သတင်း

ဒီမိုကရေစီနှင့် သီအိုရီ(၆)

အရင်တုန်းက ပြည်သူ့အသံ နားစွင့်ခဲ့သူတစ်ယောက်
အခုတော့ ပြည်သူ့အသံ မကြားချင်ဟန်ဆောင်နေသူ။

အရင်တုန်းက ဥပဒေအထက်မှာ ဘယ်သူမှမရှိစေရပြောခဲ့သူတစ်ယောက်
အခုတော့ ဥပဒေကို ဖင်ခုထိုင်ထားသူ။

အရင်တုန်းက တရားဥပဒေစိုးမိုးရေးကို အပြည့်အဝလိုလားသူတစ်ယောက်
အခုတော့ တရားဥပဒေစိုးမိုးရေးကို လုံးဝ စိတ်မဝင်စားသူ။

အရင်တုန်းက လူ့အခွင့်အရေးကို ကိုးကွယ်ခဲ့သူတစ်ယောက်
အခုတော့ လူ့အခွင့်အရေးချိုးဖောက်တာကို အရသာတွေ့နေသူ။

အရင်တုန်းက ထာဝရငြိမ်းချမ်းရေးရမှာကြောက်သူတစ်ယောက်
အခုတော့ အပစ်အခတ်ရပ်စဲရေးတောင် မလုပ်နိုင်ဘဲ ငြိမ်းချမ်း​​ရေးအော်​နေ​​​တဲ့သူ။

အရင်တုန်းက အမျိုးသားပြန်လည်သင့်မြတ်ရေး အမြဲပြောခဲ့သူတစ်ယောက်
အခုတော့ ဆရာတော်သံဃာတော်များနှင့်တောင် သင့်မြတ်အောင်မနေနိုင်တဲ့သူ။

အရင်တုန်းက တွေ့ဆုံဆွေးနွေးရေးတွေ အမြဲတောင်းဆိုခဲ့သူတစ်ယောက်
အခုတော့ ဆရာတော်သံဃာတော်များနှင့်တောင် ဆွေးနွေးမှုကိုမလိုလားတဲ့သူ။

အရင်တုန်းက လွတ်လပ်စွာပြောဆိုခွင့်တွေ တောင်းဆိုခဲ့သူတစ်ယောက်
အခုတော့ လွတ်လပ်စွာပြောဆိုသူတွေကို ထောင်ချနေတဲ့သူ။

အရင်​တုန်းက ပွင့်​လင်းမြင်​သာမှု အမြဲ​ပြောခဲ့သူတစ်​​ယောက်
အခု​တော့ ပွင့်​လင်းမြင်​သာမှု လုံးဝမရှိတဲ့သူ။

အရင်တုန်းက ကားအကောင်းစားကြီးစီးရမှာ ရှက်မိသူတစ်ယောက်
အခုတော့ စိန်ပြာဘယက်ကြီးနှင့် လက်ဝတ်ရတနာများ ထည်လဲဝတ်ဆင်နေတဲ့သူ။

အရင်တုန်းက ပြည်သူကိုအကာအကွယ်မပေးတဲ့အစိုးရကို အတိုက်အခံလုပ်ခဲ့သူတစ်ယောက်
အခုတော့ ပြည်သူကိုအကာအကွယ်ပေးရကောင်းမှန်းတောင် မသိတဲ့သူ။

အရင်တုန်းက သံဃာထံပါး ဆည်းကပ်ခဲ့သူတစ်ယောက်
အခုတော့ သံဃာတွေနှိပ်ကွပ်ရတာကို ချိုမြိန်စွာခံစားနေတဲ့သူ။

တစ်ခုတော့ရှိပါတယ်

အရင်တုန်းကလည်းအာဏာရှင်ဆန်သူ အခုလည်း အာဏာရှင်ဆန်သူ။

အရင်တုန်းကလည်း စီမံခန့်ခွဲမှု ညံ့ဖျင်းသူ အခုလည်း စီမံခန့်ခွဲမှုညံ့ဖျင်းသူ။

အရင်တုန်းကလည်း ခေါင်းရှောင်ခဲ့သူ အခုလည်း ခေါင်းရှောင်နေသူ။

အရင်တုန်းကလည်း အလှအပမက်မောသူ အခုလည်း အလှအပမက်မောလို့ကောင်းနေဆဲသူ။

အရင်တုန်းကလည်း ပြည်ပအားကိုးခဲ့သူ အခုလည်း ပြည်ပအားကိုးနေဆဲသူ။

အရင်တုန်းကလည်း ပြည်သူကို ကတိမပေးခဲ့သူ အခုလည်း ပြည်သူကို ကတိမခံတဲ့သူ။

အရင်တုန်းကလည်း ဘင်္ဂလီအမည် မခေါ်ရဲတဲ့သူ အခုလည်း ဘင်္ဂလီအမည်ခေါ်ရမှာကြောက်နေသူ။

သူ့အကြောင်းမသိသူများက သူ့ကိုကိုးကွယ်နေကြပြီး သူ့အကြောင်းသိသူများက တိုင်းပြည်ပျက်မှာစိုးလို့ ဘုရားတနေကြရသူ။

သူ့အကြောင်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ သူ့ကိုအမြဲလော်နေသူများကြောင့် တစ်နေ့ ဂျွမ်းထိုးမှောက်ခုံဖြစ်မည့်သူ။

ဝီရသူ(မစိုးရိမ်)
15.8.2017
PM 1:02