သတင္း

ေနျပည္ေတာ္မစိုးရိမ္တုိက္သစ္ဆရာေတာ္ ေရႊရတုေမြးေန႔ပြဲ

သီတင္းကၽြတ္လကြယ္ေန႔ (7.11.2018)ရက္ေန႔၊ ေနျပည္ေတာ္ မစုိးရိမ္တုိက္သစ္မွာ က်င္းပပါတယ္။ ေနျပည္ေတာ္မစုိးရိမ္တုိက္သစ္ ပဓာနနာယကဆရာေတာ္ ဘဒၵႏၲအဂၢဓမၼ ေရႊရတုေမြးေန႔ႏွင့္ မိဘဆရာေက်းဇူးဆပ္ပြဲပါ။

မႏၲေလး မစိုးရိမ္တုိက္သစ္မွ ဆရာ ေတာ္စပ္ခဲ့ဖူးသည့္ မေထရ္ႀကီးမ်ား၊ မစုိးရိမ္တုိက္သစ္ နာယကမ်ား၊ ေမြးေန႔ရွင္၏ စာသင္ဘက္သူငယ္ခ်င္းမ်ား၊ နယ္ခံဆရာေတာ္မ်ား၊ ဧည့္ပရိသတ္မ်ား တက္ေရာက္ၾကပါတယ္။ မေထရ္ႀကီးမ်ားက ကိုယ္စီၾသဝါဒေပးၾကပါတယ္။

ဦးေအာင္ေသာင္း လွဴဒါန္းခဲ့တဲ့ ဓမၼာရုံႀကီးအေပၚထပ္မွာ အခမ္းအနားက်င္းပတဲ့အခါ လက္ရွိ ဒုဝန္ႀကီးႏွင့္ အရာရွိမ်ား၊ အရာရွိေဟာင္းမ်ား တက္ေရာက္လွဴဒါန္းၾကတာကိုေတြ႔ရလုိ႔ ဝမ္းသာမဆံုးပါဘူး။

အခမ္းအနားကၾကာရွည္လြန္းလို႔ အနီးအနားရွိ ေဆးခန္းမွာ ေဆးသြားထိုးခဲ့ရပါေသးတယ္။
မေထရ္ႀကီးမ်ား ဆရာသမားမ်ား ေက်ာင္းသားေဟာင္းႀကီးမ်ားႏွင့္ ေတြ႔ဆံုခြင့္ရခဲ့တာေတာ့ တန္ဖိုးမျဖတ္ႏိုင္တဲ့ အက်ဳိးအျမတ္တစ္ခုပါပဲ။

“နေပြည်တော်မစိုးရိမ်တိုက်သစ်ဆရာတော် ရွှေရတုမွေးနေ့ပွဲ”

သီတင်းကျွတ်လကွယ်နေ့ (7.11.2018)ရက်နေ့၊ နေပြည်တော် မစိုးရိမ်တိုက်သစ်မှာ ကျင်းပပါတယ်။ နေပြည်တော်မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ ရွှေရတုမွေးနေ့နှင့် မိဘဆရာကျေးဇူးဆပ်ပွဲပါ။

မန္တလေး မစိုးရိမ်တိုက်သစ်မှ ဆရာ တော်စပ်ခဲ့ဖူးသည့် မထေရ်ကြီးများ၊ မစိုးရိမ်တိုက်သစ် နာယကများ၊ မွေးနေ့ရှင်၏ စာသင်ဘက်သူငယ်ချင်းများ၊ နယ်ခံဆရာတော်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။ မထေရ်ကြီးများက ကိုယ်စီသြဝါဒပေးကြပါတယ်။

ဦးအောင်သောင်း လှူဒါန်းခဲ့တဲ့ ဓမ္မာရုံကြီးအပေါ်ထပ်မှာ အခမ်းအနားကျင်းပတဲ့အခါ လက်ရှိ ဒုဝန်ကြီးနှင့် အရာရှိများ၊ အရာရှိဟောင်းများ တက်ရောက်လှူဒါန်းကြတာကိုတွေ့ရလို့ ဝမ်းသာမဆုံးပါဘူး။

အခမ်းအနားကကြာရှည်လွန်းလို့ အနီးအနားရှိ ဆေးခန်းမှာ ဆေးသွားထိုးခဲ့ရပါသေးတယ်။
မထေရ်ကြီးများ ဆရာသမားများ ကျောင်းသားဟောင်းကြီးများနှင့် တွေ့ဆုံခွင့်ရခဲ့တာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အကျိုးအမြတ်တစ်ခုပါပဲ။