သတင္း

၂၀၁၉ ခုႏွစ္ ဒုတိယဓမၼသဘင္ (သံျဖဴဇရပ္-စက္စဲ)

ျပာသိုလဆန္း ၁၃ ရက္ (18.2.2018)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမဳိ႕နယ္၊ စက္စဲစံျပေက်းရြာမွာ က်င္းပပါတယ္။ ၂၀၁၉ ခုႏွစ္ရဲ႕ ၂ ခုေျမာက္တရားပြဲပါ။ စက္စဲစံျပေက်းရြာ ပရဟိတလူငယ္မ်ားႏွင့္ အလွဴရွင္မ်ား စုေပါင္းက်င္းပတဲ့ပြဲပါ။ တရားပြဲက ႏွစ္ညက်င္းပရာ စာေရးသူက ဒုတိယညပါ။ အရင္ညက အရွင္ဓမၼရကၡိတာလကၤာရ(ပိဋကတစ္ပုံေဆာင္) ေဟာၾကားပါတယ္။

စာေရးသူေဟာမည့္ပြဲအတြက္ေတာ့ စီစဥ္သူေတြမွာ အခက္အခဲေတြ အမ်ားႀကီး ေတြ႔ႀကဳံၾကရပါတယ္။ ပြဲစီစဥ္သူသံုးဦးကို အခ်က္ ၈ခ်က္ပါ ကတိကဝတ္မ်ားေရးၿပီး လက္မွတ္ထိုးခိုင္းပါတယ္။
ႏိုင္ငံေရးမေဟာေစရ၊ အမ်ဳိးသားေရးမေဟာေစရ၊ ဆူပူလႈံ႔ေဆာ္မႈမျဖစ္ေစရ၊ တရားပြဲၿပီးၿပီးခ်င္း CD သုံုးခ်ပ္ အျမန္အပ္ရမည္ စတာေတြ ပါဝင္ပါတယ္။

ဖတ္ၾကည့္ရုံပဲဖတ္ၾကည့္ၿပီး လက္မွတ္ထုိးေပးလုိက္ရပါတယ္။ ဓာတ္ပုံလည္း ရုိက္ခြင့္မေပးပါ။ မိတၱဴလည္း ကူးခြင့္မေပးပါ။ မူရင္းလည္း မေပးလုိက္ပါ။ ဒီလုိနဲ႔ တရားေဟာခ်ိန္ေရာက္တဲ့အခါ စခန္းမွဴးႀကီးႏွင့္ သာသနာေရးမွဴးတုိ႔က ေရွ႕ဆံုးမွ တရားနာလာၾကပါတယ္။ အစုိးရအေၾကာင္း၊ ႏိုင္ငံေရးအေၾကာင္းေတြပါရင္ ခ်က္ခ်င္းဖမ္းမွာလားေတာ့မသိပါ။

တျခားဓမၼကထိကဆရာေတာ္ေတြလာတဲ့အခါ တည္းခိုခန္းတစ္ခုမွာ နားေနၾကပါတယ္။
၎တည္းခိုခန္းက ကုသုိလ္ယူတာပါ။ စာေရးသူကိုလည္း ၎မွာပဲ စီစဥ္ၿပီးကာမွ အာဏာပိုင္ေတြက ဟိုတားဒီတားလုပ္ၾကလုိ႔ တည္းခိုခန္းပုိင္ရွင္က လက္မခံရဲေတာ့ပါ။

အဲဒါေတြကိုေတာ့ တရားေဟာၿပီးမွသိရတာပါ။ စာေရးသူကေတာ့ စက္စဲကမ္းေျခမွာ ဘုရားဖူးပါတယ္။ ပင္လယ္ကမ္းစပ္မွာ ဖိနပ္မစီးဘဲ လမ္းေလွ်ာက္ပါတယ္။ ပင္လယ္ေလငန္ကို အဝရႈရႈိက္ပါတယ္။ စက္စဲမွမ်ဳိးခ်စ္ျပည္သူမ်ားကလည္း ဧည့္ဝတ္ေၾကပြန္ၾကပါတယ္။ ပယ္လယ္စာေတြလည္း လွဴဒါန္းလိုက္ၾကပါတယ္။ တည္းခုိရာဘုန္းႀကီးေက်ာင္းမွ ဓမၼာရုံအထိ တရားပြဲတစ္ေလွ်ာက္ ဆုိင္ကယ္ေပါင္းအစီးတစ္ရာေက်ာ္ျဖင့္ ကုသုိလ္ယူႀကဳိဆုိၾကပါတယ္။

စာေရးသူလည္း တရားသားစစ္စစ္ပဲ ေဟာၾကားခဲ့ပါတယ္။ ‘အခြင့္ေကာင္းကို လက္မလြတ္ေစနဲ႔’ တရားေတာ္ျဖစ္ပါတယ္။ အဂၤုတၱရနိကာယ္ အ႒ကနိပါတ္ အကၡဏသုတၱန္ျဖစ္ပါတယ္။

“၂၀၁၉ ခုနှစ် ဒုတိယဓမ္မသဘင် (သံဖြူဇရပ်-စက်စဲ)”

ပြာသိုလဆန်း ၁၃ ရက် (18.2.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲစံပြကျေးရွာမှာ ကျင်းပပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ၂ ခုမြောက်တရားပွဲပါ။ စက်စဲစံပြကျေးရွာ ပရဟိတလူငယ်များနှင့် အလှူရှင်များ စုပေါင်းကျင်းပတဲ့ပွဲပါ။ တရားပွဲက နှစ်ညကျင်းပရာ စာရေးသူက ဒုတိယညပါ။ အရင်ညက အရှင်ဓမ္မရက္ခိတာလင်္ကာရ(ပိဋကတစ်ပုံဆောင်) ဟောကြားပါတယ်။

စာရေးသူဟောမည့်ပွဲအတွက်တော့ စီစဉ်သူတွေမှာ အခက်အခဲတွေ အများကြီး တွေ့ကြုံကြရပါတယ်။ ပွဲစီစဉ်သူသုံးဦးကို အချက် ၈ချက်ပါ ကတိကဝတ်များရေးပြီး လက်မှတ်ထိုးခိုင်းပါတယ်။
နိုင်ငံရေးမဟောစေရ၊ အမျိုးသားရေးမဟောစေရ၊ ဆူပူလှုံ့ဆော်မှုမဖြစ်စေရ၊ တရားပွဲပြီးပြီးချင်း CD သုံးချပ် အမြန်အပ်ရမည် စတာတွေ ပါဝင်ပါတယ်။

ဖတ်ကြည့်ရုံပဲဖတ်ကြည့်ပြီး လက်မှတ်ထိုးပေးလိုက်ရပါတယ်။ ဓာတ်ပုံလည်း ရိုက်ခွင့်မပေးပါ။ မိတ္တူလည်း ကူးခွင့်မပေးပါ။ မူရင်းလည်း မပေးလိုက်ပါ။ ဒီလိုနဲ့ တရားဟောချိန်ရောက်တဲ့အခါ စခန်းမှူးကြီးနှင့် သာသနာရေးမှူးတို့က ရှေ့ဆုံးမှ တရားနာလာကြပါတယ်။ အစိုးရအကြောင်း၊ နိုင်ငံရေးအကြောင်းတွေပါရင် ချက်ချင်းဖမ်းမှာလားတော့မသိပါ။

တခြားဓမ္မကထိကဆရာတော်တွေလာတဲ့အခါ တည်းခိုခန်းတစ်ခုမှာ နားနေကြပါတယ်။
၎င်းတည်းခိုခန်းက ကုသိုလ်ယူတာပါ။ စာရေးသူကိုလည်း ၎င်းမှာပဲ စီစဉ်ပြီးကာမှ အာဏာပိုင်တွေက ဟိုတားဒီတားလုပ်ကြလို့ တည်းခိုခန်းပိုင်ရှင်က လက်မခံရဲတော့ပါ။
အဲဒါတွေကိုတော့ တရားဟောပြီးမှသိရတာပါ။

စာရေးသူကတော့ စက်စဲကမ်းခြေမှာ ဘုရားဖူးပါတယ်။ ပင်လယ်ကမ်းစပ်မှာ ဖိနပ်မစီးဘဲ လမ်းလျှောက်ပါတယ်။ ပင်လယ်လေငန်ကို အဝရှုရှိုက်ပါတယ်။ စက်စဲမှမျိုးချစ်ပြည်သူများကလည်း ဧည့်ဝတ်ကြေပွန်ကြပါတယ်။

ပယ်လယ်စာတွေလည်း လှူဒါန်းလိုက်ကြပါတယ်။ တည်းခိုရာဘုန်းကြီးကျောင်းမှ ဓမ္မာရုံအထိ တရားပွဲတစ်လျှောက် ဆိုင်ကယ်ပေါင်းအစီးတစ်ရာကျော်ဖြင့် ကုသိုလ်ယူကြိုဆိုကြပါတယ်။

စာရေးသူလည်း တရားသားစစ်စစ်ပဲ ဟောကြားခဲ့ပါတယ်။ ‘အခွင့်ကောင်းကို လက်မလွတ်စေနဲ့’ တရားတော်ဖြစ်ပါတယ်။ အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါတ် အက္ခဏသုတ္တန်ဖြစ်ပါတယ်။