နဂါးနီစုဘူးသတင္း

နဂါးနီစုဘူးအသင္း ေက်ာင္းသံုးဗလာစာအုပ္/ေဘာလ္ပင္အလွဴ

ဝါေခါင္လဆုတ္ ၈ ရက္ (3.9.2018)ရက္ေန႔၊ မြန္းလြဲ ၂း၀၀ နာရီ၊ အမွတ္(၄) နဂါးနီစုဘူးအသင္းတည္ရွိရာ မႏၲေလးၿမဳိ႕၊ ခ်မ္းျမသာစည္ၿမဳိ႕နယ္၊ ကံသာယာ ဇဇ(၃-၄)ရပ္ကြက္၊ ဦးရဲေမာင္(နဂါးနီစုဘူးအသင္း-E.C)အိမ္မွာ က်င္းပပါတယ္။

နဂါးနီစုဘူးအသင္း နာယကဆရာေတာ္ ဦးဇဝန၊ သတင္းေထာက္ ဦးေခမိႏၵ(ဝီရေခမိန္)၊ စာရင္းစစ္ ေဒၚတင္တင္စန္းတုိ႔ တက္ေရာက္ၾကပါတယ္။

ဇဇ ရပ္ကြက္ နဂါးနီစုဘူးအသင္းဝင္မ်ားရဲ႕ သား/သမီး ေက်ာင္းသား/သူ (၃၅)ဦးတုိ႔အား တစ္ဦးလွ်င္ ဗလာစာအုပ္ (၁)ဒါဇင္ႏွင့္ ေဘာလ္ပင္ (၅)ေခ်ာင္းစီ ေထာက္ပံ့လွဴဒါန္းတာပါ။

ဗလာစာအုပ္ႏွင့္ ေဘာလ္ပင္မ်ားကို အမ်ဳိးသားေရးဝါဒီဆရာေတာ္ ဦးဝီရသူ(မစုိးရိမ္)မွ လွဴဒါန္းျခင္းျဖစ္ၿပီး နဂါးနီစုဘူးစတင္တည္ေထာင္သည္မွစ၍ ႏွစ္စဥ္လွဴဒါန္းေနက်ျဖစ္ပါတယ္။အျခားစုဘူးေတြကိုလည္း ဆက္လက္လွဴဒါန္းသြားမွာျဖစ္ပါတယ္။

နဂါးနီစုဘူးအသင္း ရည္ရြယ္ခ်က္နဂါးနီစုဘူးအသင္းမ်ားကို ဆင္းရဲသားျပည္သူမ်ားသက္သာေခ်ာင္ခ်ိေရး၊ ကိုယ္က်င့္တရားတိုးတက္ျမင့္မားေရး၊ ႀကီးပြားလိုစိတ္ ေအာင္ျမင္လိုစိတ္မ်ား ရွင္သန္လာေစေရးတို႔အတြက္ ရည္မွန္း၍ ဆရာေတာ္ဦးဝီရသူမွ တရားပြဲမ်ားမွရရွိခဲ့ေသာ ဓမၼပူဇာမ်ားျဖင့္ မ-တည္ကာ တည္ေထာင္ထားျခင္းျဖစ္ပါတယ္။

နဂါးနီစုဘူးအသင္း ေငြေခ်းစနစ္နဂါးနီစုဘူးအသင္း၏ ေငြေခ်းမႈစနစ္မွာ (၅)က်ပ္တိုးျဖစ္ျပီး (၅)ေသာင္းက်ပ္အတြက္ တစ္ရက္လွ်င္ တစ္ေထာင္ႏႈန္းစုရပါတယ္။ အတိုး(၅)က်ပ္ထဲမွ (၂)က်ပ္ကုိ အသင္းဝင္မ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈရန္ပုံေငြ၊ (၃)က်ပ္ကို အသင္းဝင္သစ္မ်ားတိုးခ်ဲ႕လက္ခံရန္ႏွင့္ ေခ်းေငြမ်ား တိုးျမင့္ေခ်းေပးႏိုင္ရန္ ျပန္လည္သုံးစြဲပါတယ္။ဆရာေတာ္ဦးဝီရသူ တည္ေထာင္ဖြင့္လွစ္ေပးတဲ့ နဂါးနီစုဘူးေပါင္း (၇)ခုရွိပါတယ္။၂၀၁၃ ခုႏွစ္က စတင္တည္ေထာင္ၿပီး ယေန႔ထိ ဆင္းရဲသားျပည္သူမ်ားအတြက္ အဆက္မျပတ္ စနစ္တက် လည္ပတ္အက်ဳိးျပဳလ်က္ရွိပါတယ္။

ဝီရေခမိန္ (နဂါးနီစုဘူးသတင္းေထာက္)

“နဂါးနီစုဘူး ေဆာင္ပုဒ္”အတိုးေပၚ အတိုးဆင့္၊ အတိုးနင့္ဒုကၡေတြ။ဘဝတစ္ခုလုံး၊ လူညြန္႔တုံး၊ လူျဖစ္ရႈံးမႈေတြ။ေပ်ာက္ပါေစ ရည္စူးျပီး၊ စုဘူးႀကီး တည္ေထာင္ေပ။ေသာက္စား ေပ်ာ္ပါး ေလာင္းကစား အားလုံးေရွာင္ၾကဥ္ေလ။ရိုးရိုးသားသား၊ ႏိုးႏိုးၾကား၊ ႀကဳိးစားစုၾကေလ။အိုးမဲ့ အိမ္မဲ့၊ အေျခေနမဲ့၊ ကဲ့ရဲ႕လြတ္ၾကေစ။ရခဲရၾက လူ႔ဘဝ၊ အရေတာ္ၾကေစ။လူတစ္လုံး သူတစ္လုံး၊ အပီျပင္ဆုံး၊ ရုပ္လုံးေဖာ္ၾကေစ။
ဝီရသူ-(မစုိးရိမ္)

“နဂါးနီစုဘူးအသင်း ကျောင်းသုံးဗလာစာအုပ်/ဘောလ်ပင်အလှူ”

ဝါခေါင်လဆုတ် ၈ ရက် (3.9.2018)ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ အမှတ်(၄) နဂါးနီစုဘူးအသင်းတည်ရှိရာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်၊ ဦးရဲမောင်(နဂါးနီစုဘူးအသင်း-E.C)အိမ်မှာ ကျင်းပပါတယ်။

နဂါးနီစုဘူးအသင်း နာယကဆရာတော် ဦးဇဝန၊ သတင်းထောက် ဦးခေမိန္ဒ(ဝီရခေမိန်)၊ စာရင်းစစ် ဒေါ်တင်တင်စန်းတို့ တက်ရောက်ကြပါတယ်။

ဇဇ ရပ်ကွက် နဂါးနီစုဘူးအသင်းဝင်များရဲ့ သား/သမီး ကျောင်းသား/သူ (၃၅)ဦးတို့အား တစ်ဦးလျှင် ဗလာစာအုပ် (၁)ဒါဇင်နှင့် ဘောလ်ပင် (၅)ချောင်းစီ ထောက်ပံ့လှူဒါန်းတာပါ။

ဗလာစာအုပ်နှင့် ဘောလ်ပင်များကို အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ(မစိုးရိမ်)မှ လှူဒါန်းခြင်းဖြစ်ပြီး နဂါးနီစုဘူးစတင်တည်ထောင်သည်မှစ၍ နှစ်စဉ်လှူဒါန်းနေကျဖြစ်ပါတယ်။
အခြားစုဘူးတွေကိုလည်း ဆက်လက်လှူဒါန်းသွားမှာဖြစ်ပါတယ်။

နဂါးနီစုဘူးအသင်း ရည်ရွယ်ချက်
နဂါးနီစုဘူးအသင်းများကို ဆင်းရဲသားပြည်သူများသက်သာချောင်ချိရေး၊ ကိုယ်ကျင့်တရားတိုးတက်မြင့်မားရေး၊ ကြီးပွားလိုစိတ် အောင်မြင်လိုစိတ်များ ရှင်သန်လာစေရေးတို့အတွက် ရည်မှန်း၍ ဆရာတော်ဦးဝီရသူမှ တရားပွဲများမှရရှိခဲ့သော ဓမ္မပူဇာများဖြင့် မ-တည်ကာ တည်ထောင်ထားခြင်းဖြစ်ပါတယ်။

နဂါးနီစုဘူးအသင်း ငွေချေးစနစ်
နဂါးနီစုဘူးအသင်း၏ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး (၅)သောင်းကျပ်အတွက် တစ်ရက်လျှင် တစ်ထောင်နှုန်းစုရပါတယ်။ အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို အသင်းဝင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ၊ (၃)ကျပ်ကို အသင်းဝင်သစ်များတိုးချဲ့လက်ခံရန်နှင့် ချေးငွေများ တိုးမြင့်ချေးပေးနိုင်ရန် ပြန်လည်သုံးစွဲပါတယ်။

ဆရာတော်ဦးဝီရသူ တည်ထောင်ဖွင့်လှစ်ပေးတဲ့ နဂါးနီစုဘူးပေါင်း (၇)ခုရှိပါတယ်။ ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ပြီး ယနေ့ထိ ဆင်းရဲသားပြည်သူများအတွက် အဆက်မပြတ် စနစ်တကျ လည်ပတ်အကျိုးပြုလျက်ရှိပါတယ်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)

“နဂါးနီစုဘူး ဆောင်ပုဒ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
သောက်စား ပျော်ပါး လောင်းကစား အားလုံးရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။

ဝီရသူ-(မစိုးရိမ်)