မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ဒသမအႀကိမ္ ကထိန္အလွဴေတာ္ႏွင့္ ပညာေရးစုံညီပြဲေတာ္ (၁)

တန္ေဆာင္မုန္းလဆန္း ၃ ရက္ (10.11.2018)ရက္ေန႔၊ ည ၆း၀၀ နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေတာင္ရိုး၊ ဓမၼေစတီေက်ာင္းတုိက္၊ ပုထုိးေတာ္ႀကီးေဘးမွာ က်င္းပပါတယ္။ စာေရးသူတည္ေထာင္ထားတဲ့ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္း၊ စာေရးသူဦးစီးတဲ့ ေက်ာက္ေခ်ာရြာပညာဒါနက်ဴရွင္ေက်ာင္း၊ မင္းကြန္းပုထိုးေတာ္ႀကီးပညာေရးအကယ္ဒမီေက်ာင္းတုိ႔မွ အလယ္တန္း အထက္တန္း ေက်ာင္းသား/သူမ်ား စုေပါင္းၾသဝါဒခံယူပြဲေလး က်င္းပေပးတာပါ။

အမရပူရၿမဳိ႕၊ ကြမ္းဆြဲရပ္၊ ဦးမိုးကို+ေဒၚခုိင္မာဝင္း (MK ေက်ာက္မ်က္)မိသားစုရဲ႕ ဒသမအႀကိမ္ ကထိန္အလွဴေတာ္ကို မင္းကြန္း ဓမၼေစတီေက်ာင္းတုိက္မွာ က်င္းပရင္း စာသင္ေက်ာင္း သံုးေက်ာင္းမွ ေက်ာင္းသား/သူမ်ား စုံစုံလင္လင္ စုစည္းေပးရင္း ၾသဝါဒေပးျဖစ္သြားတာပါ။

ပညာဟာ ရတနာထုိက္ပုံႏွင့္ ပညာရတနာ၏ အခန္းက႑ တန္ဖိုး ေက်းဇူးတရားတုိ႔ကို ေဟာၾကားေပးခဲ့ပါတယ္။ေဟာၾကားအၿပီးမွာ ေက်ာင္းသား/သူမ်ား ေမးၾကတဲ့ ေမးခြန္းမ်ားကို ျပန္လည္ေျဖၾကားေပးခဲ့ပါတယ္။ကေလးအဆိုေတာ္မ်ားျဖင့္ ေပ်ာ္ပြဲရႊင္ပြဲ ေဖ်ာ္ေျဖပြဲ က်င္းပအံုးမွာျဖစ္လုိ႔ ေမးလုိသူမ်ားကို ခ်န္းထားခဲ့ရတာလည္း ရွိပါတယ္။ကေလးေလးေတြဆိုေပမယ့္ ေမးခြန္းကေတာ့ အဆင့္ျမင့္ၾကပါတယ္။

မင္းကြန္းပုထုိးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္းမွ ပဥၥမတန္းေက်ာင္းသူ သီလရွင္ေလး ေမးတာက ႏိုင္ငံတကာမွာ ပညာေရးျမင့္မားေနၿပီး ျမန္မာႏိုင္ငံမွာ ပညာေရးနိမ့္က်ေနတာ ဘာေၾကာင့္ပါလဲ တဲ့။ဒါမ်ဳိးေလးေတြ ေမးေဖာ္ရတာကိုပဲ ေက်းဇူးတင္မဆံုးပါ။

ပညာေရးစုံညီပြဲရဲ႕ ပြဲဦးထြက္ ၾသဝါဒခံယူပြဲေလးကေတာ့ အားရစရာေကာင္းပါတယ္ဗ်ာ။ကထိန္ဒါယကာ ဦးမုိးကိုလည္း ႏွစ္ေထာင္းအားရ ဝမ္းသာၾကည္ႏူးေနတာ ေတြ႔ရပါတယ္ဗ်ာ။

“ဒသမအကြိမ် ကထိန်အလှူတော်နှင့် ပညာရေးစုံညီပွဲတော် (၁)”

တန်ဆောင်မုန်းလဆန်း ၃ ရက် (10.11.2018)ရက်နေ့၊ ည ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပုထိုးတော်ကြီးဘေးမှာ ကျင်းပပါတယ်။

စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်း၊ စာရေးသူဦးစီးတဲ့ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းတို့မှ အလယ်တန်း အထက်တန်း ကျောင်းသား/သူများ စုပေါင်းသြဝါဒခံယူပွဲလေး ကျင်းပပေးတာပါ။

အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (MK ကျောက်မျက်)မိသားစုရဲ့ ဒသမအကြိမ် ကထိန်အလှူတော်ကို မင်းကွန်း ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပရင်း စာသင်ကျောင်း သုံးကျောင်းမှ ကျောင်းသား/သူများ စုံစုံလင်လင် စုစည်းပေးရင်း သြဝါဒပေးဖြစ်သွားတာပါ။

ပညာဟာ ရတနာထိုက်ပုံနှင့် ပညာရတနာ၏ အခန်းကဏ္ဍ တန်ဖိုး ကျေးဇူးတရားတို့ကို ဟောကြားပေးခဲ့ပါတယ်။ ဟောကြားအပြီးမှာ ကျောင်းသား/သူများ မေးကြတဲ့ မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ကလေးအဆိုတော်များဖြင့် ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေပွဲ ကျင်းပအုံးမှာဖြစ်လို့ မေးလိုသူများကို ချန်းထားခဲ့ရတာလည်း ရှိပါတယ်။ ကလေးလေးတွေဆိုပေမယ့် မေးခွန်းကတော့ အဆင့်မြင့်ကြပါတယ်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှ ပဉ္စမတန်းကျောင်းသူ သီလရှင်လေး မေးတာက နိုင်ငံတကာမှာ ပညာရေးမြင့်မားနေပြီး မြန်မာနိုင်ငံမှာ ပညာရေးနိမ့်ကျနေတာ ဘာကြောင့်ပါလဲ တဲ့။ ဒါမျိုးလေးတွေ မေးဖော်ရတာကိုပဲ ကျေးဇူးတင်မဆုံးပါ။

ပညာရေးစုံညီပွဲရဲ့ ပွဲဦးထွက် သြဝါဒခံယူပွဲလေးကတော့ အားရစရာကောင်းပါတယ်ဗျာ။
ကထိန်ဒါယကာ ဦးမိုးကိုလည်း နှစ်ထောင်းအားရ ဝမ်းသာကြည်နူးနေတာ တွေ့ရပါတယ်ဗျာ။