သတင္း

ဧကူနတႎသတိမ ဓမၼသဘင္ (ရန္ကုန္-သဃၤန္းကၽြန္း)

တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၁ ရက္ (3.12.2018)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ ရန္ကုန္ၿမဳိ႕၊ သဃၤန္းကၽြန္းၿမဳိ႕နယ္၊ သုဝဏၰ(၂၅)ရပ္ကြက္၊ ေဇယ်သုခလမ္း၊ အျဖဴေရာင္ႏွလံုးသားပိုင္ရွင္ ပရဟိတေသြးလွဴရွင္အဖြဲ႔ႏွင့္ ပရဟိတညီအစ္ကိုေမာင္ႏွမမ်ား စုေပါင္းက်င္းပအပ္ေသာ ဒုတိယအႀကိမ္ ႏွစ္ဦးအႀကဳိဓမၼသဘင္။ ၂၀၁၈ ခုႏွစ္ရဲ႕ ၂၉ ခုေျမာက္ တရားပြဲပါ။

ထံုးစံအတုိင္း မေႏွာင့္ယွက္ရရင္ မေနႏိုင္တဲ့ အသုိင္းအဝိုင္းက စာေတြပစ္တာ၊ ပုံေတြကပ္တာေတြနဲ႔ လူမလာေအာင္ ႀကံစည္ၾကပါတယ္။ တရားပြဲက်င္းပသူ လူငယ္ေလးမ်ားက အခက္အခဲအၾကပ္အတည္းမ်ားကို သည္းခံၿပီး ပြဲျဖစ္ေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့လုိ႔ ေအာင္ျမင္သြားတာပါ။

စစ္ကို္င္းဆရာေတာ္ႀကီးကို ဖူးေျမာ္ပူေဇာ္ၿပီး ေက်ာင္းဒကာ ဒကာမမ်ားႏွင့္ ေတြ႔ဆံုခဲ့ပါတယ္။
ေက်ာင္းဒကာႀကီးက စစ္ကို္င္းဆရာေတာ္ႀကီးထံမွာ ဘုရားဆုပန္ထားၿပီး သမီးျဖစ္သူက ဝိသာခါဆုပန္ထားသူျဖစ္ပါတယ္။ တုိးတက္ ဆန္ေရာင္းဝယ္ေရး မိသားစုပါ။ စာေရးသူအားလည္း ငွက္သုိက္တစ္ကဒ္ႏွင့္ နဝကမၼအလွဴေငြ ငါးသိန္းက်ပ္ လွဴဒါန္းပါတယ္။

ေထရဝါဒသာသနာ တရားေတာ္ ေဟာၾကားခဲ့ပါတယ္။ ဒယ္အုိးဆရာေတာ္ ၿပီးခဲ့တဲ့ႏွစ္က ပခုကၠဴမွာ တရားေဟာရင္း ေထရဝါဒမွာ ေခါင္းေဆာင္မရွိဘူးဆိုတာမ်ဳိး ေထရဝါဒေခါင္းေဆာင္ကို ဘယ္သူကမွ ေရြးေကာက္တင္ေျမႇာက္ခဲ့တာမရွိဘူးဆိုတာေတြႏွင့္အတူ ေထရ္ႀကီးဝါႀကီးဆရာေတာ္ႀကီးေတြကို ရည္ရြယ္ေစာ္ကားခဲ့ပါတယ္။

တစ္ခုခ်င္းေခ်ပကာ ေထရဝါဒအေထာက္အထားမ်ား ေဟာၾကားခဲ့ပါတယ္။ ျမန္မာစာေလာက္ပဲဖတ္ႏိုင္ၿပီး ပါဠိ အ႒ကထာ ဋီကာဆိုတာ ဘယ္ဆီေနမွန္းမသိတဲ့ ဒယ္အိုး ဘာမွမသိဘဲ ရမ္းမေဟာဖို႔ သတိေပးခဲ့သလို ဒကာ ဒကာမေတြလည္း ခ်င့္ခ်ိန္စဥ္းစားၿပီးမွ လက္ခံတဲ့စနစ္ကို က်င့္သံုးၾကဖုိ႔ တုိက္တြန္းခဲ့တာပါ။ တရားနာပရိသတ္ကေတာ့ တဝါးဝါး တဟားဟားနဲ႔ အားရပါးရပါပဲ။

သမီးငယ္ေလး ေမသိဂႌေက်ာ္က တရားမေဟာခင္ႏွင့္ တရားပြဲအၿပီးမွာ အမ်ဳိးသားေရးသီခ်င္းေတြနဲ႔ ဧည့္ခံေဖ်ာ္ေျဖပါတယ္။ ဘုရားရုပ္ပြားေတာ္ မဲေဖာက္လွဴဒါန္းတဲ့အစီအစဥ္လည္း ပါပါတယ္။

တရားပြဲက်င္းပတဲ့လူငယ္ေတြအားလံုး အၿမဲတန္း က်န္းမာ ႀကံခိုင္ သာသနာျပဳႏိုင္ပါေစ…။

“ဧကူနတိံသတိမ ဓမ္မသဘင် (ရန်ကုန်-သင်္ဃန်းကျွန်း)”

တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက် (3.12.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၅)ရပ်ကွက်၊ ဇေယျသုခလမ်း၊ အဖြူရောင်နှလုံးသားပိုင်ရှင် ပရဟိတသွေးလှူရှင်အဖွဲ့နှင့် ပရဟိတညီအစ်ကိုမောင်နှမများ စုပေါင်းကျင်းပအပ်သော ဒုတိယအကြိမ် နှစ်ဦးအကြိုဓမ္မသဘင်။ ၂၀၁၈ ခုနှစ်ရဲ့ ၂၉ ခုမြောက် တရားပွဲပါ။

ထုံးစံအတိုင်း မနှောင့်ယှက်ရရင် မနေနိုင်တဲ့ အသိုင်းအဝိုင်းက စာတွေပစ်တာ၊ ပုံတွေကပ်တာတွေနဲ့ လူမလာအောင် ကြံစည်ကြပါတယ်။ တရားပွဲကျင်းပသူ လူငယ်လေးများက အခက်အခဲအကြပ်အတည်းများကို သည်းခံပြီး ပွဲဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့လို့ အောင်မြင်သွားတာပါ။

စစ်ကိုင်းဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး ကျောင်းဒကာ ဒကာမများနှင့် တွေ့ဆုံခဲ့ပါတယ်။
ကျောင်းဒကာကြီးက စစ်ကိုင်းဆရာတော်ကြီးထံမှာ ဘုရားဆုပန်ထားပြီး သမီးဖြစ်သူက ဝိသာခါဆုပန်ထားသူဖြစ်ပါတယ်။ တိုးတက် ဆန်ရောင်းဝယ်ရေး မိသားစုပါ။ စာရေးသူအားလည်း ငှက်သိုက်တစ်ကဒ်နှင့် နဝကမ္မအလှူငွေ ငါးသိန်းကျပ် လှူဒါန်းပါတယ်။

ထေရဝါဒသာသနာ တရားတော် ဟောကြားခဲ့ပါတယ်။ ဒယ်အိုးဆရာတော် ပြီးခဲ့တဲ့နှစ်က ပခုက္ကူမှာ တရားဟောရင်း ထေရဝါဒမှာ ခေါင်းဆောင်မရှိဘူးဆိုတာမျိုး ထေရဝါဒခေါင်းဆောင်ကို ဘယ်သူကမှ ရွေးကောက်တင်မြှောက်ခဲ့တာမရှိဘူးဆိုတာတွေနှင့်အတူ ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကို ရည်ရွယ်စော်ကားခဲ့ပါတယ်။

တစ်ခုချင်းချေပကာ ထေရဝါဒအထောက်အထားများ ဟောကြားခဲ့ပါတယ်။ မြန်မာစာလောက်ပဲဖတ်နိုင်ပြီး ပါဠိ အဋ္ဌကထာ ဋီကာဆိုတာ ဘယ်ဆီနေမှန်းမသိတဲ့ ဒယ်အိုး ဘာမှမသိဘဲ ရမ်းမဟောဖို့ သတိပေးခဲ့သလို ဒကာ ဒကာမတွေလည်း ချင့်ချိန်စဉ်းစားပြီးမှ လက်ခံတဲ့စနစ်ကို ကျင့်သုံးကြဖို့ တိုက်တွန်းခဲ့တာပါ။ တရားနာပရိသတ်ကတော့ တဝါးဝါး တဟားဟားနဲ့ အားရပါးရပါပဲ။

သမီးငယ်လေး မေသိင်္ဂီကျော်က တရားမဟောခင်နှင့် တရားပွဲအပြီးမှာ အမျိုးသားရေးသီချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေပါတယ်။ ဘုရားရုပ်ပွားတော် မဲဖောက်လှူဒါန်းတဲ့အစီအစဉ်လည်း ပါပါတယ်။

တရားပွဲကျင်းပတဲ့လူငယ်တွေအားလုံး အမြဲတန်း ကျန်းမာ ကြံခိုင် သာသနာပြုနိုင်ပါစေ…။