သတင္း

“ ေမြးေန႔အထိမ္းအမွတ္ ေသြးလႉဒါန္းပြဲမ်ား ရန္ကုန္ႏွင့္ ျဖဴးၿမိဳ႕တို႔မွာ က်င္းပ”

မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ မစိုးရိမ္တိုက္သစ္၊ ဓမၼသဟာယေက်ာင္းနာယက၊ ဝံသာႏုဓမၼကထိက အမ်ိဳးသားေရးဝါဒီဆရာေတာ္ ဘဒၵႏၲဝိစိတၱာဘိဝံသ- အရွင္ဝီရသူ(မစိုးရိမ္)၏ ၅၂ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ စုေပါင္းေသြးလႉဒါန္းပြဲမ်ားကို ရန္ကုန္၊ ျဖဴးၿမိဳ႕တို႔မွာ တစ္ၿပိဳင္နက္တည္း က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါေသြးလႉဒါန္းပြဲကို ဆရာေတာ္ဦးဝီရသူ၏ ေမြးေန႔ျဖစ္ေသာ ဇြန္လ ၂၆ရက္ေန႔ မနက္ပိုင္းမွာ က်င္းပျခင္းျဖစ္ကာ ရန္ကုန္ တပ္မေတာ္ေဆး႐ုံ (ခုတင္တစ္ေထာင္)၊ ျဖဴး ျပည္သူ႔ေဆး႐ုံတို႔၌ မ်ိဳးခ်စ္သံဃာေတာ္မ်ားႏွင့္ မ်ိဳးခ်စ္ျပည္သူမ်ား လာေရာက္ေသြးလႉဒါန္းၾကေၾကာင္း၊ ရန္ကုန္တပ္မေတာ္ေဆး႐ုံသို႔ ျဖဴးၿမိဳ႕ ဦးဝင္းေက်ာ္သူဦးေဆာင္ေသာ မ်ိဳးခ်စ္အဖြဲ႕ႏွင့္ မ်ိဳးခ်စ္သမဂၢဦးေဆာင္ေသာ မ်ိဳးခ်စ္ရဟန္းေတာ္မ်ား မ်ားျပားစြာလာေရာက္လႉဒါန္းၾကသျဖင့္ အျခားေဆး႐ုံမ်ားသို႔ ျဖန္႔က်က္ခြဲေဝ လႉဒါန္းၾကရေၾကာင္း၊ ယမန္ႏွစ္ကထက္ ပိုမ်ားေနသျဖင့္ လက္ေဆာင္ပစၥည္းမ်ား မေလာက္ငွခဲ့ေၾကာင္း၊ ျဖဴးၿမိဳ႕၌ ႏိုဘယ္ထူးျမတ္ေဝဦးေဆာင္ေသာ မ်ိဳးခ်စ္ျပည္သူမ်ားက စုေပါင္းလႉဒါန္းခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္၌ ေသြးအိတ္ေပါင္း ၁၄၀ အိတ္
ျဖဴးၿမိဳ႕၌ ေသြးအိတ္ေပါင္း ၃၂ အိတ္
ရရွိခဲ့ေၾကာင္း သိရသည္။

အလားတူပင္ ျမင္းၿခံၿမိဳ႕၌ ဦးေနလင္းဦးေဆာင္ေသာ မ်ိဳးခ်စ္ျပည္သူမ်ားက ဇြန္လ ၂၆ရက္ေန႔၌ ဆရာေတာ္ဦးဝီရသူ၏ ၅၂ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ သံဃာေတာ္မ်ားအား ဘုံဆြမ္းေလာင္းလႉ ကုသိုလ္ယူခဲ့ၾကေၾကာင္း သိရသည္။

ဝံသာႏုဓမၼကထိက အမ်ိဳးသားေရးဝါဒီဆရာေတာ္ အရွင္ဝီရသူ(မစိုးရိမ္)သည္ ၂၀၁၉ခုႏွစ္ ေမလ ၂၈ရက္ေန႔၌ ပုဒ္မ ၁၂၄ျဖင့္ တရားစြဲဆိုထားရခ်ိန္မွစ၍ လူထုေရွ႕သို႔ ေရာက္ရွိမလာေတာ့သည္မွာ အခါလည္ပင္ ေက်ာ္ခဲ့ၿပီျဖစ္ေသာ္လည္း မ်ိဳးခ်စ္သံဃာေတာ္မ်ားႏွင့္ ျပည္သူမ်ားကမူ ယခုထိတိုင္ ေမြးေန႔အထိမ္းအမွတ္ စုေပါင္းေသြးလႉဒါန္းပြဲမ်ား အစဥ္အလာမပ်က္ က်င္းပလာခဲ့သည္မွာ ႏွစ္ႀကိမ္တိုင္ခဲ့ၿပီျဖစ္သည္။ ပုဒ္မ ၁၂၄ဆိုသည္ ႏိုင္ငံေတာ္အစိုးရကို အၾကည္ညိဳပ်က္ေစမႈျဖစ္ကာ ႏိုင္ငံေတာ္သမၼတ၏ ခြင့္ျပဳမိန္႔ျဖင့္သာ တရားစြဲခြင့္ရွိေသာ ပုဒ္မျဖစ္သည္။ ပုဒ္မ ၁၂၄ျဖင့္ တိုင္ၾကားရာတြင္ မ႑ိဳင္ႀကီးသုံးခုကို မမွန္မကန္ေဝဖန္ေသာေၾကာင့္ဟူေသာ အေၾကာင္းတစ္ခ်က္ပါဝင္ေသာ္လည္း မည္သည့္ေဟာေျပာခ်က္က ဥပေဒႏွင့္ ၿငိစြန္းသည္ကိုမူ အစိုးရတာဝန္ရွိသူမ်ားက လုံးဝ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေပ။ ဆရာေတာ္ဦးဝီရသူကလည္း မမွန္မကန္ေသာ ေဟာေျပာခ်က္ရွိက ထုတ္ျပသင့္ေၾကာင္း လူမႈကြန္ရက္မွာ တုန္႔ျပန္ထားသည္ကို ေတြ႕ရသလို ဦးဝီရသူ၏ ေဟာေျပာခ်က္သည္ ေအာကစ္ဦးေဌးေအာင္၏ ေဟာေျပာခ်က္မ်ားေလာက္ မျပင္းထန္ မထိခိုက္ေၾကာင္း အမ်ားျပည္သူတို႔ ေဝဖန္သံမ်ားလည္း ထြက္ေပၚလ်က္ရွိသည္။
သတင္းႏွင့္ ဓာတ္ပုံ- ၉၆၉

“ မွေးနေ့အထိမ်းအမှတ် သွေးလှူဒါန်းပွဲများ ရန်ကုန်နှင့် ဖြူးမြို့တို့မှာ ကျင်းပ”

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ- အရှင်ဝီရသူ(မစိုးရိမ်)၏ ၅၂နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲများကို ရန်ကုန်၊ ဖြူးမြို့တို့မှာ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသွေးလှူဒါန်းပွဲကို ဆရာတော်ဦးဝီရသူ၏ မွေးနေ့ဖြစ်သော ဇွန်လ ၂၆ရက်နေ့ မနက်ပိုင်းမှာ ကျင်းပခြင်းဖြစ်ကာ ရန်ကုန် တပ်မတော်ဆေးရုံ (ခုတင်တစ်ထောင်)၊ ဖြူး ပြည်သူ့ဆေးရုံတို့၌ မျိုးချစ်သံဃာတော်များနှင့် မျိုးချစ်ပြည်သူများ လာရောက်သွေးလှူဒါန်းကြကြောင်း၊ ရန်ကုန်တပ်မတော်ဆေးရုံသို့ ဖြူးမြို့ ဦးဝင်းကျော်သူဦးဆောင်သော မျိုးချစ်အဖွဲ့နှင့် မျိုးချစ်သမဂ္ဂဦးဆောင်သော မျိုးချစ်ရဟန်းတော်များ များပြားစွာလာရောက်လှူဒါန်းကြသဖြင့် အခြားဆေးရုံများသို့ ဖြန့်ကျက်ခွဲဝေ လှူဒါန်းကြရကြောင်း၊ ယမန်နှစ်ကထက် ပိုများနေသဖြင့် လက်ဆောင်ပစ္စည်းများ မလောက်ငှခဲ့ကြောင်း၊ ဖြူးမြို့၌ နိုဘယ်ထူးမြတ်ဝေဦးဆောင်သော မျိုးချစ်ပြည်သူများက စုပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်၌ သွေးအိတ်ပေါင်း ၁၄၀ အိတ်
ဖြူးမြို့၌ သွေးအိတ်ပေါင်း ၃၂ အိတ်
ရရှိခဲ့ကြောင်း သိရသည်။

အလားတူပင် မြင်းခြံမြို့၌ ဦးနေလင်းဦးဆောင်သော မျိုးချစ်ပြည်သူများက ဇွန်လ ၂၆ရက်နေ့၌ ဆရာတော်ဦးဝီရသူ၏ ၅၂နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များအား ဘုံဆွမ်းလောင်းလှူ ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)သည် ၂၀၁၉ခုနှစ် မေလ ၂၈ရက်နေ့၌ ပုဒ်မ ၁၂၄ဖြင့် တရားစွဲဆိုထားရချိန်မှစ၍ လူထုရှေ့သို့ ရောက်ရှိမလာတော့သည်မှာ အခါလည်ပင် ကျော်ခဲ့ပြီဖြစ်သော်လည်း မျိုးချစ်သံဃာတော်များနှင့် ပြည်သူများကမူ ယခုထိတိုင် မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲများ အစဉ်အလာမပျက် ကျင်းပလာခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ပုဒ်မ ၁၂၄ဆိုသည် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမှုဖြစ်ကာ နိုင်ငံတော်သမ္မတ၏ ခွင့်ပြုမိန့်ဖြင့်သာ တရားစွဲခွင့်ရှိသော ပုဒ်မဖြစ်သည်။ ပုဒ်မ ၁၂၄ဖြင့် တိုင်ကြားရာတွင် မဏ္ဍိုင်ကြီးသုံးခုကို မမှန်မကန်ဝေဖန်သောကြောင့်ဟူသော အကြောင်းတစ်ချက်ပါဝင်သော်လည်း မည်သည့်ဟောပြောချက်က ဥပဒေနှင့် ငြိစွန်းသည်ကိုမူ အစိုးရတာဝန်ရှိသူများက လုံးဝ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ဆရာတော်ဦးဝီရသူကလည်း မမှန်မကန်သော ဟောပြောချက်ရှိက ထုတ်ပြသင့်ကြောင်း လူမှုကွန်ရက်မှာ တုန့်ပြန်ထားသည်ကို တွေ့ရသလို ဦးဝီရသူ၏ ဟောပြောချက်သည် အောကစ်ဦးဌေးအောင်၏ ဟောပြောချက်များလောက် မပြင်းထန် မထိခိုက်ကြောင်း အများပြည်သူတို့ ဝေဖန်သံများလည်း ထွက်ပေါ်လျက်ရှိသည်။
သတင်းနှင့် ဓာတ်ပုံ- ၉၆၉