သတင္းေလာကအလင္းပညာဒါနေက်ာင္း

ေလာကအလင္း အာစရိယပူေဇာ္ပြဲ

12.2.2020 ရက္ေန႔၊ မနက္ ၁၁း၀၀ နာရီ၊ မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ျမရည္နႏၵာရပ္ကြက္၊ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းမွာ က်င္းပပါတယ္။

ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္း ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ေက်ာင္းသားေက်ာင္းသူမ်ား စုေပါင္းျပဳလုပ္တဲ့ အာစရိယပူေဇာ္ပြဲေလးပါ။

ေလာကအလင္း အုပ္ခ်ဳပ္ေရးဆရာေတာ္မ်ား၊ ဆရာ ဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ အလွဴရွင္မ်ား တက္ေရာက္ၾကပါတယ္။

ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္းကို ဆရာေတာ္ဦးဝီရသူမွ ၂၀၁၂ ခုႏွစ္တြင္ စတင္တည္ေထာင္ဖြင့္လွစ္ခဲ့ၿပီး ေက်ာင္း၏ေဆာင္ပုဒ္မွာ “သာသနာ ပညာ ယဥ္ေက်းမႈ၊ ေကာင္း ေတာင္ ယဥ္ေအာင္ျပဳ”ျဖစ္ပါတယ္။

ယခု ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္မွာ ေက်ာင္းသားေက်ာင္းသူ ၄၅ ဦး၊ ဆရာ ဆရာမ ၂၄ ဦး၊ အုပ္ခ်ဳပ္ေရးဆရာေတာ္ႏွစ္ပါး ရွိပါတယ္။
စတင္တည္ေထာင္သည္မွ ယခုႏွစ္အထိ (၇)ႏွစ္တာကာလအတြင္း တကၠသိုလ္ဝင္တန္းေအာင္ ေက်ာင္းသူ ၁၂၇-ဦး ရွိပါၿပီ။

ေက်ာင္းသူေက်ာင္းသား ၄၅ ဦးထဲမွ ၃၁ဦးမွာ ေက်ာင္းအိပ္ေက်ာင္းစားျဖင့္ ပညာသင္ယူလ်က္ရွိၿပီး တစ္ေန႔တာ ကုန္က်စရိတ္မွာ (ဆန္ ဆီ ဆား မပါ) ငါးေသာင္းက်ပ္ျဖစ္ေၾကာင္း ေက်ာင္းအုပ္ခ်ဳပ္ေရးဆရာေတာ္ေလး အရွင္သုမနမွ မိန္႔ၾကားပါတယ္။

“လောကအလင်း အာစရိယပူဇော်ပွဲ”

12.2.2020 ရက်နေ့၊ မနက် ၁၁း၀၀ နာရီ၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ လောကအလင်းပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပပါတယ်။

လောကအလင်းပညာဒါနကျူရှင်ကျောင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသားကျောင်းသူများ စုပေါင်းပြုလုပ်တဲ့ အာစရိယပူဇော်ပွဲလေးပါ။

လောကအလင်း အုပ်ချုပ်ရေးဆရာတော်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အလှူရှင်များ တက်ရောက်ကြပါတယ်။

လောကအလင်းပညာဒါနကျူရှင်ကျောင်းကို ဆရာတော်ဦးဝီရသူမှ ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ကျောင်း၏ဆောင်ပုဒ်မှာ “သာသနာ ပညာ ယဉ်ကျေးမှု၊ ကောင်း တောင် ယဉ်အောင်ပြု”ဖြစ်ပါတယ်။

ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ကျောင်းသားကျောင်းသူ ၄၅ ဦး၊ ဆရာ ဆရာမ ၂၄ ဦး၊ အုပ်ချုပ်ရေးဆရာတော်နှစ်ပါး ရှိပါတယ်။
စတင်တည်ထောင်သည်မှ ယခုနှစ်အထိ (၇)နှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ ၁၂၇-ဦး ရှိပါပြီ။

ကျောင်းသူကျောင်းသား ၄၅ ဦးထဲမှ ၃၁ဦးမှာ ကျောင်းအိပ်ကျောင်းစားဖြင့် ပညာသင်ယူလျက်ရှိပြီး တစ်နေ့တာ ကုန်ကျစရိတ်မှာ (ဆန် ဆီ ဆား မပါ) ငါးသောင်းကျပ်ဖြစ်ကြောင်း ကျောင်းအုပ်ချုပ်ရေးဆရာတော်လေး အရှင်သုမနမှ မိန့်ကြားပါတယ်။