Daily Archives: November 17, 2018

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

ဒသမအကြိမ် ကထိန်အလှူတော်နှင့် ပညာရေးစုံညီပွဲတော် (၁)

တန်ဆောင်မုန်းလဆန်း ၃ ရက် (10.11.2018)ရက်နေ့၊ ည ၆း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပုထိုးတော်ကြီးဘေးမှာ ကျင်းပပါတယ်။ စာရေးသူတည်ထောင်ထားတဲ့ လောကအလင်းပညာဒါနကျူရှင်ကျောင်း၊ စာရေးသူဦးစီးတဲ့ ကျောက်ချောရွာပညာဒါနကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းတို့မှ အလယ်တန်း အထက်တန်း ကျောင်းသား/သူများ စုပေါင်းသြဝါဒခံယူပွဲလေး ကျင်းပပေးတာပါ။ အမရပူရမြို့၊ ကွမ်းဆွဲရပ်၊ ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (MK ကျောက်မျက်)မိသားစုရဲ့ ဒသမအကြိမ် ကထိန်အလှူတော်ကို မင်းကွန်း ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပရင်း စာသင်ကျောင်း သုံးကျောင်းမှ ကျောင်းသား/သူများ စုံစုံလင်လင် စုစည်းပေးရင်း သြဝါဒပေးဖြစ်သွားတာပါ။ ပညာဟာ ရတနာထိုက်ပုံနှင့် ပညာရတနာ၏ ...
သတင်း

၂၀၁၈ ဆဝီသတိမ ဓမ္မသဘင် (ပွင့်ဖြူ-သံကိုင်းရွာ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာ၊ ကထိန်အလှူတော်အကြို ဓမ္မသဘင်။၂၀၁၈ ခုနှစ်ရဲ့ (၂၆)ပွဲမြောက် ဓမ္မသဘင်ပါ။ ကထိန်အကြိုတရားပွဲလေးပါ။ သံကိုင်းရွာလေးက အိမ်ခြေနည်းနည်းလေးပါ။ ရွာနီးနားဝန်းကျင်မှ လာရောက်နာယူကြလို့ ပရိသတ်တွေ များပြားခဲ့တာပါ။ တရားပွဲအသွား လမ်းမှာ ကျန်းမာရေးစိတ်မချရလို့ မြင်းခြံ သဲဖြူကျောင်း ဆရာတော်ဦးဇာဂရထံ ခဏနားကာ ဆေးဝင်ထိုးခဲ့ပါသေးတယ်။ ဒါတောင် ခရီးပန်းပြီး အပြင်းဖျားလို့ ကားပေါ်မှာ ရေခဲအဝတ်တွေ အုပ်ခဲ့ရပါသေးတယ်။ တရားပွဲရောက်တော့ ပျောက်သွားပါပြီ။ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများကလည်း ကြွရောက်အားပေးစကား ပြောကြပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ရွာသားတွေမို့ အတ္တဟိတ ပရဟိတ ဥဘယဟိတ ဥဘယ အဟိတ ပုဂ္ဂိုလ်လေးမျိုး ဟောကြားခဲ့ပါတယ်။ တရားပွဲကုသိုလ်ရှင်များကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်၊ ...
သတင်း


သီတင်းကျွတ်လဆုတ် ၁၂ ရက် (5.11.2018)ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းမှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၏ တပည့်ကြီးများက စုပေါင်းဆွမ်းကပ်ပြီး စုပေါင်းသြဝဒခံယူတဲ့ပွဲပါ။ ဆရာတော်ဦးဝါသေဋ္ဌ သြဝါဒပေးအပြီးမှာ စာရေးသူက သြဝါဒပေးရတာပါ။ တပည့်များက လျှောက်ထားလို့ သြဝါဒပေးခြင်းပါပဲ။ ချစ်စရာကောင်းသော တပည့် (ချစ်တပည့်) နှစ်သက်စရာကောင်းသော တပည့် (နှစ်တပည့်) လွှင့်ပစ်စရာကောင်းသောတပည့် (ပစ်တပည့်) သုံးမျိုးရှိရာတွင် ချစ်တပည့်များဖြစ်အောင်ကြိုးစားကြဖို့ မဖြစ်ရင်တောင်မှ နှစ်တပည့်ဖြစ်အောင်လောက်တော့ အနစ်နာခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။ “ကျောင်းသားဟောင်းများ သြဝါဒခံယူပွဲ” ...
သတင်း

နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ရွှေရတုမွေးနေ့ပွဲ

သီတင်းကျွတ်လကွယ်နေ့ (7.11.2018)ရက်နေ့၊ နေပြည်တော် မစိုးရိမ်တိုက်သစ်မှာ ကျင်းပပါတယ်။ နေပြည်တော်မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ ရွှေရတုမွေးနေ့နှင့် မိဘဆရာကျေးဇူးဆပ်ပွဲပါ။ မန္တလေး မစိုးရိမ်တိုက်သစ်မှ ဆရာ တော်စပ်ခဲ့ဖူးသည့် မထေရ်ကြီးများ၊ မစိုးရိမ်တိုက်သစ် နာယကများ၊ မွေးနေ့ရှင်၏ စာသင်ဘက်သူငယ်ချင်းများ၊ နယ်ခံဆရာတော်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။ မထေရ်ကြီးများက ကိုယ်စီသြဝါဒပေးကြပါတယ်။ ဦးအောင်သောင်း လှူဒါန်းခဲ့တဲ့ ဓမ္မာရုံကြီးအပေါ်ထပ်မှာ အခမ်းအနားကျင်းပတဲ့အခါ လက်ရှိ ဒုဝန်ကြီးနှင့် အရာရှိများ၊ အရာရှိဟောင်းများ တက်ရောက်လှူဒါန်းကြတာကိုတွေ့ရလို့ ဝမ်းသာမဆုံးပါဘူး။ အခမ်းအနားကကြာရှည်လွန်းလို့ အနီးအနားရှိ ဆေးခန်းမှာ ဆေးသွားထိုးခဲ့ရပါသေးတယ်။မထေရ်ကြီးများ ဆရာသမားများ ကျောင်းသားဟောင်းကြီးများနှင့် တွေ့ဆုံခွင့်ရခဲ့တာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ...