နယုန်လပြည့်ကျော် ၇ ရက် 16.6.2017 ညနေပိုင်းမှာ လောကအလင်းသို့ ရောက်ရှိခဲ့ပါတယ်။ ကိုးတန်းအောင် ဆယ်တန်းတက် Fresher ကျောင်းသူကျောင်းသားတွေကို ကျောင်းအုပ်ဆရာကြီးဦးမြင့်က မြန်မာစာ စာစီစာကုံးသင်ပေးနေတာ တွေ့ရပါတယ်။
ရောက်တုန်းရောက်ခိုက် စကားပြောဖြစ်ပါတယ်။

ပုံမှန်အလုပ်သုံးမျိုးကို တစ်ခုစီ ရှင်းပြတာပါ။ ၁။ အတတ်ပညာကို ပုံမှန်ပဲ ဆည်းပူးရမယ်။ ၂။ စီးပွားဥစ္စာကို ပုံမှန်ပဲရှာဖွေရမယ်။
၃။ တောင်တက်တဲ့အခါ ပုံမှန်ပဲတက်ရမယ်။

၁။ နှစ်စကနေ တက်စရာရှိတာတက် ကျက်ကစရာရှိတာကျက် တွက်စရာရှိတာတွက် ပုံမှန်အလုပ်လုပ်သွားရင် ပြဋ္ဌာန်းစာတွေလည်းကုန်မယ် သဘောတရားတွေလည်းနားလည်မယ် နည်းစနစ်တွေလည်း ကျွမ်းကျင်မယ် မအောင်မြင်ဘူးဆိုတာ မဖြစ်နိုင်ဘူး။

ဒါကြောင့် ပုံမှန်ပဲ ကြိုးစားပါ။ စိတ်ပါမှစာကြည့်တယ် စိတ်မပါရင်စာမကြည့်ဘူး ဝေးတုန်းကချောင်ထိုးထားတယ် နီးလာမှ အလင်းပေါက်ထိုင် တယ်။ ဒါမျိုးတွေက အောင်မြင်ဖို့မသေချာဘူး။ ၂။ ရိုးရိုးသားသား ဖြောင့်ဖြောင့်မှန်မှန် ပုံမှန်စီးပွားရှာရင် ရလွယ်တယ် တည်မြဲတယ် ဖြတ်လမ်းနည်းနဲ့ မရိုးမသားရှာရင် အန္တရာယ်ကြီးတယ် မတည်မြဲဘူး။ ဒါကြောင့် စီးပွားကိုပုံမှန်ပဲရှာပါ။

၃။ တောင်တက်တဲ့အခါ အပြေးအလွှားတက်ရင် ထိခိုက်နိုင်တယ်။ အန္တရာယ်ကြီးတယ် ပန်းတိုင်ရောက်ဖို့ မသေချာဘူး။ ပုံမှန်တက်တဲ့အခါ အန္တရာယ်လည်းကင်းတယ် ပန်းတိုင်လည်းသေချာတယ်။ ဒါကြောင့် ဘာမဆို ပုံမှန်ပဲလုပ်ပါ။ အဲဒီလို သြဝါဒပေးအပြီးမှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီကနေ့ အောင်စာရင်းထွက်ပါတယ်။

Fresher တန်း ၁၇ ဦးဖြေဆိုရာ သုံးဦးအောင်ပြီး သုံးဦးထဲမှ တစ်ဦးက 2D ရပါတယ်။ Repeater ၅၁ ဦးဖြေဆိုရာ ၁၃ ဦးအောင်ပါတယ်။ လောကအလင်းရဲ့ အောင်မြင်မှုကတော့ သိပ်မမြင့်လှပါဘူး။ ဆင်းရဲသားပြည်သူတွေက မျှော်လင့်ချက်ကြီးကြီးမားမားမရှိကြသလို တာဝန်ကျေကျောင်းထားကြတာတွေ လည်းရှိပါတယ်။

ဆင်းရဲသူဆင်းရဲသား ကျောင်းသူကျောင်းသားများကလည်း ရည်ရွယ်ချက်ကြီးကြီးမားမား သိပ်မရှိလှပါဘူး။ ဒါကြောင့် သူတို့အပေါ်မှာ အများကြီး မျှော်လင့်ထားလို့မရပါဘူး။ သူတို့လေးတွေ လိမ္မာရေးခြားရှိစွာနဲ့ ဘဝရပ်တည်မှု ရရှိသွားတာကိုပဲ ကျေနပ်နေရတာပါ။

အောင်မြင်သူစာရင်း ခုံအမှတ် ဂုဏ်ထူးရဘာသာ
xxxxxxxxxxxxxxxxx xxxxxxx xxxxxxxxxxxxxx

မချောစုဝေ (မကခ)၂၇၆ ဇီဝ ၊ ရူပ
မနွယ်နီဝင်း (မကခ)၂၈၈
မအေးမြတ်မွန် (မကခ) ၁၈၉၂
မောင်ဟိန်းထက်ကျော် (မနမ)၃၁၉၂
မောင်နိုင်သူရ (မနမ)၃၇၂၄
မောင်စိုင်းဝေယံထွန်း (မနမ)၈၁၄၁
မအိအိဝင်း (မရမ)၆၃၁၇
မသဲနုဆွေ (မရမ)၂၈၂
မောင်လင်းလင်းထက် (မရမ)၂၅၂၅
မောင်စိုးမိုးထက် (မရမ)၂၅၄၁
မသီရိထွန်း (မရမ)၂၅၆၉
မောင်ဖိုးလပြည့် (မရမ)၂၆၅၂
မောင်သက်နိုင်ဝင်း (မရမ)၆၂၇၁
မနှင်းနန္ဒာဝင်း (မရမ)၆၃၁၉
မောင်အောင်မိုးဆွေ (မတခ)၁၁၃
မမြနန္ဒာလွင် (မကခ)၁၉၄၁

သတင်းနှင့်မှတ်တမ်း-ကိုမိုးအောင်(လောကအလင်း)