သတင်း
တနင်္ဂနွေ ဓမ္မစကူးလ်ကလေးငယ်များက တနင်္ဂနွေတစ်ပတ်လျှင် ငါးဆယ်ကျပ်နှုန်းဖြင့် စုပေါင်း စုဆောင်းလို့ ရရှိလာတဲ့ ငွေကျပ်တစ်သိနိးကို ဝီရသူဖောင်ဒေးရှင်းအတွက် လှူဒါန်းကြတာပါ။
“ငြိမ်းချမ်းရေး ဓမ္မစကူးလ် အလှူတော်”
နတ်တော်လဆန်း (၉)ရက် (၁၆.၁၂.၂၀၁၈)နေ့ မွန်းလွဲ (၁း၀၀)နာရီ ငြိမ်းချမ်းရေး ဓမ္မစကူးလ်ကျောင်းမှာ ကျင်းပပါတယ်။ တနင်္ဂနွေ ဓမ္မစကူူးလ်ကလေးငယ်များက တနင်္ဂနွေတစ်ပတ်လျှင် ငါးဆယ်ကျပ်နှုန်းဖြင့် စုပေါင်း စုဆောင်းလို့ ရရှိလာတဲ့ ငွေကျပ်တစ်သိနိးကို ဝီရသူဖောင်ဒေးရှင်းအတွက် လှူဒါန်းကြတာပါ။
ပထမအကြိမ်တုန်းက ပုဏ္ဏသာသနာ့အားမာန်အသင်းအား စုပေါင်းလှူဒါန်းခဲ့ပြီး ဒုထိယအကြိမ်မှာတော့ ဝီရသူဖောင်ဒေးရှင်းအတွက် စုပေါင်းလှူဒါန်းကြတာဖြစ်ပါတယ်။ ငြိမ်းရေးဓမ္မစကူူးလ်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်လေးက ဦးနရိန္ဒ ဖြစ်ပါတယ်။ မန်းမဘသ အတွင်းရေးမှူးဆရာတော်လေးပါ။
ဆရာတော်လေးက ဓမ္မစကူးလ်အပြင် ၈/၉/၁၀ ကျောင်းသူ/သားများအား ကျူးရှင်ဖွင့်လှစ်ကာ ပညာဒါန သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။
အမျိုးသားရေးနဲ့ ပက်သက်တဲ့ သြဝါဒများ ဟောကြားခဲ့ပါတယ်။