Uncategorizedသတင္း

ႏုိင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ကာကြယ္ၾက

သံအမတ္ကလည္း သံအမတ္လုိမေန၊ဟိုေနရာဝင္စြက္ဖက္ ဒီေနရာဝင္စြက္ဖက္နဲ႔မိန္းမသားအုပ္ခ်ဳပ္တဲ့တုိင္းျပည္ဆုိၿပီး ႏိုင္ငံရဲ႕အခ်ဳပ္အျခာအာဏာကို မထီမဲ့ျမင္ျပဳလာတဲ့အထိ က်င့္ဝတ္ေတြ ေဖာက္ဖ်က္ခဲ့ၾကတယ္။အေမရိကန္အစုိးရဆိုတာႀကီးကလည္း ဟိုဟာေတာင္းဆို ဒီဟာေတာင္းဆိုနဲ႔ မင္းတုိ႔ေတာင္းဆိုတုိင္းလုိက္ေလ်ာရေအာင္ ငါတုိ႔ႏုိင္ငံက မင္းတုိ႔ရဲ႕လက္ေအာက္ခံႏိုင္ငံမ်ားမွတ္ေနသလား။

သတင္းသမားကလည္း သတင္းသမားလိုမေန၊သူတုိ႔လူေတြရဲ႕ တစ္ဖက္သတ္သတင္းေတြေၾကာင့္ တုိင္းျပည္ဂုဏ္သိကၡာ ဘယ္ေလာက္ထိခုိက္ခဲ့သလဲဆိုတာလည္း သူတုိ႔မေတြး၊သူတုိ႔လူေတြဖြတဲ့သတင္းေၾကာင့္ တပ္မေတာ္သားေတြ ရဲတပ္ဖြဲ႔ဝင္ေတြ ႏွစ္ရွည္ေထာင္က်သူက က်၊ အလုပ္ျပဳတ္သူက ျပဳတ္၊ မိဘသားစုလုိက္ ဘဝပ်က္ကုန္ၾကတာလည္း သူတုိ႔မစာနာ၊ေဒၚလာမ်က္ႏွာၾကည့္ၿပီး တစ္မ်ဳိးသားလံုးအေပၚသစၥာေဖာက္ခဲ့တဲ့ ေလာက္ေကာင္ႏွစ္ေယာက္ကိုပဲ ကန္ပိန္းေတြလုပ္ ေတာင္းဆိုသူကေတာင္းဆို ငိုယုိေနတာကို ပုံႀကီးခ်ဲ႕ၿပီး မ်က္ရည္ျခဴသူကျခဴနဲ႔ မီဒီယာက်င့္ဝတ္ေတြလည္း ဘယ္ေရာက္ကုန္မွန္းလည္း သူတုိ႔မသိၾကပါ။

အားလံုးကိုေျပာလုိက္မယ္ႏိုင္ငံေတာ္ရဲ႕အခ်ဳပ္အျခာအာဏာကို ထိပါးလာလို႔ ေလာက္ေကာင္ႏွစ္ေယာက္ကိုေထာင္ခ်တာ ျပစ္ဒဏ္နည္းတယ္လို႔ မွတ္လုိက္ပါ။တကယ္ဆုိ အျမင့္ဆံုးျပစ္ဒဏ္အထိ ခ်ရမည့္ျပစ္မႈေတြျဖစ္တယ္။သတင္းသမားဆိုၿပီး ဥပေဒေပၚ တက္ထုိင္လို႔မရဘူး။ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကိုကာကြယ္ဖုိ႔ ႏုိင္ငံသားတုိင္းမွာ တာဝန္ရွိတယ္။ကိုယ္ေရးလိုက္တဲ့သတင္းက ႏုိ္င္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာကို ထိခုိက္လာႏိုင္မယ္ဆုိရင္ မေရးဘဲေနရမွာ ႏိုင္ငံသားတုိင္းတို႔ရဲ႕တာဝန္ပဲ။

ဒါေၾကာင့္ သိပ္ငိုျပမေနနဲ႔ အပိုဆာပလာေတြေတာင္းဆိုမေနနဲ႔ မေၾကနပ္ရင္ အယူခံတက္။ဒါပဲေျပာခ်င္တယ္။
ဝီရသူ (မစုိးရိမ္)5.9.2018

“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ကြ”

သံအမတ်ကလည်း သံအမတ်လိုမနေ၊ ဟိုနေရာဝင်စွက်ဖက် ဒီနေရာဝင်စွက်ဖက်နဲ့ မိန်းမသားအုပ်ချုပ်တဲ့တိုင်းပြည်ဆိုပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုလာတဲ့အထိ ကျင့်ဝတ်တွေ ဖောက်ဖျက်ခဲ့ကြတယ်။ အမေရိကန်အစိုးရဆိုတာကြီးကလည်း ဟိုဟာတောင်းဆို ဒီဟာတောင်းဆိုနဲ့ မင်းတို့တောင်းဆိုတိုင်းလိုက်လျောရအောင် ငါတို့နိုင်ငံက မင်းတို့ရဲ့လက်အောက်ခံနိုင်ငံများမှတ်နေသလား။

သတင်းသမားကလည်း သတင်းသမားလိုမနေ၊ သူတို့လူတွေရဲ့ တစ်ဖက်သတ်သတင်းတွေကြောင့် တိုင်းပြည်ဂုဏ်သိက္ခာ ဘယ်လောက်ထိခိုက်ခဲ့သလဲဆိုတာလည်း သူတို့မတွေး၊
သူတို့လူတွေဖွတဲ့သတင်းကြောင့် တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ နှစ်ရှည်ထောင်ကျသူက ကျ၊ အလုပ်ပြုတ်သူက ပြုတ်၊ မိဘသားစုလိုက် ဘဝပျက်ကုန်ကြတာလည်း သူတို့မစာနာ၊
ဒေါ်လာမျက်နှာကြည့်ပြီး တစ်မျိုးသားလုံးအပေါ်သစ္စာဖောက်ခဲ့တဲ့ လောက်ကောင်နှစ်ယောက်ကိုပဲ ကန်ပိန်းတွေလုပ် တောင်းဆိုသူကတောင်းဆို ငိုယိုနေတာကို ပုံကြီးချဲ့ပြီး မျက်ရည်ခြူသူကခြူနဲ့ မီဒီယာကျင့်ဝတ်တွေလည်း ဘယ်ရောက်ကုန်မှန်းလည်း သူတို့မသိကြပါ။

အားလုံးကိုပြောလိုက်မယ် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာလို့ လောက်ကောင်နှစ်ယောက်ကိုထောင်ချတာ ပြစ်ဒဏ်နည်းတယ်လို့ မှတ်လိုက်ပါ။ တကယ်ဆို အမြင့်ဆုံးပြစ်ဒဏ်အထိ ချရမည့်ပြစ်မှုတွေဖြစ်တယ်။ သတင်းသမားဆိုပြီး ဥပဒေပေါ် တက်ထိုင်လို့မရဘူး။နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ကိုယ်ရေးလိုက်တဲ့သတင်းက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်လာနိုင်မယ်ဆိုရင် မရေးဘဲနေရမှာ နိုင်ငံသားတိုင်းတို့ရဲ့တာဝန်ပဲ။

ဒါကြောင့် သိပ်ငိုပြမနေနဲ့ အပိုဆာပလာတွေတောင်းဆိုမနေနဲ့ မကြေနပ်ရင် အယူခံတက်။
ဒါပဲပြောချင်တယ်။

ဝီရသူ (မစိုးရိမ်)
5.9.2018