(မန္း မဘသ၊ မ်ဳိးခ်စ္သမဂၢ၊ အမ်ဳိးသားေရးအင္အားစု၊ မန္းမေဟာ္သဓာ၊ ေရာဟိနီအဖြဲ႔၊ နဂါးနီအဖြဲ႔ စသည္စသည္ျဖင့္ အမ်ဳိးသားေရးညီအစ္ကိုေမာင္ႏွမအားလံုးကို ဖိတ္ၾကားပါသည္။ ဘာမွ မသိလုိက္ရဘူးဟူ၍ မျဖစ္ရေလေအာင္ အြန္လိုင္းေပၚမွာ တက္ေၾကာ္ျငာပါသည္။ ဦးပဥၥင္းဦးဝီရသူ ဘာေတြလုပ္ေနလဲသိရေအာင္ ၾကြေရာက္အားေပးၾကခင္ဗ်ာ။)

မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တုိက္သစ္၊ ဓမၼသဟာယေက်ာင္းနာယက ဘဒၵႏၲဝိစိတၱာဘိ္ဝံသ-အရွင္ဝီရသူ(မစိုးရိမ္) တည္ေထာင္ထားအပ္ေသာ ပုထိုးေတာ္ႀကီး ပညာေရးအကယ္ဒမီေက်ာင္း ဖြင့္ပြဲအခမ္းအနားကို ေတာ္သလင္းလဆန္း ၁၄ ရက္ (23.9.2018)ရက္ေန႔၊ မနက္ ၉း၀၀ နာရီ၊ ဓမၼေစတီေက်ာင္းတုိက္မွာ က်င္းပပါမည္။

ပညာေရးအကယ္ဒမီေက်ာင္းကို စစ္ကိုင္းၿမဳိ႕နယ္၊ မင္းကြန္းရြာ၊ ပုထုိးေတာ္ႀကီးအနီး၊ ဓမၼေစတီေက်ာင္းတုိက္မွာဖြင့္လွစ္ထားၿပီး ယခုႏွစ္ 2018-2019 ပညာသင္ႏွစ္မွ စတင္ဖြင့္လွစ္ပါသည္။ဓမၼေစတီေက်ာင္းတုိက္ဆရာေတာ္ ဘဒၵႏၲနာဂိႏၵာလကၤာရႏွင့္ မႏၲေလးၿမဳိ႕၊ မဟာေအာင္ေျမၿမဳိ႕နယ္၊ မစုိးရိမ္တိုက္သစ္၊ ဓမၼသဟာယေက်ာင္းနာယက ဘဒၵႏၲဝိစိတၱာဘိဝံသ-အရွင္ဝီရသူ(မစုိးရိမ္)တုိ႔ ပူးေပါင္းတည္ေထာင္ျခင္းျဖစ္ၿပီး ခ်င္း၊ ကခ်င္၊ ပေလာင္၊ ရွမ္း၊ နာဂ တုိင္းရင္းသားမ်ားအပါအဝင္ အလယ္တန္း အထက္တန္း ေက်ာင္းသားေက်ာင္းသူ (၁၃၆)ဦး၊ ဆရာ ဆရာမ (၂၃)ဦး ရွိပါသည္။

‘ဘာသာေရးဆုိင္ရာေဆာင္ရြက္ခ်က္မ်ား’ေန႔စဥ္ မနက္ ၅း၀၀ နာရီႏွင့္ ညေန ၆း၀၀ နာရီ ဘုရားဝတ္တက္၊ တရားထုိင္ျခင္း၊ ဥပုသ္ေန႔တုိင္း ပုထုိးေတာ္ႀကီးဘုရားႏွင့္ ျမသိန္းတန္ေစတီေတာ္တုိ႔မွာ ဗုဒၶေဝယ်ာဝစၥကုသိုလ္ယူျခင္း၊ တနဂၤေႏြေန႔တုိ္င္း ဓမၼစကူးလ္သင္တန္းတက္ျခင္းမ်ားျဖင့္ ယဥ္ေက်းလိမၼာေရးအတြက္ ဘာသာေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရပါသည္။

‘ပညာေရးဆုိင္ရာေဆာင္ရြက္ခ်က္မ်ား’မနက္ ၈း၀၀ နာရီမွ ၁၁း၀၀ နာရီ၊ ေန႔ ၁း၀၀ နာရီမွ ၄း၀၀ နာရီ ေက်ာင္းတက္ၾကၿပီး ည ၇း၀၀ နာရီမွ ၁၀း၃၀ နာရီအထိ အတန္းအလိုက္ စုေပါင္းစာက်က္ျခင္း၊ဆယ္တန္းေက်ာင္းသူေက်ာင္းသားမ်ားက အခ်ိ္န္ပုိအျဖစ္ မနက္ ၆း၃၀ မွ ၇း၃၀ နာရီ၊ ညေန ၄း၃၀ မွ ၅း၃၀ နာရီ၊ အဂၤလိပ္စာ Grammar သင္ယူျခင္း၊ အဂၤလိပ္စာက်က္ျခင္း၊အခန္းအလိုက္ သခၤန္းစာမ်ားကို အတန္းစံု အပတ္စဥ္ ေလ့က်င့္ခန္းစာေမးပြဲေျဖဆိုျခင္းမ်ားျဖင့္ ပညာေရးအတြက္ အစြမ္းကုန္ႀကဳိးစားၾကရပါသည္။

‘အဂၤလိပ္စကားေျပာသင္တန္း’စေန တနဂၤေႏြ (အဖိတ္၊ ဥပုသ္)ေန႔မ်ားတြင္ ဆရာ ဆရာမမ်ားက တစ္သုတ္၊၅-၆-၇ တန္းမ်ားက တစ္သုတ္၊၈-တန္းက တစ္သုတ္၊၉-တန္းက တစ္သုတ္ဘာသာစကားဆုိင္ရာ ပညာေရးအတြက္ အဂၤလိပ္စကားေျပာ Speaking သင္တန္းမ်ား တက္ေရာက္ၾကရပါသည္။

“ပညာရေးအကယ်ဒမီကျောင်းဖွင့်ပွဲ”

(မန်း မဘသ၊ မျိုးချစ်သမဂ္ဂ၊ အမျိုးသားရေးအင်အားစု၊ မန်းမဟော်သဓာ၊ ရောဟိနီအဖွဲ့၊ နဂါးနီအဖွဲ့ စသည်စသည်ဖြင့် အမျိုးသားရေးညီအစ်ကိုမောင်နှမအားလုံးကို ဖိတ်ကြားပါသည်။ ဘာမှ မသိလိုက်ရဘူးဟူ၍ မဖြစ်ရလေအောင် အွန်လိုင်းပေါ်မှာ တက်ကြော်ငြာပါသည်။ ဦးပဉ္စင်းဦးဝီရသူ ဘာတွေလုပ်နေလဲသိရအောင် ကြွရောက်အားပေးကြခင်ဗျာ။)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်) တည်ထောင်ထားအပ်သော ပုထိုးတော်ကြီး ပညာရေးအကယ်ဒမီကျောင်း ဖွင့်ပွဲအခမ်းအနားကို တော်သလင်းလဆန်း ၁၄ ရက် (23.9.2018)ရက်နေ့၊ မနက် ၉း၀၀ နာရီ၊ ဓမ္မစေတီကျောင်းတိုက်မှာ ကျင်းပပါမည်။

ပညာရေးအကယ်ဒမီကျောင်းကို စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာ၊ ပုထိုးတော်ကြီးအနီး၊ ဓမ္မစေတီကျောင်းတိုက်မှာဖွင့်လှစ်ထားပြီး ယခုနှစ် 2018-2019 ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ပါသည်။
ဓမ္မစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိန္ဒာလင်္ကာရနှင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)တို့ ပူးပေါင်းတည်ထောင်ခြင်းဖြစ်ပြီး ချင်း၊ ကချင်၊ ပလောင်၊ ရှမ်း၊ နာဂ တိုင်းရင်းသားများအပါအဝင် အလယ်တန်း အထက်တန်း ကျောင်းသားကျောင်းသူ (၁၃၆)ဦး၊ ဆရာ ဆရာမ (၂၃)ဦး ရှိပါသည်။

‘ဘာသာရေးဆိုင်ရာဆောင်ရွက်ချက်များ’ နေ့စဉ် မနက် ၅း၀၀ နာရီနှင့် ညနေ ၆း၀၀ နာရီ ဘုရားဝတ်တက်၊ တရားထိုင်ခြင်း၊ ဥပုသ်နေ့တိုင်း ပုထိုးတော်ကြီးဘုရားနှင့် မြသိန်းတန်စေတီတော်တို့မှာ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူခြင်း၊ တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သင်တန်းတက်ခြင်းများဖြင့် ယဉ်ကျေးလိမ္မာရေးအတွက် ဘာသာရေးလုပ်ငန်းများ လုပ်ဆောင်ရပါသည်။

‘ပညာရေးဆိုင်ရာဆောင်ရွက်ချက်များ’ မနက် ၈း၀၀ နာရီမှ ၁၁း၀၀ နာရီ၊ နေ့ ၁း၀၀ နာရီမှ ၄း၀၀ နာရီ ကျောင်းတက်ကြပြီး ည ရး၀၀ နာရီမှ ၁၀း၃၀ နာရီအထိ အတန်းအလိုက် စုပေါင်းစာကျက်ခြင်း၊ ဆယ်တန်းကျောင်းသူကျောင်းသားများက အချိန်ပိုအဖြစ် မနက် ၆း၃၀ မှ ရး၃၀ နာရီ၊ ညနေ ၄း၃၀ မှ ၅း၃၀ နာရီ၊ အင်္ဂလိပ်စာ Grammar သင်ယူခြင်း၊ အင်္ဂလိပ်စာကျက်ခြင်း၊ အခန်းအလိုက် သင်္ခန်းစာများကို အတန်းစုံ အပတ်စဉ် လေ့ကျင့်ခန်းစာမေးပွဲဖြေဆိုခြင်းများဖြင့် ပညာရေးအတွက် အစွမ်းကုန်ကြိုးစားကြရပါသည်။

‘အင်္ဂလိပ်စကားပြောသင်တန်း’ စနေ တနင်္ဂနွေ (အဖိတ်၊ ဥပုသ်)နေ့များတွင် ဆရာ ဆရာမများက တစ်သုတ်၊ ၅-၆-၇ တန်းများက တစ်သုတ်၊ ၈-တန်းက တစ်သုတ်၊ ၉-တန်းက တစ်သုတ်
ဘာသာစကားဆိုင်ရာ ပညာရေးအတွက် အင်္ဂလိပ်စကားပြော Speaking သင်တန်းများ တက်ရောက်ကြရပါသည်။