သတင်း





“အင်းစိန်ရွာမ ဆရာတော်ကြီးအား ဖူးမြော် ပူဇော်”

နတ်တော်လဆန်း(၈)ရက် (၁၅.၁၂.၂၀၁၈) နံနက် (၈း၀၀)နာရီမှာ သွားရောက်ဖူးမြော်ပါတယ်။
ဆရာတော်ကြီးက တစ်ပါးတည်း သီတင်းသုံးကာ ရုပ်ပွားတော်ရှေ့မှာ ပရိတ်တရားများ ရွတ်ဖတ်ပူဇော် နေတာကို ဖူးတွေ့ရပါတယ်။

ဆရာတော်ကြီးက သစ်သီးများ ကပ်ခိုင်းပြီး စက်တီးခုံပေါ်မှာ ထိုင်ခိုင်းပေမဲ့ မထိုင်ဝံ့ပါ။ အောက်မှာပဲ ထိုင်ပီး ဆရာတော်ကြီးနှင့် အမျိုး ဘာသာ သာသနာ အကြောင်း ဆွေးနွေးဖြစ်ပါတယ်။
ဆရာတော်ကြီးရဲ့ သြဝါဒများကို နာယူပြီး စာရေးသူက လျှောက်တင်စရာများကို လျှောက်ထားကာ ပြန်လာခဲ့ပါတယ်။

ရွာမဆရာတော်ဘုရားကြီး ဘေးအန္တရာယ်ကင်းစွာ ကျန်းမာစွာ အမျိုး ဘာသာ သာသနာ အကျိုးကို သယ်ပိုးနိုင်ပါစေ ဘုရား။