သတင္း

မစုိးရိမ္တုိက္သစ္ ကထိန္အလွဴေတာ္

ဒီေန႔ တန္ေဆာင္မုန္းလဆန္း ၁၂ ရက္ (19.11.2018)ရက္ေန႔၊ မနက္ ၇း၀၀ နာရီမွာ သံဃာေတာ္မ်ားအား ဆြမ္းေလာင္းလွဴပါတယ္။ ဆြမ္းေလာင္းအၿပီးမွာ အႏုေမာဒနာတရား နာယူၾကပါတယ္။ ကထိန္အလွဴရွင္မ်ားကေတာ့ မေလးရွားႏိုင္ငံေရာက္ ဗုဒၶဘာသာဝင္မ်ား ျဖစ္ပါတယ္။
မေလးရွားႏိုင္ငံ ေဗာဓိရာမရိပ္သာဆရာေတာ္ ဘဒၵႏၲရာဇိႏၵ၏ တပည့္ဒါယကာ ဒါယိကာမမ်ား စုေပါင္းအလွဴျဖစ္ပါတယ္။

ရန္ကုန္ၿမဳိ႕မွ ဆရာေတာ္ဦးအာသဘ က ဘာသာျပန္ဆိုေပးပါတယ္။ မေလးရွားသူ မေလးရွားသားမ်ားကေတာ့ သံဃာအမ်ားႀကီးဖူးေတြ႔ရလို႔ ေပ်ာ္ေနၾကပါတယ္။ ဝမ္းသာအားရ ဆြမ္းေလာင္းတာ၊ ဆြမ္းကပ္တာ၊ သကၤန္းကပ္တာေတြကို တစ္ေယာက္ပုခံုး တစ္ေယာက္လက္တင္ၿပီး ကပ္လွဴၾကတာေတြေတာင္ ေတြ႔ရပါတယ္။

ေဗာဓိရာမရိပ္သာ ဥကၠ႒ႀကီး ေဒါက္တာေဝါလ္က ေက်းဇူးတင္စကားေျပာၾကားရင္း စိတ္အားတက္ၾကြေနေၾကာင္း ဘုရားလက္ထက္က သံဃာ ငါးရာ၊ သံဃာတစ္ေထာင္ စာထဲမွာသာ ၾကည္ညဳိရေၾကာင္း အခုေတာ့ မ်က္ျမင္ဖူးေတြ႔ရလုိ႔ ဘုရားလက္ထက္ေတာ္အခါကို ျပန္လည္ေအာက္ေမ့မိေၾကာင္း ဝမ္းသာအားရ ေလွ်ာက္ထားတာပါ။

ဒီႏွစ္ ကထိန္ခံနာယကဆရာေတာ္ကေတာ့ ဓမၼာနႏၲသုခေက်ာင္း နာယကဆရာေတာ္ အရွင္ပညာေဇာတာဘိဝံသ ျဖစ္ပါတယ္။ ကထိန္ဉတ္သကၤန္းႀကီးအျပင္ နဝကမၼအလွဴေငြ (၁၀)သိန္းက်ပ္ အထူးဆုႀကီးပါ ရရွိသြားပါတယ္။ သံဃာေတာ္မ်ားကေတာ့ တစ္ပါးလွ်င္ (၁၀၀၀၀ိ)စီ ရရွိပါတယ္။ သကၤန္းအျပင္ ေဆးပစၥည္းမ်ား အျခားအသံုးအေဆာင္မ်ားလည္း ပါဝင္ပါတယ္။

မစုိးရိမ္တုိက္သစ္ သံဃိက(သံဃာပိုင္)အျဖစ္ ေငြက်ပ္သိန္း(၁၀၀)အျပင္ စာေအာင္ဆုႏွင္းသဘင္အတြက္ အေမရိကန္ေဒၚလာမ်ား၊ မေလးရွားရင္းဂစ္မ်ားလည္း လွဴဒါန္းသြားပါတယ္။ ကထိန္အလွဴရွင္ မေလးရွားဗုဒၶဘာသာဝင္မ်ား က်န္းမာခ်မ္းသာ ေဘးရန္ကြာ၍ လုိရာဆႏၵျပည့္ဝၾကပါေစ…။

“မစိုးရိမ်တိုက်သစ် ကထိန်အလှူတော်”

ဒီနေ့ တန်ဆောင်မုန်းလဆန်း ၁၂ ရက် (19.11.2018)ရက်နေ့၊ မနက် ရး၀၀ နာရီမှာ သံဃာတော်များအား ဆွမ်းလောင်းလှူပါတယ်။ ဆွမ်းလောင်းအပြီးမှာ အနုမောဒနာတရား နာယူကြပါတယ်။ ကထိန်အလှူရှင်များကတော့ မလေးရှားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင်များ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ ဗောဓိရာမရိပ်သာဆရာတော် ဘဒ္ဒန္တရာဇိန္ဒ၏ တပည့်ဒါယကာ ဒါယိကာမများ စုပေါင်းအလှူဖြစ်ပါတယ်။

ရန်ကုန်မြို့မှ ဆရာတော်ဦးအာသဘ က ဘာသာပြန်ဆိုပေးပါတယ်။ မလေးရှားသူ မလေးရှားသားများကတော့ သံဃာအများကြီးဖူးတွေ့ရလို့ ပျော်နေကြပါတယ်။ ဝမ်းသာအားရ ဆွမ်းလောင်းတာ၊ ဆွမ်းကပ်တာ၊ သင်္ကန်းကပ်တာတွေကို တစ်ယောက်ပုခုံး တစ်ယောက်လက်တင်ပြီး ကပ်လှူကြတာတွေတောင် တွေ့ရပါတယ်။

ဗောဓိရာမရိပ်သာ ဥက္ကဋ္ဌကြီး ဒေါက်တာဝေါလ်က ကျေးဇူးတင်စကားပြောကြားရင်း စိတ်အားတက်ကြွနေကြောင်း ဘုရားလက်ထက်က သံဃာ ငါးရာ၊ သံဃာတစ်ထောင် စာထဲမှာသာ ကြည်ညိုရကြောင်း အခုတော့ မျက်မြင်ဖူးတွေ့ရလို့ ဘုရားလက်ထက်တော်အခါကို ပြန်လည်အောက်မေ့မိကြောင်း ဝမ်းသာအားရ လျှောက်ထားတာပါ။

ဒီနှစ် ကထိန်ခံနာယကဆရာတော်ကတော့ ဓမ္မာနန္တသုခကျောင်း နာယကဆရာတော် အရှင်ပညာဇောတာဘိဝံသ ဖြစ်ပါတယ်။ ကထိန်ဉတ်သင်္ကန်းကြီးအပြင် နဝကမ္မအလှူငွေ (၁၀)သိန်းကျပ် အထူးဆုကြီးပါ ရရှိသွားပါတယ်။ သံဃာတော်များကတော့ တစ်ပါးလျှင် (၁၀၀၀ဝိ)စီ ရရှိပါတယ်။ သင်္ကန်းအပြင် ဆေးပစ္စည်းများ အခြားအသုံးအဆောင်များလည်း ပါဝင်ပါတယ်။

မစိုးရိမ်တိုက်သစ် သံဃိက(သံဃာပိုင်)အဖြစ် ငွေကျပ်သိန်း(၁၀၀)အပြင် စာအောင်ဆုနှင်းသဘင်အတွက် အမေရိကန်ဒေါ်လာများ၊ မလေးရှားရင်းဂစ်များလည်း လှူဒါန်းသွားပါတယ်။ ကထိန်အလှူရှင် မလေးရှားဗုဒ္ဓဘာသာဝင်များ ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ…။