သတင်း

နိုင်ငံရေးပွဲစားမကြီး

ခင်ဗျားလုပ်ရမှာက လူ့အခွင့်အရေးချိုးဖောက်တယ်မချိုးဖောက်ဘူး လေးစားတယ်မလေးစားဘူး လိုက်နာတယ်မလိုက်နာဘူး ပြည့်ဝတယ် မပြည့်ဝဘူး လိုအပ်တယ် မလိုအပ်ဘူး ဒီလောက်ပဲခင်ဗျားလုပ်ရမှာ။  အခုဟာက ရိုဟင်ဂျာဘင်္ဂလီ အငြင်းပွားမှုမှာ ရိုဟင်ဂျာလို့ပဲ ဆုံးဖြတ်နေတယ်။

အဲဒီမှာ ခင်ဗျားမှားနေပြီ။ ဒိုင်လူကြီးက ဝင်ကန်သလိုဖြစ်နေလို့ ရိုဟင်ဂျာဘင်္ဂလီအဆုံးအဖြတ်ကို ခင်ဗျားပေးရမှာမဟုတ်ဘူး။
ဒါကြောင့် ခင်ဗျားကို ကျုပ် မေတ္တာပို့ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာလို့ခေါ်ဝေါ်တဲ့ လူမျိုးတွေရှိနေတယ်ဆိုတာကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့တဲ့အတွက်လည်း အလွန်ပဲစိတ်ပျက်ရပါတယ်လို့ ခင်ဗျားပြောတယ်။ ခင်ဗျားအလုပ် ခင်ဗျားမလုပ်သေးသရွေ့ ခင်ဗျားအမြဲစိတ်ပျက်နေမှာပဲ။

လွှတ်တော်ကို ဂိုက်မပေးပါနဲ့ လွှတ်တော်က ခင်ဗျားလက်အောက်ခံမဟုတ်ဘူး။ ၈၂ ဥပဒေဟာ ကျုပ်တို့တစ်မျိုးသားလုံးအတွက် ဧရာမတံတိုင်းကြီးဗျ ဒါကို ခင်ဗျားက ဖျက်ဆီးချင်နေတာ ကျုပ်တို့သိတယ်။ ခင်ဗျားအမျိုးတွေကို ခင်ဗျားချစ်ရင် ကျုပ်တို့နိုင်ငံထက်သာတဲ့ ခင်ဗျားတို့နိုင်ငံတွေမှာ ခေါ်ထားပါ။

NLD အမတ်တွေကိုတော့ ၈၂ ဥပဒေဖျက်ပေးရအောင် တိုက်တွန်းတာမျိုးမလုပ်ပါနဲ့။ နောက်တစ်ခါ အရင်ထက်ပြင်းထန်တဲ့ လက်နက်တွေ ကျုပ်ရှာထားတယ်။

ဝီရသူ(မစိုးရိမ်)
29.10.2017
PM 9:44
=======================================================
ရိုဟင်ဂျာဟု ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်မပြုခြင်းအပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီလီ ပြောကြား
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးမှူး ယန်လီလီက ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ပြေးရမှုအတွက် မြန်မာစစ်တပ်ထံတွင် တာဝန်ရှိနေပြီး ထို့အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော အရပ်သားအစိုးရသည် အလုပ်များစွာ လုပ်ကိုင်ခဲ့ရကြောင်း အောက်တိုဘာ ၂၅ ရက်က ပြောကြားခဲ့သည်။ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုအပေါ် ဖြစ်ပေါ်စေခဲ့သော ရုန့်ရင်းဆန်ခတ်မှုများနှင့် ပတ်သက်၍ မြန်မာ နိုဘယ်လ်
ခေါင်းဆောင်၏ အသွင်မတူ တစ်မူကွဲပြားနေသော တုန့်ပြန်ချက်ကြောင့် မိမိအနေနှင့် များစွာ စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်းလည်း ယန်ဟီလီက ပြောကြားခဲ့သည်
။‘’အခုလို ဖြစ်နေတာဟာ လူတိုင်းအတွက် နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ရတဲ့အပြင် ကျွန်မအတွက်လည်း အမှန်တကယ် စိတ်ပျက်ရမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကိစ္စအပေါ်မှာ မတူညီတဲ့ ရပ်တည်မှုအနေနဲ့ ပတ်သက်ပြီး ပြောဆိုရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြသ၁နာ အရင်းအမြစ်ရဲ့ အစပြုရာ အခြေခံဖြစ်တဲ့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်တဲ့ လူမျိုးတွေ ရှိနေတယ်ဆိုတာကို ဘယ်တုန်းကမှ အသိအမှတ် မပြုခဲ့တဲ့အတွက်လည်း ကျွန်မအနေနဲ့ အလွန်အမင်း စိတ်ပျက်ရပါတယ်” ဟု ယန်ဟီလီကပြောသည်
။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထုတွေ ရှင်းရှင်းလင်းလင်း သိရှိသွားအောင် “ဟေ့–လူသားချင်း စာနာမှု နည်းနည်းပါးပါးလောက် ထုတ်ပြလိုက်ကြစမ်းပါ“ ဟု တိုက်တွန်းလိုက်လျှင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လူထု၏ လေးစားခံနေရသူ တစ်ဦး ဖြစ်နေမှုကြောင့် အားလုံးက သူမ၏နောက်ကို လိုက်လာကြလိမ့်ဟု ယုံကြည်ထားကြောင်း ပြောကြားခဲ့သည်။မြန်မာ့လူဦးရေ တစ်ရပ်လုံးကို ကိုယ်စားပြုထားသော ဂုဏ်သိက္ခာရှိသည့် လူထု သဝဏ်လွှာတစ်ရပ်ကို စတင်ပေးပိ့ သင့်နေပြီ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အစိုးရအနေဖြင့် လွှတ်တော်တွင် မိမိ၏ မဲအသာစီး ရရှိနေမှုကို အသုံးချပြီး မြန်မာနိုင်ငံ အတွင်း လူမျိုးစုအားလုံး (All Group) သည် တန်းတူ အခွင့်အရေးရရှိမှုကို ပိတ်ပင်တားမြစ် နေသည့် ဥပဒေကို ဖျက်သိမ်းသင့်နေပြီဟု ဆက်လက် ပြောကြားခဲ့သည်။“မြန်မာနိုင်ငံ အတွင်းက ရိုဟင်ဂျာလူမျိုးတွေအတွက် စာနာထောက်ထားမှု အနည်းငယ်သာရှိနေပြီး လူတစ်ဦးချင်းစီ အတွက် အင်အားပြည့် စာနာထောက်ထားမှု ရရှိနိုင်ရေးဟာ နည်းပါးနေပါတယ်။ မြန်မာ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ ရိုဟင်ဂျာဟာ တိုင်းပြည်ရဲ့တိုင်းရင်းသား အနွယ်ဖွား တစ်ရပ် မဟုတ်သလို ဘယ်လို အခွင့်အရေးမျိုးမှ မရသင့်ဘူးဆိုတဲ့ သဘောတရားကို ဆယ်စုနှစ်ပေါင်း များစွာထဲက ရိုက်သွင်း ခံလာရပါတယ်” ဟုလည်း ယန်ဟီလီက ပြောကြားခဲ့သည်။
မင်းလွင်
Credit to The Ladies News
http://gabarmyay.com/archives/3582