သတင္း

“ေမြးေန႔လက္ေဆာင္ ၾသဝါဒ”

ကဆုန္လဆန္း ၁၀ ရက္ (13.5.2019)ရက္ေန႔၊ မနက္ ၅း၀၀ နာရီမွာ၊ စာေရးသူ၏ ဆရာေတာ္စပ္သူ မစုိးရိမ္တုိက္သစ္၊ မဟာနာယက၊ ဓမၼသမိဒၶိဆရာေတာ္ ဘဒၵႏၲဝါေသ႒ာဘိဝံသ ေခၚခိုင္းတယ္ဟုဆိုကာ စာသင္သားရဟန္းပ်ဳိတစ္ပါး ေရာက္ရွိလာပါတယ္။

စာသင္သားအသစ္မ်ားအား ၾသဝါဒေပးဖို႔ ပင့္ခိုင္းေၾကာင္းလည္း ေလွ်ာက္ထားပါတယ္။ စာေရးသူလည္း ဆရာေတာ္ကေခၚသည္ဆို၍ သမိဒၶိေက်ာင္းသို႔ အေရာက္လာခဲ့ပါတယ္။ ထိုအခါ ဆရာသမားက သံဃာမ်ားကို ကိုယ္ေတာ္တိုင္ ေနရာခ်ေပးေနပါတယ္။

အားလုံးျပီးတဲ့အခါ ဆရာသမားက စာေရးူအား “ဝိစိတၱ-ဒီမွာထိုင္၊ သံဃာေတြကို ၾသဝါဒေပး၊ ဘုရားဝတ္တက္မွန္ေအာင္ သဒၶါတရားတိုးတက္ေစမယ့္ ၾသဝါဒမ်ိဳးေပးစမ္း”ဟု တိုက္တြန္းပါတယ္။

စာေရးသူလည္း မိမိငယ္စဥ္က ဖတ္ဖူးခဲ့တဲ့ ဓမၼာစရိယဦးေဌးလႈိင္ရဲ႕ ရဟႏၲာႏွင့္ ပုဂၢဳိလ္ထူးမ်ားစာအုပ္အေၾကာင္း ေျပာျပကာ စာအုပ္ထဲမွ မေထရ္မ်ား၏ ၾကည္ညိဳဖြယ္ရာ လုပ္ေဆာင္ခ်က္မ်ားကို အတုယူက်င့္သုံးၾကဖို႔၊ ငယ္စဥ္မွစၿပီး ေနာက္ဆုံးအခ်ိန္အထိ ဘာဝနာတစ္ခုကို စဲြစဲြၿမဲၿမဲ က်င့္ႀကံမွသာလွ်င္ စိတ္ၿငိမ္းခ်မ္းမည္၊ ကိုယ္က်င့္တရားကို ေစာင့္ထိန္းႏိုင္မည္၊ အခက္အခဲကို ေက်ာ္လႊားႏုိင္မည္၊ ေလာကဓံကို သည္းခံႏိုင္မည္ျဖစ္ေၾကာင္း ၾသဝါဒေပးခဲ့ပါတယ္။

ၾသဝါဒေပးအၿပီးမွာ ဆရာသမားက စာသင္သားသံဃာေတာ္မ်ားကို မိန္႔ပါတယ္။ ဝိစိတၱကို ၾသကာသကန္ေတာ့ခ်ိဳးျဖင့္ ရွိခိုးၾကဟု ေစခိုင္းတာပါ။ ရွိခိုးၿပီးတဲ့အခါ စာေရးသူက ဆုေပးပါတယ္။

အားလုံးၿပီးတဲ့အခါ ဆရာသမားက “ဒီေန႔ ၆၆ႏွစ္ျပည့္ ငါ့ေမြးေန႔ပဲ။ ေမြးေန႔လက္ေဆာင္အျဖစ္ ဝိစိတၱကိုေခၚၿပီး ၾသဝါဒေပးခိုင္းတာ”ဟု မိန္႔ေတာ္မူပါတယ္။

စာေရးသူလည္း ဝမ္းသာအားရျဖင့္ ဆရာသမားကို ဦးခ်ကာ ျပန္လာခဲ့ပါေတာ့တယ္။ ဆရာသမားေမြးေန႔မွာ သံဃာေတာ္ေတြကို ၾသဝါဒေပးခြင့္ရတာ ေမြးေန႔လက္ေဆာင္အျဖစ္ အသိအမွတ္ျပဳခံရတာ ဝမ္္းသာလို႔မဆုံးႏိုင္ေတာ့ပါဘူး။

“မွေးနေ့လက်ဆောင် သြဝါဒ”

ကဆုန်လဆန်း ၁၀ ရက် (13.5.2019)ရက်နေ့၊ မနက် ၅း၀၀ နာရီမှာ၊ စာရေးသူ၏ ဆရာတော်စပ်သူ မစိုးရိမ်တိုက်သစ်၊ မဟာနာယက၊ ဓမ္မသမိဒ္ဓိဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ ခေါ်ခိုင်းတယ်ဟုဆိုကာ စာသင်သားရဟန်းပျိုတစ်ပါး ရောက်ရှိလာပါတယ်။
စာသင်သားအသစ်များအား သြဝါဒပေးဖို့ ပင့်ခိုင်းကြောင်းလည်း လျှောက်ထားပါတယ်။

စာရေးသူလည်း ဆရာတော်ကခေါ်သည်ဆို၍ သမိဒ္ဓိကျောင်းသို့ အရောက်လာခဲ့ပါတယ်။
ထိုအခါ ဆရာသမားက သံဃာများကို ကိုယ်တော်တိုင် နေရာချပေးနေပါတယ်။ အားလုံးပြီးတဲ့အခါ ဆရာသမားက စာရေးူအား “ဝိစိတ္တ-ဒီမှာထိုင်၊ သံဃာတွေကို သြဝါဒပေး၊ ဘုရားဝတ်တက်မှန်အောင် သဒ္ဓါတရားတိုးတက်စေမယ့် သြဝါဒမျိုးပေးစမ်း”ဟု တိုက်တွန်းပါတယ်။

စာရေးသူလည်း မိမိငယ်စဉ်က ဖတ်ဖူးခဲ့တဲ့ ဓမ္မာစရိယဦးဌေးလှိုင်ရဲ့ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်အကြောင်း ပြောပြကာ စာအုပ်ထဲမှ မထေရ်များ၏ ကြည်ညိုဖွယ်ရာ လုပ်ဆောင်ချက်များကို အတုယူကျင့်သုံးကြဖို့၊ ငယ်စဉ်မှစပြီး နောက်ဆုံးအချိန်အထိ ဘာဝနာတစ်ခုကို စွဲစွဲမြဲမြဲ ကျင့်ကြံမှသာလျှင် စိတ်ငြိမ်းချမ်းမည်၊ ကိုယ်ကျင့်တရားကို စောင့်ထိန်းနိုင်မည်၊ အခက်အခဲကို ကျော်လွှားနိုင်မည်၊ လောကဓံကို သည်းခံနိုင်မည်ဖြစ်ကြောင်း သြဝါဒပေးခဲ့ပါတယ်။

သြဝါဒပေးအပြီးမှာ ဆရာသမားက စာသင်သားသံဃာတော်များကို မိန့်ပါတယ်။ ဝိစိတ္တကို သြကာသကန်တော့ချိုးဖြင့် ရှိခိုးကြဟု စေခိုင်းတာပါ။ ရှိခိုးပြီးတဲ့အခါ စာရေးသူက ဆုပေးပါတယ်။

အားလုံးပြီးတဲ့အခါ ဆရာသမားက “ဒီနေ့ ၆၆နှစ်ပြည့် ငါ့မွေးနေ့ပဲ။ မွေးနေ့လက်ဆောင်အဖြစ် ဝိစိတ္တကိုခေါ်ပြီး သြဝါဒပေးခိုင်းတာ”ဟု မိန့်တော်မူပါတယ်။

စာရေးသူလည်း ဝမ်းသာအားရဖြင့် ဆရာသမားကို ဦးချကာ ပြန်လာခဲ့ပါတော့တယ်။ ဆရာသမားမွေးနေ့မှာ သံဃာတော်တွေကို သြဝါဒပေးခွင့်ရတာ မွေးနေ့လက်ဆောင်အဖြစ် အသိအမှတ်ပြုခံရတာ ဝမ်းသာလို့မဆုံးနိုင်တော့ပါဘူး။