Daily Archives: September 3, 2018

နဂါးနီစုဘူးသတင်း

နဂါးနီစုဘူးအသင်း ကျောင်းသုံးဗလာစာအုပ်/ဘောလ်ပင်အလှူ

ဝါခေါင်လဆုတ် ၈ ရက် (3.9.2018)ရက်နေ့၊ မွန်းလွဲ ၂း၀၀ နာရီ၊ အမှတ်(၄) နဂါးနီစုဘူးအသင်းတည်ရှိရာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာ ဇဇ(၃-၄)ရပ်ကွက်၊ ဦးရဲမောင်(နဂါးနီစုဘူးအသင်း-E.C)အိမ်မှာ ကျင်းပပါတယ်။ နဂါးနီစုဘူးအသင်း နာယကဆရာတော် ဦးဇဝန၊ သတင်းထောက် ဦးခေမိန္ဒ(ဝီရခေမိန်)၊ စာရင်းစစ် ဒေါ်တင်တင်စန်းတို့ တက်ရောက်ကြပါတယ်။ ဇဇ ရပ်ကွက် နဂါးနီစုဘူးအသင်းဝင်များရဲ့ သား/သမီး ကျောင်းသား/သူ (၃၅)ဦးတို့အား တစ်ဦးလျှင် ဗလာစာအုပ် (၁)ဒါဇင်နှင့် ဘောလ်ပင် (၅)ချောင်းစီ ထောက်ပံ့လှူဒါန်းတာပါ။ ဗလာစာအုပ်နှင့် ဘောလ်ပင်များကို အမျိုးသားရေးဝါဒီဆရာတော် ဦးဝီရသူ(မစိုးရိမ်)မှ လှူဒါန်းခြင်းဖြစ်ပြီး ...
မန်းမဟော်သဓာမုဒိတာရပ်ဝန်းသတင်း

မုဒိတာရပ်ဝန်း (မန်းမဟော်သဓာ အလှူတော်)အမှတ်စဉ်-၃၄၈

မန္တလေးမြို့တွင် တည်ဆောက်မည့် မဟော်သဓာ ပညာဒါန အဆင့်မြင့် အမျိုးသားရေး အခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတော်ကြီးအတွက်မန္တလေးမြို့၊ ကိုအောင်ဇော်မျိုး+မချိုသဲ၊ သား-မောင်ကောင်းမြတ်ကျော်၊ မောင်ကောင်းဆက်ကျော်၊ သမီး-မမိုးမြင့်စံ မိသားစုမှ အလှူငွေ ၅၀၀၀၀၀ိ (ငါးသိန်းကျပ်) လှူဒါန်းစဉ်။ (29.8.2018) မန်း မဟော်သဓာအတွက်ဝါခင်းကုန်း ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ အမှူးပြုသော နိုင်ငံကျော်ဓမ္မကထိကဆရာတော်လေးပါး လှူဒါန်းငွေ သိန်းပေါင်း ၁၃၅၀ ကျပ်၊ကျောက်မဲမြို့ တိလင်ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီး ဘဒ္ဒန္တအလင်္ကာစာရာဘိဝံသ အလှူငွေ (၁၀၅)သိန်းကျပ်၊ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ အလှူရှင်များ လှူဒါန်းငွေ ၁၁၃ သိန်းကျပ်၊ထိုင်းနိုင်ငံ မြန်မာပရဟိတအဖွဲ့များမှ လှူဒါန်းငွေ ဘတ်ငွေ ...