သတင်း




“ရေတာရှည် မြို့လယ်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်”

နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ မြို့လယ်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ အား သွားရောက်ဖူးမြော်ပါတယ်။
ဆရာတော်ကြီးက ရေတာရှည်မြို့နယ် မဘသ ဥက္ကဋ္ဌပါ။ မဘသ ဗဟိုညီလာခံမှာ အမြဲတမ်းတွေ့ဆုံခဲ့ကြသော်လည်း အခုလို တရင်းတနီး အဆွေးနွေးဖြစ်ခဲ့ပါ။

ရောက်တုန်းရောက်ခိုက် ဆရာတော်ကြီးထံမှာ သြဝါဒနာယူခဲ့သလို အမျိုးဘာသာ သာသနာအရေးကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဆွေးနွေးအပြီးမှာ ကြိုဆိုရေးအဖွဲ့နှင့်အတူ ကဲလင်းဆိပ်ရွာ တရားပွဲသို့ ထွက်ခွာခဲ့ကြပါတယ်။