သတင်း





“ကျောင်းသားဟောင်းများ သြဝါဒခံယူပွဲ”

သီတင်းကျွတ်လဆုတ် ၁၂ ရက် (5.11.2018)ရက်နေ့၊ မွန်းလွဲ ၁း၀၀ နာရီ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းမှာ ကျင်းပပါတယ်။ မစိုးရိမ်တိုက်သစ် မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ၏ တပည့်ကြီးများက စုပေါင်းဆွမ်းကပ်ပြီး စုပေါင်းသြဝဒခံယူတဲ့ပွဲပါ။

ဆရာတော်ဦးဝါသေဋ္ဌ သြဝါဒပေးအပြီးမှာ စာရေးသူက သြဝါဒပေးရတာပါ။ တပည့်များက လျှောက်ထားလို့ သြဝါဒပေးခြင်းပါပဲ။

ချစ်စရာကောင်းသော တပည့် (ချစ်တပည့်)
နှစ်သက်စရာကောင်းသော တပည့် (နှစ်တပည့်)
လွှင့်ပစ်စရာကောင်းသောတပည့် (ပစ်တပည့်)
သုံးမျိုးရှိရာတွင် ချစ်တပည့်များဖြစ်အောင်ကြိုးစားကြဖို့ မဖြစ်ရင်တောင်မှ နှစ်တပည့်ဖြစ်အောင်လောက်တော့ အနစ်နာခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။