အင္တာဗ်ဴး

“ဓမၼစက္ကို မေထမဲ့ျမင္ျပဳတာဒီမိုကေရစီေခတ္က်မွပဲ ႀကံဳဖူးတယ္”

“ဓမၼစက္ကို မေထမဲ့ျမင္ျပဳတာဒီမိုကေရစီေခတ္က်မွပဲ ႀကံဳဖူးတယ္”

(ဆရာေတာ္ဦးဝီရသူႏွင့္ အင္တာဗ်ဴး၊ ျပည္ခ်စ္သားဂ်ာနယ္အတြဲ(၂)အမွတ္(၂၁)၊ 12.7.2019)

ဒီအင္တာဗ်ဴးဟာ ဆရာေတာ္ဦးဝီရသူရဲ႕ အိမ္နိမ့္စံေန႔ရက္မ်ားအတြင္း ျပဳလုပ္ထားတဲ့ သံုးခုေျမာက္အင္တာဗ်ဴး ျဖစ္ပါတယ္။ ဆရာေတာ္က အခ်ိန္ရရင္ ရသလို ဆက္သြယ္ၿပီး ျပဳလုပ္ရတဲ့အင္တာဗ်ဴးမ်ားျဖစ္တဲ့အတြက္ အင္တာဗ်ဴးေတြဟာ အခ်ိတ္အဆက္မဲ့တာ၊ တစ္စစီျပန္႔က်ဲေနတာမ်ိဳးေတြလည္း ျဖစ္ေနႏုိင္ပါတယ္။
တိမ္းေရွာင္ေနရတဲ့ၾကားကပဲ ျပည္ခ်စ္သားဂ်ာနယ္အတြက္ သတိတရနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခြင့္ေပးတဲ့ ဆရာေတာ္ရဲ႕ စာဖတ္သူေတြအေပၚမွာထားတဲ့ေစတနာနဲ႔ ဂ်ာနယ္အေပၚမွာထားတဲ့ စာေပခ်စ္စိတ္ကိုလည္း အထင္းသား ျမင္ရႏုိင္ပါတယ္။ ဆရာေတာ္ အားလံုးနဲ႔ ႐ုတ္တရက္အဆက္အသြယ္ျပတ္သြားခ်ိန္မွာ ဒီအင္တာဗ်ဴးေတြဆီက ဆရာေတာ္ေပးတဲ့ သတင္းစကားကို ေကာင္းစြာၾကားရၿပီး ဆရာေတာ္ေဖာက္တဲ့ အမ်ိဳးသားႏုိင္ငံေရးလမ္းမေပၚကို ရဲရဲေလွ်ာက္ႏုိင္ၾကေစဖို႔ ရည္ရြယ္တင္ဆက္ေပးလိုက္ပါတယ္။

ၿငိမ္း- ပထမဆံုး ေမးခြန္းကေတာ့ ဇြန္လ ၂၅ ရက္ေန႔မွာပဲ သာသနာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ မဟနက အာဏာစက္နဲ႔ အေရးယူၿပီးမွသာလွ်င္ ဓမၼစက္ေနာက္ကလိုက္မယ္လို႔ ဆိုပါတယ္ဘုရား။ ဆရာေတာ့္အေနနဲ႔ ဘာမ်ားဆက္လုပ္ဖို႔ စီစဥ္ထားပါသလဲဘုရား။
ဆရာေတာ္- ဓမၼစက္ကို မေထမဲ့ျမင္ျပဳတာ ဒီမိုကေရစီ ေခတ္က်မွပဲ ႀကံဳဖူးတာေပါ့ေလ။ ဆရာေတာ္ႀကီး ေတြက ထပ္ေခၚယူမယ္ေျပာၿပီး မေခၚျဖစ္တဲ့အခါ က်ေတာ့ ရင္ဆုိင္႐ံုေပါ့ကြာ။ ဆရာေတာ္ႀကီးေတြက ကာယကံရွင္ျဖစ္တဲ့ ဦးဇင္းဆီကို စာပို႔ရမယ့္ တာဝန္ ရွိတယ္။ အခုခ်ိန္ထိ စာမပို႔ဘဲ ထားတာေတာ့ မေကာင္းဘူးေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ အရင္ တစ္ခါတုန္းကလည္း ရက္ေရႊ႕ဆိုင္းတယ္ဆိုၿပီး ေၾကညာခ်က္ထုတ္တယ္၊ ဦးဇင္းဆီကိုလည္း စာပို႔တယ္ေလ။ အခုက်ေတာ့ အစည္းအေဝး ဆံုးျဖတ္ခ်က္က ဒီလို..ဒီလိုပဲ ေၾကညာခ်က္ ေတြ႕ရတယ္။ အာဏာစက္နဲ႔ အရင္ ရင္ဆုိင္ပါဆိုတဲ့ ညြန္ၾကားလႊာေတာ့ လုပ္ထံုးလုပ္နည္းအရဆိုရင္ ထုတ္ေပးရမွာေပါ့။ အဲဒီတစ္ခုေလး ဆရာေတာ္ႀကီး ေတြဘက္က လိုအပ္တာ။

ၿငိမ္း- အရွင္ဘုရားက ပုဒ္မ ၁၂၄-ကနဲ႔ တရား စြဲဆိုတဲ့အမႈကို ရင္ဆုိင္မယ္ဆိုေတာ့ လက္ရွိ အခ်ိန္မွာ တရားလိုျပသက္ေသ ၉ ဦးထဲက ၆ ဦးေတာင္ စစ္ၿပီးသြားၿပီေပါ့ဘုရား။ က်န္တဲ့ ၃ ဦး ကလည္း ဇူလိုင္ ၉ ရက္ေန႔မွာ စစ္မယ္လို႔ သိရပါတယ္။ အခု အခ်ိန္အထိ အရွင္ဘုရားက ေရွာင္တိမ္းေနရဆဲဆိုေတာ့ အရွင္ဘုရားဘက္က နစ္နာမႈ မရွိႏုိင္ဘူးလား ဘုရား။
ဆရာေတာ္- မရွိပါဘူးကြာ။ ဒီအစိုးရကေတာ့ဘယ္ေလာက္ အထိေအာင္ ကိုယ့္ဘက္ သက္ေသသကၠာယနဲ႔ ေခ်ပေခ်ပ သူကေတာ့ ဘယ္ေလာက္ထိ ခ်ေပးပါ ဆိုတဲ့ အမိန္႔ႀကီးကေတာ့ ညႊန္ၾကားၿပီးသား ျဖစ္မွာပါ။ လူေတြကေတာ့ မွတ္တမ္းက်န္ေအာင္ ရင္ဆုိင္ေစခ်င္တာေပါ့။ ဦးဇင္းက်ေတာ့လည္းပဲ ဆရာေတာ္ႀကီးေတြက ဓမၼစက္နဲ႔ ကိုင္တြယ္ဖို႔ လုပ္ထားတာကို သူတို႔ေတြက အတင္းေက်ာ္ခြ ၿပီးေတာ့ အာဏာစက္နဲ႔ကိုင္ဖို႔လုပ္တယ္၊ ဓမၼစက္၊ အာဏာစက္ ဘယ္ဟာ ဘယ္လိုကိုင္ရမယ္ အဆံုးအျဖတ္ျဖင့္ မရေသးဘူး မ်က္ကြယ္မွာ တရားစီရင္တယ္ဆိုေတာ့ ဒီမိုကေရစီေခတ္ရဲ႕ တရားစီရင္မႈကို ဦးဇင္းဘက္က အယံုအၾကည္ မရွိဘူးေပါ့ကြာ။
စစ္အစိုးရလက္ထက္က တရားသူႀကီးေတြက အထက္အမိန္႔ အာဏာအရ အလုပ္လုပ္ခဲ့ရၿပီး တရားသူႀကီးေတြဆီကိုလည္း အိတ္ပိတ္စာအိတ္ေတြ ေရာက္လာတတ္တယ္။ အိတ္ပိတ္စာအိတ္ဆိုတာ တရားသူႀကီးဆီကို အစိုးရက ဘယ္သူ႔ကိုဘယ္လုိဆို ေရးထားတဲ့ဟာေပါ့။ စစ္အစိုးရလက္ထက္က တရားသူႀကီးေတြရဲ႕ Óဏ္ပညာနဲ႔ ဆင္ျခင္တံု တရားထက္ စာအိတ္ထဲပါတဲ့ဟာကို ဖတ္ျပေနရတဲ့ အဆင့္ကိုေရာက္ခဲ့တာတာေပါ့။ အခုေရာ ဘာကြာ သလဲ၊ ဦးဇင္းအျမင္မွာေတာ့ သိပ္မထူးလွဘူးလုိ႔ ယူဆတယ္။ အဲဒါေၾကာင့္ ဒီအစိုးရလက္ထက္ တရားစီရင္ေရးကို အယံုအၾကည္မရွိတဲ့ အတြက္ ေၾကာင့္ ဦးဇင္းက ခုခံေခ်ပဖို႔ စိတ္ကူးမရွိပါဘူး။

ၿငိမ္း- တရားလို အေနာက္ပိုင္းခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးဦးစန္းမင္းက ၿမိတ္မွာ ေဟာေျပာ ခဲ့စဥ္က ေဟာေျပာခ်က္ေတြကို သက္ေသအျဖစ္ တင္သြင္းတာ ေတြ႕ပါတယ္ဘုရား။ ရဟန္းတစ္ပါး အေနနဲ႔ သင့္ေတာ္မႈမရွိတဲ့ ႐ုန္႔ရင္းၾကမ္းတမ္းတဲ့ စကားေတြကို ေဟာေျပာတယ္၊ အမုန္းပြားေစဖို႔ လႈံ႔ေဆာ္ေဟာေျပာၿပီး အစိုးရကို အၾကည္ညိဳ ပ်က္ေစတယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔အတူ ၿမိတ္က ေဟာေျပာမႈ ဗီဒီယိုမွတ္တမ္းကို တရား႐ံုးမွာ တင္သြင္းတာပါဘုရား။ အဲဒါနဲ႔ ပတ္သက္ၿပီး ဘာမ်ား ေျပာခ်င္ပါသလဲဘုရား။
ဆရာေတာ္- အစိုးရကေတာ့ ဖိအားအရ အလုပ္လုပ္ေနတဲ့ အခ်ိန္ကိုး။ စာနယ္ဇင္းေတြက ဖိအားေပးေနရင္ သူ႔ခမ်ာ ျပာေနတာကိုး။ စာနယ္ဇင္းေတြက ဘယ္လို ႏွပ္ေၾကာင္းေပးထားမွန္းမသိဘူး။ ၿမိတ္မွာ ေဟာတာ မွန္တယ္ေလ။ ရည္ညႊန္းရာ ပုဂၢိဳလ္ကို ရည္ရြယ္တာမွန္တယ္ေလ။ ဒါေပမယ့္ ဌာနအမည္တို႔၊ အဖြဲ႕အစည္းအမည္တို႔ တိုက္႐ိုက္သံုးစြဲမႈမရွိရင္ ဥပေဒနဲ႔ မၿငိစြန္းဘူး။ အဲဒါ ေဘာင္ထဲကေျပာတယ္ လို႔ ေခၚတယ္။ အဲဒီလိုေဘာင္ထဲကေျပာတာေတြဟာ စစ္အစိုးရ လက္ထက္မွာေတာင္ ရွိတယ္။
အဲဒါေၾကာင့္မို႔ သူတို႔တေတြက ဒီစကားႀကီး ကေတာ့ ဘယ္သူ႔ကို ေျပာတာပါ၊ ဒီစကားႀကီး ကေတာ့ ဘယ္ဝါကိုေျပာတာပါ ဆိုၿပီး ေဘးတီး ရန္တိုက္ေပးေနၾကတာကို မခံႏိုင္ဘဲနဲ႔ အတင္း စြဲခ်င္ ျပဳခ်င္ ေထာင္ခ်ခ်င္ေနတာျဖစ္မယ္။

ၿငိမ္း- အရွင္ဘုရားကို ဖမ္းဆီးဖို႔ လုပ္ေနတာကေတာ့ အမႈတည္ေဆာက္ေနပါတယ္လို႔ စၿပီးေျပာတဲ့ သာသနာေရးဝန္ႀကီးဌာနက လုပ္ေနတယ္လို႔ေျပာလို႔ ရမယ္ထင္ပါတယ္။ အဲဒီ သာသနာေရးဝန္ႀကီး ဌာနကပဲ ဇြန္လ ၂၇ ရက္ေန႔မွာ အခ်က္၂၇ ခ်က္ပါတဲ့ ထုတ္ျပန္ခ်က္တစ္ခုကို ထုတ္ျပန္ ခဲ့တာ ေတြ႕ရပါတယ္။ အဲဒီထဲက အမွတ္စဥ္ ၂၂ မွာ အရွင္ဘုရား(ဦးဝီရသူ)နဲ႔ ပတ္သက္ၿပီး ေရးသားထားတာေပါ့ ဘုရား။ အဲဒီမွာ သတင္းမွားေတြကို အေျခခံၿပီးေတာ့ ထုတ္ျပန္ ေၾကညာထားတာပါ ဘုရား။ ”ေဒၚခင္ဝိုင္းၾကည္ သမၼတမျဖစ္ရင္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမယ္”ဆိုတဲ့ သတင္းမ်ိဳးေပါ့ဘုရား။ ဒါဟာသတင္းမွား ေတြမွန္း လူတုိင္းသိေနတဲ့ ကိစၥပဲဘုရား။ ေျပာခ်င္တာက အစိုးရရဲ႕ ဝန္ႀကီးဌာန တစ္ခုက ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ သတင္း အမွားေတြ သံုးၿပီးေတာ့ အရွင္ဘုရားကို သိကၡာ က်ေစႏုိင္တဲ့ အေၾကာင္းအရာေတြ ထုတ္ျပန္ တာနဲ႔ ပတ္သက္ၿပီးေတာ့ ဘာမ်ားမိန္႔ၾကားခ်င္ ပါသလဲ ဘုရား။
ဆရာေတာ္- အဲဒီအတြက္ေတာ့ အေတာ္ေလးစိတ္ပ်က္ မိတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ သတင္းတု ေတြလုပ္ၿပီး ရည္ရြယ္ခ်က္ရွိရွိ တိုက္ခိုက္ၾကတဲ့ သူေတြ ထိေရာက္တာကိုလည္းေတြ႕ရတာေပါ့။ ေဖ့ဘုတ္စ္ သံုးစြဲကာစ ေတာသူေတာင္သား၊ အေျခခံလူတန္းစားေတြ ေတြ႕႐ံုနဲ႔တန္းလက္ခံ သြားၾကတာကိုး။ ျမန္မာျပည္ အုပ္ခ်ဳပ္ေနတဲ့ အစိုးရဝန္ႀကီး၊ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္ေထာင္စု ဝန္ႀကီးဌာနတစ္ခုျဖစ္တဲ့ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ႀကီးဌာနကပါ ေဖ့ဘုတ္စ္မွာရွိတဲ့ သတင္းတုေတြကိုအမွန္ထင္ၿပီး သံုးစြဲေနၾကတယ္ ဆိုတာကိုေတြ႕ရေတာ့ စိတ္မေကာင္းဘူးေပါ့ကြာ။
ဘယ္သူက ဘယ္အဆင့္ရွိတယ္ ဆိုတာ ေပၚလြင္သြားတာေပါ့။ အဲဒီအတြက္ကေတာ့ ဦးဇင္းမွာလည္း စုေဆာင္းထားၿပီးသားေတြ ရွိပါတယ္။ ဘာပဲေျပာေျပာ ကိုယ့္တာဝန္ ကိုယ္ယူရမွာ၊ ကိုယ့္လုပ္ရပ္ ကိုယ္ေျဖရွင္းရမွာ။ ဒီသတင္းမွားေတြနဲ႔ ေၾကညာခ်က္ထုတ္ၿပီး အပုပ္ခ်တဲ့ ကိစၥေတာ့ ဝန္ႀကီးကိုယ္တုိင္ပဲ တစ္ခ်ိန္မွာ ေျဖရွင္းရလိမ့္မယ္။

ၿငိမ္း- ဒီအစိုးရလက္ထက္မွာ တရားစြဲတာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေဝဖန္ခ်က္တစ္ခု ရွိပါတယ္။ သူတုိ႔ ေၾကာက္တဲ့သူေတြကို တရားစြဲတယ္၊ မေၾကာက္တဲ့သူကို မစြဲဘူးေပါ့ဘုရား။ မေၾကာက္တဲ့ သူေတြ၊ သူတို႔အတြက္ အႏၲရာယ္မရွိဘူးလို႔ ထင္တဲ့သူေတြ ဘာပဲေျပာေျပာ တရားမစြဲဘူးဘုရား။ အရွင္ဘုရားေျပာတာထက္ အဆေပါင္းမ်ားစြာ ၾကမ္းတဲ့သူေတြကိုလည္း လႊတ္ထားတာေတြရွိတယ္ လို႔ ဆိုတယ္ဘုရား။ အရွင္ဘုရားကိစၥဆိုရင္လည္း စြဲလည္းရတယ္၊ မစြဲလည္းရတယ္၊ မဟနကို လႊဲေပးလည္းရရဲ႕သားနဲ႔ အစိုးရကိုယ္တုိင္ တရားလို လုပ္ၿပီးစြဲတာဟာ သူတို႔က ေၾကာက္ရလို႔၊ သူတို႔ အတြက္ အရွင္ဘုရားက အႏၲရာယ္ရွိလုိ႔ ဆုိတဲ့ သံုးသပ္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ အရွင္ဘုရား အေနနဲ႔ ဘာေျပာစရာရွိမလဲဘုရား။
ဆရာေတာ္- ဦးဇင္းနဲ႔ ပတ္သက္လို႔ကေတာ့ သူတို႔ အတြက္တင္ အႏၲရာယ္ရွိတာ မဟုတ္ဘူး၊ သူတို႔ အမ်ိဳးေတြ အတြက္ပါ အႏၲရာယ္ ရွိတာေပါ့။ ဦးဇင္းေဟာသမွ် ေျပာသမွ်ေတြ ေအာင္ျမင္လာတာနဲ႔အမွ် သူတို႔ ေထာက္ခံမႈေတြ က်ဆင္းတယ္။ အဲဒီအတြက္ ဦးဇင္းကို အႏၲရာယ္ အျဖစ္ ႐ႈျမင္တာပါ။ သူတို႔တေတြက ဦးဇင္း ေဟာလို႔ ေျပာလို႔ ေထာက္ခံမႈ က်ဆင္းသြားတဲ့အခါ အာဏာလက္လႊတ္ျဖစ္သြားခဲ့ေသာ္ သူတို႔ အမ်ိဳးေတြရဲ႕ ေရရွည္စီမံကိန္းႀကီးက ပ်က္စီးသြား ႏုိင္တာေပါ့။ အဲဒီေတာ့ ႏွစ္ခုစလံုးအတြက္ အႏၲရာယ္ကို ႀကိဳရွင္းတဲ့ သေဘာပါပဲ။
ေနာက္တစ္ခုကေတာ့ က်ဴပင္ခုတ္ က်ဴငုတ္ မက်န္ေပါ့။ ေဖ့ဘုတ္စ္ဆိုရင္လည္း ဦးဇင္းမွာ အခု အေကာင့္ သတ္သတ္မွတ္မွတ္ မရွိေတာ့ဘူး။ သူတို႔နဲ႔ ယွဥ္ၿပိဳင္ၿပီး စကားေျပာဆိုခြင့္မရေတာ့ဘူး။ တရားေဟာခြင့္လည္း အပိတ္ခံခဲ့ရတယ္။ တရား ေဟာခြင့္ျပန္လည္ရရွိတဲ့ အခ်ိန္က်ျပန္ေတာ့လည္း တုိင္းအထိတင္ရမယ္တုိ႔ ဘာတို႔ညာတို႔နဲ႔ အထပ္ထပ္ ၾကန္႔ၾကာေအာင္ လုပ္တယ္၊ တိုင္းအထိ တင္ျပန္ေတာ့လည္း ဟိုအမတ္က ဖိအားေပးၿပီး ဖ်က္ခိုင္း၊ ေထြအုပ္က လက္မခံရဲဘူးဆိုၿပီး ပယ္ခ်နဲ႔ ဒီမိုကေရစီအစိုးရက ဒီမိုကေရစီနည္းက် ေဝဖန္တာကို မခံရဲတဲ့ဘဝကို ေရာက္သြားတာေပါ့။
အမ်ိဳးသားေရးအေကာင့္ေတြကို ေဖ့ဘုတ္စ္က ျဖဳတ္တယ္၊ ႏုိင္ငံေရးအေကာင့္ေတြကို ေဖ့ဘုတ္စ္က ျဖဳတ္ေနၿပီ၊ ၂ဝ၂ဝ ေရြးေကာက္ပြဲ မတိုင္ခင္ ထိုးထိုးေထာင္ေထာင္ထြက္ေနတဲ့ ေဝဖန္ေရး စာေရးဆရာေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြ၊ အမ်ိဳးသားေရးသမားေတြကေတာ့ အျပတ္ရွင္း ဒီမိုကေရစီနဲ႔ ေတြ႕သြားမွာပဲေလ။ အဲဒီေတာ့ ၂ဝ၂ဝအတြက္ ၿပိဳင္ဘက္ေတြကို စင္ေပၚတက္ မရေအာင္ အပ်က္ရွင္းၿပီးေတာ့ ၿပိဳင္ဘက္ကင္း သရဖူကို ထပ္ေဆာင္းမယ့္ သေဘာေပါ့ကြာ။

ၿငိမ္း- အရွင္ဘုရားကိုယ္တုိင္က ပုဒ္မ ၁၂၄နဲ႔ တရား စြဲဆုိခံေနရခ်ိန္မွာပဲ တစ္ဘက္မွာ အရွင္ဘုရားနဲ႔ ပတ္သက္ၿပီး ကိုေက်ာ္မ်ိဳးေဆြက ကိုေဆြဝင္းကို ၆၆(ဃ)နဲ႔ တရားဆြဲဆိုထားတဲ့အမႈကို ၿမိဳ႕နယ္ တရား႐ံုးက ပလပ္လိုက္တာ ေတြ႕ရပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါသလဲ။
ဆရာေတာ္- အဲဒီကိစၥမွာ သူတို႔တေတြက ဆိုင္ရာပုိင္ရာ ခ်ဥ္းကပ္ႏုိင္ခဲ့ၾကဟန္ တူတယ္ေလ။ အဲဒီေတာ့ နစ္နာသူ (ဦးဝီရသူ) မရွိတဲ့အခ်ိန္မွာ အခြင့္အေရး ကို အမိအရ အသံုးခ်ၿပီး အကြက္လွလွေလး ကစား သြားတဲ့ ပံုပဲ။ ဒီအတြက္ကေတာ့ သိပ္ဝမ္းနည္စရာ မရွိပါဘူး။

ၿငိမ္း- ဥပေဒက တဖက္ေစာင္းနင္းျဖစ္ေနတယ္လို႔ ထင္သလား ဒါမွမဟုတ္ မညီမွ်ဘူးလို႔ ထင္လား။ ဒီအေပၚမွာ ဘယ္လို ခံစားရပါသလဲ။
ဆရာေတာ္- ဥပေဒက မညီမွ်ဘူးလို႔ ခံစားရတာကေတာ့ ဒီအစိုးရ တက္ကတည္းကပဲေလ။ ဥပမာ ဆိုၾကပါစို႔၊ တရားပြဲပိတ္တာက အဆင့္ေက်ာ္ ၿပီးေတာ့ ပိတ္သြားတာေလ။ ေရႊညဝါတို႔ဆိုရင္ ဓမၼစက္နဲ႔ကိုင္တြယ္တာေတာင္မွ စိတ္ရွည္ လက္ရွည္ အၾကာႀကီးေခၚၿပီး ဆံုးမ၊ မရတဲ့အဆံုးမွ ပိတ္လိုက္တာေလ။ ဦးဇင္းက်ေတာ့ ဘာမေျပာ ညာမေျပာနဲ႔ ကာယကံရွင္ေတာင္မသိဘူး ပိတ္ခ် လိုက္တာ။ က်န္တာေတြလည္း အမ်ားႀကီး ေပါ့ကြာ၊ မႏၱေလး သပိတ္စခန္းကိစၥတို႔၊ တျခား ကိစၥေတြလည္း ရွိပါေသးတယ္။
အခုေနာက္ဆံုး မိုက္ကယ္ေက်ာ္ျမင့္တို႔ ကိစၥတို႔၊ ဦးဇင္းနဲ႔ပတ္သက္ၿပီး ဆႏၵထုတ္ေဖာ္ပြဲမွာ ဓာတ္ပံု႐ိုက္တဲ့ ကင္မရာဆရာႏွစ္ေယာက္ျဖစ္တဲ့ ကိုဝင္းေမာ္နဲ႔ ဝီရေတေဇာဆိုတဲ့ ဦးဇင္းတစ္ပါးကို ၿငိမ္းစုစီနဲ႔ တရားစြဲၿပီး ဒဏ္ေငြေတာင္မဟုတ္ဘူး၊ ေထာင္ခ်ဖို႔လုပ္ေနတဲ့ကိစၥ… ဒါေတြ အကုန္လံုး ၾကည့္မယ္ဆိုရင္ စစ္တစ္ပိုင္းအရပ္သားတစ္ပိုင္း ဦးသိန္းစိန္အစိုးရကမွ တရားမွ်တမႈကို လိုက္နာေသးတယ္၊ တရားဥပေဒ စိုးမိုးေရးလို႔ ေျပာသာေသးတယ္၊ တကယ္ တရားဥပေဒစိုးမုိးေရး ေၾကြးေၾကာ္ခဲ့တဲ့၊ မွ်တမယ္လို႔ ယံုၾကည္ရတဲ့ ဒီအစိုးရလက္ထက္ေရာက္တဲ့အခါက်မွ ကေျပာင္း ကျပန္ေတြ ျဖစ္ကုန္ေတာ့တာပါပဲ။

ၿငိမ္း- ဇူလိုင္ ၅ ရက္ကပဲ အမ်ိဳးသားေရးပုဂၢိဳလ္ မ်ား မတရားဖမ္းဆီးေနမႈ ရပ္တန္႔ဖို႔၊ ဗုဒၶ ဘာသာကို အထင္လြဲေအာင္ လုပ္ေနတာေတြ ရပ္ဖို႔၊ မဘသနဲ႔မဟနနဲ႔ ရန္တိုက္ေပးေနတာေတြ ရပ္ဖို႔စတဲ့ေၾ<ြကးေၾကာ္သံေတြနဲ႔ ရန္ကုန္၊ ဘားအံ၊ ေမာ္လၿမိဳင္၊ မိတၴီလာစတဲ့ ၿမိဳ႕ေတြမွာ ဆႏၵ ေဖာ္ထုတ္ၾကတာ ေတြ႕ရပါတယ္ဘုရား။ အဲဒီ ဆႏၵေဖာ္ထုတ္ပြဲေတြဟာ အရွင္ဘုရားနဲ႔ ပတ္သက္မႈ ရွိမလား၊ အဲဒီပြဲအတြက္ တစ္စံုတစ္ရာ စီစဥ္ ညႊန္ၾကားတာေတြမ်ားရွိမလား ဘုရား။
ဆရာေတာ္- ကိုယ္ကေတာ့ ဘာလုပ္ပါ၊ ညာလုပ္ပါလို႔ မညႊန္ၾကားဘူးေလ။ ကိုယ္က ကာယကံရွင္ျဖစ္ေန တာကိုး။ ဘာလုပ္မယ္ ညာလုပ္မယ္ဆိုရင္ေတာ့ ဘာလုပ္သင့္တယ္၊ ညာလုပ္သင့္တယ္ဆိုတဲ့ အႀကံÓဏ္ေတာ့ ေပးမွာေပါ့ကြာ။ အဲဒါေတြကေတာ့ ကိုယ္တစ္ပါးတည္း ခံစားေနရတာ မဟုတ္ဘူး။ အမ်ိဳးသားေရးသမားေတြအားလံုး၊ ဘာသာ သာသနာ ခ်စ္ျမတ္ႏိုးသူေတြ အားလံုး၊ ခံစားေနရ တာဆိုေတာ့ ရင္ဘတ္ခ်င္းတူေတာ့ ခံစားခ်က္ေတြ တူသြားတာေနမွာေပါ့။

ၿငိမ္း- အမ်ိဳးသားႏုိင္ငံေရးလုပ္တဲ့အတြက္ ပရိယတၱိနဲ႔ ပတ္သက္ၿပီးေတာ့ သာသနာေရးအတြက္ အလုပ္ ေတြမွာ ပ်က္ကြက္ရတာေတြ ရွိတယ္။ ဥပမာ၊ စာခ်ဖို႔ ပ်က္ကြယ္ရတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အမ်ိဳးသားႏုိင္ငံေရး လုပ္တဲ့အတြက္ တစ္ဘက္မွာ ပ်က္ကြက္ရတာေတြရွိတဲ့အတြက္ ေနာင္တရတာ ေတြရွိလား။ ဒါနဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ ပါသလဲဘုရား။
ဆရာေတာ္- စာခ်တာကေတာ့ ဝရမ္းေတြဘာေတြ ထုတ္ၿပီး တဲ့အခ်ိန္ပဲ ဦးဇင္းမွာပ်က္ကြက္မႈ ရွိတာေပါ့ေနာ္။ အရင္တုန္းကေတာ့ စာခ်မပ်က္၊ အလုပ္မပ်က္ဘဲ အမ်ိဳးသားေရး လုပ္ေနတာေပါ့။ အခုခ်ိန္၊ အခုကာလကေတာ့ အေရးႀကီးတဲ့ အခ်ိန္ ကာလျဖစ္ေနတဲ့အတြက္ေၾကာင့္ စာခ်တာဝန္ေတာ့ ေလ်ာ့သြားတာေပါ့ေလ။
သို႔ေသာ္လည္းပဲ ဦးဇင္းတို႔တိုက္က အေမရိကန္ အစိုးရထက္ကို ဖြဲ႕စည္းပံုက ခိုင္တာေပါ့။ ဦးဇင္းတင္ မကဘူး၊ မဟာနာယကသံုးပါးရွိတယ္။ သံုးပါးစလံုး ကိုယ့္တာဝန္နဲ႔ကိုယ္ ႏုိင္ငံျခားခရီးထြက္ေနတာတို႔၊ ကမၻာေအးေရာက္ေနတာတို႔၊ ျပည္တြင္းမွာ တျခား သာသနာေရးကိစၥ သြားေနတာတို႔ ႀကံဳရင္ မဟာနာယက သံုးပါးစလံုး တုိက္ထဲမရွိတာ ေတာင္မွ ပရိယတၱိယႏၲရားႀကီးက ပံုမွန္လည္ပတ္ ေနတာေပါ့ေနာ္။ အဲဒီအတြက္ ဦးဇင္းက တိုက္တာ အတြက္ ေၾကာင့္ၾကစရာမလိုလို႔၊ တိုက္တာက ဦးဇင္းမရွိရင္လည္းပဲ အားနည္းတာတို႔၊ ဟာသြား တာတို႔၊ လစ္ဟင္းသြားတာတို႔ မရွိဘူးေပါ့ေနာ္။

ၿငိမ္း- အရွင္ဘုရားကုိ ပုဒ္မ ၁၂၄ နဲ႔ စြဲထားတဲ့ အမႈကို ထြက္ၿပီးရင္ဆိုင္မယ္ဆိုေတာ့ ဘယ္အခ်ိန္မွာ ဘယ္လိုပံုစံနဲ႔ ရင္ဆိုင္မလဲဆိုတာလဲ အားလံုးက စိတ္ဝင္စားၾကပါတယ္ဘုရား။ အဲဒါကို ႀကိဳၿပီး မိန္႔လို႔ရမလား၊ ဒါမွမဟုတ္ ေစာင့္ၾကည့္ရမလား၊ အဲဒါေလးလည္း မိန္႔ၾကားေပးေစခ်င္ပါတယ္ ဘုရား။
ဆရာေတာ္- အဲဒါကေတာ့ သူတို႔စစ္ေဆးေရးကာလကလည္း မၿပီးေသးဘူးေလ။ အမႈအရလည္း အထဲမွာ ဘယ္ေလာက္ေနရမယ္ဆိုတာက မသိရေသးဘူးေလ။ အဲဒီအတြက္ ဦးဇင္းက ျပည္သူအားလံုးအတြက္၊ အမ်ိဳးသားေရးအင္အားစုေတြ အားလံုးအတြက္ေပါ့၊ မွာစရာရွိတာေတြ မွာတယ္၊ စီစဥ္စရာရွိတာေတြ စီစဥ္ခဲ့တယ္။ အဲဒါေတြအတြက္ ဦးဇင္းလည္း အလုပ္ေတြလုပ္ေနရတယ္။ ဦးဇင္း အားလံုးကို ျပည့္ျပည့္စံုစံု မွာၿပီးသြားၿပီ၊ သူတို႔ဘက္ ကလည္း ဘယ္ေန႔ဘယ္ရက္မွာ စီရင္ခ်က္ ခ်ေတာ့မယ္ဆိုတာကို သိရရင္ မိုးေပၚကေန ဘြားခနဲ ကိုယ္ထင္ျပေတာ့မွာပါဗ်ာ။

ၿငိမ္း- အရွင္ဘုရားရဲ႕ ေမြးေန႔မွာ ေသြးလွဴဒါန္းၾက တာေတြနဲ႔ ပတ္သက္ၿပီး အဆင္မေျပတာေတြ ေတြ႕ရ ႀကံဳရတာကိုလည္း ၾကားရပါတယ္ဘုရား။ ဒါနဲ႔ပတ္သက္ၿပီး ဘာမ်ားေျပာခ်င္ပါသလဲ ဘုရား။
ဆရာေတာ္- ေမြးေန႔ေသြးလွဴပြဲနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းေတြမွာပါေနတာက မျပည့္စံုဘူးေလ။ ဇြန္လ ၂၆ ရက္ေန႔တိုင္း ေသြးလွဴပြဲရွိတယ္လို႔ ေဆး႐ံုကို ဦးဇင္းက ရက္အေသ သတ္မွတ္ခိုင္းထားၿပီးသား။ ျပကၡဒိန္အသစ္ထြက္တာနဲ႔ ဒီႏွစ္ ဇြန္ ၂၆ ရက္ ေသြးလွဴျဖစ္ပါသလား၊ အတည္ျပဳပါမယ္ဆိုၿပီး အၿမဲတမ္း ေမးေနၾကပဲေလ။ ဦးဇင္းကလည္း အတည္ျဖစ္တယ္လို႔ အသိေပးေနၾကပဲ။
အဲဒီေန႔မွာ ဦးဇင္းနဲ႔ပတ္သက္တဲ့ ေသြးလွဴပြဲ လုပ္မယ္ဆိုတာက ျပကၡဒိန္အသစ္ ထြက္ကတည္း ကိုက သတ္မွတ္ၿပီးသား။ အဲဒါကို တစ္လႀကိဳၿပီး မတင္လို႔ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္ေတြက မွားေနတာေပါ့။ ဆယ္လ ႀကိဳတင္ထားတာေလ။ တစ္ႏွစ္ႀကိဳတင္ထား တာေလ။ အခုဟာက ေက်ာက္ဆည္မွာ မလုပ္ျဖစ္ဘူး၊ ေဆး႐ံုမွာပဲလုပ္မယ္ ဒါေလးပဲ ကြာသြားတာ။ ေက်ာက္ဆည္မွာလုပ္ရင္ သူတို႔ ေဆး႐ံုကားႀကီးနဲ႔ လာရဦးမယ္၊ အလုပ္ေတာင္ ႐ႈပ္ေသးတယ္ေလ။ ေဆး႐ံုမွာဆုိေတာ့ ထုိင္လ်က္ ေဖာက္ေပးလိုက္႐ံုပဲ။ ပိုေတာင္ သက္သာေသးတာ။ အဲဒါကို သူတို႔တစ္ေတြက တမင္အေၾကာင္းေတြ ျပတာေပါ့ေနာ္။
တကယ္တမ္း ေျပာရရင္ေတာ့ ႏုိင္ငံေရး အာဃာတ အင္မတန္ႀကီးမားတဲ့သူကို တုိင္းသူ ျပည္သားေတြက ေမတၱာရွင္ႀကီးသဖြယ္ ၾကည္ညိဳ ေနၾကတာ။ အဲဒီတုိင္းသူျပည္သားေတြက ဘုရားလို ကိုးကြယ္ေနၾကတဲ့ သူေတြက တကယ္တမ္း က်ေတာ့ အတၱသမားေတြ၊ အာဃာတသမားေတြ၊ စစ္အစိုးရထက္ကို အာဃာတႀကီးတဲ့သူေတြဆိုတာ ေပၚလြင္သြားတာ ေပါ့ကြာ။
ဘာေၾကာင့္ အဲဒီလိုေျပာရတာလဲဆိုရင္ စစ္အစိုးရ လက္ထက္မွာ ဘယ္ေခါင္းစဥ္နဲ႔လုပ္လုပ္ ေသြးရဖို႔ အဓိကပဲျဖစ္တဲ့ အတြက္ေၾကာင့္ ဆရာဝန္ေတြက ေသြးေဖာက္ေပးရတာပဲ။ အခုလည္း ဦးဇင္းကို ဝရမ္းထုတ္ထားတာေတြ ဘာေတြအသာထား ဦးဇင္းေမြးေန႔ အေၾကာင္းျပဳၿပီး ေသြးလာလွဴတယ္၊ သူတို႔ ေသြးယူရမွာပဲ။ စစ္အစိုးရလက္ထက္မွာေတာင္ ဘယ္ေခါင္းစဥ္နဲ႔ျဖစ္ျဖစ္၊ ေသြးလွဴတာကိုလက္ခံၿပီး ဒီမိုကေရစီအစိုးရ လက္ထက္ေရာက္မွပဲ ဝရမ္း ထုတ္ခံထားရတဲ့ ဘုန္းႀကီးတစ္ပါးရဲ႕ ေမြးေန႔အျဖစ္ လွဴတဲ့ေသြးကို လက္မခံႏုိင္ဘူးဆိုၿပီးေတာ့အေျပာ ခံရတာေပါ့။
နစ္နာတာ ဘယ္သူနစ္နာသလဲ။ ေသြးလိုအပ္တဲ့ လူနာေတြ၊ သူတို႔ေတြ အခက္အခဲျဖစ္သြားတာေပါ့။ အစိုးရ ကိုယ္တုိင္ကလည္းပဲ ေသြးကမေပးႏုိင္၊ ႏွစ္စဥ္ေသြးလွဴေနတာကိုလည္း ပိတ္ပင္ပစ္တယ္ ဆိုေတာ့ အင္မတန္ အကုသုိလ္ႀကီးတဲ့အလုပ္ကို လုပ္သြားတာေပါ့ကြာ။
တစ္ခုေကာင္းတာကေတာ့ ရန္ကုန္မွာလည္း ပံုမွန္ေသြးလွဴျဖစ္တယ္။ ၈၁ ပုလင္း ရတယ္။ မႏၲေလးမွာလည္း ဗဟိုအမ်ိဳးသမီးေဆး႐ံုႀကီးမွာ ေသြးလွဴျဖစ္တယ္။ သူက ၃၈ ပုလင္းရတယ္။ မႏၲေလးက လက္မခံလို႔ ျပင္ဦးလြင္သြားလွဴၾက ရတယ္။ အဲဒီမွာ ၁၄၅ ပုလင္း ရတယ္။ အားလံုး ေပါင္းလိုက္လို႔ရွိရင္ သံုးရာနီးပါး ျဖစ္သြားတာေပါ့။ ဘာပဲျဖစ္ျဖစ္ ႏုိင္ငံေရး အခက္အခဲေတြ ၾကားထဲ ေနၿပီးေတာ့ လူနာရွင္ေတြ လူနာေတြထံ ေသြး ေရာက္ေအာင္ မနည္း ႐ုန္းကန္ခဲ့ရတာေတာ့ ေမြးေန႔အတြက္ အမွတ္တရ ျဖစ္သြားတာေပါ့ကြာ။

ၿငိမ္း- ဒီတစ္ပတ္အတြက္ ၾသဝါဒလည္း မိန္႔ၾကား ေပးပါဦးဘုရား။
ဆရာေတာ္- မေန႔ကတုန္းက (ဇူလိုင္လ ၅ ရက္ေန႔က) ဘားအံ၊ ေမာ္လၿမိဳင္၊ ထားဝယ္၊ ရန္ကုန္၊ မိတၳီလာ စတဲ့ၿမိဳ႕ႀကီး ၅ ခုမွာ တူညီတဲ့ ေၾ<ြကးေၾကာ္သံေတြနဲ႔ ဆႏၵေတြ ထုတ္ေဖာ္သြားၾကတာ အင္မတန္အားရစရာ ေကာင္းပါတယ္။ ဆရာေတာ္ သံဃာေတာ္ႀကီး ေတြရဲ႕ ဦးေဆာင္မႈေအာက္က ေနၿပီးေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ေျဖာင့္ေျဖာင့္တန္းတန္း အၿမဲတန္း လိုက္ပါၾကပါ။
တကယ္တမ္း ေျပာရမယ္ဆိုရင္ေတာ့ ကုန္ေစ်းႏႈန္းေတြႀကီးတဲ့ ကိစၥ၊ ေမြးစားဥပေဒ ျပ႒ာန္းဖို႔လုပ္တဲ့ ကိစၥ၊ မီတာခတိုးျမႇင့္တဲ့ကိစၥ အစရွိသည္ေၾကာင့္ တုိင္းရင္းသားျပည္သူေတြဟာ အခက္အခဲမ်ိဳးစံုနဲ႔ အစိုင္အခဲမ်ိဳးစံု ခံစားေနရ တာေလ။ အဲဒီေတာ့ ဒီျပည္သူေတြအားလံုး တညီ တညြတ္တည္း တၿပိဳင္တည္းမလွ်င္ ၾကြႏုိင္ပါသည္ လို႔ခံယူၿပီး ၾကြေအာင္ၿပိဳင္တူမၾကပါလို႔ တိုက္တြန္း လိုက္ပါတယ္။

“ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ်”

(ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၁)၊ 12.7.2019)

ဒီအင်တာဗျူးဟာ ဆရာတော်ဦးဝီရသူရဲ့ အိမ်နိမ့်စံနေ့ရက်များအတွင်း ပြုလုပ်ထားတဲ့ သုံးခုမြောက်အင်တာဗျူး ဖြစ်ပါတယ်။ ဆရာတော်က အချိန်ရရင် ရသလို ဆက်သွယ်ပြီး ပြုလုပ်ရတဲ့အင်တာဗျူးများဖြစ်တဲ့အတွက် အင်တာဗျူးတွေဟာ အချိတ်အဆက်မဲ့တာ၊ တစ်စစီပြန့်ကျဲနေတာမျိုးတွေလည်း ဖြစ်နေနိုင်ပါတယ်။
တိမ်းရှောင်နေရတဲ့ကြားကပဲ ပြည်ချစ်သားဂျာနယ်အတွက် သတိတရနဲ့ အင်တာဗျူး ပြုလုပ်ခွင့်ပေးတဲ့ ဆရာတော်ရဲ့ စာဖတ်သူတွေအပေါ်မှာထားတဲ့စေတနာနဲ့ ဂျာနယ်အပေါ်မှာထားတဲ့ စာပေချစ်စိတ်ကိုလည်း အထင်းသား မြင်ရနိုင်ပါတယ်။ ဆရာတော် အားလုံးနဲ့ ရုတ်တရက်အဆက်အသွယ်ပြတ်သွားချိန်မှာ ဒီအင်တာဗျူးတွေဆီက ဆရာတော်ပေးတဲ့ သတင်းစကားကို ကောင်းစွာကြားရပြီး ဆရာတော်ဖောက်တဲ့ အမျိုးသားနိုင်ငံရေးလမ်းမပေါ်ကို ရဲရဲလျှောက်နိုင်ကြစေဖို့ ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ်။

ငြိမ်း- ပထမဆုံး မေးခွန်းကတော့ ဇွန်လ ၂၅ ရက်နေ့မှာပဲ သာသနာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မဟနက အာဏာစက်နဲ့ အရေးယူပြီးမှသာလျှင် ဓမ္မစက်နောက်ကလိုက်မယ်လို့ ဆိုပါတယ်ဘုရား။ ဆရာတော့်အနေနဲ့ ဘာများဆက်လုပ်ဖို့ စီစဉ်ထားပါသလဲဘုရား။
ဆရာတော်- ဓမ္မစက်ကို မထေမဲ့မြင်ပြုတာ ဒီမိုကရေစီ ခေတ်ကျမှပဲ ကြုံဖူးတာပေါ့လေ။ ဆရာတော်ကြီး တွေက ထပ်ခေါ်ယူမယ်ပြောပြီး မခေါ်ဖြစ်တဲ့အခါ ကျတော့ ရင်ဆိုင်ရုံပေါ့ကွာ။ ဆရာတော်ကြီးတွေက ကာယကံရှင်ဖြစ်တဲ့ ဦးဇင်းဆီကို စာပို့ရမယ့် တာဝန် ရှိတယ်။ အခုချိန်ထိ စာမပို့ဘဲ ထားတာတော့ မကောင်းဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အရင် တစ်ခါတုန်းကလည်း ရက်ရွှေ့ဆိုင်းတယ်ဆိုပြီး ကြေညာချက်ထုတ်တယ်၊ ဦးဇင်းဆီကိုလည်း စာပို့တယ်လေ။ အခုကျတော့ အစည်းအဝေး ဆုံးဖြတ်ချက်က ဒီလို..ဒီလိုပဲ ကြေညာချက် တွေ့ရတယ်။ အာဏာစက်နဲ့ အရင် ရင်ဆိုင်ပါဆိုတဲ့ ညွန်ကြားလွှာတော့ လုပ်ထုံးလုပ်နည်းအရဆိုရင် ထုတ်ပေးရမှာပေါ့။ အဲဒီတစ်ခုလေး ဆရာတော်ကြီး တွေဘက်က လိုအပ်တာ။

ငြိမ်း- အရှင်ဘုရားက ပုဒ်မ ၁၂၄-ကနဲ့ တရား စွဲဆိုတဲ့အမှုကို ရင်ဆိုင်မယ်ဆိုတော့ လက်ရှိ အချိန်မှာ တရားလိုပြသက်သေ ၉ ဦးထဲက ၆ ဦးတောင် စစ်ပြီးသွားပြီပေါ့ဘုရား။ ကျန်တဲ့ ၃ ဦး ကလည်း ဇူလိုင် ၉ ရက်နေ့မှာ စစ်မယ်လို့ သိရပါတယ်။ အခု အချိန်အထိ အရှင်ဘုရားက ရှောင်တိမ်းနေရဆဲဆိုတော့ အရှင်ဘုရားဘက်က နစ်နာမှု မရှိနိုင်ဘူးလား ဘုရား။
ဆရာတော်- မရှိပါဘူးကွာ။ ဒီအစိုးရကတော့ဘယ်လောက် အထိအောင် ကိုယ့်ဘက် သက်သေသက္ကာယနဲ့ ချေပချေပ သူကတော့ ဘယ်လောက်ထိ ချပေးပါ ဆိုတဲ့ အမိန့်ကြီးကတော့ ညွှန်ကြားပြီးသား ဖြစ်မှာပါ။ လူတွေကတော့ မှတ်တမ်းကျန်အောင် ရင်ဆိုင်စေချင်တာပေါ့။ ဦးဇင်းကျတော့လည်းပဲ ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ ကိုင်တွယ်ဖို့ လုပ်ထားတာကို သူတို့တွေက အတင်းကျော်ခွ ပြီးတော့ အာဏာစက်နဲ့ကိုင်ဖို့လုပ်တယ်၊ ဓမ္မစက်၊ အာဏာစက် ဘယ်ဟာ ဘယ်လိုကိုင်ရမယ် အဆုံးအဖြတ်ဖြင့် မရသေးဘူး မျက်ကွယ်မှာ တရားစီရင်တယ်ဆိုတော့ ဒီမိုကရေစီခေတ်ရဲ့ တရားစီရင်မှုကို ဦးဇင်းဘက်က အယုံအကြည် မရှိဘူးပေါ့ကွာ။
စစ်အစိုးရလက်ထက်က တရားသူကြီးတွေက အထက်အမိန့် အာဏာအရ အလုပ်လုပ်ခဲ့ရပြီး တရားသူကြီးတွေဆီကိုလည်း အိတ်ပိတ်စာအိတ်တွေ ရောက်လာတတ်တယ်။ အိတ်ပိတ်စာအိတ်ဆိုတာ တရားသူကြီးဆီကို အစိုးရက ဘယ်သူ့ကိုဘယ်လိုဆို ရေးထားတဲ့ဟာပေါ့။ စစ်အစိုးရလက်ထက်က တရားသူကြီးတွေရဲ့ Óဏ်ပညာနဲ့ ဆင်ခြင်တုံ တရားထက် စာအိတ်ထဲပါတဲ့ဟာကို ဖတ်ပြနေရတဲ့ အဆင့်ကိုရောက်ခဲ့တာတာပေါ့။ အခုရော ဘာကွာ သလဲ၊ ဦးဇင်းအမြင်မှာတော့ သိပ်မထူးလှဘူးလို့ ယူဆတယ်။ အဲဒါကြောင့် ဒီအစိုးရလက်ထက် တရားစီရင်ရေးကို အယုံအကြည်မရှိတဲ့ အတွက် ကြောင့် ဦးဇင်းက ခုခံချေပဖို့ စိတ်ကူးမရှိပါဘူး။

ငြိမ်း- တရားလို အနောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးဦးစန်းမင်းက မြိတ်မှာ ဟောပြော ခဲ့စဉ်က ဟောပြောချက်တွေကို သက်သေအဖြစ် တင်သွင်းတာ တွေ့ပါတယ်ဘုရား။ ရဟန်းတစ်ပါး အနေနဲ့ သင့်တော်မှုမရှိတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေကို ဟောပြောတယ်၊ အမုန်းပွားစေဖို့ လှုံ့ဆော်ဟောပြောပြီး အစိုးရကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ မြိတ်က ဟောပြောမှု ဗီဒီယိုမှတ်တမ်းကို တရားရုံးမှာ တင်သွင်းတာပါဘုရား။ အဲဒါနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲဘုရား။
ဆရာတော်- အစိုးရကတော့ ဖိအားအရ အလုပ်လုပ်နေတဲ့ အချိန်ကိုး။ စာနယ်ဇင်းတွေက ဖိအားပေးနေရင် သူ့ခမျာ ပြာနေတာကိုး။ စာနယ်ဇင်းတွေက ဘယ်လို နှပ်ကြောင်းပေးထားမှန်းမသိဘူး။ မြိတ်မှာ ဟောတာ မှန်တယ်လေ။ ရည်ညွှန်းရာ ပုဂ္ဂိုလ်ကို ရည်ရွယ်တာမှန်တယ်လေ။ ဒါပေမယ့် ဌာနအမည်တို့၊ အဖွဲ့အစည်းအမည်တို့ တိုက်ရိုက်သုံးစွဲမှုမရှိရင် ဥပဒေနဲ့ မငြိစွန်းဘူး။ အဲဒါ ဘောင်ထဲကပြောတယ် လို့ ခေါ်တယ်။ အဲဒီလိုဘောင်ထဲကပြောတာတွေဟာ စစ်အစိုးရ လက်ထက်မှာတောင် ရှိတယ်။
အဲဒါကြောင့်မို့ သူတို့တတွေက ဒီစကားကြီး ကတော့ ဘယ်သူ့ကို ပြောတာပါ၊ ဒီစကားကြီး ကတော့ ဘယ်ဝါကိုပြောတာပါ ဆိုပြီး ဘေးတီး ရန်တိုက်ပေးနေကြတာကို မခံနိုင်ဘဲနဲ့ အတင်း စွဲချင် ပြုချင် ထောင်ချချင်နေတာဖြစ်မယ်။

ငြိမ်း- အရှင်ဘုရားကို ဖမ်းဆီးဖို့ လုပ်နေတာကတော့ အမှုတည်ဆောက်နေပါတယ်လို့ စပြီးပြောတဲ့ သာသနာရေးဝန်ကြီးဌာနက လုပ်နေတယ်လို့ပြောလို့ ရမယ်ထင်ပါတယ်။ အဲဒီ သာသနာရေးဝန်ကြီး ဌာနကပဲ ဇွန်လ ၂၇ ရက်နေ့မှာ အချက်၂၇ ချက်ပါတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန် ခဲ့တာ တွေ့ရပါတယ်။ အဲဒီထဲက အမှတ်စဉ် ၂၂ မှာ အရှင်ဘုရား(ဦးဝီရသူ)နဲ့ ပတ်သက်ပြီး ရေးသားထားတာပေါ့ ဘုရား။ အဲဒီမှာ သတင်းမှားတွေကို အခြေခံပြီးတော့ ထုတ်ပြန် ကြေညာထားတာပါ ဘုရား။ ”ဒေါ်ခင်ဝိုင်းကြည် သမ္မတမဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်”ဆိုတဲ့ သတင်းမျိုးပေါ့ဘုရား။ ဒါဟာသတင်းမှား တွေမှန်း လူတိုင်းသိနေတဲ့ ကိစ္စပဲဘုရား။ ပြောချင်တာက အစိုးရရဲ့ ဝန်ကြီးဌာန တစ်ခုက ထုတ်ပြန်တဲ့ကြေညာချက်မှာ သတင်း အမှားတွေ သုံးပြီးတော့ အရှင်ဘုရားကို သိက္ခာ ကျစေနိုင်တဲ့ အကြောင်းအရာတွေ ထုတ်ပြန် တာနဲ့ ပတ်သက်ပြီးတော့ ဘာများမိန့်ကြားချင် ပါသလဲ ဘုရား။
ဆရာတော်- အဲဒီအတွက်တော့ အတော်လေးစိတ်ပျက် မိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတု တွေလုပ်ပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကြတဲ့ သူတွေ ထိရောက်တာကိုလည်းတွေ့ရတာပေါ့။ ဖေ့ဘုတ်စ် သုံးစွဲကာစ တောသူတောင်သား၊ အခြေခံလူတန်းစားတွေ တွေ့ရုံနဲ့တန်းလက်ခံ သွားကြတာကိုး။ မြန်မာပြည် အုပ်ချုပ်နေတဲ့ အစိုးရဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုဖြစ်တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကပါ ဖေ့ဘုတ်စ်မှာရှိတဲ့ သတင်းတုတွေကိုအမှန်ထင်ပြီး သုံးစွဲနေကြတယ် ဆိုတာကိုတွေ့ရတော့ စိတ်မကောင်းဘူးပေါ့ကွာ။
ဘယ်သူက ဘယ်အဆင့်ရှိတယ် ဆိုတာ ပေါ်လွင်သွားတာပေါ့။ အဲဒီအတွက်ကတော့ ဦးဇင်းမှာလည်း စုဆောင်းထားပြီးသားတွေ ရှိပါတယ်။ ဘာပဲပြောပြော ကိုယ့်တာဝန် ကိုယ်ယူရမှာ၊ ကိုယ့်လုပ်ရပ် ကိုယ်ဖြေရှင်းရမှာ။ ဒီသတင်းမှားတွေနဲ့ ကြေညာချက်ထုတ်ပြီး အပုပ်ချတဲ့ ကိစ္စတော့ ဝန်ကြီးကိုယ်တိုင်ပဲ တစ်ချိန်မှာ ဖြေရှင်းရလိမ့်မယ်။

ငြိမ်း- ဒီအစိုးရလက်ထက်မှာ တရားစွဲတာတွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်ချက်တစ်ခု ရှိပါတယ်။ သူတို့ ကြောက်တဲ့သူတွေကို တရားစွဲတယ်၊ မကြောက်တဲ့သူကို မစွဲဘူးပေါ့ဘုရား။ မကြောက်တဲ့ သူတွေ၊ သူတို့အတွက် အန္တရာယ်မရှိဘူးလို့ ထင်တဲ့သူတွေ ဘာပဲပြောပြော တရားမစွဲဘူးဘုရား။ အရှင်ဘုရားပြောတာထက် အဆပေါင်းများစွာ ကြမ်းတဲ့သူတွေကိုလည်း လွှတ်ထားတာတွေရှိတယ် လို့ ဆိုတယ်ဘုရား။ အရှင်ဘုရားကိစ္စဆိုရင်လည်း စွဲလည်းရတယ်၊ မစွဲလည်းရတယ်၊ မဟနကို လွှဲပေးလည်းရရဲ့သားနဲ့ အစိုးရကိုယ်တိုင် တရားလို လုပ်ပြီးစွဲတာဟာ သူတို့က ကြောက်ရလို့၊ သူတို့ အတွက် အရှင်ဘုရားက အန္တရာယ်ရှိလို့ ဆိုတဲ့ သုံးသပ်ချက်နဲ့ ပတ်သက်ပြီးတော့ အရှင်ဘုရား အနေနဲ့ ဘာပြောစရာရှိမလဲဘုရား။
ဆရာတော်- ဦးဇင်းနဲ့ ပတ်သက်လို့ကတော့ သူတို့ အတွက်တင် အန္တရာယ်ရှိတာ မဟုတ်ဘူး၊ သူတို့ အမျိုးတွေ အတွက်ပါ အန္တရာယ် ရှိတာပေါ့။ ဦးဇင်းဟောသမျှ ပြောသမျှတွေ အောင်မြင်လာတာနဲ့အမျှ သူတို့ ထောက်ခံမှုတွေ ကျဆင်းတယ်။ အဲဒီအတွက် ဦးဇင်းကို အန္တရာယ် အဖြစ် ရှုမြင်တာပါ။ သူတို့တတွေက ဦးဇင်း ဟောလို့ ပြောလို့ ထောက်ခံမှု ကျဆင်းသွားတဲ့အခါ အာဏာလက်လွှတ်ဖြစ်သွားခဲ့သော် သူတို့ အမျိုးတွေရဲ့ ရေရှည်စီမံကိန်းကြီးက ပျက်စီးသွား နိုင်တာပေါ့။ အဲဒီတော့ နှစ်ခုစလုံးအတွက် အန္တရာယ်ကို ကြိုရှင်းတဲ့ သဘောပါပဲ။
နောက်တစ်ခုကတော့ ကျူပင်ခုတ် ကျူငုတ် မကျန်ပေါ့။ ဖေ့ဘုတ်စ်ဆိုရင်လည်း ဦးဇင်းမှာ အခု အကောင့် သတ်သတ်မှတ်မှတ် မရှိတော့ဘူး။ သူတို့နဲ့ ယှဉ်ပြိုင်ပြီး စကားပြောဆိုခွင့်မရတော့ဘူး။ တရားဟောခွင့်လည်း အပိတ်ခံခဲ့ရတယ်။ တရား ဟောခွင့်ပြန်လည်ရရှိတဲ့ အချိန်ကျပြန်တော့လည်း တိုင်းအထိတင်ရမယ်တို့ ဘာတို့ညာတို့နဲ့ အထပ်ထပ် ကြန့်ကြာအောင် လုပ်တယ်၊ တိုင်းအထိ တင်ပြန်တော့လည်း ဟိုအမတ်က ဖိအားပေးပြီး ဖျက်ခိုင်း၊ ထွေအုပ်က လက်မခံရဲဘူးဆိုပြီး ပယ်ချနဲ့ ဒီမိုကရေစီအစိုးရက ဒီမိုကရေစီနည်းကျ ဝေဖန်တာကို မခံရဲတဲ့ဘဝကို ရောက်သွားတာပေါ့။
အမျိုးသားရေးအကောင့်တွေကို ဖေ့ဘုတ်စ်က ဖြုတ်တယ်၊ နိုင်ငံရေးအကောင့်တွေကို ဖေ့ဘုတ်စ်က ဖြုတ်နေပြီ၊ ၂ဝ၂ဝ ရွေးကောက်ပွဲ မတိုင်ခင် ထိုးထိုးထောင်ထောင်ထွက်နေတဲ့ ဝေဖန်ရေး စာရေးဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ အမျိုးသားရေးသမားတွေကတော့ အပြတ်ရှင်း ဒီမိုကရေစီနဲ့ တွေ့သွားမှာပဲလေ။ အဲဒီတော့ ၂ဝ၂ဝအတွက် ပြိုင်ဘက်တွေကို စင်ပေါ်တက် မရအောင် အပျက်ရှင်းပြီးတော့ ပြိုင်ဘက်ကင်း သရဖူကို ထပ်ဆောင်းမယ့် သဘောပေါ့ကွာ။

ငြိမ်း- အရှင်ဘုရားကိုယ်တိုင်က ပုဒ်မ ၁၂၄နဲ့ တရား စွဲဆိုခံနေရချိန်မှာပဲ တစ်ဘက်မှာ အရှင်ဘုရားနဲ့ ပတ်သက်ပြီး ကိုကျော်မျိုးဆွေက ကိုဆွေဝင်းကို ၆၆(ဃ)နဲ့ တရားဆွဲဆိုထားတဲ့အမှုကို မြို့နယ် တရားရုံးက ပလပ်လိုက်တာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။
ဆရာတော်- အဲဒီကိစ္စမှာ သူတို့တတွေက ဆိုင်ရာပိုင်ရာ ချဉ်းကပ်နိုင်ခဲ့ကြဟန် တူတယ်လေ။ အဲဒီတော့ နစ်နာသူ (ဦးဝီရသူ) မရှိတဲ့အချိန်မှာ အခွင့်အရေး ကို အမိအရ အသုံးချပြီး အကွက်လှလှလေး ကစား သွားတဲ့ ပုံပဲ။ ဒီအတွက်ကတော့ သိပ်ဝမ်းနည်စရာ မရှိပါဘူး။

ငြိမ်း- ဥပဒေက တဖက်စောင်းနင်းဖြစ်နေတယ်လို့ ထင်သလား ဒါမှမဟုတ် မညီမျှဘူးလို့ ထင်လား။ ဒီအပေါ်မှာ ဘယ်လို ခံစားရပါသလဲ။
ဆရာတော်- ဥပဒေက မညီမျှဘူးလို့ ခံစားရတာကတော့ ဒီအစိုးရ တက်ကတည်းကပဲလေ။ ဥပမာ ဆိုကြပါစို့၊ တရားပွဲပိတ်တာက အဆင့်ကျော် ပြီးတော့ ပိတ်သွားတာလေ။ ရွှေညဝါတို့ဆိုရင် ဓမ္မစက်နဲ့ကိုင်တွယ်တာတောင်မှ စိတ်ရှည် လက်ရှည် အကြာကြီးခေါ်ပြီး ဆုံးမ၊ မရတဲ့အဆုံးမှ ပိတ်လိုက်တာလေ။ ဦးဇင်းကျတော့ ဘာမပြော ညာမပြောနဲ့ ကာယကံရှင်တောင်မသိဘူး ပိတ်ချ လိုက်တာ။ ကျန်တာတွေလည်း အများကြီး ပေါ့ကွာ၊ မန္တလေး သပိတ်စခန်းကိစ္စတို့၊ တခြား ကိစ္စတွေလည်း ရှိပါသေးတယ်။
အခုနောက်ဆုံး မိုက်ကယ်ကျော်မြင့်တို့ ကိစ္စတို့၊ ဦးဇင်းနဲ့ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ပွဲမှာ ဓာတ်ပုံရိုက်တဲ့ ကင်မရာဆရာနှစ်ယောက်ဖြစ်တဲ့ ကိုဝင်းမော်နဲ့ ဝီရတေဇောဆိုတဲ့ ဦးဇင်းတစ်ပါးကို ငြိမ်းစုစီနဲ့ တရားစွဲပြီး ဒဏ်ငွေတောင်မဟုတ်ဘူး၊ ထောင်ချဖို့လုပ်နေတဲ့ကိစ္စ… ဒါတွေ အကုန်လုံး ကြည့်မယ်ဆိုရင် စစ်တစ်ပိုင်းအရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရကမှ တရားမျှတမှုကို လိုက်နာသေးတယ်၊ တရားဥပဒေ စိုးမိုးရေးလို့ ပြောသာသေးတယ်၊ တကယ် တရားဥပဒေစိုးမိုးရေး ကြွေးကြော်ခဲ့တဲ့၊ မျှတမယ်လို့ ယုံကြည်ရတဲ့ ဒီအစိုးရလက်ထက်ရောက်တဲ့အခါကျမှ ကပြောင်း ကပြန်တွေ ဖြစ်ကုန်တော့တာပါပဲ။

ငြိမ်း- ဇူလိုင် ၅ ရက်ကပဲ အမျိုးသားရေးပုဂ္ဂိုလ် များ မတရားဖမ်းဆီးနေမှု ရပ်တန့်ဖို့၊ ဗုဒ္ဓ ဘာသာကို အထင်လွဲအောင် လုပ်နေတာတွေ ရပ်ဖို့၊ မဘသနဲ့မဟနနဲ့ ရန်တိုက်ပေးနေတာတွေ ရပ်ဖို့စတဲ့ေြ<ွကးကြော်သံတွေနဲ့ ရန်ကုန်၊ ဘားအံ၊ မော်လမြိုင်၊ မိတ္ထီလာစတဲ့ မြို့တွေမှာ ဆန္ဒ ဖော်ထုတ်ကြတာ တွေ့ရပါတယ်ဘုရား။ အဲဒီ ဆန္ဒဖော်ထုတ်ပွဲတွေဟာ အရှင်ဘုရားနဲ့ ပတ်သက်မှု ရှိမလား၊ အဲဒီပွဲအတွက် တစ်စုံတစ်ရာ စီစဉ် ညွှန်ကြားတာတွေများရှိမလား ဘုရား။
ဆရာတော်- ကိုယ်ကတော့ ဘာလုပ်ပါ၊ ညာလုပ်ပါလို့ မညွှန်ကြားဘူးလေ။ ကိုယ်က ကာယကံရှင်ဖြစ်နေ တာကိုး။ ဘာလုပ်မယ် ညာလုပ်မယ်ဆိုရင်တော့ ဘာလုပ်သင့်တယ်၊ ညာလုပ်သင့်တယ်ဆိုတဲ့ အကြံÓဏ်တော့ ပေးမှာပေါ့ကွာ။ အဲဒါတွေကတော့ ကိုယ်တစ်ပါးတည်း ခံစားနေရတာ မဟုတ်ဘူး။ အမျိုးသားရေးသမားတွေအားလုံး၊ ဘာသာ သာသနာ ချစ်မြတ်နိုးသူတွေ အားလုံး၊ ခံစားနေရ တာဆိုတော့ ရင်ဘတ်ချင်းတူတော့ ခံစားချက်တွေ တူသွားတာနေမှာပေါ့။

ငြိမ်း- အမျိုးသားနိုင်ငံရေးလုပ်တဲ့အတွက် ပရိယတ္တိနဲ့ ပတ်သက်ပြီးတော့ သာသနာရေးအတွက် အလုပ် တွေမှာ ပျက်ကွက်ရတာတွေ ရှိတယ်။ ဥပမာ၊ စာချဖို့ ပျက်ကွယ်ရတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အမျိုးသားနိုင်ငံရေး လုပ်တဲ့အတွက် တစ်ဘက်မှာ ပျက်ကွက်ရတာတွေရှိတဲ့အတွက် နောင်တရတာ တွေရှိလား။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင် ပါသလဲဘုရား။
ဆရာတော်- စာချတာကတော့ ဝရမ်းတွေဘာတွေ ထုတ်ပြီး တဲ့အချိန်ပဲ ဦးဇင်းမှာပျက်ကွက်မှု ရှိတာပေါ့နော်။ အရင်တုန်းကတော့ စာချမပျက်၊ အလုပ်မပျက်ဘဲ အမျိုးသားရေး လုပ်နေတာပေါ့။ အခုချိန်၊ အခုကာလကတော့ အရေးကြီးတဲ့ အချိန် ကာလဖြစ်နေတဲ့အတွက်ကြောင့် စာချတာဝန်တော့ လျော့သွားတာပေါ့လေ။
သို့သော်လည်းပဲ ဦးဇင်းတို့တိုက်က အမေရိကန် အစိုးရထက်ကို ဖွဲ့စည်းပုံက ခိုင်တာပေါ့။ ဦးဇင်းတင် မကဘူး၊ မဟာနာယကသုံးပါးရှိတယ်။ သုံးပါးစလုံး ကိုယ့်တာဝန်နဲ့ကိုယ် နိုင်ငံခြားခရီးထွက်နေတာတို့၊ ကမ္ဘာအေးရောက်နေတာတို့၊ ပြည်တွင်းမှာ တခြား သာသနာရေးကိစ္စ သွားနေတာတို့ ကြုံရင် မဟာနာယက သုံးပါးစလုံး တိုက်ထဲမရှိတာ တောင်မှ ပရိယတ္တိယန္တရားကြီးက ပုံမှန်လည်ပတ် နေတာပေါ့နော်။ အဲဒီအတွက် ဦးဇင်းက တိုက်တာ အတွက် ကြောင့်ကြစရာမလိုလို့၊ တိုက်တာက ဦးဇင်းမရှိရင်လည်းပဲ အားနည်းတာတို့၊ ဟာသွား တာတို့၊ လစ်ဟင်းသွားတာတို့ မရှိဘူးပေါ့နော်။

ငြိမ်း- အရှင်ဘုရားကို ပုဒ်မ ၁၂၄ နဲ့ စွဲထားတဲ့ အမှုကို ထွက်ပြီးရင်ဆိုင်မယ်ဆိုတော့ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်မလဲဆိုတာလဲ အားလုံးက စိတ်ဝင်စားကြပါတယ်ဘုရား။ အဲဒါကို ကြိုပြီး မိန့်လို့ရမလား၊ ဒါမှမဟုတ် စောင့်ကြည့်ရမလား၊ အဲဒါလေးလည်း မိန့်ကြားပေးစေချင်ပါတယ် ဘုရား။
ဆရာတော်- အဲဒါကတော့ သူတို့စစ်ဆေးရေးကာလကလည်း မပြီးသေးဘူးလေ။ အမှုအရလည်း အထဲမှာ ဘယ်လောက်နေရမယ်ဆိုတာက မသိရသေးဘူးလေ။ အဲဒီအတွက် ဦးဇင်းက ပြည်သူအားလုံးအတွက်၊ အမျိုးသားရေးအင်အားစုတွေ အားလုံးအတွက်ပေါ့၊ မှာစရာရှိတာတွေ မှာတယ်၊ စီစဉ်စရာရှိတာတွေ စီစဉ်ခဲ့တယ်။ အဲဒါတွေအတွက် ဦးဇင်းလည်း အလုပ်တွေလုပ်နေရတယ်။ ဦးဇင်း အားလုံးကို ပြည့်ပြည့်စုံစုံ မှာပြီးသွားပြီ၊ သူတို့ဘက် ကလည်း ဘယ်နေ့ဘယ်ရက်မှာ စီရင်ချက် ချတော့မယ်ဆိုတာကို သိရရင် မိုးပေါ်ကနေ ဘွားခနဲ ကိုယ်ထင်ပြတော့မှာပါဗျာ။

ငြိမ်း- အရှင်ဘုရားရဲ့ မွေးနေ့မှာ သွေးလှူဒါန်းကြ တာတွေနဲ့ ပတ်သက်ပြီး အဆင်မပြေတာတွေ တွေ့ရ ကြုံရတာကိုလည်း ကြားရပါတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ ဘုရား။
ဆရာတော်- မွေးနေ့သွေးလှူပွဲနဲ့ ပတ်သက်ပြီးတော့ သတင်းတွေမှာပါနေတာက မပြည့်စုံဘူးလေ။ ဇွန်လ ၂၆ ရက်နေ့တိုင်း သွေးလှူပွဲရှိတယ်လို့ ဆေးရုံကို ဦးဇင်းက ရက်အသေ သတ်မှတ်ခိုင်းထားပြီးသား။ ပြက္ခဒိန်အသစ်ထွက်တာနဲ့ ဒီနှစ် ဇွန် ၂၆ ရက် သွေးလှူဖြစ်ပါသလား၊ အတည်ပြုပါမယ်ဆိုပြီး အမြဲတမ်း မေးနေကြပဲလေ။ ဦးဇင်းကလည်း အတည်ဖြစ်တယ်လို့ အသိပေးနေကြပဲ။
အဲဒီနေ့မှာ ဦးဇင်းနဲ့ပတ်သက်တဲ့ သွေးလှူပွဲ လုပ်မယ်ဆိုတာက ပြက္ခဒိန်အသစ် ထွက်ကတည်း ကိုက သတ်မှတ်ပြီးသား။ အဲဒါကို တစ်လကြိုပြီး မတင်လို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေက မှားနေတာပေါ့။ ဆယ်လ ကြိုတင်ထားတာလေ။ တစ်နှစ်ကြိုတင်ထား တာလေ။ အခုဟာက ကျောက်ဆည်မှာ မလုပ်ဖြစ်ဘူး၊ ဆေးရုံမှာပဲလုပ်မယ် ဒါလေးပဲ ကွာသွားတာ။ ကျောက်ဆည်မှာလုပ်ရင် သူတို့ ဆေးရုံကားကြီးနဲ့ လာရဦးမယ်၊ အလုပ်တောင် ရှုပ်သေးတယ်လေ။ ဆေးရုံမှာဆိုတော့ ထိုင်လျက် ဖောက်ပေးလိုက်ရုံပဲ။ ပိုတောင် သက်သာသေးတာ။ အဲဒါကို သူတို့တစ်တွေက တမင်အကြောင်းတွေ ပြတာပေါ့နော်။
တကယ်တမ်း ပြောရရင်တော့ နိုင်ငံရေး အာဃာတ အင်မတန်ကြီးမားတဲ့သူကို တိုင်းသူ ပြည်သားတွေက မေတ္တာရှင်ကြီးသဖွယ် ကြည်ညို နေကြတာ။ အဲဒီတိုင်းသူပြည်သားတွေက ဘုရားလို ကိုးကွယ်နေကြတဲ့ သူတွေက တကယ်တမ်း ကျတော့ အတ္တသမားတွေ၊ အာဃာတသမားတွေ၊ စစ်အစိုးရထက်ကို အာဃာတကြီးတဲ့သူတွေဆိုတာ ပေါ်လွင်သွားတာ ပေါ့ကွာ။
ဘာကြောင့် အဲဒီလိုပြောရတာလဲဆိုရင် စစ်အစိုးရ လက်ထက်မှာ ဘယ်ခေါင်းစဉ်နဲ့လုပ်လုပ် သွေးရဖို့ အဓိကပဲဖြစ်တဲ့ အတွက်ကြောင့် ဆရာဝန်တွေက သွေးဖောက်ပေးရတာပဲ။ အခုလည်း ဦးဇင်းကို ဝရမ်းထုတ်ထားတာတွေ ဘာတွေအသာထား ဦးဇင်းမွေးနေ့ အကြောင်းပြုပြီး သွေးလာလှူတယ်၊ သူတို့ သွေးယူရမှာပဲ။ စစ်အစိုးရလက်ထက်မှာတောင် ဘယ်ခေါင်းစဉ်နဲ့ဖြစ်ဖြစ်၊ သွေးလှူတာကိုလက်ခံပြီး ဒီမိုကရေစီအစိုးရ လက်ထက်ရောက်မှပဲ ဝရမ်း ထုတ်ခံထားရတဲ့ ဘုန်းကြီးတစ်ပါးရဲ့ မွေးနေ့အဖြစ် လှူတဲ့သွေးကို လက်မခံနိုင်ဘူးဆိုပြီးတော့အပြော ခံရတာပေါ့။
နစ်နာတာ ဘယ်သူနစ်နာသလဲ။ သွေးလိုအပ်တဲ့ လူနာတွေ၊ သူတို့တွေ အခက်အခဲဖြစ်သွားတာပေါ့။ အစိုးရ ကိုယ်တိုင်ကလည်းပဲ သွေးကမပေးနိုင်၊ နှစ်စဉ်သွေးလှူနေတာကိုလည်း ပိတ်ပင်ပစ်တယ် ဆိုတော့ အင်မတန် အကုသိုလ်ကြီးတဲ့အလုပ်ကို လုပ်သွားတာပေါ့ကွာ။
တစ်ခုကောင်းတာကတော့ ရန်ကုန်မှာလည်း ပုံမှန်သွေးလှူဖြစ်တယ်။ ၈၁ ပုလင်း ရတယ်။ မန္တလေးမှာလည်း ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ သွေးလှူဖြစ်တယ်။ သူက ၃၈ ပုလင်းရတယ်။ မန္တလေးက လက်မခံလို့ ပြင်ဦးလွင်သွားလှူကြ ရတယ်။ အဲဒီမှာ ၁၄၅ ပုလင်း ရတယ်။ အားလုံး ပေါင်းလိုက်လို့ရှိရင် သုံးရာနီးပါး ဖြစ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေး အခက်အခဲတွေ ကြားထဲ နေပြီးတော့ လူနာရှင်တွေ လူနာတွေထံ သွေး ရောက်အောင် မနည်း ရုန်းကန်ခဲ့ရတာတော့ မွေးနေ့အတွက် အမှတ်တရ ဖြစ်သွားတာပေါ့ကွာ။

ငြိမ်း- ဒီတစ်ပတ်အတွက် သြဝါဒလည်း မိန့်ကြား ပေးပါဦးဘုရား။
ဆရာတော်- မနေ့ကတုန်းက (ဇူလိုင်လ ၅ ရက်နေ့က) ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်၊ မိတ္ထီလာ စတဲ့မြို့ကြီး ၅ ခုမှာ တူညီတဲ့ ေြ<ွကးကြော်သံတွေနဲ့ ဆန္ဒတွေ ထုတ်ဖော်သွားကြတာ အင်မတန်အားရစရာ ကောင်းပါတယ်။ ဆရာတော် သံဃာတော်ကြီး တွေရဲ့ ဦးဆောင်မှုအောက်က နေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြောင့်ဖြောင့်တန်းတန်း အမြဲတန်း လိုက်ပါကြပါ။
တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ကုန်ဈေးနှုန်းတွေကြီးတဲ့ ကိစ္စ၊ မွေးစားဥပဒေ ပြဋ္ဌာန်းဖို့လုပ်တဲ့ ကိစ္စ၊ မီတာခတိုးမြှင့်တဲ့ကိစ္စ အစရှိသည်ကြောင့် တိုင်းရင်းသားပြည်သူတွေဟာ အခက်အခဲမျိုးစုံနဲ့ အစိုင်အခဲမျိုးစုံ ခံစားနေရ တာလေ။ အဲဒီတော့ ဒီပြည်သူတွေအားလုံး တညီ တညွတ်တည်း တပြိုင်တည်းမလျှင် ကြွနိုင်ပါသည် လို့ခံယူပြီး ကြွအောင်ပြိုင်တူမကြပါလို့ တိုက်တွန်း လိုက်ပါတယ်။