Daily Archives: June 22, 2018

မင်းကွန်း ပုထိုးတော်ကြီး ပညာဒါနစာသင်ကျောင်းသတင်း

နေပြည်တော်မစိုးရိမ်တိုက်သစ် အလှူတော်

ပထမဝါဆိုလဆန်း (၈)ရက်၊ 20.6.2018 ရက်နေ့၊ ညနေ ၄း၀၀ နာရီ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်းသူကျောင်းသားများနှင့် ဆရာ ဆရာမများအား ဆပ်ပြာမှုန့်/ခဲ၊ သွားတိုက်ဆေး/တံ၊ ဆေးဝါးနှင့် ဓာတ်မီးများ တစ်ဦးချင်းစီးလောင်းလှူတာပါ။ ဆရာ ဆရာမများအား တစ်ထောင်ကျပ်စီနှင့် ကျောင်းသူကျောင်းသားများအား ငါးရာကျပ်စီ လှူဒါန်းပါတယ်။ ပုထိုးတော်ကြီးပညာရေးအကယ်ဒမီကျောင်းအုပ်ဆရာတော်နှင့် လက်ထောက်ဆရာတော်နှစ်ပါးအား ဆွမ်းချိုင့်များနှင့် ဓာတ်ဘူးကြီးများလည်း လှူဒါန်းပါတယ်။ အလှူရှင်များကတော့ နေပြည်တော်မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့် ဒကာ ဒကာမများ ဖြစ်ပါတယ်။ မင်းကွန်းပုထိုးတော်ကြီး ...