သတင္း

ေညာင္ကန္တိုက္ ရတနာသီရိဆရာေတာ္ႀကီး ႏွစ္ပတ္လည္အခမ္းအနား

ေတာ္သလင္းလဆန္း ၂ ရက္ (11.9.2018)ရက္ေန႔၊ မနက္ ၁၁း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ေညာင္ကန္တုိက္၊ ရတနာသီရိေက်ာင္းမွာ က်င္းပပါတယ္။

ေညာင္ကန္တုိက္၊ ရတနာသီရိေက်ာင္းဆရာေတာ္ႀကီး ဘဒၵႏၲစႏၵာသီရိ ပ်ံလြန္ေတာ္မူတာ (၁)ႏွစ္ျပည့္တဲ့ေန႔ပါ။ဆရာေတာ္ႀကီး၏ တပည့္ႀကီးမ်ားႏွင့္ ဒကာ ဒကာမမ်ားက ဆရာေတာ္ႀကီးကိုရည္စူးၿပီး စုေပါင္းကုသုိလ္ျပဳၾကတဲ့ပြဲပါ။ဆရာေတာ္ႀကီးက သက္ေတာ္ (၈၇)မွာ ပ်ံလြန္ေတာ္မူတာပါ။၁၃၇၉ ခုႏွစ္၊ ေတာ္သလင္းလဆန္း ၂ ရက္ေန႔မွာ ပ်ံလြန္ေတာ္မူတာျဖစ္လို႔ အခုဆိုရင္ (၁)ႏွစ္ျပည့္ပါၿပီ။

မစုိးရိမ္တိုက္သစ္မွ ၿမဳိ႕နယ္သံဃနာယကဥကၠ႒ဆရာေတာ္ ဘဒၵႏၲတိကၡိၿႏၵိယာဘိဝံသႏွင့္ နာယကငယ္မ်ား ၾကြေရာက္ၾကပါတယ္။ေနျပည္ေတာ္မစိုးရိမ္တုိက္သစ္ဆရာေတာ္ ဦးအဂၢဓမၼက မစုိးရိမ္တုိက္သစ္ထြက္ျဖစ္သလို ေညာင္ကန္တုိက္ ရတနာသီရိဆရာေတာ္ႀကီးရဲ႕ တပည့္ရင္းလည္းျဖစ္ပါတယ္။မစုိးရိမ္တုိက္သစ္ နာယကသူငယ္ခ်င္းမ်ား စုေပါင္းဆြမ္းဝိုင္းေလးျဖစ္သြားလို႔ စားရတာ အေတာ္ၿမိန္ပါတယ္။

“ညောင်ကန်တိုက် ရတနာသီရိဆရာတော်ကြီး နှစ်ပတ်လည်အခမ်းအနား”

တော်သလင်းလဆန်း ၂ ရက် (11.9.2018)ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ညောင်ကန်တိုက်၊ ရတနာသီရိကျောင်းမှာ ကျင်းပပါတယ်။

ညောင်ကန်တိုက်၊ ရတနာသီရိကျောင်းဆရာတော်ကြီး ဘဒ္ဒန္တစန္ဒာသီရိ ပျံလွန်တော်မူတာ (၁)နှစ်ပြည့်တဲ့နေ့ပါ။ ဆရာတော်ကြီး၏ တပည့်ကြီးများနှင့် ဒကာ ဒကာမများက ဆရာတော်ကြီးကိုရည်စူးပြီး စုပေါင်းကုသိုလ်ပြုကြတဲ့ပွဲပါ။

ဆရာတော်ကြီးက သက်တော် (၈၇)မှာ ပျံလွန်တော်မူတာပါ။ ၁၃၇၉ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်နေ့မှာ ပျံလွန်တော်မူတာဖြစ်လို့ အခုဆိုရင် (၁)နှစ်ပြည့်ပါပြီ။

မစိုးရိမ်တိုက်သစ်မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသနှင့် နာယကငယ်များ ကြွရောက်ကြပါတယ်။ နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ဦးအဂ္ဂဓမ္မက မစိုးရိမ်တိုက်သစ်ထွက်ဖြစ်သလို ညောင်ကန်တိုက် ရတနာသီရိဆရာတော်ကြီးရဲ့ တပည့်ရင်းလည်းဖြစ်ပါတယ်။ မစိုးရိမ်တိုက်သစ် နာယကသူငယ်ချင်းများ စုပေါင်းဆွမ်းဝိုင်းလေးဖြစ်သွားလို့ စားရတာ အတော်မြိန်ပါတယ်။