Daily Archives: January 3, 2019

သတင်း

၂၀၁၈ တေတ္တိံသတိမ ဓမ္မသဘင် (ရေတာရှည်-ကဲလင်းဆိပ်)

နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာ-ရွာသာယာကျေးရွာမှာ ကျင်းပပါတယ်။ မောင်ဘုရားစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်ဖြစ်ပါတယ်။ စာရေးသူအတွက် ၂၀၁၈ ခုနှစ်ရဲ့ ၃၃ ပွဲမြောက် တရားပွဲဖြစ်သလို ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်ပါတယ်။ တစ်ခါမှ မကျင်းပဖူးသေးတဲ့ ကျေးရွာလေးတွေပါ။ ဝမ်းသာအားရလာဖူးကြ၊ သဘာဝငှက်ပျောခိုင်တွေလည်း လာလှူကြနဲ့ အတော်တက်ကြွကြပါတယ်။ ဓမ္မစကူးလ်လုပ်ဖို့လည်း ဆန္ဒရှိနေတာကြောင့် ရေတာရှည်မြို့နယ် ဓမ္မစကူးလ်ဆရာတော်လေး ရှမ်းကျောင်းအရှင်ဣန္ဒကကို တာဝန်လွှဲပေးထားပါတယ်။ တရားနာပရိသတ်ကတော့ အင်တိုက်အားတိုက်ပါပဲ။ အားရပါးရဟောလိုက်တာ ၂ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မော်လမြိုင်မြို့ ဒေါ်အေးအေးသိန်း(ယွန်းဝတီရွှေဆိုင်)မှ ၃၃၀၀၀၀(သုံးသိန်း သုံးသောင်း)ကျပ်၊ မလုလုဆိုင်(ယွန်းဝတီရွှေဆိုင်)မှ ၃၀၀၀၀(သုံးသောင်း)ကျပ်၊ မခင်သက်စံမှ၂၀၀၀၀(နှစ်သောင်း)ကျပ်၊ မဆုမွန်သက်မှ ၂၀၀၀၀(နှစ်သောင်း) ကျပ် စုစုပေါင်း ၄၀၀၀၀၀(လေးသိန်း)ကျပ် လှူဒါန်းပါသည်။ (2.1.2019) ယွန်းဝတီမိသားစုသည် သဟာယစာဖတ်ဝိုင်းအဖွဲ့သားများ ဦးစီးကျင်းပတဲ့ ‘အမေနေ့ ကဗျာပြိုင်ပွဲ’ အတွက်လည်း ၂၀၀၀၀၀ိ (နှစ်သိန်းကျပ်) လှူဒါန်းပါသည်။ ယွန်းဝတီမိသားစု အမှူးပြုသော အလှူရှင်မိသားစုများနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း


မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ အမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး အုတ်တံတိုင်း(၁)ခန်းစာအတွက် မန်းမဟော်သဓာ အမျိုးသားရေးကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးဗဟိုကော်မတီဝင် ဦးအောင်စိုးနိုင်မှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (30.12.2018) အလှူရှင် ဦးအောင်စိုးနိုင် မိသားစုများနှင့်အတူ အနုမောဒနာပြုကြသော ပရိသတ်အပေါင်း သူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခပဲ လိုရာဆန္ဒ ပြည့်ဝကြပါစေ။ “မုဒိတာရပ်ဝန်း” (မန်းမဟော်သဓာ အုတ်တံတိုင်းအလှူတော် – ၂၇)” မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရွှေစာရံအုပ်စု ကျောက်ချောကျေးရွာမှာ တည်ဆောက်လျက်ရှိသော မဟော်သဓာ ...
သတင်း


နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့၊ မြို့လယ်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တ အား သွားရောက်ဖူးမြော်ပါတယ်။ ဆရာတော်ကြီးက ရေတာရှည်မြို့နယ် မဘသ ဥက္ကဋ္ဌပါ။ မဘသ ဗဟိုညီလာခံမှာ အမြဲတမ်းတွေ့ဆုံခဲ့ကြသော်လည်း အခုလို တရင်းတနီး အဆွေးနွေးဖြစ်ခဲ့ပါ။ ရောက်တုန်းရောက်ခိုက် ဆရာတော်ကြီးထံမှာ သြဝါဒနာယူခဲ့သလို အမျိုးဘာသာ သာသနာအရေးကို ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ဆွေးနွေးအပြီးမှာ ကြိုဆိုရေးအဖွဲ့နှင့်အတူ ကဲလင်းဆိပ်ရွာ တရားပွဲသို့ ထွက်ခွာခဲ့ကြပါတယ်။ “ရေတာရှည် မြို့လယ်ဆရာတော်ကြီးအား သွားရောက်ဖူးမြော်” နတ္တော်လပြည့်ကျော် ၉ ရက် ...
သတင်း

ရေတာရှည် သြဝါဒ

နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ညနေ ၃း၀၀ နာရီ၊ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ အမတ်ကြီးခုံရွာ၊ ရှမ်းကျောင်းဓမ္မစကူးလ်နှင့် သာသနာ့ဥယျာဉ်ပညာဒါနကျောင်းမှာ ဟောကြားပါတယ်။ ရှမ်းကျောင်းဆရာတော်လေး အရှင်ဣန္ဒက ပင့်လျှောက်လို့ ရောက်ရှိသွားတာပါ။ ဟိုအရင်တုန်းကလည်း နှစ်စဉ်နှစ်တိုင်းလိုလို တရားပွဲကျင်းပခဲ့လို့ ဟောကြာဖူးပါတယ်။ အခုလည်း ကြုံတုန်းသြဝါဒပေးခြင်းပါ။ ရှမ်းကျောင်းမှာ ၈-၉-၁၀ တန်း ကျောင်းသူကျောင်းသား (၁၈၀)ကျော် ရှိပါတယ်။ ဘုရားကို မမေ့ဖို့၊ တရားမမဲ့ဖို့၊ သံဃာမပြစ်မှားဖို့ ဟောကြားခဲ့ပါတယ်။ ဘုရားမေ့ခြင်း အပြစ်များ၊ တရားမဲ့ခြင်းအပြစ်များ၊ သံဃာပြစ်မှားခြင်းအပြစ်များကို ထောက်ပြဟောကြားခဲ့တာပါ။ စည်းကမ်းလိုက်နာဖို့၊ ...
မုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (နဝကမ္မ အလှူတော်)

ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ အမျိုး ဘာသာ သာသနာအရေးနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရာ၌ လွယ်ကူပြီးမြောက် ခရီးရောက်စေခြင်းအကျိုးငှာ မန္တလေးမြို့၊ နန်းရှေ့ လဘက်ရည်ဆိုင် မိသားစုမှ နဝကမ္မအလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းပါသည်။ (1.1.2019) အလှူရှင်များနှင့်အတူ အနုမောဒနာပြုကြကုန်သော ပရိသတ်အပေါင်းသူတော်ကောင်းတို့သည် ကျန်းမာအောင်မြင် ပျော်ရွှင်ချမ်းမြ ဘေးမခဘဲ လိုရာဆန္ဒပြည့်ဝကြပါစေ။ ၀ံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ အရှင်ဝီရသူ(မစိုးရိမ်)သည် မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၌ လောကအလင်း ပညာဒါနစာသင်ကျောင်း ဖွင့်လှစ်၍လည်းကောင်း၊ မဟာအောင်မြေမြို့နယ် မာလကာခြံရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်နှင့် ...