ဝီရသူဖောင်ဒေးရှင်းသတင်း






“မုဒိတာရပ်ဝန်း (ဝီရသူဖောင်ဒေးရှင်းအလှူတော် – ၂)”

အမရပူရမြို့ ကွမ်းဆွဲရပ် ဦးမိုးကို+ဒေါ်ခိုင်မာဝင်း (သမီး) မခင်ဇာခြည်ဝင်း (MK ကျောက်မျက်ရတနာရောင်းဝယ် ရေး) မိသားစုတို့က စက်တင်ဘာလအတွက် အလှူငွေ ၁၀သိန်းကျပ်လှူဒါန်းပါသည်။

ဦးမိုးကိုမိသားစုသည် ဝီရသူဖောင်ဒေးရှင်းကို လစဉ် အလှူငွေ ၁၀သိန်းကျပ်စီ သိန်း၃၀၀ပြည့်သည်အထိ စိုက်ထူ လှူဒါန်းသွားမည်ဖြစ်ပါသည်။ ယခုဆိုလျှင် ပြင်သစ်နိုင်ငံနေ ကိုအောင်သက်ပိုင်+မကေခိုင်ဌေး မိသားစု အလှူငွေ ၁သိန်းကျပ်နှင့်ပေါင်းပါက ၁၁သိန်းရရှိပြီဖြစ်ပါသည်။

ဖောင်ဒေးရှင်း လစဉ် အလှူငွေမှာ တစ်လလျှင် ၅၀၀၀ကျပ်ဖြစ်ပါသည်။
ဦးသိန်းဆောင် ညောင်ကွဲရပ်က ၂၀ကဒ်
ဦးမိုးကို+ဒေါ်ခိုင်မာဝင်း မိသားစုက ၅၀ကဒ်
ဦးဝင်းမြင့်ဌေး+ဒေါ်ခင်မမ မိသားစုက ၁၀ကဒ်
ဒေါ်ချို ရမည်းသင်းမြို့က ၁၀ကဒ်
ဦးသုစိတ္တ အောင်ပင်လယ်က ၆ကဒ်
ဦးကိုကိုချစ် မန်းမဟော်သဓာက ၅ကဒ်
ကိုတင်ဦးကြွယ်+မဆုမွန်က ၅ကဒ်နှင့်
တစ်ကဒ်စီကုသိုလ်ယူကြသောအသင်းဝင် ၁၇ဦး ရှိပြီဖြစ်ပါသည်။

ဝီရသူဖောင်ဒေးရှင်းသို့အသင်းဝင်ခြင်းအားဖြင့် ကူညီရေး၊ကယ်ဆယ်ရေး၊ပညာရေး ပရဟိတနှင့် အမျိုးဘာသာသာသနာအကျိုးကိုသယ်ပိုးနိုင်ပါပြီ။
ကယ် ကူ ရိုင်းပင်း ဝီရသူဖောင်ဒေးရှင်း