သတင္း

၂၀၁၉ ဒြါဒသမဓမၼသဘင္ (ေရႊဘို-စဥ့္တုံ)

တပို႔တြဲလျပည့္ေက်ာ္ ၇ရက္ (26.2.2019)ရက္ေန႔၊ ည ၇း၀၀ နာရီ၊ စစ္ကိုင္းတုိင္း၊ ေရႊဘိုၿမဳိ႕နယ္၊ စဥ့္တုံ(စည္တံု)ေက်းရြာ၊ ရဟန္းအလွဴဒါယကာႀကီး ဦးျမင့္ဦး+ ရဟန္းအလွဴဒါယိကာမႀကီး ေဒၚခင္ၿပဳံး၊ သား ရဟန္းအလွဴဒါယကာ ဦးေဇာ္လင္းထြန္း+ရဟန္းအလွဴဒါယိကာမ ေဒၚဇာဇာဦး မိသားစုတုိ႔၏ ကံထပ္ ရွင္ျပဳ နားသ အလွဴေတာ္မဂၤလာအႀကဳိ ဓမၼသဘင္။

အမ်ဳိးေစာင့္ဥပေဒေအာင္ပြဲအခမ္းအနား က်င္းပခဲ့တဲ့ ရြာေလးပါ။ ျပည္ခ်စ္သားဂ်ာနယ္ အၿမဲဖတ္တဲ့ရြာေလးပါ။ မ်ဳိးခ်စ္ျပည္သူအမ်ားစုေနထုိင္ရာ ရြာေလးပါ။ စာေရးသူကို ဂ်ာနယ္ထဲမွာပဲဖူးဘူးတာ အျပင္မွာ အခုမွပဲဖူးရတယ္ဆိုၿပီး ဝမ္းသာအားရ အေျပးအလႊား လာေရာက္ဖူးေျမာ္ရင္း ေလွ်ာက္ထားသူကေတာ့ ရဟန္းအလွဴဒါယိကာမႀကီး ေဒၚခင္ၿပဳံးပါပဲ။
ေရႊဘို ေညာင္ပင္သာႏွင့္ ခံေတာင္းႀကီးမွ အမ်ဳိးမ်ားလည္း တခဲနက္ လာေရာက္အားေပးၾကပါတယ္။

အလွဴ႕အႀကဳိတရားပြဲေလးကေတာ့ အင္မတန္စည္ကားသြားပါတယ္။
အမ်ဳိးသားေရးတရားေတာ္ ေဟာၾကားခဲ့ပါတယ္။ မ်က္စိလည္ၿပီး မဲေပးခဲ့မိတာလို႔ ဝန္ခံလာတဲ့ ရြာသူရြာသားေတာ္ေတာ္မ်ားမ်ားလည္း အမ်ဳိးသားေရးအဓိပၸါယ္ကို နားလည္လက္ခံသြားၾကပါတယ္။ မန္းမေဟာ္သဓာနဲ႔ပတ္သက္ၿပီး မေက်မနပ္ ျဖစ္ခဲ့ၾကရတဲ့ မဲေပးမွားသူမ်ားလည္း အမ်ဳိးသားေရးတရားနာၾကားၿပီး စိတ္အားတက္ၾကြေနၾကပါတယ္။

‘အမ်ဳိးသားေရးတရားေတာ္’
အမ်ဳိးသားေရးဆိုသည္မွာ အမ်ဳိးဂုဏ္ကိုျမႇင့္တင္တာ။
အမ်ဳိးသားေရးဆိုသည္မွာ ယဥ္ေက်းမႈကိုထိန္းသိမ္းတာ။
အမ်ဳိးသားေရးဆိုသည္မွာ ဘုရားတည္တာ ေက်ာင္းေဆာက္တာ။
အမ်ဳိးသားေရးဆိုသည္မွာ တရားထုိင္တာ စာက်က္တာ။
အမ်ဳိးသားေရးဆိုသည္မွာ ရဟန္းခံတာ ရွင္ျပဳတာ။
အမ်ဳိးသားေရးဆိုသည္မွာ ပရဟိတေဆာင္ရြက္တာ။
အမ်ဳိးသားေရးဆိုသည္မွာ ကုသိုလ္ေကာင္းမႈျပဳလုပ္တာ။
အမ်ဳိးသားေရးဆိုသည္မွာ အခ်ဳပ္အျခာအာဏာကာကြယ္တာ။
အမ်ဳိးသားေရးဆိုသည္မွာ ပါရမီလမ္းစဥ္ပါ။
အမ်ဳိးသားေရးဆိုသည္မွာ ဘုရားအေလာင္းလမ္းစဥ္ပါ။
အမ်ဳိးသားေရးဆိုသည္မွာ ျမတ္စြာဘုရားလမ္းစဥ္ပါ။

“၂၀၁၉ ဒွါဒသမဓမ္မသဘင် (ရွှေဘို-စဉ့်တုံ)”

တပို့တွဲလပြည့်ကျော် ၇ရက် (26.2.2019)ရက်နေ့၊ ည ရး၀၀ နာရီ၊ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဉ့်တုံ(စည်တုံ)ကျေးရွာ၊ ရဟန်းအလှူဒါယကာကြီး ဦးမြင့်ဦး+ ရဟန်းအလှူဒါယိကာမကြီး ဒေါ်ခင်ပြုံး၊ သား ရဟန်းအလှူဒါယကာ ဦးဇော်လင်းထွန်း+ရဟန်းအလှူဒါယိကာမ ဒေါ်ဇာဇာဦး မိသားစုတို့၏ ကံထပ် ရှင်ပြု နားသ အလှူတော်မင်္ဂလာအကြို ဓမ္မသဘင်။

အမျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနား ကျင်းပခဲ့တဲ့ ရွာလေးပါ။
ပြည်ချစ်သားဂျာနယ် အမြဲဖတ်တဲ့ရွာလေးပါ။
မျိုးချစ်ပြည်သူအများစုနေထိုင်ရာ ရွာလေးပါ။
စာရေးသူကို ဂျာနယ်ထဲမှာပဲဖူးဘူးတာ အပြင်မှာ အခုမှပဲဖူးရတယ်ဆိုပြီး ဝမ်းသာအားရ အပြေးအလွှား လာရောက်ဖူးမြော်ရင်း လျှောက်ထားသူကတော့ ရဟန်းအလှူဒါယိကာမကြီး ဒေါ်ခင်ပြုံးပါပဲ။
ရွှေဘို ညောင်ပင်သာနှင့် ခံတောင်းကြီးမှ အမျိုးများလည်း တခဲနက် လာရောက်အားပေးကြပါတယ်။
အလှူ့အကြိုတရားပွဲလေးကတော့ အင်မတန်စည်ကားသွားပါတယ်။
အမျိုးသားရေးတရားတော် ဟောကြားခဲ့ပါတယ်။
မျက်စိလည်ပြီး မဲပေးခဲ့မိတာလို့ ဝန်ခံလာတဲ့ ရွာသူရွာသားတော်တော်များများလည်း အမျိုးသားရေးအဓိပ္ပါယ်ကို နားလည်လက်ခံသွားကြပါတယ်။
မန်းမဟော်သဓာနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်ခဲ့ကြရတဲ့ မဲပေးမှားသူများလည်း အမျိုးသားရေးတရားနာကြားပြီး စိတ်အားတက်ကြွနေကြပါတယ်။

‘အမျိုးသားရေးတရားတော်’
အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကိုမြှင့်တင်တာ။
အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကိုထိန်းသိမ်းတာ။
အမျိုးသားရေးဆိုသည်မှာ ဘုရားတည်တာ ကျောင်းဆောက်တာ။
အမျိုးသားရေးဆိုသည်မှာ တရားထိုင်တာ စာကျက်တာ။
အမျိုးသားရေးဆိုသည်မှာ ရဟန်းခံတာ ရှင်ပြုတာ။
အမျိုးသားရေးဆိုသည်မှာ ပရဟိတဆောင်ရွက်တာ။
အမျိုးသားရေးဆိုသည်မှာ ကုသိုလ်ကောင်းမှုပြုလုပ်တာ။
အမျိုးသားရေးဆိုသည်မှာ အချုပ်အခြာအာဏာကာကွယ်တာ။
အမျိုးသားရေးဆိုသည်မှာ ပါရမီလမ်းစဉ်ပါ။
အမျိုးသားရေးဆိုသည်မှာ ဘုရားအလောင်းလမ်းစဉ်ပါ။
အမျိုးသားရေးဆိုသည်မှာ မြတ်စွာဘုရားလမ်းစဉ်ပါ။