သတင်း

တွစ်တာသုံးရင် ပိုပျံ့မှာနော်

ဦးပဉ္စင်းအကောင့် Followerအရေအတွက်ကို သတိထားကြည့်ရှုရင် အဖြေတွေ့ပါလိမ့်မယ်။
Flတွေ အစိတ် သုံးဆယ်မှ တစ်ရာနှစ်ရာအထိ ပြုတ်ပြုတ်ကျသွားတာကို တွေ့ရပါလိမ့်မယ်။

၂လကျော်ရှိပါပြီ။
Fl ၄၁၃၀၀၁ မှ စတင်သတိပြုမိတာပါ။

ခုလေးတင်ပဲ ၂၀ဦးပြုတ်ကျသွားပါတယ်။

unfollowလုပ်ကြတယ်လို့ ဆင်ခြေပေးလည်းရပါတယ်။

မထင်ပါ။
လုံးဝ မထင်ပါ။

ဘာပဲပြောပြော အဲလောက် ဂရုစိုက်တာကိုပဲ ကျေနပ်နေမိပါတယ်ဗျာ။

ဝီရသူ ( မစိုးရိမ်)
17.10.2017
pm 5;25

———

ဦးဝီရသူအား Facebook မှ ဖယ်ရှားပေးဖို့ (၂) ရက်အတွင်း လူပေါင်းနှစ်ထောင်ကျော် လက်မှတ်ထိုးထား
============================

မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေကို ဖေ့ဘွတ်ခ်ကနေပြီး အစဉ်တစိုက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ နာမည်ကျော်ကြားနေတဲ့ ဦးဝီရသူကို Facebook ကနေ အပြီးအပိုင် ဖယ်ရှားပေးဖို့ တိုင်ကြားမဲ့ စာလွှာတစ်ခုဟာ အင်တာနက်မှာ ပြန့်နှံနေပါတယ်။ အခုအချိန်အထိ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ လူပေါင်းနှစ်ထောင်ကျော် လက်မှတ်ရေးထိုးထားတယ်လို့လည်း သိရပါတယ်။ အဲ့ဒီ တိုင်ကြားလွှာကို Facebook ကို တည်ထောင်ထားတဲ့ Mark Zuckerburg ထံ တိုင်ရိုက်ပေးပို့သွားမယ်လို့ ဖော်ပြထားပါတယ်။

ဦးဝီရသူအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေသူတွေကို အမြဲတမ်း အခြေအမြစ်မရှိ တိုက်ခိုက်ရေးသားလက်ရှိတယ်လို့လည်း ရေးသားထားပါတယ်။ သူဟာ မြန်မာပြည်ရဲ့ အမြင့်မားဆုံး သံဃာ့အဖွဲ့အစည်းဖြစ်တဲ့ မဟနကနေ အမုန်းတရားတွေ ဖြန့်ချိနေမှုကြောင့် တရားမဟောဖို့ တားမြစ်ခံထားရတဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းမှုကို လိုလားတဲ့ ဗုဒ္ဓဘာသာဝင်အများစုက ဦးဝီရသူကို မထောက်ခံကြကြောင်း၊ သူဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် Virus အဆိတ်ရှိတဲ့ပိုးမွှားဖြစ်ကြောင်း၊ စစ်အုပ်စုရဲ့ လက်ကိုင်တုတ် ဖြစ်ကြောင်းတွေလည်း ပါရှိပါတယ်။ ဦးဝီရသူကြောင့် ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ရပြီး၊ အပြစ်မဲ့လူအချို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ လူမျိုးရေးအစွန်းရောက်တွေကို လုံးဝလက်မခံတဲ့ Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတဲ့ ဦးဝီရသူရဲ့ ဖဘအကောင့်ကို ပိတ်ပေးဖို့၊ နော်ပြီး သူ့နာမည် Wira Thu ဆိုတဲ့စကားလုံးကို Facebook ကနေ လုံးဝ ဖယ်ရှားပိတ်ပင်ပေးဖို့ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။

ဒီတိုင်ကြားလွှာကို ပါဝင်လက်မှတ်ရေးချင်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အောက်ပါလင့်ခ်မှာ ပါဝင်လက်မှတ်ထိုးနိုင်တယ်လို့လည်း သိရပါတယ်။

https://www.change.org/p/mark-zuckerberg-close-down-faceboo…

လက်မှတ်ပါဝင်ထိုးရမယ့်နည်းလမ်းကတော့

(၁) အထက်မှာ ဖော်ပြထားတဲ့ လင့်ခ်ကို နှိပ်ပါ။
(၂) Sign In လုပ်ဖို့အတွက် Sign up မလုပ်ထားတဲ့သူတွေအနေနဲ့ Sign Up လုပ်ရပါမယ်။ မိမိရဲ့ Facebook အကောင့်နဲ့လည်း Sign Up လုပ်လို့ ရပါတယ်။ လုပ်ခြုံမှုအတွက် အလွန်စိတ်ချရတဲ့ ကမ္ဘာာကျော်ဝဘ်ဆိုဒ်ဖြစ်တဲ့အတွက် ပူပင်စရာမလိုပါ။
(၃) မှတ်ချက်မှာ I agree, please remove him from Facebook ဒါမှမဟုတ် Even I am peaceful Buddhist, I don’t want him on Facebook for spreading hatred between different

religious groups or ethnic groups.
(၄) အားလုံးပြီးပါက Post ကို နှိပ်လိုက်ယုံပါဘဲ။

သတင်းပေးပို့သူ
မင်းမခ
Citizen Journalist
#MUNA