သတင်း

မော်ရွှေမြိုင်သို့(၆)

4.4.2017 ရက်နေ့ ညနေစောင်းမှာ မုတ္တမမြို့သို့ ရောက်ပါတယ်။ မုတ္တမမြို့၊ မြစေတီနန်းဦးစာသင်တိုက်(မြနန်းဆရာတော်ကျောင်း)မှာ ခဏနားပါတယ်။ တရားပွဲစီစဉ်သူတွေက ရဟန်းပျိုလေးတွေပါ။

မနန်းဆရာတော်နှင့် ဟိတဓရဆရာတော်ရဲ့ တပည့်တွေပါ။ မဟာနွယ်(မြနန်း)နှင့် အရှင်သုစိတ္တ(ဒါယဇ္ဇဓမ္မ)တို့ ဦးဆောင်ပါတယ်။ အမျိုးသားရေးအဆိုတော် လင်းထိုက်က အမျိုးသားရေးတေးသီချင်းများဖြင့် ပရိသတ်ကို ဧည့်ခံဖျော်ဖြေပေးပါတယ်။

စာရေးသူကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ကဗျာလေးကို စာရေးသူအား ဆက်ကပ်ပါတယ်။ ကျိုက္ခမီဆရာတော် ဦးသုမနက သီလပေးရေစက်ချတရားဟောကြားပါတယ်။

စာရေးသူဟောကြားတဲ့ ဥပက္ခောစေတောဝိမုတ္တိ(လွတ်မြောက်ရာတရားတော်)အလုပ်ပေးတရားတော်ကို CD ခွေဖွင့်ပြီး နားယူကြပါတယ်။ မဟာနွယ်(မြနန်း)က အနုမောဒနာတရားဟောကြားပါတယ်။

အရှင်ရာဇိန္ဒ(ဓမ္မနွယ်)ရေးသားတဲ့ သူဆိုမှ တကယ့်သူပါပဲ ကဗျာနှင့် ပလ္လဆင်း ပလ္လတက်မှာ ပရိသတ်က ပူဇော်ကြပါတယ်။ အလုပ်ပေးတရားဖွင့်ပြထားတဲ့အခါ ယောဂီအချို့ မျက်စိကို အဝတ်စည်းပြီး တရားနာယူကြပါတယ်။

မုတ္တမတရားပွဲကတော့ ထူးခြားလွန်းပါတယ်။ ဒရုန်းကင်မရာနှင့် မှတ်တမ်းယူတာ။ ငါတို့အားလုံး ဝီရသူ ရှပ်အင်္ကျီတွေဝတ်ဆင်ကြိုဆိုကြတာ မကြည့်ရက်လို့ မျက်စိမှိတ်ပြီး ဒီမိုကရေစီစာတန်းပါ အဝတ်စများဖြင့် မျက်စိကို စည်းပြီး တရားနာတာ။ အနီးအနားရှိ ဆယ်မြို့နယ် မဘသများ တရားလာနာတာ။ စုံလို့ စုံလို့ပါပဲ။