သတင္း

၂၀၁၉ သတၱရသမဓမၼသဘင္ (ေမာ္လၿမဳိင္-ေက်ာက္တန္း)

တေပါင္းလျပည့္ေက်ာ္ ၁ ရက္ (21.3.2019)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ ေမာ္လၿမဳိင္ၿမဳိ႕၊ ေက်ာက္တန္းရပ္ကြက္၊ ဝံသာႏုရကၡိတအသင္း (၆)ႏွစ္ျပည့္ ဓမၼသဘင္။ အင္မတန္တက္ၾကြတဲ့ အမ်ဳိးသားေရးသမားေတြရဲ႕ တရားပြဲပါ။

စုန္းျပဴးအနည္းငယ္ေလာက္ပဲ ရွိတာပါ။ ရပ္ကြက္သူရပ္ကြက္သားအားလံုးနီးပါး မ်ဳိးခ်စ္ေတြပဲ ျဖစ္ပါတယ္။ စာေရးသူပုံႏွင့္ စာသားေတြပါတဲ့ အက်ႌေတြဝတ္ဆင္ၿပီး ႀကဳိဆိုၾကတာ ေတြ႔ရပါတယ္။

က်ာင္းထုိင္ဆရာေတာ္ေလးကိုယ္တုိင္က စာေရးသူၾကြေရာက္ေဟာၾကားတာကို ဖူးျမင္ရရံုနဲ႔ပဲ အင္အားတစ္ရပ္ျဖစ္ခဲ့ရပါတယ္လို႔ ေလွ်ာက္ထားပါတယ္။ အမ်ဳိးသားေရးသမားေတြအတြက္ အမ်ဳိးသားေရးလုပ္ငန္းစဥ္ (၉)ရပ္ႏွင့္ လမ္းစဥ္ (၃)ရပ္ ေဟာၾကားခဲ့ပါတယ္။

“အမ်ဳိးသားေရးတရားေတာ္”
၁။ အမ်ဳိးသားေရးဆိုသည္မွာ အမ်ဳိးဂုဏ္ကိုျမႇင့္တင္တာ။
၂။ အမ်ဳိးသားေရးဆိုသည္မွာ ယဥ္ေက်းမႈကိုထိန္းသိမ္းတာ။
၃။ အမ်ဳိးသားေရးဆိုသည္မွာ ဘုရားတည္တာ ေက်ာင္းေဆာက္တာ။
၄။ အမ်ဳိးသားေရးဆိုသည္မွာ တရားထုိင္တာ စာက်က္တာ။
၅။ အမ်ဳိးသားေရးဆိုသည္မွာ ရဟန္းခံတာ ရွင္ျပဳတာ။
၆။ အမ်ဳိးသားေရးဆိုသည္မွာ တံတားေဆာက္တာ လမ္းေဖာက္တာ။
၇။ အမ်ဳိးသားေရးဆိုသည္မွာ ပရဟိတေဆာင္ရြက္တာ။
၈။ အမ်ဳိးသားေရးဆိုသည္မွာ ကုသိုလ္ေကာင္းမႈျပဳလုပ္တာ။
၉။ အမ်ဳိးသားေရးဆိုသည္မွာ အခ်ဳပ္အျခာအာဏာကာကြယ္တာ။
၁၀။ အမ်ဳိးသားေရးဆိုသည္မွာ ပါရမီလမ္းစဥ္ပါ။
၁၁။ အမ်ဳိးသားေရးဆိုသည္မွာ ဘုရားအေလာင္းလမ္းစဥ္ပါ။
၁၂။ အမ်ဳိးသားေရးဆိုသည္မွာ ျမတ္စြာဘုရားလမ္းစဥ္ပါ။

“၂၀၁၉ သတ္တရသမဓမ္မသဘင် (မော်လမြိုင်-ကျောက်တန်း)”

တပေါင်းလပြည့်ကျော် ၁ ရက် (21.3.2019)ရက်နေ့၊ ည ၈း၀၀ နာရီ၊ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက်၊ ဝံသာနုရက္ခိတအသင်း (၆)နှစ်ပြည့် ဓမ္မသဘင်။ အင်မတန်တက်ကြွတဲ့ အမျိုးသားရေးသမားတွေရဲ့ တရားပွဲပါ။

စုန်းပြူးအနည်းငယ်လောက်ပဲ ရှိတာပါ။ ရပ်ကွက်သူရပ်ကွက်သားအားလုံးနီးပါး မျိုးချစ်တွေပဲ ဖြစ်ပါတယ်။ စာရေးသူပုံနှင့် စာသားတွေပါတဲ့ အင်္ကျီတွေဝတ်ဆင်ပြီး ကြိုဆိုကြတာ တွေ့ရပါတယ်။
ကျောင်းထိုင်ဆရာတော်လေးကိုယ်တိုင်က စာရေးသူကြွရောက်ဟောကြားတာကို ဖူးမြင်ရရုံနဲ့ပဲ အင်အားတစ်ရပ်ဖြစ်ခဲ့ရပါတယ်လို့ လျှောက်ထားပါတယ်။ အမျိုးသားရေးသမားတွေအတွက် အမျိုးသားရေးလုပ်ငန်းစဉ် (၉)ရပ်နှင့် လမ်းစဉ် (၃)ရပ် ဟောကြားခဲ့ပါတယ်။

“အမျိုးသားရေးတရားတော်”
၁။ အမျိုးသားရေးဆိုသည်မှာ အမျိုးဂုဏ်ကိုမြှင့်တင်တာ။
၂။ အမျိုးသားရေးဆိုသည်မှာ ယဉ်ကျေးမှုကိုထိန်းသိမ်းတာ။
၃။ အမျိုးသားရေးဆိုသည်မှာ ဘုရားတည်တာ ကျောင်းဆောက်တာ။
၄။ အမျိုးသားရေးဆိုသည်မှာ တရားထိုင်တာ စာကျက်တာ။
၅။ အမျိုးသားရေးဆိုသည်မှာ ရဟန်းခံတာ ရှင်ပြုတာ။
၆။ အမျိုးသားရေးဆိုသည်မှာ တံတားဆောက်တာ လမ်းဖောက်တာ။
၇။ အမျိုးသားရေးဆိုသည်မှာ ပရဟိတဆောင်ရွက်တာ။
၈။ အမျိုးသားရေးဆိုသည်မှာ ကုသိုလ်ကောင်းမှုပြုလုပ်တာ။
၉။ အမျိုးသားရေးဆိုသည်မှာ အချုပ်အခြာအာဏာကာကွယ်တာ။
၁၀။ အမျိုးသားရေးဆိုသည်မှာ ပါရမီလမ်းစဉ်ပါ။
၁၁။ အမျိုးသားရေးဆိုသည်မှာ ဘုရားအလောင်းလမ်းစဉ်ပါ။
၁၂။ အမျိုးသားရေးဆိုသည်မှာ မြတ်စွာဘုရားလမ်းစဉ်ပါ။