပိတ္တာတို႔နဲ႔ စၿပီး လုပ္ခဲ့တာေလ။ အခုေတာ့ သူတို႔လိုခ်င္တဲ့ အကြက္ႀကီးထဲ ဝင္သြားတာေပါ့ကြာ။ အကြက္ႀကီးထဲ ဝင္ပါလ်က္နဲ႔ ဒီက မရမက ထိုးေဖာက္တဲ့ အခါ က်ေတာ့ အဲဒီအေပါက္ကိုပါ ပိတ္ခ်င္တာေပါ့။ ဒါေျပာရမယ္ဆိုရင္ သူတို႔က ေခတ္အခါကို နားမလည္ၾကလို႔ပါ။
ပိတ္ပင္တားဆီးလို႔ရတဲ့ေခတ္ မဟုတ္ေတာ့ဘူး။ ဂလိုဘယ္လ္လိုက္ေဇးရွင္းဆိုတာကို သတိရၾက ပါဦး ။ ရြာျဖစ္သြားတဲ့ ကမၻာႀကီးမွာ ဘယ္ကမ်ား လံုၿခံဳတယ္လို႔ ထင္ေနတာလဲ။ မလံုၿခံဳတဲ့ေခတ္ႀကီးေရာက္ ေနၿပီလို႔ ေျပာလိုက္စမ္းပါကြာ။

ၿငိမ္း- လက္ရွိအခ်ိန္မွာေရာ အရွင္ဘုရား ဦးစီး လုပ္ကိုင္ခဲ့တဲ့ လူထုအက်ိဳးျပဳလုပ္ငန္းေတြ၊ ပရဟိတ လုပ္ငန္းေတြကေရာ ပံုမွန္လည္ပတ္မႈရွိရဲ႕လား။ ဘယ္လို သတင္းရပါသလဲ ဘုရား။
ဆရာေတာ္- အခ်ိန္ကာလကလည္း သိပ္မၾကာေသးေတာ့ ပထမတစ္လႏွစ္ကေတာ့ ပံုမွန္ျဖစ္ေနမွာပဲေလ။ ဒီၾကားထဲေတာ့ တပည့္ေတြ၊ ဒကာ ဒကာမေတြ သြားၿပီးေတာ့ လွဴတာေတြ႕တယ္။ ညီေတာ္ ေနာင္ေတာ္ေတြ စုေပါင္းၿပီး သြားလွဴတာေတြ႕တယ္။ ဒါေပမယ့္ တစ္ႏွစ္လံုးအတြက္ အာမခံခ်က္ ကေတာ့ မရွိေသးဘူးေပါ့။ အဲဒါကလည္း ဦးဇင္း ကို အေျခအေန ေစာင့္ၾကည့္ေနတာမ်ိဳးလည္း ျဖစ္ႏုိင္တာပဲ။
ေျပာခ်င္တာကေတာ့ ဝီရသူမရွိလို႔ ဒီလုပ္ငန္းေတြ ရပ္ဆုိင္းသြားရတယ္ဆိုရင္ ၾကားလို႔ မသင့္ေတာ္ဘူးေပါ့။ အဲဒီေတာ့ ဝီရသူမရွိလည္း ဒီလုပ္ငန္းေတြကို လည္ပတ္ႏုိင္ေအာင္လုပ္ၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

ၿငိမ္း- လက္ရွိ ႏုိင္ငံေရး အေျခအေနေပါ့ ဘုရား။ လက္ရွိအခ်ိန္အထိ အတိုက္အခံေကာင္း မရွိေသး ဘူးေပါ့ဘုရား။ အတိုက္အခံေကာင္း မရွိတဲ့ အတြက္ အရွင္ဘုရားတို႔လို သံဃာေတြက ျပည္သူ႔ အတြက္ဆိုတဲ့ ေခါင္းစဥ္ေအာက္ကေနဝင္ၿပီးေတာ့ အတုိက္အခံ လုပ္ေပးေနရတယ္။ အစိုးရကို ေဝဖန္ ေထာက္ျပတာေတြ လုပ္ေပးေနရတယ္။ အဲဒီအတြက္ ျဖစ္လာတဲ့ အက်ိဳးဆက္ကေတာ့ မေကာင္းလွဘူးေပါ့ ဘုရား။ အခု အရွင္ဘုရား ဆိုရင္ တိမ္းေရွာင္ေနရတယ္ေပါ့ဘုရား။ လက္ရွိ အခ်ိန္မွာ အတုိက္အခံေကာင္းေကာင္း မရွိတဲ့အေပၚ ပါတီႏိုင္ငံေရးလုပ္ေနၾကတဲ့ ႏုိင္ငံေရးသမားေတြကို ဘာမ်ားေျပာခ်င္ပါသလဲ ဘုရား။
ဆရာေတာ္- ျမန္မာ့ႏုိင္ငံေရးကို သံုးသပ္ျပမယ္ဆိုရင္ ၿဴီ ပါတီကို အတိုက္အခံပါတီႀကီးလို႔ လူေတြ က ထင္ေနၾကတာ။ တကယ္တမ္းက်ေတာ့ အတိုက္အခံပါတီ မဟုတ္ဘူး။ သူက ဝါေယာပါတီ။ ဝါေယာပါတီေတာင္မွ သူမ်ားေရွ႕ကေန လႊင့္တဲ့ ဝါေယာမဟုတ္ဘဲ သူမ်ားေနာက္လိုက္ ဝါေယာ ေပါ့ကြာ။
ဥပမာ ဆိုၾကပါစို႔။ တစ္ခုခု ႏုိင္ငံေရး အၾကပ္အတည္းေတြ ေတြ႕လာၿပီဆိုရင္ ွၿဴီ တို႔ ဘာတို႔က ေၾကညာခ်က္ ခ်က္ခ်င္း ထုတ္ႏုိင္ တယ္။ ဒါေပမယ့္ အတိုက္အခံပါတီလို႔ ကိုယ့္ ကိုယ္ကိုယ္ ခံယူထားတဲ့ ၿဴီ က်ေတာ့ ႀႀဃ ကို ေစာင့္နားေထာင္ရတာနဲ႔၊ ဠဥဗ ကို ေစာင့္နားေထာင္ရတာနဲ႔၊ ြၽၤဗ ကို ေစာင့္နားေထာင္ ရတာနဲ႔၊ ႏုိင္ငံတကာအသိုင္းအဝိုင္းရဲ႕ အာေဘာ္ကုိ လိုက္ရတာနဲ႔ ေၾကညာခ်က္တစ္ေစာင္ ထုတ္ဖို႔ကိစၥ မွာေတာင္ ေတာ္ေတာ္ၾကာတာ ေတြ႕ရတယ္။
အဲဒီလိုပဲ ျမန္မာ့ႏုိင္ငံေရးကို သူက ဘယ္ေနရာ မ်ား ဦးေဆာင္ႏုိင္ခဲ့လို႔လဲ။
ကဲ… ၾကည့္ေလ။ ၉ဝ ခုႏွစ္ ေရြးေကာက္ပြဲ ေအာင္ျမင္ခဲ့တယ္။ ဘာအာမခံခ်က္မွ မရွိဘဲ သူဝင္ၿပီး အေရြးခံလိုက္တယ္။ အေျခခံ ဥပေဒ ေရးဆြဲတယ္။ အဲဒါကို သပိတ္ေမွာက္လိုက္ တယ္ေလ။ သပိတ္ေမွာက္လိုက္တဲ့အတြက္ စစ္အစိုးရက အခ်ိန္ဆြဲခြင့္ရသြားတာပဲ။ သူတို႔က ကိုယ္ပိုင္အေတြးအေခၚနဲ႔ ကိုယ္ပိုင္အေျမာ္အျမင္ မရွိပါဘူး။ ႏုိင္ငံတကာေျပာတဲ့အတုိင္း လုိက္လုပ္ တာလို႔ ဦးဇင္းကေတာ့ သံုးသပ္မိတာပဲ။ ႏုိင္ငံ တကာက သပိတ္ေမွာက္ဆို ေမွာက္လိုက္တာပဲ။ ႏုိင္ငံကာက ပိတ္ဆို႔ဆို ပိတ္ဆို႕လိုက္တာပဲ။ အဲဒီလို ပံုစံမ်ိဳးႀကီးနဲ႔ ႏုိင္ငံေရးလုပ္ခဲ့တာဆိုေတာ့ အတုိက္အခံလို႔ လူေတြက ေျပာေနေပမယ့္လို႔ အတိုက္အခံအလုပ္ သိပ္မလုပ္တတ္ဘူးလို႔ ဦးဇင္းအေနနဲ႔ ေျပာရမွာဘဲ။
ဒါေၾကာင့္ သံဃာေတာ္ေတြက ေရႊဝါေရာင္ ေတာ္လွန္ေရးနဲ႔ ေဖာက္ထြက္ခဲ့တယ္။ သူတို႔က ေနာက္က လိုက္ခဲ့တယ္။ ႏုိင္ငံေရးအေရာင္အေသြး မပါေသးသေရြ႕ ေရႊဝါေရာင္သံဃာေတာ္ေတြ အႏၲရာယ္ကင္းခဲ့တယ္။ သူတို႔ ႏုိင္ငံေရးပေယာဂေတြ ဝင္ပူးကပ္လာတဲ့အခါက်ေတာ့ သကၤန္းကိုေသြးစြန္း သြားရတာျဖစ္တယ္။ အဲဒီမွာလည္း ေပးဆပ္ရတာ သံဃာေတြပဲေလ။
အတိုက္အခံမလုပ္ဖူးတဲ့ ႀကံ့ခိုင္ေရးလက္ထက္ ဆိုေတာ့ သူတို႔ထက္စာရင္ ပိုဆိုးသြားတာေပါ့ကြာ။ အဲဒီအတြက္ သံဃာေတြ ေပးဆပ္ရမွာေပါ့။ ျမန္မာ့ ႏုိင္ငံေရးမွာ သံဃာေတြမေပးဆပ္တဲ့ေခတ္ဆိုတာ ဘယ္ေခတ္ရွိလဲလို႔ ေမးခြန္းျပန္ထုတ္ခ်င္တယ္။
ပုဂံေခတ္ကစလို႔ ႏုိင္ငံေရးမွာ သံဃာေတြ ေပးဆပ္ခဲ့ရတာ။ ျမန္မာ့ႏုိင္ငံေရးမွာ သံဃာေတြ မေပးဆပ္ရတဲ့ေခတ္ဆိုတာ မရွိခဲ့ဘူးေလ။ အဲဒီ အတြက္ေတာ့ ဦးဇင္းက ေပးဆပ္ရတဲ့ အေပၚမွာ လိပ္ျပာလံုပါတယ္။ ၿပီးေတာ့ ကိုယ့္ကုိယ္ကိုယ္ ေပးဆပ္သူအျဖစ္လည္း ဝမ္းသာအားရ ဂုဏ္ယူ မိတယ္။

ၿငိမ္း- လက္ရွိိႏုိင္ငံေရး အေျခအေနေပါ့ ဘုရား။ ဖြဲ႕စည္းပံုအေျခခံဥပေဒကို အေၾကာင္းျပဳၿပီးေတာ့ အျငင္းပြားေနၾကတာေတြ၊ ေထာက္ခံတာေတြ၊ ကန္႔ကြက္တာေတြ ျဖစ္ေနၾကတယ္ဘုရား။ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၇ ရက္ကဆိုရင္ သေဘာထားမတူတဲ့ ဆႏၵျပတဲ့ အဖြဲ႕ႏွစ္ခု တစ္ရက္တည္း လုပ္ၾကတာ မ်ိဳးအထိ ထိပ္တိုက္ေတြ တိုးလာကုန္ၾကၿပီ ဘုရား။ ဒီလိုအေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ ႏိုင္ငံေရးကို စိတ္ဝင္စားရင္ စိုးရိမ္စရာေကာင္းတဲ့ အေျခအေနဆိုတာ သိသာေနပါတယ္ ဘုရား။ အရွင္ဘုရားအေနနဲ႔ လက္ရွိျမန္မာ့ႏုိင္ငံေရး အေျခအေနကို ဘယ္လိုမ်ား သံုးသပ္ပါသလဲ ဘုရား။
ဆရာေတာ္- ေျပာရမယ္ဆိုရင္ေတာ့ လက္ရွိအစိုးရက စစ္အစိုးရ ပံုစံမ်ိဳးျဖစ္သြားပါၿပီ။ ၁၇ ရက္ေန႔ အခမ္း အနားကို ၾကည့္လိုက္ရင္ ေမာ္လၿမိဳင္လည္းသူတို႔ ႐ႈံးတယ္ေပါ့၊ ထားဝယ္ဆိုရင္လည္း ကားေလးစီးနဲ႔ လွည့္ပတ္ၿပီး မိုက္ႀကီးနဲ႔ ေဆာ္ၾသတယ္၊ ဒါေပမယ့္ လူနည္းတဲ့အတြက္ တစ္ေသာင္းကေန တစ္ေသာင္းခြဲအထိ တိုးေပးၾကတယ္လို႔လည္း ေျပာသံေတြ ၾကားရတယ္။ လူ ၃ဝ ေလာက္ပဲ လာလို႔ ပြဲပ်က္သြားတယ္လို႔ ေနာက္ဆက္တြဲ သတင္းေတြအရ သိရတယ္ေပါ့။ ရွမ္းေတာင္လည္း ထိုနည္းလည္းေကာင္းပဲ၊ ေတာင္ငူလည္း အဲဒီလို ၾကားတာပဲ။ စစ္ကိုင္းဘက္ဆိုရင္ ဝန္ႀကီးခ်ဳပ္ ကိုယ္တုိင္ တက္တယ္။ ကေလးသူငယ္ေလး ေတြလည္း ပါလာတယ္။ ရန္ကုန္ဆိုရင္လည္း မ်က္မျမင္ေတြ ပါတယ္။ ေနာက္ၿပီးေတာ့ေငြေရး ေၾကးေရး အသံေတြလည္း အမ်ားႀကီးၾကားရတယ္။
ဆုိပါေတာ့ အုိးေဝထက္ဆိုတဲ့ အေကာင့္က ေနၿပီးေတာ့ တစ္သက္လုံး အေမစုဆိုတဲ့သူက ေတာင္မွ ေငြေၾကးနဲ႔ ပတ္သက္ၿပီး ကတိမတည္လို႔ ရင္ဖြင့္တာေတြကို လူမႈကြန္ရက္ အေကာင့္မွာ ေတြ႕ေနရတယ္။ အဲဒီအတြက္ သူတို႔ေတြက အက်ဘက္ ေရာက္လာတယ္လို႔ သံုးသပ္တယ္။
မေန႔က အာဇာနည္ေန႔ဆိုရင္လည္းတစ္အိမ္ တစ္ေယာက္တို႔၊ ပါတီဝင္ေတြ မတက္မေနရတို႔ ဆင့္ေခၚတာေတြ ရွိတယ္လို႔ သိရတယ္။ လူေတြ က သိပ္စိတ္မဝင္စားေတာ့ဘူး။ အာဇာနည္ ေခါင္းေဆာင္ႀကီးေတြကို ၾကည္ညိဳတယ္၊ ေလးစားတယ္။ ဒါေပမယ့္ သူတို႔ လုပ္ပံုကိုင္ပံု ေတြကို စိတ္ကုန္သြားတယ္။ ဒါေၾကာင့္မသြားၾက ေတာ့ဘူးေပါ့။ အဲေတာ့ သူတို႔ေတြက ေနာင္ကို ဒီထက္ပိုဆိုးေလမလားပဲ။ စစ္အစိုးရ လက္ထက္ ကလို တစ္အိမ္တစ္ေယာက္ မလာမေနရ၊ မလာႏုိင္တဲ့သူ လက္မွတ္ထိုး၊ မလာႏုိင္တဲ့သူ ကိုယ္စားလႊတ္၊ မလႊတ္ႏုိင္ရင္ ေထာင္ထဲသြားဆိုတဲ့ ပံုစံမ်ိဳးေတြလုပ္မွပဲ သူတို႔အခမ္းအနားေတြ ေအာင္ျမင္ ေတာ့မွာေပါ့။
ေနာက္ၾကည့္ေလ၊ ေျခဥျပင္တာကို ေထာက္ခံတဲ့ သူေတြက ေယာင္ဝါးဝါးေတြမ်ားၿပီး ၅၉ (စ)ကို ေထာက္ခံတဲ့သူေတြက ခ်က္နဲ႔လက္နဲ႔ ေျပာတတ္ တာကို ေတြ႕ရတယ္ေလ။ ေနာင္အနာဂတ္မွာေတာ့ ေယာင္ဝါးဝါးက က်ဆင္းသြားမွာပဲ။ အဲဒီအတြက္ ကေတာ့ ဦးဇင္းတို႔က စိုးရိမ္စရာမရွိပါဘူး။

ၿငိမ္း- အရွင္ဘုရား ဦးေဆာင္ၿပီး လႈပ္ရွားခဲ့တဲ့ အမ်ိဳးသားေရးလႈပ္ရွားမႈ ဒါမွမဟုတ္ အမ်ိဳးသား ႏုိင္ငံေရးကေရာ လက္ရွိအခ်ိန္မွာ ဘာျဖစ္ေနလဲ ဘုရား၊ ဘာျဖစ္သြားၿပီလဲ ဘုရား။
ဆရာေတာ္- သူတို႔ေတြက မီးစင္ၾကည့္ကေနရတဲ့အဆင့္ ပါ။ ရံဖန္ရံခါ ခံစစ္၊ ရံဖန္ရံခါ ထိုးစစ္ေပါ့။ အေျခ အေန ေကာင္းရင္ေကာင္းသလိုေတာ့ အင္အား ထုတ္သံုးမယ့္ သေဘာေတြလည္း ေတြ႕ရတယ္။ ဦးဇင္းမရွိလို႔ အားငယ္စိတ္ပ်က္သြားတာေတာ့ မေတြ႕ရပါဘူး။ တစ္ဗိုလ္က်တစ္ဗိုလ္တက္စနစ္နဲ႔ ခ်က္ေကာင္းကိုင္ဖို႔အတြက္ ေခ်ာင္းေနတယ္လို႔ပဲ ျမင္ရတယ္။

ၿငိမ္း- ဒီတစ္ပတ္အတြက္ ျဖည့္စြက္မိန္႔ခ်င္တာ ရွိရင္လည္း မိန္႔ေပးပါဦးဘုရား။
ဆရာေတာ္- ဠဳ မွာ ျပည္သူ႔မွာတမ္းဆိုၿပီး ဗီဒီယိုဖိုင္ေတြ တင္ေနတာ အပိုင္း(၄)ခုအထိ ၿပီးသြားၿပီေပါ့။ အပိုင္း(၁)ကေတာ့ ၂၁ ရာစု အစၥလာမ္မိုက္ေဇးရွင္း၊ အပိုင္း(၂)က မီဒီယာဂ်ီဟတ္၊ အပိုင္း(၃)နဲ႔ အပိုင္း (၄)ကေတာ့ ႏုိင္ငံေရးဂ်ီဟတ္ဆိုၿပီး ေျပာထားတယ္။ ဆက္ၿပီးေတာ့လည္း လာလိမ့္ဦးမယ္။ ျပည္သူ႔ မွာတမ္းေတြ အျပည့္အဝမွာၿပီးၿပီ၊ ျပည့္စံုသြားၿပီ ဆိုရင္ ဦးဇင္းက ေရွ႕ထြက္ၿပီး လာခဲ့မွာေပါ့။ အဲဒါၿပီးေတာ့ တုိင္းျပည္အတြက္ အေရးႀကီးတဲ့ ေမးခြန္း (၂ဝ) ဆိုတဲ့ ဗီဒီယိုဖိုင္ကိုလည္း ခု႐ိုက္ ေနတယ္၊ ႐ိုက္ထားခဲ့မယ္။
ဦးဇင္း အထဲေရာက္သြားတဲ့အခါပဲျဖစ္ျဖစ္၊ အႏၲရာယ္ေတြ႕တဲ့အခါပဲျဖစ္ျဖစ္ အဲဒီေမးခြန္း ၂ဝ က အနာဂတ္ ျမန္မာ့ႏုိင္ငံေရးကို အဆံုးအျဖတ္ ေပးမွာပါ။ ဒီ ဗီဒီယိုဖိုင္ ၂ဝ ကို ျပည္သူေတြ နားေထာင္မိသြားတယ္ဆိုရင္ ျမန္မာ့ႏုိင္ငံေရး စိတ္ခ်ရၿပီလို႔ ဦးဇင္းယူဆတယ္။ ဒါေၾကာင့္မို႔ ေမးခြန္း ၂ဝ ကို အျဖဴေရာင္ ပိတ္ကားေပၚမွာ ဆက္လက္ ေစာင့္ၾကည့္ၾကပါလို႔ ပရိသတ္ကို မွာၾကားခ်င္ပါတယ္။

ၿငိမ္း- ၾသဝါဒစကားေလးလည္း မိန္႔ၾကားေပးေစ ခ်င္ပါတယ္ဘုရား။
ဆရာေတာ္- အခုပံုစံမ်ိဳး ဥပေဒေဘာင္ထဲကေန အင္တိုက္ အားတိုက္ အလုပ္လုပ္ၾကပါ။ ပိုၿပီးေတာ့ ေကာင္းပါတယ္။ ဝီရသူေနာက္ တၿပံဳတမႀကီး လိုက္လာမယ့္ နည္းလမ္းက်ေတာ့ မေကာင္းဘူး။ အဲဒါေၾကာင့္မို႔ ဥပေဒေဘာင္ထဲကေနပဲ မတရားတဲ့ လူမွန္သမွ်ကို ဂြၽမ္းျပန္က်ေအာင္ တြန္းလွန္ၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

“အနိုင်ကျင့်တဲ့အကွက်တွေ ကုန်သွားပြီဆိုရင် ဦးဇင်းထွက်လာမှာပါ”

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ် အတွဲ(၂)အမှတ်(၂၂) 26.7.2019)

ဆရာတော်ဦးဝီရသူ တိမ်းရှောင်နေရချိန်များမှာ ဆရာတော်ပြောချင်တာတွေနဲ့ ဆရာတော် ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်များအတွက် အင်တာဗျူးများကို ကြိုးစားပြီး စီစဉ်တင်ဆက်ပေးနေပါတယ်။ အင်တာဗျူးတွေဟာ အချိန်ရရင်ရသလို ပြုလုပ်ထားတဲ့ အင်တာဗျူးတွေဖြစ်တဲ့အတွက် အဆက်အစပ်မရှိ ဖြစ်နေတာမျိုးတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ဆရာတော်ရဲ့အသံနဲ့ အမျိုးသားရေးအလံကို ဆက်လက်လွှင့်တင်နိုင်ဖို့အတွက် ပြည်ချစ်သားဂျာနယ်ပရိသတ်များအတွက် အင်တာဗျူးများကို တင်ဆက်ပေးလိုက်ပါတယ်။

ငြိမ်း- ပထမဆုံး မေးခွန်းအနေနဲ့ အစိုးရက ပုဒ်မ ၁၂၄(က)နဲ့ စွဲဆိုထားတဲ့အမှုကို တရားရုံးက တစ်လ အတွင်း ဖြေရှင်းဖို့ အမိန့်ချထားတယ်ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲဘုရား။
ဆရာတော်- သူတို့က ဘယ်ခေတ် ဘယ်အခါမှာမှ မလုပ် ဖူးတဲ့ စော်ကားမှုမျိုးကို ကျူးလွန်လိုက်တာပဲလေ။ ဘုန်းကြီးတစ်ပါးကို မျက်ကွယ်မှာ စစ်တယ်။ ကျောင်းတိုက်ထိ လာပြီးတော့ ဝရမ်းကပ်တယ်။ ဒါ…စစ်အာဏာရှင် လက်ထက်မှာတောင် ဒီလို အငြိုးတကြီးနဲ့ အနိုင်မကျင့်ဖူးဘူးပေါ့။ သူတို့ ဘယ်လောက်အထိ အနိုင်ကျင့်နိုင်မလဲဆိုတာ ကိုတော့ ဦးဇင်း စောင့်ကြည့်မှာပေါ့။
ဟိုအရင်တုန်းကတော့ ရှင်းတယ်လေ၊ ဦးဇင်းက ဓမ္မစက်အမိန့်ကို နာခံပြီးရင် အာဏာစက် အမိန့်ကို ရင်ဆိုင်မယ်လို့ တရားဝင် ကြေညာပြီးသားပဲ။ ဒါပေမယ့် ဓမ္မစက်က ရက်ရွှေ့လိုက်လို့ ဦးဇင်း စောင့်နေတယ်လေ။ အဲဒီအချိန်မှာပဲ သူတို့က မျက်ကွယ်စစ်ဆေးမှုနဲ့စပြီး အနိုင်ကျင့်လိုက်တာပဲ။ အဲဒါကြောင့်မို့ ဘယ်လောက်ထိ အနိုင်ကျင့်နိုင်မလဲ ဆိုတာကို ဦးဇင်းစောင့်ကြည့်နေပါတယ်။ သူတို့ အနိုင်ကျင့်တဲ့ အကွက်တွေ ကုန်သွားပြီဆိုရင် ဦးဇင်း ထွက်လာမှာပါ။
လက်ရှိအချိန်မှာကျတော့ ဝါကလည်း ဝင်သွားပြီဆိုတော့၊ အမှုကို ရင်ဆိုင်ဖို့ဆိုရင် ဝါကလည်း ခုတစ်နေရာရာမှာ ဆိုပြီးသွားပြီ ဆိုတော့ ဝိနည်းစည်းကမ်းတွေကလည်းရှိနေတော့ အဆင်ပြေပါ့မလား ဘုရား။
ဝါမကျိုးမပေါက်အောင် စောင့်ရှောက်တာ ကတော့ ကထိန်ခံထိုက်တဲ့ ဉတ်မကြီးသင်္ကန်းကို ခံထိုက်တဲ့ သံဃာနဲ့ပဲ ဆိုင်တာပေါ့။ သူကတော့ ဝါလုံးဝ မကျိုးမပေါက်ရဘူး။ ကျန်တဲ့သံဃာတွေ ကတော့ ဝါကျိုးပေါက်လို့ရှိရင် ပါဠိပုတိဥပုသ် ပြုလိုက်ရုံနဲ့ အာပတ်ပြေသွားတာပေါ့လေ။ ဒါကြောင့် အဲဒီကိစ္စက ပြဿနာ ကြီးကြီးမားမားတော့မဟုတ် ပါဘူး။

ငြိမ်း- စောစောက အရှင်ဘုရားပြောသွားတဲ့အထဲ မှာလည်း ပါပါတယ်။ သူတို့က အနိုင်ကျင့်တာတွေ များများလာတယ်ပေါ့၊ အဲဒီလို လုပ်နေတာတွေကို အကြောင်းပြုပြီးတော့ အရှင်ဘုရားကို ကြည်ညို ကြသူတွေက ဆန္ဒတွေပြကြ၊ ဆုတွေတောင်းကြ တာမျိုးတွေ လုပ်ကြမယ်။ အဲဒါတွေကတစ်ဆင့်ပြီး တစ်ဆင့် ကြီးထွားလာပြီးတော့ ဘယ်လို အကျိုး ဆက် မျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကြိုတင်ပြီး သုံးသပ်တာမျိုးတွေရော ရှိလားဘုရား။
ဆရာတော်- ဒါကတော့ အစိုးရအပေါ် မူတည်တာပေါ့။ ဟိုအရင်တုန်းက ကျောင်းသားဖုန်းမော်ဆိုတာ ဒီလိုပဲ မထင်မရှား ဘဝကနေပြီးတော့ကျောင်းသား ခေါင်းဆောင်အဆင့်ထိ၊ သမိုင်းမှာ အထင်ကရ ပုဂ္ဂိုလ်အဆင့်အထိ ဖြစ်လာတာပေါ့။
ရွှေဝါရောင် အရေးအခင်းဆိုရင်လည်း ပခုက္ကူ မြို့က သံဃာတော်တစ်ပါး အနှိပ်စက်ခံရတဲ့ ကိစ္စကနေစပြီးတော့ ပေါ်ပေါက်လာတာ။
အဲဒီတော့ သမိုင်းကျေပါတယ်ဆိုတဲ့သူတွေ၊ တော်လှန်ရေးသမားဘဝကနေ တက်လာပါတယ် ဆိုတဲ့သူတွေ ဒါကို ဆင်ခြင်ကြည့်ရမှာပဲလေ။ အာဏာနဲ့နေရာကို လဲချင်သပါ့ဆိုရင်တော့ ထပ်ပြီး အနိုင်ကျင့်ပေါ့ကွာ။

ငြိမ်း- အရင်စစ်အစိုးရ လက်ထက် အရှင်ဘုရား ထောင်ကျခဲ့တုံးက လူထုခေါင်းဆောင် ဆိုသူကို ရည်စူးပြီး ကဗျာရှည်တွေ၊ စာတွေရေးခဲ့ဖူးတယ်လို့ သိရပါတယ်ဘုရား။ သူမဟာ ခုချိန်မှာနိုင်ငံရေး သမားအဖြစ် ပြောင်းလဲသွားခဲ့ပြီလို့ ပြောရင် ရနိုင်မယ် ထင်ပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး တော့ရော ဘယ်လိုများ ခံစားရပါသလဲ ဘုရား။
ဆရာတော်- ဒါကတော့ တောင်ပို့ကြီးကို ဘုရားမှတ်လို့ ကိုးကွယ်မိတဲ့သူရဲ့ အမှားတစ်ခုပဲလေ။ ကိုယ့် လို မမှားအောင်လို့ ပြောပေမယ့် ဘုရား၊ ဘုရားလို့ပဲ တ,နေတဲ့အခါကျတော့ ကိုယ်ပဲ အမုန်းခံရတာပေါ့။ ဖွတ်ကလည်း အကြိမ်ကြိမ် ထွက်ပြနေတယ်။ ဒါကိုလည်း လူတွေက ဘုရား ဆိုပြီး အစွဲကြီးစွဲ ကိုးကွယ်နေကြတယ်ဆိုတော့ အမှားထောက်ပြတဲ့သူရဲ့ အမှားမဟုတ်တော့ဘဲ အမှားကြီးကို စွဲလမ်းနေတဲ့လူတွေရဲ့ အမှားပဲ ရှိတော့တာပေါ့။

ငြိမ်း- လက်ရှိ တိမ်းရှောင်နေတာနဲ့ ပတ်သက်ပြီး မေးစရာရှိပါတယ် ဘုရား။ အမှုကို ရင်မဆိုင်ဘဲ ပြည်ပကို ရှောင်တိမ်းတာမျိုး။ အဲဒီကနေ အလုပ် တွေ ဆက်လုပ်တာမျိုး လုပ်နိုင်တယ်ဆိုတော့ ပြည်ပထွက်ပြီး အမျိုးသားရေးတွေ ဆက်လုပ်ဖို့၊ ပြည်ပကို တိမ်းရှောင်ဖို့ အဲဒီလိုမျိုး စိတ်ကူးများ ရှိမလားဘုရား။
ဆရာတော်- မရှိပါဘူး။ အမှန်အတိုင်းပြောရရင် ရန်ကုန်ကို လာဖို့တောင်မှ လေဆိပ်ကနေတစ်ပါးတည်းလာဖို့ စိတ်ကူးခဲ့တာလေ။ နောက် တပည့်တွေက တစ်ပါး တည်း သွားလို့ မသင့်တော်ဘူး၊ လေဆိပ်ကနေ မထင်မရှား တစ်ပါးတည်း အဖမ်းခံရတာမျိုးလည်း မဖြစ်သင့်ဘူး။ အဖမ်းခံမယ် ဆိုရင်လည်းပဲ တပည့်တွေ အများကြီးနဲ့ပဲ ဖြစ်သင့်တယ်ဆိုပြီး ဝိုင်းလျှောက်ကြတာနဲ့ပဲ ဦးဇင်းက အခုလို ကားနဲ့ လာတဲ့အဆင့်ကို ရောက်သွားတာပေါ့နော့။
ဒါကြောင့်မို့လို့ နိုင်ငံခြားထွက်ပြီး အတိုက်အခံ လုပ်ဖို့ဆိုတာ နဂိုကတည်းကိုက စိတ်ကူးမရှိပါဘူး။ နောက် အခုအစိုးရလုပ်နေတဲ့ပုဂ္ဂိုလ်တွေလည်းပဲ ဟိုအရင်တုန်းက ပြေးခဲ့လွှားခဲ့တဲ့ လူတွေပါပဲ။ ပြေးခဲ့လွှားခဲ့တဲ့သူတွေကော ထောင်ထွက်တွေကော ဦးဇင်းနဲ့ ဘဝတူတွေပါ။ ၈၈ တစ်ဖွဲ့လုံးဆိုရင် ရော်ဘာခြံကြီးထဲမှာ သွားပုန်းနေတာကွာ၊ အဲဒါ ကို သွားဖမ်းလို့ ရော်ဘာခြံပိုင်ရှင်တောင်ဒုက္ခ ရောက်သွားသေးတယ်။ အဲဒါကြောင့်မို့ တော်လှန်ရေး ကာလကတော့ ပြေးတာ၊ လွှားတာကတော့ ဗိုလ်ချုပ်အောင်ဆန်းလည်း ပြေးခဲ့တာပဲ။
အဲဒီ အတွက် ဦးဇင်းက နည်းနည်းလေးမှ မပူပါဘူး။ ဦးဇင်းက နိုင်ငံရေးအခြေအနေကို ကြည့်ပြီးတော့သာ အခုလို နေနေတဲ့အတွက် သူတို့ လက်ညှိုးထိုးစရာ ဖြစ်နေတာလေ။ တကယ်တမ်းကျတော့ အခုလို ပြေးဖို့လွှားဖို့ အစီအစဉ်ကို မရှိတာ၊ စိတ်ကို မကူးမိခဲ့တာ။

ငြိမ်း- တချို့ကလည်း ပြန်လာပြီးအမှုကို ရင်ဆိုင် မယ်ဆိုရင် မီဒီယာတွေနဲ့ သတင်းစာ ရှင်းလင်း ပွဲတွေ လုပ်ပြီးတော့ ပြောသင့် ပြောထိုက် တာတွေပြောပြီး လုပ်စရာရှိတာတွေ ဆက်လုပ် သင့်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။ ဆိုတော့ သတင်းစာ ရှင်းလင်းပွဲတွေ ဘာတွေ လုပ်ဖို့ အစီအစဉ်များ ရှိပါသလားဘုရား။
ဆရာတော်- သတင်းစာရှင်းလင်းပွဲက ဦးဇင်း လုပ်စရာတောင် မလိုဘူး။ အစိုးရကြီးက လုပ်ပါလိမ့်မယ်။ ဒီလောက်ကြီး အုတ်အော်သောင်းနင်း ဖြစ်နေတဲ့ အမှုက အစိုးရက သတင်း မထုတ်ပြန်လို့ကို မရဘူးလေ။
နောက်ပြီးတော့ ဦးဇင်းအပေါ် မီဒီယာတွေ ဆက်ဆံတာကလည်း တစ်ဖက်စောင်းနင်းနိုင် လွန်းတယ်။ မီဒီယာက မီဒီယာအလုပ် လုပ်နေ တာထက် မီဒီယာက ထောက်လှမ်းရေးအလုပ်ကို ဝင်လုပ်နေတာလည်း တွေ့ရတယ်။ နောက် မီဒီယာက ဆွဲချအလုပ်ကို လုပ်နေတာလည်း တွေ့နေရတယ်။ ဆွဲချဆိုတာက တရားလို အစိုးရ ဥပဒေအရာရှိပဲ။ ဒါပေမယ့် သူတို့ (မီဒီယာ)က ထောင်ထဲကို ဇွတ်ပို့နေကြတာ။ အဲဒီလိုမျိုး ဖြစ်နေတဲ့အခါကျတော့ ဦးဇင်းကတော့ မီဒီယာကို သိပ်အယုံအကြည် မရှိဘူး။ ဒါကြောင့်မို့ မီဒီယာကို ရှင်းပြတဲအလုပ်မျိုး ဦးဇင်းမလုပ်တော့ဘူး။ အစိုးရ ကိုယ်တိုင်လုပ်ပါလိမ့်မယ်။

ငြိမ်း- နောက်တစ်ခုကတော့ ‘ရုရှားလူမှုကွန်ရက် ဠု ကတစ်ဆင့် ပြောဆိုရေးသားမှုများကို ပြန်လည် သတင်းဖော်ပြရာမှာ သတင်းမီဒီယာ သမားတွေအနေနဲ့ ဆင်ခြင်သင့်တယ်’လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က ပြောတာကိုလည်း တွေ့ရပါတယ်ဘုရား၊ အဲဒါနဲ့ပတ်သက်ပြီးတော့ရော ဘာများပြောချင်ပါသလဲ ဘုရား။
ဆရာတော်- အဲဒါ သတင်းအမှောင်ချတာပဲလေ။ ဆိုလို တာကတော့ ဝီရသူကို နိုင်ငံရေးဇာတ်ခုံပေါ်မှာ အစဖျောက်ချင်တာ။ ဒီအတွက်လည်း တရားပွဲ ပိတ်တာတို့၊ ဖေ့ဘုတ်စ်ပိတ်တာတို့နဲ့ စပြီး လုပ်ခဲ့တာလေ။ အခုတော့ သူတို့လိုချင်တဲ့ အကွက်ကြီးထဲ ဝင်သွားတာပေါ့ကွာ။ အကွက်ကြီးထဲ ဝင်ပါလျက်နဲ့ ဒီက မရမက ထိုးဖောက်တဲ့ အခါ ကျတော့ အဲဒီအပေါက်ကိုပါ ပိတ်ချင်တာပေါ့။ ဒါပြောရမယ်ဆိုရင် သူတို့က ခေတ်အခါကို နားမလည်ကြလို့ပါ။
ပိတ်ပင်တားဆီးလို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ဂလိုဘယ်လ်လိုက်ဇေးရှင်းဆိုတာကို သတိရကြ ပါဦး ။ ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ ဘယ်ကများ လုံခြုံတယ်လို့ ထင်နေတာလဲ။ မလုံခြုံတဲ့ခေတ်ကြီးရောက် နေပြီလို့ ပြောလိုက်စမ်းပါကွာ။

ငြိမ်း- လက်ရှိအချိန်မှာရော အရှင်ဘုရား ဦးစီး လုပ်ကိုင်ခဲ့တဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ၊ ပရဟိတ လုပ်ငန်းတွေကရော ပုံမှန်လည်ပတ်မှုရှိရဲ့လား။ ဘယ်လို သတင်းရပါသလဲ ဘုရား။
ဆရာတော်- အချိန်ကာလကလည်း သိပ်မကြာသေးတော့ ပထမတစ်လနှစ်ကတော့ ပုံမှန်ဖြစ်နေမှာပဲလေ။ ဒီကြားထဲတော့ တပည့်တွေ၊ ဒကာ ဒကာမတွေ သွားပြီးတော့ လှူတာတွေ့တယ်။ ညီတော် နောင်တော်တွေ စုပေါင်းပြီး သွားလှူတာတွေ့တယ်။ ဒါပေမယ့် တစ်နှစ်လုံးအတွက် အာမခံချက် ကတော့ မရှိသေးဘူးပေါ့။ အဲဒါကလည်း ဦးဇင်း ကို အခြေအနေ စောင့်ကြည့်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ။
ပြောချင်တာကတော့ ဝီရသူမရှိလို့ ဒီလုပ်ငန်းတွေ ရပ်ဆိုင်းသွားရတယ်ဆိုရင် ကြားလို့ မသင့်တော်ဘူးပေါ့။ အဲဒီတော့ ဝီရသူမရှိလည်း ဒီလုပ်ငန်းတွေကို လည်ပတ်နိုင်အောင်လုပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်း- လက်ရှိ နိုင်ငံရေး အခြေအနေပေါ့ ဘုရား။ လက်ရှိအချိန်အထိ အတိုက်အခံကောင်း မရှိသေး ဘူးပေါ့ဘုရား။ အတိုက်အခံကောင်း မရှိတဲ့ အတွက် အရှင်ဘုရားတို့လို သံဃာတွေက ပြည်သူ့ အတွက်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေဝင်ပြီးတော့ အတိုက်အခံ လုပ်ပေးနေရတယ်။ အစိုးရကို ဝေဖန် ထောက်ပြတာတွေ လုပ်ပေးနေရတယ်။ အဲဒီအတွက် ဖြစ်လာတဲ့ အကျိုးဆက်ကတော့ မကောင်းလှဘူးပေါ့ ဘုရား။ အခု အရှင်ဘုရား ဆိုရင် တိမ်းရှောင်နေရတယ်ပေါ့ဘုရား။ လက်ရှိ အချိန်မှာ အတိုက်အခံကောင်းကောင်း မရှိတဲ့အပေါ် ပါတီနိုင်ငံရေးလုပ်နေကြတဲ့ နိုင်ငံရေးသမားတွေကို ဘာများပြောချင်ပါသလဲ ဘုရား။
ဆရာတော်- မြန်မာ့နိုင်ငံရေးကို သုံးသပ်ပြမယ်ဆိုရင် ြီူ ပါတီကို အတိုက်အခံပါတီကြီးလို့ လူတွေ က ထင်နေကြတာ။ တကယ်တမ်းကျတော့ အတိုက်အခံပါတီ မဟုတ်ဘူး။ သူက ဝါယောပါတီ။ ဝါယောပါတီတောင်မှ သူများရှေ့ကနေ လွှင့်တဲ့ ဝါယောမဟုတ်ဘဲ သူများနောက်လိုက် ဝါယော ပေါ့ကွာ။
ဥပမာ ဆိုကြပါစို့။ တစ်ခုခု နိုင်ငံရေး အကြပ်အတည်းတွေ တွေ့လာပြီဆိုရင် ြှီူ တို့ ဘာတို့က ကြေညာချက် ချက်ချင်း ထုတ်နိုင် တယ်။ ဒါပေမယ့် အတိုက်အခံပါတီလို့ ကိုယ့် ကိုယ်ကိုယ် ခံယူထားတဲ့ ြီူ ကျတော့ ြဃြ ကို စောင့်နားထောင်ရတာနဲ့၊ ဠဥဗ ကို စောင့်နားထောင်ရတာနဲ့၊ ွၤျဗ ကို စောင့်နားထောင် ရတာနဲ့၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာဘော်ကို လိုက်ရတာနဲ့ ကြေညာချက်တစ်စောင် ထုတ်ဖို့ကိစ္စ မှာတောင် တော်တော်ကြာတာ တွေ့ရတယ်။
အဲဒီလိုပဲ မြန်မာ့နိုင်ငံရေးကို သူက ဘယ်နေရာ များ ဦးဆောင်နိုင်ခဲ့လို့လဲ။
ကဲ… ကြည့်လေ။ ၉ဝ ခုနှစ် ရွေးကောက်ပွဲ အောင်မြင်ခဲ့တယ်။ ဘာအာမခံချက်မှ မရှိဘဲ သူဝင်ပြီး အရွေးခံလိုက်တယ်။ အခြေခံ ဥပဒေ ရေးဆွဲတယ်။ အဲဒါကို သပိတ်မှောက်လိုက် တယ်လေ။ သပိတ်မှောက်လိုက်တဲ့အတွက် စစ်အစိုးရက အချိန်ဆွဲခွင့်ရသွားတာပဲ။ သူတို့က ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်အမြော်အမြင် မရှိပါဘူး။ နိုင်ငံတကာပြောတဲ့အတိုင်း လိုက်လုပ် တာလို့ ဦးဇင်းကတော့ သုံးသပ်မိတာပဲ။ နိုင်ငံ တကာက သပိတ်မှောက်ဆို မှောက်လိုက်တာပဲ။ နိုင်ငံကာက ပိတ်ဆို့ဆို ပိတ်ဆို့လိုက်တာပဲ။ အဲဒီလို ပုံစံမျိုးကြီးနဲ့ နိုင်ငံရေးလုပ်ခဲ့တာဆိုတော့ အတိုက်အခံလို့ လူတွေက ပြောနေပေမယ့်လို့ အတိုက်အခံအလုပ် သိပ်မလုပ်တတ်ဘူးလို့ ဦးဇင်းအနေနဲ့ ပြောရမှာဘဲ။
ဒါကြောင့် သံဃာတော်တွေက ရွှေဝါရောင် တော်လှန်ရေးနဲ့ ဖောက်ထွက်ခဲ့တယ်။ သူတို့က နောက်က လိုက်ခဲ့တယ်။ နိုင်ငံရေးအရောင်အသွေး မပါသေးသရွေ့ ရွှေဝါရောင်သံဃာတော်တွေ အန္တရာယ်ကင်းခဲ့တယ်။ သူတို့ နိုင်ငံရေးပယောဂတွေ ဝင်ပူးကပ်လာတဲ့အခါကျတော့ သင်္ကန်းကိုသွေးစွန်း သွားရတာဖြစ်တယ်။ အဲဒီမှာလည်း ပေးဆပ်ရတာ သံဃာတွေပဲလေ။
အတိုက်အခံမလုပ်ဖူးတဲ့ ကြံ့ခိုင်ရေးလက်ထက် ဆိုတော့ သူတို့ထက်စာရင် ပိုဆိုးသွားတာပေါ့ကွာ။ အဲဒီအတွက် သံဃာတွေ ပေးဆပ်ရမှာပေါ့။ မြန်မာ့ နိုင်ငံရေးမှာ သံဃာတွေမပေးဆပ်တဲ့ခေတ်ဆိုတာ ဘယ်ခေတ်ရှိလဲလို့ မေးခွန်းပြန်ထုတ်ချင်တယ်။
ပုဂံခေတ်ကစလို့ နိုင်ငံရေးမှာ သံဃာတွေ ပေးဆပ်ခဲ့ရတာ။ မြန်မာ့နိုင်ငံရေးမှာ သံဃာတွေ မပေးဆပ်ရတဲ့ခေတ်ဆိုတာ မရှိခဲ့ဘူးလေ။ အဲဒီ အတွက်တော့ ဦးဇင်းက ပေးဆပ်ရတဲ့ အပေါ်မှာ လိပ်ပြာလုံပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပေးဆပ်သူအဖြစ်လည်း ဝမ်းသာအားရ ဂုဏ်ယူ မိတယ်။

ငြိမ်း- လက်ရှိနိုင်ငံရေး အခြေအနေပေါ့ ဘုရား။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြုပြီးတော့ အငြင်းပွားနေကြတာတွေ၊ ထောက်ခံတာတွေ၊ ကန့်ကွက်တာတွေ ဖြစ်နေကြတယ်ဘုရား။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်ကဆိုရင် သဘောထားမတူတဲ့ ဆန္ဒပြတဲ့ အဖွဲ့နှစ်ခု တစ်ရက်တည်း လုပ်ကြတာ မျိုးအထိ ထိပ်တိုက်တွေ တိုးလာကုန်ကြပြီ ဘုရား။ ဒီလိုအခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးကို စိတ်ဝင်စားရင် စိုးရိမ်စရာကောင်းတဲ့ အခြေအနေဆိုတာ သိသာနေပါတယ် ဘုရား။ အရှင်ဘုရားအနေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ဘယ်လိုများ သုံးသပ်ပါသလဲ ဘုရား။
ဆရာတော်- ပြောရမယ်ဆိုရင်တော့ လက်ရှိအစိုးရက စစ်အစိုးရ ပုံစံမျိုးဖြစ်သွားပါပြီ။ ၁၇ ရက်နေ့ အခမ်း အနားကို ကြည့်လိုက်ရင် မော်လမြိုင်လည်းသူတို့ ရှုံးတယ်ပေါ့၊ ထားဝယ်ဆိုရင်လည်း ကားလေးစီးနဲ့ လှည့်ပတ်ပြီး မိုက်ကြီးနဲ့ ဆော်သြတယ်၊ ဒါပေမယ့် လူနည်းတဲ့အတွက် တစ်သောင်းကနေ တစ်သောင်းခွဲအထိ တိုးပေးကြတယ်လို့လည်း ပြောသံတွေ ကြားရတယ်။ လူ ၃ဝ လောက်ပဲ လာလို့ ပွဲပျက်သွားတယ်လို့ နောက်ဆက်တွဲ သတင်းတွေအရ သိရတယ်ပေါ့။ ရှမ်းတောင်လည်း ထိုနည်းလည်းကောင်းပဲ၊ တောင်ငူလည်း အဲဒီလို ကြားတာပဲ။ စစ်ကိုင်းဘက်ဆိုရင် ဝန်ကြီးချုပ် ကိုယ်တိုင် တက်တယ်။ ကလေးသူငယ်လေး တွေလည်း ပါလာတယ်။ ရန်ကုန်ဆိုရင်လည်း မျက်မမြင်တွေ ပါတယ်။ နောက်ပြီးတော့ငွေရေး ကြေးရေး အသံတွေလည်း အများကြီးကြားရတယ်။
ဆိုပါတော့ အိုးဝေထက်ဆိုတဲ့ အကောင့်က နေပြီးတော့ တစ်သက်လုံး အမေစုဆိုတဲ့သူက တောင်မှ ငွေကြေးနဲ့ ပတ်သက်ပြီး ကတိမတည်လို့ ရင်ဖွင့်တာတွေကို လူမှုကွန်ရက် အကောင့်မှာ တွေ့နေရတယ်။ အဲဒီအတွက် သူတို့တွေက အကျဘက် ရောက်လာတယ်လို့ သုံးသပ်တယ်။
မနေ့က အာဇာနည်နေ့ဆိုရင်လည်းတစ်အိမ် တစ်ယောက်တို့၊ ပါတီဝင်တွေ မတက်မနေရတို့ ဆင့်ခေါ်တာတွေ ရှိတယ်လို့ သိရတယ်။ လူတွေ က သိပ်စိတ်မဝင်စားတော့ဘူး။ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ကြည်ညိုတယ်၊ လေးစားတယ်။ ဒါပေမယ့် သူတို့ လုပ်ပုံကိုင်ပုံ တွေကို စိတ်ကုန်သွားတယ်။ ဒါကြောင့်မသွားကြ တော့ဘူးပေါ့။ အဲတော့ သူတို့တွေက နောင်ကို ဒီထက်ပိုဆိုးလေမလားပဲ။ စစ်အစိုးရ လက်ထက် ကလို တစ်အိမ်တစ်ယောက် မလာမနေရ၊ မလာနိုင်တဲ့သူ လက်မှတ်ထိုး၊ မလာနိုင်တဲ့သူ ကိုယ်စားလွှတ်၊ မလွှတ်နိုင်ရင် ထောင်ထဲသွားဆိုတဲ့ ပုံစံမျိုးတွေလုပ်မှပဲ သူတို့အခမ်းအနားတွေ အောင်မြင် တော့မှာပေါ့။
နောက်ကြည့်လေ၊ ခြေဥပြင်တာကို ထောက်ခံတဲ့ သူတွေက ယောင်ဝါးဝါးတွေများပြီး ၅၉ (စ)ကို ထောက်ခံတဲ့သူတွေက ချက်နဲ့လက်နဲ့ ပြောတတ် တာကို တွေ့ရတယ်လေ။ နောင်အနာဂတ်မှာတော့ ယောင်ဝါးဝါးက ကျဆင်းသွားမှာပဲ။ အဲဒီအတွက် ကတော့ ဦးဇင်းတို့က စိုးရိမ်စရာမရှိပါဘူး။

ငြိမ်း- အရှင်ဘုရား ဦးဆောင်ပြီး လှုပ်ရှားခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားမှု ဒါမှမဟုတ် အမျိုးသား နိုင်ငံရေးကရော လက်ရှိအချိန်မှာ ဘာဖြစ်နေလဲ ဘုရား၊ ဘာဖြစ်သွားပြီလဲ ဘုရား။
ဆရာတော်- သူတို့တွေက မီးစင်ကြည့်ကနေရတဲ့အဆင့် ပါ။ ရံဖန်ရံခါ ခံစစ်၊ ရံဖန်ရံခါ ထိုးစစ်ပေါ့။ အခြေ အနေ ကောင်းရင်ကောင်းသလိုတော့ အင်အား ထုတ်သုံးမယ့် သဘောတွေလည်း တွေ့ရတယ်။ ဦးဇင်းမရှိလို့ အားငယ်စိတ်ပျက်သွားတာတော့ မတွေ့ရပါဘူး။ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်နဲ့ ချက်ကောင်းကိုင်ဖို့အတွက် ချောင်းနေတယ်လို့ပဲ မြင်ရတယ်။

ငြိမ်း- ဒီတစ်ပတ်အတွက် ဖြည့်စွက်မိန့်ချင်တာ ရှိရင်လည်း မိန့်ပေးပါဦးဘုရား။
ဆရာတော်- ဠု မှာ ပြည်သူ့မှာတမ်းဆိုပြီး ဗီဒီယိုဖိုင်တွေ တင်နေတာ အပိုင်း(၄)ခုအထိ ပြီးသွားပြီပေါ့။ အပိုင်း(၁)ကတော့ ၂၁ ရာစု အစ္စလာမ်မိုက်ဇေးရှင်း၊ အပိုင်း(၂)က မီဒီယာဂျီဟတ်၊ အပိုင်း(၃)နဲ့ အပိုင်း (၄)ကတော့ နိုင်ငံရေးဂျီဟတ်ဆိုပြီး ပြောထားတယ်။ ဆက်ပြီးတော့လည်း လာလိမ့်ဦးမယ်။ ပြည်သူ့ မှာတမ်းတွေ အပြည့်အဝမှာပြီးပြီ၊ ပြည့်စုံသွားပြီ ဆိုရင် ဦးဇင်းက ရှေ့ထွက်ပြီး လာခဲ့မှာပေါ့။ အဲဒါပြီးတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ မေးခွန်း (၂ဝ) ဆိုတဲ့ ဗီဒီယိုဖိုင်ကိုလည်း ခုရိုက် နေတယ်၊ ရိုက်ထားခဲ့မယ်။
ဦးဇင်း အထဲရောက်သွားတဲ့အခါပဲဖြစ်ဖြစ်၊ အန္တရာယ်တွေ့တဲ့အခါပဲဖြစ်ဖြစ် အဲဒီမေးခွန်း ၂ဝ က အနာဂတ် မြန်မာ့နိုင်ငံရေးကို အဆုံးအဖြတ် ပေးမှာပါ။ ဒီ ဗီဒီယိုဖိုင် ၂ဝ ကို ပြည်သူတွေ နားထောင်မိသွားတယ်ဆိုရင် မြန်မာ့နိုင်ငံရေး စိတ်ချရပြီလို့ ဦးဇင်းယူဆတယ်။ ဒါကြောင့်မို့ မေးခွန်း ၂ဝ ကို အဖြူရောင် ပိတ်ကားပေါ်မှာ ဆက်လက် စောင့်ကြည့်ကြပါလို့ ပရိသတ်ကို မှာကြားချင်ပါတယ်။

ငြိမ်း- သြဝါဒစကားလေးလည်း မိန့်ကြားပေးစေ ချင်ပါတယ်ဘုရား။
ဆရာတော်- အခုပုံစံမျိုး ဥပဒေဘောင်ထဲကနေ အင်တိုက် အားတိုက် အလုပ်လုပ်ကြပါ။ ပိုပြီးတော့ ကောင်းပါတယ်။ ဝီရသူနောက် တပြုံတမကြီး လိုက်လာမယ့် နည်းလမ်းကျတော့ မကောင်းဘူး။ အဲဒါကြောင့်မို့ ဥပဒေဘောင်ထဲကနေပဲ မတရားတဲ့ လူမှန်သမျှကို ဂျွမ်းပြန်ကျအောင် တွန်းလှန်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။