သတင်း





“၂၀၁၈ တေတ္တိံသတိမ ဓမ္မသဘင် (ရေတာရှည်-ကဲလင်းဆိပ်)”

နတ္တော်လပြည့်ကျော် ၉ ရက် (31.12.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ရွာ-ရွာသာယာကျေးရွာမှာ ကျင်းပပါတယ်။ မောင်ဘုရားစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အကြို ဓမ္မသဘင်ဖြစ်ပါတယ်။

စာရေးသူအတွက် ၂၀၁၈ ခုနှစ်ရဲ့ ၃၃ ပွဲမြောက် တရားပွဲဖြစ်သလို ၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံးပွဲလည်း ဖြစ်ပါတယ်။ တစ်ခါမှ မကျင်းပဖူးသေးတဲ့ ကျေးရွာလေးတွေပါ။ ဝမ်းသာအားရလာဖူးကြ၊ သဘာဝငှက်ပျောခိုင်တွေလည်း လာလှူကြနဲ့ အတော်တက်ကြွကြပါတယ်။ ဓမ္မစကူးလ်လုပ်ဖို့လည်း ဆန္ဒရှိနေတာကြောင့် ရေတာရှည်မြို့နယ် ဓမ္မစကူးလ်ဆရာတော်လေး ရှမ်းကျောင်းအရှင်ဣန္ဒကကို တာဝန်လွှဲပေးထားပါတယ်။

တရားနာပရိသတ်ကတော့ အင်တိုက်အားတိုက်ပါပဲ။ အားရပါးရဟောလိုက်တာ ၂ နာရီခွဲ ကြာပါတယ်။ တရားတော်ကတော့ အမျိုးသားရေးတရားတော် ဖြစ်ပါတယ်။