မင္းကြန္း ပုထိုးေတာ္ႀကီး ပညာဒါနစာသင္ေက်ာင္းသတင္း

ဒသမအႀကိမ္ ကထိန္အလွဴေတာ္ႏွင့္ ပညာေရးစုံညီပြဲေတာ္ (၂)

တန္ေဆာင္မုန္းလဆန္း ၃ ရက္ (10.11.2018)ရက္ေန႔၊ ည ၈း၀၀ နာရီ၊ စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းေတာင္ရိုး၊ ဓမၼေစတီေက်ာင္းတုိက္၊ ပုထုိးေတာ္ႀကီးေဘးမွာ က်င္းပပါတယ္။

အမ်ဳိးသားေရးေတးသံရွင္ လင္းထုိက္ ဦးေဆာင္ၿပီး ကေလးအဆိုေတာ္ေလးမ်ားျဖစ္တဲ့ သဒၵါနန္းထုိက္၊ ႏွင္းခ်ယ္ရီ၊ အိသက္ထားမြန္တို႔က ေတးသီခ်င္းမ်ားျဖင့္ ဧည့္ခံေဖ်ာ္ေျဖပါတယ္။
ေက်ာက္ေခ်ာရြာ ပညာဒါနက်ဴရွင္ေက်ာင္း၊ ေလာကအလင္းပညာဒါနက်ဴရွင္ေက်ာင္း၊ မင္းကြန္းပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း ေက်ာင္းသူေက်ာင္းသားမ်ား အထူးအားေပးၾကပါတယ္။ ရြာသူရြာသားမ်ားႏွင့္ မိဘဆရာမ်ားလည္း ဝင္ေရာက္အားေပးၾကပါတယ္။

ပထမပိုင္းမွာ အမ်ဳိးသားေရးေတးသီခ်င္းမ်ားျဖင့္ေဖ်ာ္ေျဖၿပီး ေနာက္ပိုင္းမွာ ေခတ္ေပၚေတးသီခ်င္းမ်ားျဖင့္ ေဖ်ာ္ေျဖၾကလုိ႔ ေက်ာင္းသူေက်ာင္းသားမ်ားေရာ အမ်ဳိးသားေရးသမားမ်ားပါ အားရေက်နပ္ၾကတဲ့ပြဲပါ။ ေတာရြာေလးအတြက္ေတာ့ အင္မတန္စည္ကားတဲ့ပြဲေလးျဖစ္သလို စာေရးသူအတြက္ေတာ့ ေက်ာင္းသံုးေက်ာင္း ေပါင္းစည္းမိခဲ့တဲ့ အမွတ္တရပြဲေလးတစ္ခုပါပဲ။

ကထိန္ဒါယကာ ဦးမိုးကိုမိသားစုကေတာ့ လာမည့္ႏွစ္ ေလာကအလင္းမွာ အခုလိုပဲ စုညီပြဲလုပ္ဖုိ႔အတြက္ ႀကဳိတင္ေငြစုေနပါၿပီခင္ဗ်ာ။ ကထိန္ဒါယကာႀကီး ဦးမိုးကို ကထိန္ဒါယိကာမႀကီး ေဒၚခိုင္မာဝင္း သမီး မခင္ဇာျခည္ဝင္း (MK ေက်ာက္မ်က္) မိသားစုအားလံုး က်န္းမာခ်မ္းသာ ေဘးရန္ကြာ၍ လုိရာဆႏၵျပည့္ဝကာ အလွဴေရစက္ လက္ႏွင့္မကြာ လွဴဒါန္းႏိုင္ပါေစေသာ္…ဝ္။

“ဒသမအကြိမ် ကထိန်အလှူတော်နှင့် ပညာရေးစုံညီပွဲတော် (၂)”

တန်ဆောင်မုန်းလဆန်း ၃ ရက် (10.11.2018)ရက်နေ့၊ ည ၈း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ ဓမ္မစေတီကျောင်းတိုက်၊ ပုထိုးတော်ကြီးဘေးမှာ ကျင်းပပါတယ်။

အမျိုးသားရေးတေးသံရှင် လင်းထိုက် ဦးဆောင်ပြီး ကလေးအဆိုတော်လေးများဖြစ်တဲ့ သဒ္ဒါနန်းထိုက်၊ နှင်းချယ်ရီ၊ အိသက်ထားမွန်တို့က တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေပါတယ်။ ကျောက်ချောရွာ ပညာဒါနကျူရှင်ကျောင်း၊ လောကအလင်းပညာဒါနကျူရှင်ကျောင်း၊ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ကျောင်းသူကျောင်းသားများ အထူးအားပေးကြပါတယ်။
ရွာသူရွာသားများနှင့် မိဘဆရာများလည်း ဝင်ရောက်အားပေးကြပါတယ်။

ပထမပိုင်းမှာ အမျိုးသားရေးတေးသီချင်းများဖြင့်ဖျော်ဖြေပြီး နောက်ပိုင်းမှာ ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေကြလို့ ကျောင်းသူကျောင်းသားများရော အမျိုးသားရေးသမားများပါ အားရကျေနပ်ကြတဲ့ပွဲပါ။ တောရွာလေးအတွက်တော့ အင်မတန်စည်ကားတဲ့ပွဲလေးဖြစ်သလို စာရေးသူအတွက်တော့ ကျောင်းသုံးကျောင်း ပေါင်းစည်းမိခဲ့တဲ့ အမှတ်တရပွဲလေးတစ်ခုပါပဲ။

ကထိန်ဒါယကာ ဦးမိုးကိုမိသားစုကတော့ လာမည့်နှစ် လောကအလင်းမှာ အခုလိုပဲ စုညီပွဲလုပ်ဖို့အတွက် ကြိုတင်ငွေစုနေပါပြီခင်ဗျာ။ ကထိန်ဒါယကာကြီး ဦးမိုးကို ကထိန်ဒါယိကာမကြီး ဒေါ်ခိုင်မာဝင်း သမီး မခင်ဇာခြည်ဝင်း (MK ကျောက်မျက်) မိသားစုအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ၍ လိုရာဆန္ဒပြည့်ဝကာ အလှူရေစက် လက်နှင့်မကွာ လှူဒါန်းနိုင်ပါစေသော်…ဝ်။