မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း









ဝီရသူ (မစိုးရိမ်)

22.6.2018

 

“နေပြည်တော်မစိုးရိမ်တိုက်သစ် အလှူတော်”

ပထမဝါဆိုလဆန်း (၈)ရက်၊ 20.6.2018 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများအား ဆပ်ပြာမှုန့်/ခဲ၊ သွားတိုက်ဆေး/တံ၊ ဆေးဝါးနှင့် ဓာတ်မီးများ တစ်ဦးချင်းစီးလောင်းလှူတာပါ။

ဆရာ ဆရာမများအား တစ်ထောင်ကျပ်စီနှင့် ကျောင်းသူကျောင်းသားများအား ငါးရာကျပ်စီ လှူဒါန်းပါတယ်။
ပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော်နှင့် လက်ထောက်ဆရာတော်နှစ်ပါးအား ဆွမ်းချိုင့်များနှင့် ဓာတ်ဘူးကြီးများလည်း လှူဒါန်းပါတယ်။

အလှူရှင်များကတော့ နေပြည်တော်မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့် ဒကာ ဒကာမများ ဖြစ်ပါတယ်။

မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းမှာ ကျောင်းသူကျောင်းသား (၁၅၀)ကျော်နှင့် ဆရာ ဆရာမ (၃၀)ဦးရှိပါတယ်။
နေ့မှာစာသင် ညမှာ စာကျက် ညဂိုက်တန်းပါဖွင့်လှစ်ကာ နေ့ရော ညပါ ပညာသင်ကြားပေးနေပါတယ်။

ဝီရသူ (မစိုးရိမ်)
22.6.2018