သတင္း

ထုိင္းႏုိင္ငံခရီးစဥ္ (၆)

ဝါေခါင္လျပည့္ေက်ာ္ ၁ ရက္ (27.8.2018) ရက္ေန႔၊ ထိုင္းဆရာေတာ္ႀကီးအဖြဲ႔က စားေသာက္ဆုိင္သုိ႔ လုိက္ပို႔ပါတယ္။စားေသာက္ဆုိင္မွာ ေန႔ဆြမ္းစားၾကပါတယ္။ဟင္းသီးဟင္းရြက္ အရင္စားရပါတယ္။ၿပီးမွ ဆြမ္းစားရတာပါ။ဟင္းသီးဟင္းရြက္ကို သစ္သားဇလံုထဲထည့္ၿပီး သစ္သားေယာက္မျဖင့္ေမႊကာ ထုိင္းဆရာေတာ္ႀကီးက လုိက္လံထည့္ေပးပါတယ္။ဟင္းေတြကလည္းစံုလုိ႔ပါပဲ။ေရေႏြးပြဲလည္း စံုလုိ႔ပါပဲ။

ဆြမ္းစားၿပီးတဲ့အခါ ဆရာေတာ္ႀကီးႏွင့္အတူ ျမန္မာျပည္ကိုပါလာဖူးတဲ့ ဒကာ ဒကာမမ်ားကို ေက်ာက္စီဘုရားပုံေလးေတြ လက္ေဆာင္ေပးပါတယ္။ဆရာေတာ္ႀကီးကလည္း သကၤန္းေတြ ျပန္လည္စြန္႔ႀကဲပါတယ္။ဒကာ ဒကာမမ်ားက ထမင္းေပါင္းအုိးႏွစ္လံုး လွဴပါတယ္။ပံုစံကဆန္းေနလို႔ ဘာအုိးလဲ ေမးၾကည့္ရာမွ ထမင္းေပါင္းအိုးျဖစ္ေၾကာင္း ေျပာၿပီး ခ်က္ခ်င္းဝယ္လွဴလိုက္တာပါ။ၿပီးတဲ့အခါ သဗၺီတိေယာဂါထာတုိ႔ကို ပါဠိလိုရြတ္ဆုိကာ ဒကာ ဒကာမမ်ားအား ဆုေတာင္းေပးၾကပါတယ္။ထုိင္းဘုန္းႀကီးေရာ ျမန္မာဘုန္းႀကီးပါ ပါဠိလိုရြတ္ဆိုဆုေတာင္းေပးၾကတာ ၾကည္ႏူးစရာေကာင္းပါတယ္။

စာေရးသူတုိ႔ ကားေပၚတက္ခါနီးမွာ မဟာခ်ဳိင္တရားပြဲမွ ရရွိလာတဲ့ ျမန္မာသကၤန္းတစ္စံုကို ထုိ္င္းဆရာေတာ္ႀကီးအား လွဴလိုက္ပါတယ္။ဆရာေတာ္ႀကီးက ခ်က္ခ်င္းဝတ္မယ္ဆိုလုိ႔ အေပၚရုံသကၤန္းကို ဆရာေတာ္ႀကီးအား ဝတ္ရုံေပးလုိက္ပါတယ္။ဆရာေတာ္ႀကီးက တအားေပ်ာ္သြားၿပီး ထုိ္င္းလုိဥဒါန္းၾကဴးပါတယ္။အဓိပၸါယ္ေတာ့မသိရပါ။စာေရးသူတုိ႔ကားထြက္ေတာ့ ဆရာေတာ္ႀကီးႏွင့္အဖြဲ႔ လြမ္းက်န္ေနခဲ့တာ ေတြ႔ခဲ့ရပါတယ္။အင္မတန္သံေယာဇဥ္ႀကီးတဲ့ ထုိင္းမိသားစု ျဖစ္ပါတယ္။

“ထိုင်းနိုင်ငံခရီးစဉ် (၆)”

ဝါခေါင်လပြည့်ကျော် ၁ ရက် (27.8.2018) ရက်နေ့၊ ထိုင်းဆရာတော်ကြီးအဖွဲ့က စားသောက်ဆိုင်သို့ လိုက်ပို့ပါတယ်။ စားသောက်ဆိုင်မှာ နေ့ဆွမ်းစားကြပါတယ်။ ဟင်းသီးဟင်းရွက် အရင်စားရပါတယ်။ ပြီးမှ ဆွမ်းစားရတာပါ။ ဟင်းသီးဟင်းရွက်ကို သစ်သားဇလုံထဲထည့်ပြီး သစ်သားယောက်မဖြင့်မွှေကာ ထိုင်းဆရာတော်ကြီးက လိုက်လံထည့်ပေးပါတယ်။ ဟင်းတွေကလည်းစုံလို့ပါပဲ။ ရေနွေးပွဲလည်း စုံလို့ပါပဲ။

ဆွမ်းစားပြီးတဲ့အခါ ဆရာတော်ကြီးနှင့်အတူ မြန်မာပြည်ကိုပါလာဖူးတဲ့ ဒကာ ဒကာမများကို ကျောက်စီဘုရားပုံလေးတွေ လက်ဆောင်ပေးပါတယ်။ ဆရာတော်ကြီးကလည်း သင်္ကန်းတွေ ပြန်လည်စွန့်ကြဲပါတယ်။

ဒကာ ဒကာမများက ထမင်းပေါင်းအိုးနှစ်လုံး လှူပါတယ်။ ပုံစံကဆန်းနေလို့ ဘာအိုးလဲ မေးကြည့်ရာမှ ထမင်းပေါင်းအိုးဖြစ်ကြောင်း ပြောပြီး ချက်ချင်းဝယ်လှူလိုက်တာပါ။ ပြီးတဲ့အခါ သဗ္ဗီတိယောဂါထာတို့ကို ပါဠိလိုရွတ်ဆိုကာ ဒကာ ဒကာမများအား ဆုတောင်းပေးကြပါတယ်။ ထိုင်းဘုန်းကြီးရော မြန်မာဘုန်းကြီးပါ ပါဠိလိုရွတ်ဆိုဆုတောင်းပေးကြတာ ကြည်နူးစရာကောင်းပါတယ်။

စာရေးသူတို့ ကားပေါ်တက်ခါနီးမှာ မဟာချိုင်တရားပွဲမှ ရရှိလာတဲ့ မြန်မာသင်္ကန်းတစ်စုံကို ထိုင်းဆရာတော်ကြီးအား လှူလိုက်ပါတယ်။ ဆရာတော်ကြီးက ချက်ချင်းဝတ်မယ်ဆိုလို့ အပေါ်ရုံသင်္ကန်းကို ဆရာတော်ကြီးအား ဝတ်ရုံပေးလိုက်ပါတယ်။

ဆရာတော်ကြီးက တအားပျော်သွားပြီး ထိုင်းလိုဥဒါန်းကြူးပါတယ်။ အဓိပ္ပါယ်တော့မသိရပါ။
စာရေးသူတို့ကားထွက်တော့ ဆရာတော်ကြီးနှင့်အဖွဲ့ လွမ်းကျန်နေခဲ့တာ တွေ့ခဲ့ရပါတယ်။
အင်မတန်သံယောဇဉ်ကြီးတဲ့ ထိုင်းမိသားစု ဖြစ်ပါတယ်။