သတင်း

“မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”

“မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပမည်”
==================================
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ- အရှင်ဝီရသူ (မစိုးရိမ်)၏ သက်တော် (၅၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲကို ယခုနှစ်၌လည်း စဉ်ဆက်မပြတ် ဆက်လက်ကျင်းပမည်ဖြစ်ရာ သွေးလှူဒါန်းလိုသော ဒါနဥပပါရမီရှင်များ အောက်ပါဆေးရုံများသို့ ကြွရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

ယခုနှစ် သွေးလှူဒါန်းပွဲကို 26.6.2022 ရက်နေ့ မနက် 9:00 နာရီ မှ မွန်းတည့် 12:00 နာရီအထိ ကျင်းပမည်ဖြစ်ကာ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ခုတင် ၃၀၀ နှင့် ပြင်ဦးလွင် တပ်မတော်ဆေးရုံတို့မှာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သွေးလှူရှင်များသည် သွေးလှူအပြီးတွင် မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းသို့ ကြွရောက်ကြကာ လက်ဆောင်ပစ္စည်းများနှင့် အာဟာရများကို အလှူခံကြရမည်ဖြစ်ပြီး သွေးလှူဒါန်းမှု အစုစုအတွက် ရေစာချ “အနုမောဒနာတရားများ နာယူကြရမည်ဖြစ်ကြောင်း နှင့် မွေးနေ့ရှင် ဆရာတော် အရှင်ဝီရသူ (မစိုးရိမ်) ရေစက်ချ အနုမောဒနာတရား ဟောကြားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၊ စုပေါင်းသွေးလှူဒါန်းပွဲ ဖြစ်မြောက်စေရန်၊
မယ်တော်ကြီး ဒေါ်ပေါရွှေက အလှူငွေ ၂၀၀၀၀၀ိ/၊
ဒေါ်မြင့်မြင့်စိုး (ရန်ကုန်)က အလှူငွေ ၁၀၀၀၀၀ိ/၊
မော်လမြိုင်မြို့ (ယွန်းဝတီရွှေဆိုင် မိသားစု)က ၅၀၀၀၀၀၀ိ/၊
ဦးတင်မောင်ဝင်း+ ဒေါ်ဌေး(ရွှေအိမ် မိသားစု)က ၂၀၀၀၀၀၀ိ/

ဦးစိုးသိန်း (မန္တလေး) မိသားစုက- ပွဲ-၄၀၀စာ ဒန်ပေါက်ထမင်းများ လှူဒါန်းထားကြောင်းနှင့် သွေးလှူရှင်များအား အားဆေး၊ အအေး၊ ရေသန့်၊ မျက်စဉ်း၊ ရင်ထိုးနှင့် “အင်းစိန်တောရဆောင်းပါးများ” စာအုပ်တို့ကို လက်ဆောင်အဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။