Daily Archives: March 4, 2020

အင်တာဗျူး

“ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ်”

“ဓမ္မစက်ကို မထေမဲ့မြင်ပြုတာဒီမိုကရေစီခေတ်ကျမှပဲ ကြုံဖူးတယ်” (ဆရာတော်ဦးဝီရသူနှင့် အင်တာဗျူး၊ ပြည်ချစ်သားဂျာနယ်အတွဲ(၂)အမှတ်(၂၁)၊ 12.7.2019) ဒီအင်တာဗျူးဟာ ဆရာတော်ဦးဝီရသူရဲ့ အိမ်နိမ့်စံနေ့ရက်များအတွင်း ပြုလုပ်ထားတဲ့ သုံးခုမြောက်အင်တာဗျူး ဖြစ်ပါတယ်။ ဆရာတော်က အချိန်ရရင် ရသလို ဆက်သွယ်ပြီး ပြုလုပ်ရတဲ့အင်တာဗျူးများဖြစ်တဲ့အတွက် အင်တာဗျူးတွေဟာ အချိတ်အဆက်မဲ့တာ၊ တစ်စစီပြန့်ကျဲနေတာမျိုးတွေလည်း ဖြစ်နေနိုင်ပါတယ်။တိမ်းရှောင်နေရတဲ့ကြားကပဲ ပြည်ချစ်သားဂျာနယ်အတွက် သတိတရနဲ့ အင်တာဗျူး ပြုလုပ်ခွင့်ပေးတဲ့ ဆရာတော်ရဲ့ စာဖတ်သူတွေအပေါ်မှာထားတဲ့စေတနာနဲ့ ဂျာနယ်အပေါ်မှာထားတဲ့ စာပေချစ်စိတ်ကိုလည်း အထင်းသား မြင်ရနိုင်ပါတယ်။ ဆရာတော် အားလုံးနဲ့ ရုတ်တရက်အဆက်အသွယ်ပြတ်သွားချိန်မှာ ဒီအင်တာဗျူးတွေဆီက ဆရာတော်ပေးတဲ့ သတင်းစကားကို ကောင်းစွာကြားရပြီး ဆရာတော်ဖောက်တဲ့ ...
မုဒိတာရပ်ဝန်းသတင်း

“2020 မစိုးရိမ်တိုက်သစ် စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော် (၁၀)”

2020ခုနှစ် အစိုးရစာမေးပွဲများ ဖြေဆိုတော်မူကြမည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယတန်း စာဖြေသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်နိုင်ရန်မန္တလေးမြို့၊ ကိုထွန်းမြင့်အောင်+ဒေါ်မြင့်မြင့်သန်း မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ(တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (4.3.2020) (အလှူရှင်များကိုယ်စား ဦးတွတ်+ဒေါ်သန်းသန်းဌေး-မှ လာရောက်လှူဒါန်းပါသည်။) အလှူရှင် ကိုထွန်းမြင့်အောင်+ဒေါ်မြင့်မြင့်သန်း မိသားစုနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေသော်…ဝ်။ စာဖြေသံဃာ အရုဏ်ဆွမ်းအလှူတော်ကို ဆရာတော်ဦးဝီရသူ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း ဆက်ကပ်လှူဒါန်းခဲ့တဲ့ အလှူတော်ဖြစ်ပါတယ်။ “၂၀၂၀ ခုနှစ် စာဖြေသံဃာအရုဏ်ဆွမ်း အလှူရှင်များ”၁။ ...