သတင္း

ဘီလူးကၽြန္း-ေခ်ာင္းဆုံသုိ႔ အလည္တစ္ေခါက္

21.4.2019 ရက္ေန႔၊ မြန္းလြဲပိုင္းမွာ ဘီလူးကၽြန္း ေခ်ာင္းဆံုသို႔ ေရာက္ရွိခဲ့ပါတယ္။ ေမာ္လၿမဳိင္ၿမဳိ႕၊ ျမေစတီရဲေက်ာင္းဆရာေတာ္ႀကီးက လုိက္ပို႔တာပါ။ ဘီလူးကၽြန္းဆိုတာက ကၽြန္းနာမည္၊ ေခ်ာင္းဆံုဆိုတာက ၿမဳိ႕နာမည္ ဒီႏွစ္ခုကို ေပါင္းၿပီး ဘူးလူးကၽြန္း ေခ်ာင္းဆံုလို႔ ေခၚေဝၚၾကျခင္းျဖစ္ေၾကာင္း ဆရာေတာ္ႀကီးအမိန္႔ရွိမွပဲ သိရပါေတာ့တယ္။

က်ာက္သင္ပုန္းလုပ္တဲ့ ေက်ာက္ထြက္ရာ သင္ပုန္းေက်ာက္ေတာင္ႀကီးကိုလည္း ေတြ႔ခဲ့ပါတယ္။
ဘီလူးကၽြန္းကို ကားႏွင့္ တစ္ပတ္ပတ္ၿပီး ျမေစတီရဲေက်ာင္းဆရာေတာ္ႀကီးဇာတိ ကမာေကးရြာသို႔ ေရာက္ရွိပါတယ္။

ဆးရံုမ်ား၊ တံတားမ်ား၊ လမ္းမ်ား၊ ေက်ာင္းမ်ား စံုလင္ေနေအာင္ လုပ္ေပးထားတာပါ။ ကမာေကးရြာသူရြာသားမ်ား ကံေကာင္းၾကပါတယ္။ ဇာတိရြာကို လုိေလေသးမရွိေအာင္ လွဴဒါန္းေသာ ေက်းဇူးရွင္ ျမေစတီဆရာေတာ္ႀကီး သက္ရွည္က်န္းမာ ေဘးကင္းကြာ၍ သာသနာအက်ဳိး အမ်ဳိးအတြက္ ဆက္လက္ေဆာင္ရြက္ႏိုင္ပါေစဘုရား…။

“ဘီလူးကျွန်း-ချောင်းဆုံသို့ အလည်တစ်ခေါက်”

21.4.2019 ရက်နေ့၊ မွန်းလွဲပိုင်းမှာ ဘီလူးကျွန်း ချောင်းဆုံသို့ ရောက်ရှိခဲ့ပါတယ်။ မော်လမြိုင်မြို့၊ မြစေတီရဲကျောင်းဆရာတော်ကြီးက လိုက်ပို့တာပါ။ ဘီလူးကျွန်းဆိုတာက ကျွန်းနာမည်၊ ချောင်းဆုံဆိုတာက မြို့နာမည် ဒီနှစ်ခုကို ပေါင်းပြီး ဘူးလူးကျွန်း ချောင်းဆုံလို့ ခေါ်ဝေါ်ကြခြင်းဖြစ်ကြောင်း ဆရာတော်ကြီးအမိန့်ရှိမှပဲ သိရပါတော့တယ်။

ကျောက်သင်ပုန်းလုပ်တဲ့ ကျောက်ထွက်ရာ သင်ပုန်းကျောက်တောင်ကြီးကိုလည်း တွေ့ခဲ့ပါတယ်။ ဘီလူးကျွန်းကို ကားနှင့် တစ်ပတ်ပတ်ပြီး မြစေတီရဲကျောင်းဆရာတော်ကြီးဇာတိ ကမာကေးရွာသို့ ရောက်ရှိပါတယ်။ ဆေးရုံများ၊ တံတားများ၊ လမ်းများ၊ ကျောင်းများ စုံလင်နေအောင် လုပ်ပေးထားတာပါ။

ကမာကေးရွာသူရွာသားများ ကံကောင်းကြပါတယ်။ ဇာတိရွာကို လိုလေသေးမရှိအောင် လှူဒါန်းသော ကျေးဇူးရှင် မြစေတီဆရာတော်ကြီး သက်ရှည်ကျန်းမာ ဘေးကင်းကွာ၍ သာသနာအကျိုး အမျိုးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပါစေဘုရား…။