Daily Archives: September 5, 2018

သတင်း


3.9.2018 ရက်နေ့က အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားဟောင်း သံဃာတော် ၆ ပါးအား အမျိုးသားရေးအင်အားစုများက စုပေါင်းကံထပ်ပွဲ ကျင်းပမှာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော မျိုးချစ်သံဃာတော်များ၊ မျိုးချစ်မောင်နှမများ ကြွရောက်ချီးမြှောက်နိုင်ပါတယ်။ နေ့ရက် – ဝါခေါင်လကွယ်နေ့ (9.9.2018)၊ တနင်္ဂနွေနေ့။ အချိန် – မွန်းလွဲ ၂း၀၀ နာရီ။ နေရာ – အမရပူရမြို့နယ်၊ နန်းဦးကျောင်းတိုက်။ “အိုးဘိုပြန်ညီနောင်များ စုပေါင်းကံထပ်ပွဲ” 3.9.2018 ရက်နေ့က အိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသော အမျိုးသားရေးယုံကြည်ချက်အကျဉ်းသားဟောင်း သံဃာတော် ...
သတင်း

ထိုင်းနိုင်ငံခရီးစဉ် (၆)

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018) ရက်နေ့၊ ထိုင်းဆရာတော်ကြီးအဖွဲ့က စားသောက်ဆိုင်သို့ လိုက်ပို့ပါတယ်။စားသောက်ဆိုင်မှာ နေ့ဆွမ်းစားကြပါတယ်။ဟင်းသီးဟင်းရွက် အရင်စားရပါတယ်။ပြီးမှ ဆွမ်းစားရတာပါ။ဟင်းသီးဟင်းရွက်ကို သစ်သားဇလုံထဲထည့်ပြီး သစ်သားယောက်မဖြင့်မွှေကာ ထိုင်းဆရာတော်ကြီးက လိုက်လံထည့်ပေးပါတယ်။ဟင်းတွေကလည်းစုံလို့ပါပဲ။ရေနွေးပွဲလည်း စုံလို့ပါပဲ။ ဆွမ်းစားပြီးတဲ့အခါ ဆရာတော်ကြီးနှင့်အတူ မြန်မာပြည်ကိုပါလာဖူးတဲ့ ဒကာ ဒကာမများကို ကျောက်စီဘုရားပုံလေးတွေ လက်ဆောင်ပေးပါတယ်။ဆရာတော်ကြီးကလည်း သင်္ကန်းတွေ ပြန်လည်စွန့်ကြဲပါတယ်။ဒကာ ဒကာမများက ထမင်းပေါင်းအိုးနှစ်လုံး လှူပါတယ်။ပုံစံကဆန်းနေလို့ ဘာအိုးလဲ မေးကြည့်ရာမှ ထမင်းပေါင်းအိုးဖြစ်ကြောင်း ပြောပြီး ချက်ချင်းဝယ်လှူလိုက်တာပါ။ပြီးတဲ့အခါ သဗ္ဗီတိယောဂါထာတို့ကို ပါဠိလိုရွတ်ဆိုကာ ဒကာ ဒကာမများအား ဆုတောင်းပေးကြပါတယ်။ထိုင်းဘုန်းကြီးရော မြန်မာဘုန်းကြီးပါ ပါဠိလိုရွတ်ဆိုဆုတောင်းပေးကြတာ ...
Uncategorizedသတင်း

နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ကြ

သံအမတ်ကလည်း သံအမတ်လိုမနေ၊ဟိုနေရာဝင်စွက်ဖက် ဒီနေရာဝင်စွက်ဖက်နဲ့မိန်းမသားအုပ်ချုပ်တဲ့တိုင်းပြည်ဆိုပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို မထီမဲ့မြင်ပြုလာတဲ့အထိ ကျင့်ဝတ်တွေ ဖောက်ဖျက်ခဲ့ကြတယ်။အမေရိကန်အစိုးရဆိုတာကြီးကလည်း ဟိုဟာတောင်းဆို ဒီဟာတောင်းဆိုနဲ့ မင်းတို့တောင်းဆိုတိုင်းလိုက်လျောရအောင် ငါတို့နိုင်ငံက မင်းတို့ရဲ့လက်အောက်ခံနိုင်ငံများမှတ်နေသလား။ သတင်းသမားကလည်း သတင်းသမားလိုမနေ၊သူတို့လူတွေရဲ့ တစ်ဖက်သတ်သတင်းတွေကြောင့် တိုင်းပြည်ဂုဏ်သိက္ခာ ဘယ်လောက်ထိခိုက်ခဲ့သလဲဆိုတာလည်း သူတို့မတွေး၊သူတို့လူတွေဖွတဲ့သတင်းကြောင့် တပ်မတော်သားတွေ ရဲတပ်ဖွဲ့ဝင်တွေ နှစ်ရှည်ထောင်ကျသူက ကျ၊ အလုပ်ပြုတ်သူက ပြုတ်၊ မိဘသားစုလိုက် ဘဝပျက်ကုန်ကြတာလည်း သူတို့မစာနာ၊ဒေါ်လာမျက်နှာကြည့်ပြီး တစ်မျိုးသားလုံးအပေါ်သစ္စာဖောက်ခဲ့တဲ့ လောက်ကောင်နှစ်ယောက်ကိုပဲ ကန်ပိန်းတွေလုပ် တောင်းဆိုသူကတောင်းဆို ငိုယိုနေတာကို ပုံကြီးချဲ့ပြီး မျက်ရည်ခြူသူကခြူနဲ့ မီဒီယာကျင့်ဝတ်တွေလည်း ဘယ်ရောက်ကုန်မှန်းလည်း သူတို့မသိကြပါ။ အားလုံးကိုပြောလိုက်မယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာလို့ လောက်ကောင်နှစ်ယောက်ကိုထောင်ချတာ ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၅၀

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း-ဆင်တိုင်ရပ်နေ ဦးမောင်မြင့်+ဒေါ်သန်းသန်းမြင့် မိသားစုမှ အလှူငွေ ၁၀၀၀၀၀ိ (တစ်သိန်းကျပ်) လှူဒါန်းစဉ်။ (1.9.2018) မန်း မဟော်သဓာအတွက် ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ၁၀၀,၀၀၀(ဘတ်တစ်သိန်း) ထိုင်းနိုင်ငံ ...